1 Crônicas 29
Common Language Bible (MYA) vs ARC
1 ဒါဝိဒ်မင်းသည်လူထုတစ်ရပ်လုံးအား``ငါ့ သားရှောလမုန်သည်ဘုရားသခင်ရွေးချယ် တော်မူသောသူဖြစ်၏။ သို့သော်လည်းအသက် အရွယ်ငယ်၍အတွေ့အကြုံမရှိသေးသူ ဖြစ်၏။ သူပြုရမည့်အမှုကားအလွန်ကြီး မားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတည်ဆောက်ရမည်မှာလူတို့အတွက် နန်းတော်မဟုတ်ဘဲ ဘုရားသခင်ထာဝရ ဘုရားအတွက်ဗိမာန်တော်ဖြစ်သော ကြောင့်တည်း။-
1 Disse mais o rei Davi a toda a congregação: Salomão, meu filho, o único a quem Deus escolheu, é ainda moço e tenro, e esta obra é grande; porque não é palácio para homem, senão para o Senhor Deus.
2 ငါသည်ဗိမာန်တော်တည်ဆောက်ရန်ပစ္စည်း များဖြစ်သည့်ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်၊ ကျောက်မျက်ရတနာ၊ ကျောက်စီပန်းဖော် ကျောက်များနှင့် မြောက်မြားစွာသောကျောက် ဖြူတို့ကိုစုဆောင်းပြင်ဆင်ထားရန်အစွမ်း ကုန်ကြိုးစားအားထုတ်ခဲ့၏။-
2 Eu, pois, com todas as minhas forças já tenho preparado para a Casa do meu Deus ouro para as obras de ouro, e prata para as de prata, e cobre para as de cobre, e ferro para as de ferro, e madeira para as de madeira, e pedras sardônicas, e as de engaste, e pedras de ornato, e obra de embutido, e toda sorte de pedras preciosas, e pedras marmóreas em abundância.
3 ငါသည်ဤသို့ပေးလှူခဲ့သည့်ပစ္စည်းအလုံးစုံ တို့အပြင် မိမိကိုယ်ပိုင်ရွှေနှင့်ငွေတို့ကိုလည်း ပေးလှူခဲ့၏။ အဘယ်ကြောင့်ဆိုသော်ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုလွန်စွာမြတ် နိုးသောကြောင့်ဖြစ်ပေသည်။-
3 E ainda, de minha própria vontade para a Casa do meu Deus, o ouro e prata particular que tenho demais eu dou para a Casa do meu Deus, afora tudo quanto tenho preparado para a casa do santuário:
4 ငါသည်ရွှေစင်တန်ချိန်တစ်ရာတစ်ဆယ့် ငါးနှင့်ဗိမာန်တော်နံရံများမွမ်းမံချယ် လှယ်ရန်၊-
4 três mil talentos de ouro, do ouro de Ofir, e sete mil talentos de prata purificada, para cobrir as paredes das casas;
5 နှင့်လက်မှုပညာသည်တို့ပြုလုပ်ရန်ရှိသမျှ သောဝတ္ထုပစ္စည်းများ ငွေစင်အချိန်နှစ်ရာခြောက် ဆယ့်ငါးတန်ကိုလည်းပေးလှူခဲ့လေပြီ။ ယနေ့ အဘယ်သူသည်ထာဝရဘုရားအားရက်ရော စွာပေးလှူလိုပါသနည်း'' ဟုမိန့်တော်မူ၏။
5 e ouro para os objetos de ouro, e prata para os de prata, e para toda obra de mãos artífices. Quem, pois, está disposto a encher a sua mão, para oferecer hoje voluntariamente ao Senhor ?
6 ထိုအခါသားချင်းစုဦးစီးများ၊ အမျိုး အနွယ်ဝင်တို့ကိုအုပ်ချုပ်သူအရာရှိများ၊ တပ်မှူးများနှင့်ဘုရင့်ပစ္စည်းများကိုထိန်း သိမ်းအုပ်ချုပ်ရသူတို့သည်ဗိမာန်တော် အတွက်ပေးလှူရန်အလိုအလျောက်ဆန္ဒ ပြုကြကုန်၏။-
6 Então, os chefes dos pais, e os príncipes das tribos de Israel, e os capitães dos milhares e das centenas e até os capitães da obra do rei voluntariamente contribuíram
7 သူတို့သည်ရွှေတန်ချိန်တစ်ရာ့ကိုးဆယ်၊ ငွေ တန်ချိန်သုံးရာ့ရှစ်ဆယ်၊ ကြေးဝါတန်ချိန် ခြောက်ရာခုနစ်ဆယ့်ငါးနှင့်သံတန်ချိန်သုံး ထောင်ခုနစ်ရာ့ငါးဆယ်ကိုပေးလှူကြလေ သည်။-
7 e deram para o serviço da Casa de Deus cinco mil talentos de ouro, e dez mil dracmas, e dez mil talentos de prata, e dezoito mil talentos de cobre, e cem mil talentos de ferro.
8 ကျောက်မျက်ရတနာများရှိကြသူတို့သည် ယင်းတို့ကိုလေဝိအနွယ်ဝင်ဂေရရှုံသား ချင်းစုမှယေဟေလအုပ်ချုပ်သည့်ဗိမာန် တော်ဘဏ္ဍာတိုက်သို့ပေးလှူကြ၏။-
8 E os que se acharam com pedras preciosas as deram para o tesouro da Casa do Senhor , na mão de Jeiel, o gersonita.
9 သူတို့သည်စေတနာစိတ်နှင့်ထာဝရ ဘုရားအားပေးလှူကြသည်ဖြစ်ရာ မိမိ တို့ဤမျှမြောက်မြားစွာပေးလှူခဲ့ရကြ သည့်အတွက်အားရဝမ်းမြောက်ကြကုန်၏။ ဒါဝိဒ်မင်းသည်လည်းလွန်စွာအားရဝမ်း မြောက်တော်မူ၏။
9 E o povo se alegrou do que deram voluntariamente; porque, com coração perfeito, voluntariamente deram ao Senhor ; e também o rei Davi se alegrou com grande alegria.
10 ဒါဝိဒ်သည်ထိုအရပ်ရှိလူစုတစ်ရပ်လုံး၏ရှေ့ တွင်ထာဝရဘုရားအားထောမနာပြုတော် မူ၏။ မင်းကြီးက``ကျွန်တော်မျိုးတို့၏ဘိုးဘေး ယာကုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်ရှင်သည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော် မူပါစေသတည်း။-
10 Pelo que Davi louvou ao Senhor perante os olhos de toda a congregação e disse: Bendito és tu, Senhor , Deus de nosso pai Israel, de eternidade em eternidade.
11 ကိုယ်တော်ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုး တော်ဘုန်းအသရေတော်၊ အရောင်အဝါတော်၊ အာနုဘော်တော်တို့နှင့်ပြည့်စုံတော်မူပါ၏။ ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှသော အရာတို့ကိုပိုင်တော်မူ၍ ကိုယ်တော်ရှင်သည် လူခပ်သိမ်းတို့အားအချုပ်အခြာအာဏာ တော်ဖြင့်အစိုးရသည့်ဘုရင်ဖြစ်တော်မူပါ ၏။-
11 Tua é, Senhor , a magnificência, e o poder, e a honra, e a vitória, e a majestade; porque teu é tudo quanto há nos céus e na terra; teu é, Senhor , o reino, e tu te exaltaste sobre todos como chefe.
12 စည်းစိမ်ချမ်းသာနှင့်ပစ္စည်းဥစ္စာပေါများ ကြွယ်ဝမှုမှန်သမျှကိုကိုယ်တော်ရှင်ပေး တော်မူပါ၏။ ကိုယ်တော်ရှင်သည်အရာခပ် သိမ်းတို့ကိုခွန်အားစွမ်းရည်တန်ခိုးနှင့် အစိုးရတော်မူ၍ မည်သူ့ကိုမဆိုကြီး မြတ်၍သန်စွမ်းမှုကိုပေးတော်မူပါ၏။-
12 E riquezas e glória vêm de diante de ti, e tu dominas sobre tudo, e na tua mão há força e poder; e na tua mão está o engrandecer e dar força a tudo.
13 ကျွန်တော်မျိုးတို့၏ဘုရား၊ ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ဘုန်းအသရေနှင့်ပြည့်ဝသည့်နာမတော် ကိုထောမနာပြုကြပါ၏။''
13 Agora, pois, ó Deus nosso, graças te damos e louvamos o nome da tua glória.
14 ``အကယ်စင်စစ်ကျွန်တော်မျိုးနှင့်ကျွန်တော် မျိုး၏လူတို့သည် ကိုယ်တော်ရှင်အားအဘယ် အရာကိုမျှပေးလှူနိုင်စွမ်းမရှိပါ။ ခပ်သိမ်း သောအရာတို့သည်ကိုယ်တော်ရှင်ပေးသနား ထားသည့်ဆုကျေးဇူးများဖြစ်သဖြင့် ကျွန် တော်မျိုးတို့သည်ကိုယ်တော်ရှင်ပိုင်သည့် အရာများကိုသာလျှင်ကိုယ်တော်ရှင် အားပြန်လည်ဆက်သခြင်းဖြစ်ပါ၏။-
14 Porque quem sou eu, e quem é o meu povo, que tivéssemos poder para tão voluntariamente dar semelhantes coisas? Porque tudo vem de ti, e da tua mão to damos.
15 အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည် ဘိုးဘေးများနည်းတူပြည်နှင်ဒဏ်ခံရ ကြသူများနှင့်သူစိမ်းတစ်ရံဆံများကဲ့ သို့ဤဘဝတွင်ကျင်လည်ရကြကြောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။ ကျွန်တော် မျိုးတို့၏နေ့ရက်များသည်ရှည်လျား လျက်နေသောအရိပ်ကဲ့သို့ဖြစ်၍ ကျွန် တော်မျိုးတို့သည်သေဘေးနှင့်မလွတ် နိုင်ကြပါ။-
15 Porque somos estranhos diante de ti e peregrinos como todos os nossos pais; como a sombra são os nossos dias sobre a terra, e não há outra esperança.
16 အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့၏ ဘုရား၊ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ် သည့်နာမတော်ကိုချီးမြှောက်နိုင်ရန် ဗိမာန် တော်တစ်ဆောင်တည်ဆောက်ရေးအတွက် ဤဥစ္စာအပေါင်းကိုကျွန်တော်မျိုးတို့ စုဆောင်းယူဆောင်ခဲ့ကြပါ၏။ သို့ရာ တွင်ထိုဥစ္စာပစ္စည်းအားလုံးသည်ကိုယ် တော်ရှင်ပေးသနားတော်မူသောအရာ များဖြစ်၍ယင်းတို့ကိုကိုယ်တော်ရှင် ပိုင်တော်မူပါ၏။-
16 Senhor , Deus nosso, toda esta abundância que preparamos, para te edificar uma casa ao teu santo nome, vem da tua mão e é toda tua.
17 ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
17 E bem sei eu, Deus meu, que tu provas os corações e que da sinceridade te agradas; eu também, na sinceridade de meu coração, voluntariamente dei todas estas coisas; e agora vi com alegria que o teu povo, que se acha aqui, voluntariamente te deu.
18 ကျွန်တော်မျိုးတို့၏ဘိုးဘေးများဖြစ် ကြသောအာဗြဟံ၊ ယာကုပ်နှင့်ဣဇာက် တို့၏ဘုရားသခင်ထာဝရဘုရား၊ ဤ သို့ဘုရားတရားစွဲလန်းတတ်သောစိတ် သဘောကို ကိုယ်တော်ရှင့်လူစုတော်၏ စိတ်နှလုံးတွင်အစဉ်သဖြင့်ခိုင်မြဲ စွာတည်ရှိစေတော်မူပါ။ သူတို့သည် ကိုယ်တော်ရှင်အပေါ်အစဉ်အမြဲ သစ္စာရှိစေတော်မူပါ။-
18 Senhor , Deus de nossos pais Abraão, Isaque e Israel, conserva isso para sempre no intento dos pensamentos do coração de teu povo; e encaminha o seu coração para ti.
19 ကိုယ်တော်ရှင်မိန့်တော်မူသမျှတို့ကို စိတ်ရောကိုယ်ပါလိုက်နာလိုသောဆန္ဒကို လည်းကောင်း၊ ဗိမာန်တော်ကိုအပြီးတိုင် စိတ်ပါလက်ပါတည်ဆောက်လိုသောဆန္ဒ ကိုလည်းကောင်း ကျွန်တော်မျိုး၏သား ရှောလမုန်အားပေးတော်မူပါ။ ထိုဗိမာန် တော်အတွက်ကျွန်တော်မျိုးသည်ဤပြင် ဆင်မှုများကိုပြုလုပ်၍ထားပါပြီ'' ဟု လျှောက်ထား၏။
19 E a Salomão, meu filho, dá um coração perfeito para guardar os teus mandamentos, os teus testemunhos e os teus estatutos; e para fazer tudo, e para edificar este palácio que tenho preparado.
20 ထိုနောက်ဒါဝိဒ်သည်လူတို့အား``သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထို အခါလူထုတစ်ရပ်လုံးသည် မိမိတို့၏ ဘိုးဘေးများ၏ဘုရားသခင်ဖြစ်တော် မူသောထာဝရဘုရားကိုထောမနာ ပြုကြကုန်၏။ သူတို့သည်ထာဝရဘုရား ၏ရှေ့တော်နှင့်မိမိတို့၏ဘုရင့်ရှေ့တော် တွင်ဦးညွှတ်ပျပ်ဝပ်ကြကုန်၏။
20 Então, disse Davi a toda a congregação: Agora, louvai ao Senhor , vosso Deus. Então, toda a congregação louvou ao Senhor , Deus de seus pais; e inclinaram-se e prostraram-se perante o Senhor e perante o rei.
21 နောက်တစ်နေ့၌သူတို့သည်ယဇ်ကောင်များ အဖြစ်ဖြင့်တိရစ္ဆာန်များကိုသတ်၍ ထာဝရ ဘုရားအားဆက်သပြီးလျှင် လူတို့အား စားသုံးရန်ပေးကြ၏။ သူတို့သည်စပျစ်ရည် ပူဇော်သကာများကိုလည်းယူဆောင်လာ ကြ၏။ ထိုအပြင်နွားသိုးတစ်ထောင်၊ သိုး ထီးတစ်ထောင်နှင့်သိုးငယ်တစ်ထောင်တို့ ကိုယဇ်ပလ္လင်ပေါ်တွင်တစ်ကောင်လုံး မီးရှို့ပူဇော်ကြလေသည်။-
21 E, ao outro dia, sacrificaram ao Senhor sacrifícios e ofereceram holocaustos ao Senhor : mil bezerros, mil carneiros, mil cordeiros, com as suas libações, e sacrifícios em abundância por todo o Israel.
22 သို့ဖြစ်၍ထိုနေ့၌သူတို့သည်ထာဝရ ဘုရား၏ရှေ့တော်တွင်စားသောက်ကာ အလွန်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။
22 E comeram e beberam, naquele dia, perante o Senhor , com grande gozo; e, segunda vez, fizeram rei a Salomão, filho de Davi, e o ungiram ao Senhor por guia, e a Zadoque, por sacerdote.
23 သို့ဖြစ်၍ရှောလမုန်သည်မိမိခမည်း တော်၏အရိုက်အရာကိုဆက်ခံလျက် ထာဝရဘုရားတည်စေသောရာဇပလ္လင် ပေါ်တွင်ထိုင်တော်မူ၏။ သူသည်အောင်မြင် သောဘုရင်ဖြစ်ပေသည်။ ဣသရေလ အမျိုးသားတစ်ရပ်လုံးသည်လည်း သူ၏အမိန့်ကိုနာခံကြလေသည်။-
23 Assim, Salomão se assentou no trono do Senhor , rei, em lugar de Davi, seu pai, e prosperou; e todo o Israel lhe deu ouvidos.
24 အရာရှိများနှင့်စစ်သူရဲအပေါင်းတို့ နှင့်ဒါဝိဒ်၏အခြားသားတို့သည်ရှော လမုန်မင်း၏ကျေးဇူးသစ္စာကိုစောင့် ပါမည်ဟုကတိပေးကြ၏။-
24 E todos os príncipes, e os grandes, e até todos os filhos do rei Davi se submeteram ao rei Salomão.
25 ထာဝရဘုရားသည်ဣသရေလအမျိုး သားအပေါင်း၏ရှေ့တွင်ရှောလမုန်အား လွန်စွာချီးမြှောက်တော်မူ၍ အခြားအဘယ် ဣသရေလဘုရင်မျှမရရှိဘူးသည့် ဘုန်းအသရေဖြင့်ပြည့်ဝစေတော်မူ၏။
25 E o Senhor magnificou a Salomão grandissimamente perante os olhos de todo o Israel; e deu-lhe majestade real, qual antes dele não teve nenhum rei em Israel.
26 — ausente —
26 Ora, Davi, filho de Jessé, reinou sobre todo o Israel.
27 — ausente —
27 E foram os dias que reinou sobre Israel quarenta anos: em Hebrom reinou sete anos e em Jerusalém reinou trinta e três.
28 သူသည်စည်းစိမ်ချမ်းသာကြွယ်ဝလျက်ကြည်ညို လေးစားမှုကိုခံရကာ အလွန်အိုမင်းချိန်ကျ မှကွယ်လွန်တော်မူလေသည်။-
28 E morreu numa boa velhice, cheio de dias, riquezas e glória; e Salomão, seu filho, reinou em seu lugar.
29 ဒါဝိဒ်မင်း၏ရာဇဝင်ကိုအစမှအဆုံးတိုင် အောင်ရှမွေလ၊ နာသန်နှင့်ဂဒ်ဟူသောပရော ဖက်သုံးပါးတို့၏မှတ်တမ်းများတွင်ရေးမှတ် ၍ထား၏။-
29 Os atos, pois, do rei Davi, assim os primeiros como os últimos, eis que estão escritos nas crônicas de Samuel, o vidente, e nas crônicas do profeta Natã, e nas crônicas de Gade, o vidente,
30 ထိုပရောဖက်တို့သည်ဒါဝိဒ်မင်းတိုင်းပြည်ကို အုပ်စိုးပုံနှင့်တန်ခိုးကြီးပုံတို့ကိုလည်းကောင်း၊ သူကြုံတွေ့ရသောအဖြစ်အပျက်များနှင့် တကွဣသရေလနိုင်ငံနှင့်အနီးတစ်ဝိုက် ရှိတိုင်းပြည်များ၏အဖြစ်အပျက်မှန်သမျှ တို့ကိုလည်းကောင်းဖော်ပြကြလေသည်။ ရာဇဝင်ချုပ်ပထမစောင်ပြီး၏။
30 juntamente com todo o seu reino, e o seu poder, e os tempos que passaram sobre ele, e sobre Israel, e sobre todos os reinos daquelas terras.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Crônicas 29, comparar traduções ou montar um estudo — tudo direto pelo WhatsApp.