1 Crônicas 7
Common Language Bible (MYA) vs ARA
1 ဣသခါတွင်တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန် ဟူ၍သားလေးယောက်ရှိ၏။
1 Os filhos de Issacar foram: Tola, Puá, Jasube e Sinrom; quatro ao todo.
2 တောလတွင်သြဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလဟူ၍သားခြောက်ယောက်ရှိ ၏။ ထိုသူတို့သည်တောလသားချင်းစု၏ ဦးစီးခေါင်းဆောင်များ၊ ထင်ပေါ်ကျော်စော သောစစ်သူရဲများဖြစ်ကြ၏။ သူတို့၏သား မြေးဦးရေသည်ဒါဝိဒ်မင်း၏လက်ထက်၌ နှစ်သောင်းနှစ်ထောင်ခြောက်ရာရှိသတည်း။
2 Os filhos de Tola: Uzi, Refaías, Jeriel, Jamai, Ibsão e Samuel, chefes das suas famílias, descendentes de Tola; homens valentes nas suas gerações, cujo número, nos dias de Davi, foi de vinte e dois mil e setecentos.
3 သြဇိတွင်ဣဇရဟိဟူသောသားတစ် ယောက်ရှိ၏။ ဣဇရဟိနှင့်သူ၏သားများ ဖြစ်ကြသောမိက္ခေလ၊ သြဗဒိ၊ ယောလ၊ ဣရှယတို့သည်အိမ်ထောင်ဦးစီးများ ဖြစ်ကြ၏။-
3 O filho de Uzi: Izraías; e os filhos de Izraías: Micael, Obadias, Joel e Issias; cinco ao todo; todos eles chefes.
4 သူတို့တွင်သားမယားအများအပြားရှိ သောကြောင့် သူတို့၏သားမြေးများမှစစ် မှုထမ်းရန်လူပေါင်းသုံးသောင်းခြောက် ထောင်ရရှိနိုင်လေသည်။
4 Tinham, nas suas gerações, segundo as suas famílias, em tropas de guerra, trinta e seis mil homens; pois tinham muitas mulheres e filhos.
5 အစိုးရမှတ်တမ်းများအရဣသခါ၏သား ချင်းစုထဲမှအိမ်ထောင်စုရှိသမျှတို့တွင် စစ် မှုထမ်းရန်အရည်အချင်းရှိသူလူပေါင်း ရှစ်သောင်းခုနစ်ထောင်ရှိ၏။
5 Seus irmãos, em todas as famílias de Issacar, homens valentes, foram oitenta e sete mil, todos registrados pelas suas genealogias.
6 င်္ဗယာမိန်တွင်ဗေလ၊ ဗေခါ၊ ယေဒယေလ ဟူ၍သားသုံးယောက်ရှိ၏။
6 Os filhos de Benjamim: Bela, Bequer e Jediael; três ao todo.
7 ဗေလတွင်ဧဇဗုန်၊ သြဇိ၊ သြဇေလ၊ ယေရိ မုတ်၊ ဣရိဟူ၍သားငါးယောက်ရှိ၏။ သူတို့ သည်မိမိတို့သားချင်းစုထဲတွင်အိမ်ထောင် ဦးစီးများ၊ ထင်ပေါ်ကျော်စောသောစစ်သူရဲ များဖြစ်ကြ၏။ သူတို့၏သားမြေးများထဲ တွင်စစ်မှုထမ်းရန်အရည်အချင်းပြည့်သူ နှစ်သောင်းနှစ်ထောင့်သုံးဆယ့်လေးယောက် ရှိ၏။
7 Os filhos de Bela: Esbom, Uzi, Uziel, Jerimote e Iri; cinco ao todo; chefes das suas famílias, homens valentes, foram vinte e dois mil e trinta e quatro, registrados pelas suas genealogias.
8 ဗေခါတွင်ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိ သြနဲ၊ သြမရိ၊ ယေရိမုတ်၊ အဘိယ၊ အာန သုတ်၊ အာလမက်ဟူ၍သားကိုးယောက်ရှိ၏။-
8 Os filhos de Bequer: Zemira, Joás, Eliézer, Elioenai, Onri, Jerimote, Abias, Anatote e Alemete; todos filhos de Bequer.
9 အစိုးရမှတ်တမ်းအရသူတို့၏သားမြေး များတွင် အိမ်ထောင်စုအလိုက်စစ်မှုထမ်းရန် အရည်အချင်းပြည့်သူများမှာ လူပေါင်း နှစ်သောင်းနှစ်ရာယောက်ရှိ၏။
9 O número deles, registrados pelas suas genealogias, segundo as suas gerações, chefes das suas famílias, homens valentes, vinte mil e duzentos.
10 ယေဒယေလတွင်ဗိလဟန်ဟူသောသား တစ်ယောက်ရှိ၏။ ဗိလဟန်တွင်ယုရှ၊ င်္ဗယာမိန်၊ ဧဟုတ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိ ရှဟာဟူ၍သားခုနစ်ယောက်ရှိ၏။-
10 O filho de Jediael: Bilã; os filhos de Bilã: Jeús, Benjamim, Eúde, Quenaana, Zetã, Társis e Aisaar.
11 သူတို့အားလုံးသည်မိမိတို့သားချင်းစု ထဲမှအိမ်ထောင်ဦးစီးများ၊ ထင်ပေါ်ကျော် စောသောစစ်သူရဲများဖြစ်ကြ၏။ သူတို့ ၏သားမြေးများတွင်စစ်မှုထမ်းရန်အရည် အချင်းပြည့်သူလူပေါင်းတစ်သောင်းခုနစ် ထောင့်နှစ်ရာယောက်ရှိသည်။-
11 Todos estes, filhos de Jediael, foram chefes das suas famílias, homens valentes, dezessete mil e duzentos, capazes de sair à guerra.
12 ရှုပိမ်နှင့်ဟုပိမ်တို့သည်လည်းဤအနွယ်စု တွင်ပါဝင်ကြသတည်း။
12 Supim e Hupim eram filhos de Ir; e Husim, filho de Aer.
13 နဿလိတွင်ယာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံ ဟူ၍သားလေးယောက်ရှိ၏။ (သူတို့သည် ဗိလဟာ၏သားမြေးများဖြစ်သတည်း။)
13 Os filhos de Naftali: Jaziel, Guni, Jezer e Salum, filhos de Bila.
14 မနာရှေသည်အာရမိအမျိုးသမီးမယား ငယ်နှင့်ရသောသားနှစ်ယောက်မှာ အာသရေလ နှင့်မာခိရဖြစ်၏။ မာခိရ၏သားသည်ဂိလဒ် ဖြစ်၏။-
14 O filho de Manassés: Asriel, de sua concubina síria, que também deu à luz a Maquir, pai de Gileade.
15 မာခိရသည်ဟုပိမ်နှင့်ရှုပိမ်တို့အတွက်အိမ် ထောင်ဖက်များကိုရှာ၍ပေး၏။ သူ့နှမ ၏နာမည်မှာမာခါဖြစ်၏။ မာခိရ၏ဒုတိယ သားမှာဇလောဖတ်ဖြစ်၍ထိုသူ၌သမီး များသာလျှင်ရှိလေသည်။
15 Maquir tomou a irmã de Hupim e Supim por mulher. O nome dela era Maaca; o nome do irmão de Maquir era Zelofeade, o qual teve só filhas.
16 မာခိရ၏ဇနီးမာခါသည်သားနှစ်ယောက် ကိုဖွားမြင်လေသည်။ သူတို့အားပေရက်နှင့် ရှေရက်ဟုနာမည်မှည့်၏။ ပေရက်တွင်ဥလံ နှင့်ရေကင်ဟူသောသားနှစ်ယောက်ရှိ၏။-
16 Maaca, mulher de Maquir, teve um filho, a quem chamou Perez; irmão deste foi Seres. Os filhos de Perez foram Ulão e Requém.
17 ဥလံတွင်ဗေဒန်နာမည်တွင်သောသားတစ် ယောက်ရှိလေသည်။ ဤသူတို့ကားမာခိရ ၏သား၊ မနာရှေ၏မြေးဂိလဒ်မှဆင်းသက် လာသူများဖြစ်ကြ၏။
17 O filho de Ulão: Bedã. Tais foram os filhos de Gileade, filho de Maquir, filho de Manassés.
18 ဂိလဒ်၏နှမ၊ ဟမ္မောလေကက်တွင် ဣရှောဒ၊ အဗျေဇာ၊ မဟာလဟူ၍သားသုံးယောက် ရှိ၏။-
18 Sua irmã Hamolequete deu à luz a Isode, a Abiezer e a Macla.
19 (ရှမိဒတွင်အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံဟူ၍သားလေးယောက်ရှိ၏။)
19 Foram os filhos de Semida: Aiã, Siquém, Liqui e Anião.
20 အဖနှင့်သားနာမည်များအစဉ်အလိုက် အရ ဧဖရိမ်၏သားမြေးစာရင်းမှာဧဖရိမ်၊ ရှုသေလ၊ ဗေရက်၊ တာဟတ်၊ ဧလာဒ၊ တာဟတ်၊-
20 Era filho de Efraim Sutela, de quem foi filho Berede, de quem foi filho Taate, de quem foi filho Eleada, de quem foi filho Taate,
21 ဇာဗဒ်နှင့်ရှုသေလတို့ဖြစ်၏။ ဧဖရိမ်တွင် ဧဇာနှင့်ဧလဒ်ဟူသောသားနှစ်ယောက်ရှိ သေး၏။ သူတို့သည်ဂါသမြို့နေတိုင်းရင်း သားတို့၏နွားများကို ခိုးယူရန်ကြိုးစား သည့်အတွက်အသတ်ခံရကြ၏။-
21 de quem foi filho Zabade, de quem foi filho Sutela; e ainda Ézer e Eleade, mortos pelos homens de Gate, naturais da terra, pois eles desceram para roubar o gado destes.
22 ဖခင်ဖြစ်သူဧဖရိမ်သည်သားနှစ်ယောက် အတွက် ရက်ပေါင်းများစွာငိုကြွေးမြည် တမ်းလျက်နေသဖြင့် သူ၏ညီအစ်ကို များလာရောက်၍သူ့အားနှစ်သိမ့်ကြ၏။-
22 Pelo que por muitos dias os chorou Efraim, seu pai, cujos irmãos vieram para o consolar.
23 ထိုနောက်သူသည်မိမိ၏ဇနီးနှင့်ကိုယ်လက် နှီးနှောပြန်သဖြင့် ဇနီးသည်တွင်ကိုယ်ဝန် ရှိ၍သားတစ်ယောက်ကိုဖွားမြင်လေသည်။ သူတို့သည်မိမိတို့အိမ်ထောင်သို့ဆိုက်ရောက် ခဲ့သောဒုက္ခကိုအကြောင်းပြု၍ထိုသား အားဗေရိယဟုနာမည်မှည့်ကြ၏။
23 Depois, coabitou com sua mulher, e ela concebeu e teve um filho, a quem ele chamou Berias, porque as coisas iam mal na sua casa.
24 ဧဖရိမ်တွင်ရှေရနာမည်တွင်သောသမီး တစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန် မြို့နှင့်သြဇင်ရှေရမြို့တို့ကိုတည်ထောင် သူဖြစ်၏။
24 Sua filha foi Seerá, que edificou a Bete-Horom, a de baixo e a de cima, como também a Uzém-Seerá.
25 — ausente —
25 O filho de Berias foi Refa, de quem foi filho Resefe, de quem foi filho Tela, de quem foi filho Taã,
26 — ausente —
26 de quem foi filho Ladã, de quem foi filho Amiúde, de quem foi filho Elisama,
27 — ausente —
27 de quem foi filho Num, de quem foi filho Josué.
28 သူတို့သိမ်းယူ၍အခြေစိုက်နေထိုင်ကြ သည့်နယ်မြေတွင်အရှေ့သို့လားသော်နာရန် မြို့အထိ၊ ထိုမြို့နှင့်ဗေသလမြို့နှင့်အနီး တစ်ဝိုက်ရှိမြို့များ၊ အနောက်သို့လားသော် ဂေဇာမြို့အထိ၊ ထိုမြို့နှင့်အနီးတစ်ဝိုက် ရှိမြို့များပါဝင်၏။ ရှေခင်မြို့၊ အာရမြို့နှင့် ယင်းတို့၏အနီးတစ်ဝိုက်ရှိမြို့များလည်း ပါ၏။
28 A possessão e habitação deles foram: Betel e as suas aldeias; ao oriente, Naarã; e, ao ocidente, Gezer e suas aldeias, Siquém e suas aldeias, até Aia e suas aldeias;
29 မနာရှေ၏သားမြေးတို့သည် ဗက်ရှန်၊ တာ နက်၊ မေဂိဒ္ဒေါ၊ ဒေါရမြို့ကြီးများနှင့်ယင်း တို့အနီးတစ်ဝိုက်ရှိမြို့များကိုအစိုးရ ကြ၏။
29 do lado dos filhos de Manassés, Bete-Seã e suas aldeias, Taanaque e suas aldeias, Megido e suas aldeias, Dor e suas aldeias; nestas, habitaram os filhos de José, filho de Israel.
30 အာရှာ၏သားမြေးများမှာအောက်ပါ အတိုင်းဖြစ်၏။ အာရှာတွင်ယိမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယဟူသောသားလေးယောက် နှင့်စေရဟူသောသမီးတစ်ယောက်ရှိ၏။
30 Os filhos de Aser: Imna, Isvá, Isvi e Berias e Sera, irmã deles.
31 ဗေရိယတွင်ဟေဗာနှင့်မာလကျေလ ဟူသောသားနှစ်ယောက်ရှိ၏။ (မာလကျေလ သည်ဗိရဇာဝိတ်မြို့ကိုတည်ထောင်သည်။)
31 Os filhos de Berias: Héber e Malquiel; este foi o pai de Birzavite.
32 ဟေဗာတွင်ယာဖလက်၊ ရှောမာ၊ ဟောသံဟူ သောသားသုံးယောက်နှင့်ရှုအာဟူသော သမီးတစ်ယောက်ရှိ၏။
32 Héber gerou a Jaflete, a Somer, a Hotão e a Suá, irmã deles.
33 ယာဖလက်တွင်ပါသက်၊ ဗိမဟာလ၊ အာရှဝတ်ဟူ၍သားသုံးယောက်ရှိ၏။
33 Os filhos de Jaflete: Pasaque, Bimal e Asvate; estes foram os filhos de Jaflete.
34 ယာဖလက်၏ညီရှောမာတွင်ရောဂ၊ ယေဟုဗ္ဗ၊ အာရံဟူ၍သားသုံးယောက်ရှိ၏။
34 Os filhos de Semer: Aí, Roga, Jeubá e Arã.
35 သူ၏ညီငယ်ဟောသံတွင်ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလဟူ၍သားလေးယောက်ရှိ၏။
35 Os filhos de seu irmão Helém: Zofa, Imna, Seles e Amal.
36 ဇောဖ၏သားမြေးများမှာသုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊-
36 Os filhos de Zofa: Sua, Harnefer, Sual, Beri, Inra,
37 ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရတို့ ဖြစ်၏။
37 Bezer, Hode, Sama, Silsa, Itrã e Beera.
38 ယေသာ၏သားမြေးများမှာယေဖုန္န၊ ပိသပ၊ အာရတို့ဖြစ်၏။-
38 Os filhos de Jéter: Jefoné, Pispa e Ara.
39 ဥလ္လ၏သားမြေးများမှာအာရ၊ ဟံယေလ၊ ရေဇိယတို့ဖြစ်သတည်း။
39 Os filhos de Ula: Ara, Haniel e Rizia.
40 ဤသူအပေါင်းတို့သည်အာရှာ၏သားမြေး များဖြစ်ကြ၏။ သူတို့သည်အိမ်ထောင်ဦးစီး များ၊ ထင်ပေါ်ကျော်စောသောစစ်သူရဲများ၊ ထူးချွန်သောခေါင်းဆောင်များဖြစ်ပေသည်။ သူတို့တွင်စစ်မှုထမ်းရန်အရည်အချင်း ရှိသူလူပေါင်းနှစ်သောင်းခြောက်ထောင်ရှိ သတည်း။
40 Todos estes foram filhos de Aser, chefes das famílias, escolhidos, homens valentes, chefes de príncipes, registrados nas suas genealogias para o serviço na guerra; seu número foi de vinte e seis mil homens.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Crônicas 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.