1 Crônicas 28
Common Language Bible (MYA) vs NTLH
1 ဒါဝိဒ်သည်ဣသရေလအမျိုးသားအရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့တွင်စုရုံးစေ တော်မူ၏။ လူမျိုးနွယ်တို့ကိုအုပ်ချုပ်ရသူ အရာရှိအပေါင်းနှင့် နိုင်ငံအုပ်ချုပ်မှုတာဝန် ကိုထမ်းဆောင်ရသူအရာရှိအပေါင်းသည် လည်းကောင်း၊ သားချင်းစုခေါင်းဆောင်များ၊ ဘုရင်နှင့်သားတော်များ၏ဥစ္စာပစ္စည်း၊ မြည်း၊ နွားအစရှိသောတိရစ္ဆာန်များကိုကြီးကြပ် ထိန်းသိမ်းရကြသူတို့သည်လည်းကောင်း စုရုံးကြ၏။ တစ်နည်းအားဖြင့်နန်းတော် အရာရှိများ၊ ထင်ရှားသောစစ်သူရဲကြီး များနှင့်အရေးပါအရာရောက်သူရှိ သမျှတို့သည်ယေရုရှလင်မြို့တွင်စုရုံး ကြကုန်၏။
1 O rei Davi ordenou que todas as autoridades de Israel se reunissem na cidade de Jerusalém. Portanto, se reuniram em Jerusalém todos os chefes das tribos , os oficiais que cuidavam dos negócios do reino, os chefes dos grupos de famílias, os administradores das propriedades e de todo o gado que pertenciam ao rei e aos seus filhos e também os funcionários do palácio, os oficiais superiores do exército e outros homens importantes.
2 ဒါဝိဒ်မင်းသည်ထိုသူတို့ရှေ့တွင်ရပ်လျက် မိန့်ခွန်းမြွက်ကြားတော်မူ၏။ မင်းကြီးက``ငါ ၏ပြည်သူပြည်သားတို့၊ နားထောင်ကြလော့။ ငါသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏ခြေတင်ခုံဖြစ်သော ပဋိညာဉ်သေတ္တာတော် ကိုထားရှိရန်အတွက်အိမ်တော်တစ်ဆောင် ကိုတည်ဆောက်လိုပေသည်။ ဘုရားသခင် နာမတော်ကိုချီးမြှောက်ရန်ဗိမာန်တော် တည်ဆောက်ရေးအတွက်ငါသည်ပြင်ဆင် မှုများကိုပြုခဲ့လေပြီ။-
2 Então Davi ficou de pé na frente deles e disse: — Povo da minha terra, meus irmãos, escutem! Eu quis construir uma casa onde ficasse guardada para sempre a
3 သို့ရာတွင်ငါသည်စစ်သည်တစ်ဦးဖြစ်၍ များစွာသွေးထွက်သံယိုဖြစ်ပွားစေခဲ့ သဖြင့် ငါ့အားကိုယ်တော်ကမတည်မ ဆောက်ရဟုတားမြစ်တော်မူ၏။-
3 mas ele me proibiu de construí-lo porque sou soldado e fiz correr muito sangue.
4 ထာဝရဘုရားတည်းဟူသောဣသရေလ အမျိုးသားတို့၏ဘုရားသခင်သည် ငါနှင့် ငါ၏သားမြေးတို့အားဣသရေလနိုင်ငံ တော်ကိုထာဝစဉ်အုပ်စိုးရန်ရွေးချယ်တော် မူ၏။ ကိုယ်တော်သည်ခေါင်းဆောင်မှုပေးရန် အတွက်ယုဒအနွယ်ကိုရွေးချယ်တော် မူ၏။ ယုဒပြည်မှငါ့အဖ၏အိမ်ထောင်စု ကိုရွေးချယ်တော်မူပေသည်။ ထိုအိမ်ထောင်စု မှငါ့အားထုတ်ယူ၍ဣသရေလနိုင်ငံ တစ်နိုင်ငံလုံးကိုအုပ်စိုးခွင့်ပေးတော်မူ၏။-
4 O Senhor , o Deus de Israel, escolheu a mim e aos meus descendentes a fim de governarmos o povo de Israel para sempre. Pois ele escolheu a tribo de Judá para que dela saíssem os reis; da tribo de Judá ele preferiu a família do meu pai; e entre os filhos do meu pai ele me escolheu para me fazer rei de todo o povo de Israel.
5 ကိုယ်တော်သည်ငါ့အားသားများထွန်းကား စေတော်မူ၍ထိုသားတို့အနက်ရှောလမုန် ကိုထာဝရဘုရား၏နိုင်ငံတည်းဟူသော ဣသရေလပြည်ကိုအုပ်စိုးရန်ရွေးချယ် တော်မူ၏။''
5 Ele me deu muitos filhos e entre todos eles escolheu Salomão para governar Israel, o reino do Senhor .
6 ``ထာဝရဘုရားကငါ့အား`သင်၏သား ရှောလမုန်သည်ငါ၏ဗိမာန်တော်ကိုတည် ဆောက်ရမည့်သူဖြစ်၏။ သူ့အားငါသည် ငါ၏သားအဖြစ်ဖြင့်ရွေးချယ်တော်မူ ပြီ။ ငါသည်လည်းသူ၏အဖဖြစ်လိမ့် မည်။-
6 E Davi continuou: — Deus me disse: “O seu filho Salomão é quem irá construir o meu Templo. Eu o escolhi para ser meu filho e serei pai dele.
7 သူသည်ယခုတိုင်ဆက်လက်၍ငါ၏ ပညတ်တို့ကိုစောင့်ထိန်းပါမူ ငါသည် သူ၏နိုင်ငံကိုကာလအစဉ်အဆက် တည်တံ့စေတော်မူမည်' ဟုမိန့်တော်မူ၏။''
7 Se ele continuar a obedecer a todas as minhas leis e mandamentos, como tem feito até hoje, eu firmarei o seu reino para sempre”.
8 ``သို့ဖြစ်၍သင်တို့အား ငါသည်ဘုရားသခင်၏လူပရိတ်သတ်ရှေ့တော်၌လည်း ကောင်း၊ ကိုယ်တော်၏လူမျိုးတော်တည်း ဟူသော ဣသရေလအမျိုးသားလူထု ကြီး၏ရှေ့၌လည်းကောင်း၊ သင်တို့အား တာဝန်ပေးအပ်ပါ၏။ သင်တို့သည်ငါ တို့ဘုရားသခင်ထာဝရဘုရားပညတ် တော်မူသမျှတို့ကို တိကျစွာလိုက်နာ ကြလော့။ သို့မှသာလျှင်သင်တို့သည် ဤပြည်ကောင်းပြည်မြတ်ကိုဆက်လက် ပိုင်ဆိုင်ရကြလျက် မိမိတို့၏သားမြေး အားအဆက်မပြတ်လွှဲပြောင်းပေး အပ်နိုင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
8 Davi disse também: — Portanto, agora, na presença do nosso Deus e desta assembleia de todo o povo de Israel, o povo do
9 ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
9 E a Salomão ele disse: — Meu filho, reconheça o Deus do seu pai e sirva-o com todo o coração e de livre e espontânea vontade. Ele conhece todos os seus pensamentos e desejos. Se você o procurar, ele o aceitará; mas, se o abandonar, ele o rejeitará para sempre.
10 ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့် မြတ်သောဗိမာန်တော်ကိုတည်ဆောက်ရန် အတွက် သင့်အားရွေးချယ်တော်မူပြီဖြစ် ကြောင်းသင်သိမှတ်ရပေမည်။ သို့ဖြစ်၍ ယခုပင်လျှင်ထိုဗိမာန်တော်ကိုတည် ဆောက်လော့။ အားမာန်တင်း၍တည်ဆောက် လော့'' ဟုမိန့်တော်မူ၏။
10 Você deve compreender que o Senhor o escolheu para construir o seu santo Templo. Portanto, seja forte e mãos à obra!
11 ဒါဝိဒ်သည်ဗိမာန်တော်ဆိုင်ရာအဆောက် အအုံရှိသမျှတို့၏ပုံစံများကိုလည်း ကောင်း၊ ပစ္စည်းသိုလှောင်ရာမှစ၍အခြား အခန်းအပေါင်းနှင့်အပြစ်ဖြေလွှတ်ရာ မြင့်မြတ်သန့်ရှင်းရာဌာနတော်၏ပုံစံကို လည်းကောင်းရှောလမုန်အားပေးအပ်တော် မူ၏။-
11 Davi entregou a Salomão a planta de todos os prédios do Templo, dos depósitos, de todas as salas e do Lugar Santíssimo , onde os pecados são perdoados.
12 မင်းကြီးသည်မိမိကြံစည်ထားတော်မူ သည့်အတိုင်း ဗိမာန်တော်တံတိုင်းများနှင့် တံတိုင်းပတ်လည်ရှိအခန်းများ၊ ဗိမာန် တော်ပစ္စည်းတန်ဆာများသိုမှီးရာနှင့် ထာဝရဘုရားအား ဆက်ကပ်ထားသည့် လှူဖွယ်ပစ္စည်းသိုလှောင်ခန်းတို့၏ပုံစံ များကိုလည်းပေးအပ်တော်မူ၏။-
12 Deu também as plantas de tudo o que tinha planejado para os pátios e as salas que deveriam ficar ao seu redor e as plantas dos depósitos onde seriam guardados os objetos do Templo e as ofertas dedicadas a Deus.
13 ဒါဝိဒ်သည်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့အား မိမိတို့တာဝန်ဝတ္တရား များကိုထမ်းဆောင်မှု၊ ဗိမာန်တော်ဝေယျာ ဝစ္စများကိုဆောင်ရွက်မှုနှင့်၊ ဗိမာန်တော် ခွက်ဖလားများကိုထိန်းသိမ်းမှုတို့ အတွက်စည်းရုံးဖွဲ့စည်းခြင်းဆိုင်ရာ အစီအစဉ်များကိုလည်းပေးအပ် တော်မူ၏။-
13 Davi também deu a Salomão por escrito a maneira de organizar os sacerdotes e levitas no cumprimento dos seus deveres, para fazer o trabalho do Templo e para cuidar de todos os objetos do Templo.
14 — ausente —
14 O plano determinava o peso da prata e do ouro que deveriam ser usados para fazer os objetos do Templo,
15 — ausente —
15 para fazer cada lamparina e candelabro ,
16 — ausente —
16 as mesas de prata e cada uma das mesas de ouro onde seriam colocados os pães oferecidos a Deus.
17 အမဲသားချိတ်များ၊ ဖလားများ၊ အိုးများ အတွက်ရွှေစင်မည်မျှအသုံးပြု၍ ပန်းကန် များအတွက်ငွေနှင့်ရွှေမည်မျှအသုံးပြု ရမည်၊-
17 Também determinava o peso do ouro puro que deveria ser usado para fazer os garfos, as bacias e as jarras, o peso da prata e do ouro para fazer os pratos
18 နံ့သာပေါင်းကိုမီးရှို့ရာယဇ်ပလ္လင်အတွက် နှင့်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကို အတောင်ဖြင့်လွှမ်းမိုးထားသော ခေရုဗိမ်များကသည့်ရထားအတွက် ရွှေစင်မည်မျှအသုံးပြုရမည်ကိုညွှန် ကြားတော်မူ၏။-
18 e o peso do ouro puro que deveria ser usado para fazer o altar onde o incenso é queimado e para fazer o carro onde seriam colocados os querubins , que com as asas estendidas cobrem a arca da aliança de Deus, o Senhor .
19 ဒါဝိဒ်မင်းက``ဤအရာအားလုံးတို့သည် ထာဝရဘုရားကိုယ်တော်တိုင် ငါ့အားဆောင် ရွက်ရန်ညွှန်ကြားတော်မူသည်အတိုင်းရေး ဆွဲထားခြင်းဖြစ်သည်'' ဟုမိန့်တော်မူ၏။
19 O rei Davi disse: — Tudo o que está nestas plantas foi escrito de acordo com as instruções que o
20 ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။-
20 E disse ao seu filho Salomão: — Seja forte e corajoso e mãos à obra! Não desanime, nem tenha medo, pois o
21 ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့အား ဗိမာန်တော်တွင်ဆောင်ရွက်ရန် တာဝန်ဝတ္တရားများကိုခွဲခန့်သတ်မှတ် ပေးပြီးဖြစ်လေပြီ။ အဘက်ဘက်မှကျွမ်း ကျင်သူအလုပ်သမားတို့သည် သင့်အား ကူညီရန်စိတ်အားထက်သန်လျက်ရှိကြ ၏။ လူအပေါင်းနှင့်သူတို့၏ခေါင်းဆောင် များသည်လည်းသင်၏အမိန့်ကိုလိုက် နာဆောင်ရွက်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
21 Os sacerdotes e os levitas foram escalados para cuidar dos serviços do Templo. Trabalhadores que sabem fazer todos os tipos de serviço estão prontos para ajudá-lo, e todo o povo e os seus líderes estão às suas ordens.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Crônicas 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.