1 Crônicas 23
Common Language Bible (MYA) vs BKJ
1 ဒါဝိဒ်သည်ကြီးရင့်အိုမင်းသောအခါ သား တော်ရှောလမုန်ကိုထီးနန်းလွှဲအပ်တော်မူ၏။
1 Assim, quando Davi era velho e cheio de dias, ele fez Salomão, o seu filho, rei sobre Israel.
2 ဒါဝိဒ်မင်းသည်ဣသရေလအမျိုးသား ခေါင်းဆောင်ရှိသမျှတို့နှင့် ယဇ်ပုရောဟိတ် များနှင့်လေဝိအနွယ်ဝင်အပေါင်းတို့ကို စုရုံးစေတော်မူ၏။-
2 E ele reuniu todos os príncipes de Israel, com os sacerdotes e os levitas.
3 အသက်သုံးဆယ်နှင့်အထက်ရှိသောလေဝိ အနွယ်ဝင်အမျိုးသားတို့ကိုစာရင်းကောက် ယူရာ စုစုပေါင်းသုံးသောင်းရှစ်ထောင်ရှိ သတည်း။-
3 Ora, os levitas foram enumerados de trinta anos para cima; e o seu número, segundo seus cabeças, homem por homem, foi trinta e oito mil.
4 မင်းကြီးသည်ထိုသူတို့အနက်လူပေါင်း နှစ်သောင်းလေးထောင်တို့အား ဗိမာန်တော် တွင်ဝတ်ကြီးဝတ်ငယ်တို့ကိုဆောင်ရွက်ရန် စီစဉ်သတ်မှတ်၍ပေးတော်မူ၏။ လူခြောက် ထောင်တို့အားစာရင်းအင်းများကိုထိန်း သိမ်းစေ၍တရားသူကြီးများအဖြစ် ဖြင့်ဆောင်ရွက်စေတော်မူ၏။-
4 Dos quais, vinte e quatro mil foram colocados à frente do trabalho da casa do SENHOR; e seis mil foram oficiais e juízes.
5 လူလေးထောင်တို့အားတံခါးစောင့်တာဝန်ကို အပ်နှင်းလျက် အခြားလေးထောင်တို့ကိုမင်း ကြီးပေးအပ်ထားသည့်တူရိယာများဖြင့် ထာဝရဘုရားအားထောမနာပြုကြရန် ခွဲခန့်သတ်မှတ်၍ပေးတော်မူ၏။
5 Além disso, quatro mil foram porteiros; e quatro mil louvaram ao SENHOR com os instrumentos que eu fiz, disse Davi, para com eles louvar.
6 ဒါဝိဒ်သည်လေဝိအနွယ်ဝင်တို့အားမိမိတို့ သားချင်းစုများအလိုက်ဂေရရှုံ၊ ကောဟတ် နှင့်မေရာရိဟူ၍အစုသုံးစုခွဲတော်မူ၏။
6 E Davi os dividiu em classes entre os filhos de Levi, a saber: Gérson, Coate e Merari.
7 ဂေရရှုံတွင်လာဒန်နှင့်ရှိမိဟူသောသား နှစ်ယောက်ရှိ၏။-
7 Dos Gersonitas foram: Ladã e Simei.
8 လာဒန်တွင်ယေဟေလ၊ ဇေသံနှင့်ယောလ ဟူသောသားသုံးယောက်ရှိ၏။-
8 Os filhos de Ladã: o chefe foi Jeiel, e Zetã, e Joel, três.
9 သူတို့သည်ယာဒန်မှဆင်းသက်လာသော ဆွေမျိုးသားချင်းစုဦးစီးများဖြစ်ကြ၏။ (ရှိမိတွင်ရှေလောမိတ်၊ ဟာဇေလနှင့်ဟာရန် ဟူသောသားသုံးယောက်ရှိ၏။-)
9 Os filhos de Simei: Selomite, e Haziel, e Harã, três. Estes foram os chefes dos pais de Ladã.
10 — ausente —
10 E os filhos de Simei foram: Jaate, e Ziza e Jeús, e Berias. Estes quatro foram os filhos de Simei.
11 — ausente —
11 E Jaate foi o chefe, e Ziza, o segundo; mas Jeús e Berias não tiveram muitos filhos; portanto, eles estavam em uma apuração, de acordo com a casa dos seus pais.
12 ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန် နှင့်သြဇေလဟူ၍သားလေးယောက်ရှိ၏။-
12 E os filhos de Coate: Anrão, Isar, e Hebrom, e Uziel, quatro.
13 သူ၏သားကြီးအာမရံသည်အာရုန်နှင့် မောရှေတို့၏အဖဖြစ်၏။ (အာရုန်နှင့်သူ ၏သားမြေးတို့သည်အမွန်အမြတ်ထား သည့်ပစ္စည်းအသုံးအဆောင်တို့ကိုအစဉ် အမြဲထိန်းသိမ်းရန် ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ရာ၌နံ့သာပေါင်းကို မီးရှို့ရန်၊ ကိုယ်တော်၏အမှုတော်ကိုဆောင် ရွက်ရန်နှင့်နာမတော်ကိုအမှီပြု၍ လူ တို့အားကောင်းချီးပေးရန်သီးသန့်တာဝန် ပေးအပ်ခြင်းကိုခံရကြ၏။-
13 Os filhos de Anrão: Arão, e Moisés; e Arão foi separado para que santificasse as coisas mais sagradas, ele e os seus filhos, para sempre, para queimar incenso diante do SENHOR, para ministrar a ele, e para bendizer o seu nome para sempre.
14 သို့ရာတွင်ဘုရားသခင်၏လူမောရှေ၏ သားများသည် လေဝိအနွယ်ဝင်များအဖြစ် ဖြင့်စာရင်းသွင်းခြင်းကိုခံရကြ၏။-)
14 Ora, acerca de Moisés, o homem de Deus, os seus filhos foram nomeados da tribo de Levi.
15 မောရှေတွင်ဂေရရှုံနှင့်ဧလျေဇာဟူ သောသားနှစ်ယောက်ရှိ၏။-
15 Os filhos de Moisés foram: Gérson, e Eliézer.
16 ဂေရရှုံ၏သားတို့တွင်ရှေဗွေလသည် ခေါင်းဆောင်ဖြစ်၏။-
16 Dos filhos de Gérson: Sebuel era o chefe.
17 ဧလျေဇာတွင်ရေဟဘိဟူသောသားတစ်ယောက် တည်းရှိ၏။ သို့ရာတွင်ရေဟဘိတွင်မူကား သားမြေးများစွာရှိသတည်း။
17 E os filhos de Eliézer foram: Reabias, o chefe. E Eliézer não teve outros filhos; porém os filhos de Reabias foram muitíssimos.
18 ကောဟတ်၏ဒုတိယသားဣဇဟာတွင် ရှေလောမိတ်ဟူသောသားတစ်ယောက်ရှိ၏။ သူသည်သားချင်းစုဦးစီးဖြစ်၏။-
18 Dos filhos de Isar: Selomite, o chefe.
19 ကောဟတ်၏တတိယသားဟေဗြုန်တွင်ယေရိ၊ အာမရိ၊ ယဟာဇေလနှင့်ယေကမံဟူသော သားလေးယောက်ရှိ၏။-
19 Dos filhos de Hebrom: Jerias, o primeiro; Amarias, o segundo; Jaaziel, o terceiro, e Jecameão, o quarto.
20 ကောယတ်၏စတုတ္ထသားသြဇေလတွင် မိက္ခာနှင့်ယေရှိဟူ၍သားနှစ်ယောက်ရှိ၏။
20 Dos filhos de Uziel: Mica, o primeiro, e Issias, o segundo.
21 မေရာရိတွင်မဟာလိနှင့်မုရှိဟူသောသား နှစ်ယောက်ရှိ၏။ မဟာလိတွင်ဧလာဇာနှင့် ကိရှဟူသောသားနှစ်ယောက်ရှိ၏။-
21 Os filhos de Merari: Mali e Musi. Os filhos de Mali: Eleazar, e Quis.
22 ဧလာဇာသည်သားများကိုမရ၊ သမီးများ ကိုသာလျှင်ရရှိ၏။ သူ၏သမီးများသည် မိမိတို့၏အစ်ကိုဝမ်းကွဲများနှင့်အိမ်ထောင် ပြုကြ၏။ ထိုသူတို့ကားကိရှ၏သားများ ဖြစ်သတည်း။-
22 E Eleazar morreu, e não teve filhos, mas filhas; e os seus irmãos, os filhos de Quis, tomaram-nas.
23 မေရာရိ၏ဒုတိယသားမုရှိတွင်မဟာလိ၊ ဧဒါနှင့်ယေရိမုတ်ဟူသောသားသုံးယောက် ရှိ၏။
23 Os filhos de Musi: Mali, e Éder, e Jerimote, três.
24 ဤသူတို့ကားသားချင်းစုနှင့်အိမ်ထောင်စု အလိုက်ဖော်ပြသည့် လေဝိအဆက်အနွယ် များဖြစ်ကြ၏။ ထိုသူအပေါင်းတို့အားတစ် ဦးစီ၏နာမည်ကိုမှတ်ပုံတင်ထားလေသည်။ အသက်နှစ်ဆယ်နှင့်အထက်ရှိသူလေဝိ၏ သားမြေးတိုင်းပင်လျှင် ထာဝရဘုရား၏ ဗိမာန်တော်တွင်ပါဝင်၍အမှုတော်ထမ်း ဆောင်ရကြ၏။
24 Estes foram os filhos de Levi, segundo a casa dos seus pais, a saber: os chefes dos pais, segundo o número dos seus nomes, por suas cabeças; que faziam a obra para o serviço da casa do SENHOR, da idade de vinte anos para cima.
25 ဒါဝိဒ်က``ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားသည် မိမိ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကို ပေးတော်မူ၍ မိမိကိုယ်တော်တိုင်ယေရု ရှလင်မြို့တွင်ထာဝစဉ်ကိန်းဝပ်တော်မူ လိမ့်မည်။-
25 Porque Davi disse: O SENHOR Deus de Israel tem dado descanso para o seu povo, para que ele possa habitar em Jerusalém para sempre;
26 ယခုအခါလေဝိအနွယ်ဝင်တို့သည်တဲတော် ကိုလည်းကောင်း၊ ကိုးကွယ်ဝတ်ပြုရာ၌အသုံး ပြုသည့်ပစ္စည်းတန်ဆာပလာများကိုလည်း ကောင်းသယ်ဆောင်ကြရန်လိုတော့မည် မဟုတ်'' ဟုမိန့်တော်မူ၏။-
26 e também para os levitas; eles não carregarão mais o tabernáculo, nem quaisquer dos seus vasos para o seu serviço.
27 ဒါဝိဒ်၏နောက်ဆုံးညွှန်ကြားချက်များအရ အသက်နှစ်ဆယ်ပြည့်သူ လေဝိအနွယ်ဝင် အပေါင်းတို့သည်အမှုဆောင်ရန်မှတ်ပုံတင် ရကြ၏။-
27 Porque, pelas últimas palavras de Davi, os levitas foram contados de vinte anos de idade para cima;
28 သူတို့၏အလုပ်ဝတ္တရားများမှာဗိမာန်တော် တွင် ဝတ်ပြုကိုးကွယ်မှု၌အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့အားကူညီရန်၊ ဗိမာန် တော်ဝင်းနှင့်အခန်းများကိုကြည့်ရှုစောင့် ထိန်းရန်၊ အမွန်အမြတ်ထားသည့်အရာ ဟူသမျှကိုသန့်စင်စွာထားရှိရန်တို့ဖြစ်၏။-
28 porque o seu ofício era servir aos filhos de Arão no serviço da casa do SENHOR, nos átrios, e nas câmaras, e na purificação de todas as coisas santas, e no trabalho do serviço da casa de Deus;
29 သူတို့သည်ဘုရားသခင်အားပူဇော်သည့်မုန့်၊ ပူဇော်သကာအဖြစ်အသုံးပြုသည့်မုန့်ညက်၊ တဆေးမဲ့မုန့်ပြားများ၊ မီးဖြင့်ထုတ်လုပ်သည့် ပူဇော်သကာများ၊ ဆီနှင့်ရောသောမုန့်ညက် တို့အတွက်တာဝန်ယူရကြ၏။ သူတို့သည် ဗိမာန်တော်ပူဇော်သကာများချိန်တွယ်မှု ကိုလည်းတာဝန်ယူရကြ၏။-
29 tanto no pão da proposição, como na flor farinha para a oferta de carne, e para os bolos ázimos, e para aquilo que é assado na panela, e para aquilo que é frito, e para todas as formas de medida e tamanho;
30 — ausente —
30 e para estarem cada manhã em pé para agradecer e louvar ao SENHOR, e de modo semelhante ao anoitecer;
31 — ausente —
31 e para oferecerem todos os sacrifícios queimados ao SENHOR nos shabats, nas luas novas, e nas festas marcadas, pelo número, segundo a ordem que lhes foi comandada, continuamente, diante do SENHOR;
32 သူတို့သည်ထာဝရဘုရားကိန်းဝပ်တော်မူ ရာတဲတော်နှင့် ဗိမာန်တော်ကိုကြည့်ရှုစောင့် ရှောက်ကြရန်လည်းကောင်း၊ မိမိတို့၏ဆွေမျိုး များဖြစ်သောအာရုန်၏သားမြေးယဇ်ပုရော ဟိတ်တို့အား ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှု၌ကူညီကြရန်လည်းကောင်းတာဝန်ယူရ ကြ၏။
32 e para que eles cumpram a incumbência do tabernáculo da congregação, e a incumbência do lugar santo, e a incumbência dos filhos de Arão, os seus irmãos, no serviço da casa do SENHOR.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Crônicas 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.