1 Crônicas 22
Common Language Bible (MYA) vs NAA
1 ထို့ကြောင့်ဒါဝိဒ်က``ဤအရပ်ကားထာဝရ အရှင်ဘုရားသခင်၏ဗိမာန်တော်တည် ဆောက်ရမည့်အရပ်ဖြစ်၏။ ဤနေရာသည် ဣသရေလပြည်သားတို့မီးရှို့ရာယဇ် ပူဇော်ရန်နေရာဖြစ်၏'' ဟုဆို၏။
1 Davi disse: — Aqui se levantará a Casa do
2 ဒါဝိဒ်မင်းသည်ဣသရေလနိုင်ငံတွင်နေ ထိုင်ကြသောလူမျိုးခြားအပေါင်းတို့ကို စုရုံးစေ၍လုပ်အားပေးစေတော်မူ၏။ အချို့သောသူတို့သည်ဗိမာန်တော် အဆောက်အအုံအတွက်ကျောက်တုံး များကိုဆစ်ရကြ၏။-
2 Davi deu ordem para que fossem reunidos os estrangeiros que estavam na terra de Israel, e encarregou pedreiros que preparassem pedras lavradas para a construção da Casa de Deus.
3 မင်းကြီးသည်အိမ်ရိုက်သံများပြုလုပ်ရန် နှင့်ဝင်းတံခါးကြီးများအတွက် ပျဉ်ဆက် ကိရိယာများပြုလုပ်ရန်သံအမြောက် အမြားကိုထုတ်ပေးတော်မူ၏။ ချိန်တွယ်၍ ပင်မရနိုင်အောင်များပြားသောကြေးဝါ များကိုထုတ်ပေးတော်မူ၏။-
3 Davi ajuntou ferro em abundância, para os pregos das folhas dos portões e para as junções, bem como bronze em abundância, que nem foi pesado,
4 တုရုနှင့်ဇိဒုန်မြို့များမှလူတို့အား အာရဇ် သစ်အမြောက်အများကိုလည်းအထံတော် သို့ယူဆောင်လာစေတော်မူ၏။-
4 além de madeira de cedro sem conta, porque os homens de Tiro e de Sidom a traziam a Davi em grande quantidade.
5 ဒါဝိဒ်သည်``ငါ၏သားရှောလမုန်တည်ဆောက် မည့်ဗိမာန်တော်သည်ခမ်းနားထည်ဝါ၍ ကမ္ဘာ ပေါ်တွင်ထင်ပေါ်ကျော်ကြားရပေမည်။ သို့ ရာတွင်ရှောလမုန်သည်အသက်အရွယ် ငယ်၍အတွေ့အကြုံနည်းပါးသေးသူ ဖြစ်သဖြင့် ငါသည်ဗိမာန်တော်အတွက် ပြင်ဆင်မှုများကိုပြုလုပ်ပေးမည်'' ဟု တွေးတောဆင်ခြင်ကာ မကွယ်လွန်မီဗိမာန် တော်တည်ဆောက်ရန်ပစ္စည်းအမြောက် အမြားကိုအသင့်စုဆောင်းလေသည်။
5 Pois Davi dizia: — Meu filho Salomão ainda é moço e inexperiente, e o templo que será edificado para o Assim, antes de morrer, Davi providenciou materiais em abundância.
6 မင်းကြီးသည်သားတော်ရှောလမုန်ကို ခေါ်ယူပြီးလျှင် ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ဗိမာန်တော်တစ်ဆောင်ကိုတည်ဆောက်ရန် အမိန့်ပေးတော်မူ၏။-
6 Então Davi chamou Salomão, seu filho, e lhe ordenou que edificasse um templo ao Senhor , Deus de Israel.
7 ဒါဝိဒ်က``ငါ့သား၊ ငါသည်ဘုရားသခင် ထာဝရဘုရား၏နာမတော်ကိုချီးမြှောက် ရန်အတွက် ဗိမာန်တော်တစ်ဆောင်ကိုတည် ဆောက်လိုသည်။-
7 Davi disse a Salomão: — Meu filho, tive a intenção de edificar um templo ao nome do
8 သို့ရာတွင်ထာဝရဘုရားကငါသည် လူအမြောက်အမြားကိုသတ်ခဲ့သူ၊ စစ်ပွဲ အမြောက်အများကိုဝင်ခဲ့သူဖြစ်သဖြင့် ငါဖြစ်ပွားစေခဲ့သည့်သွေးထွက်သံယိုမှု အပေါင်းကိုအကြောင်းပြု၍ ငါ့အားဗိမာန် တော်တည်ဆောက်ခွင့်ကိုပေးတော်မမူ။-
8 Porém a palavra do Senhor veio a mim, dizendo: “Você derramou muito sangue e fez grandes guerras. Você não edificará um templo ao meu nome, porque derramou muito sangue na terra, na minha presença.
9 သို့သော်ကိုယ်တော်သည်ငါ့အားကတိတော် ကိုပေးတော်မူ၏။ ကိုယ်တော်က`သင်သည်တိုင်း နိုင်ငံကိုငြိမ်းချမ်းစွာအုပ်စိုးမည့်သားတစ် ဦးကိုရလိမ့်မည်။ သူသည်မိမိရန်သူများ နှင့်ငြိမ်းချမ်းစွာနေနိုင်ရေးကိုငါပေးမည်။ သူသည်မိမိနန်းသက်အတွင်း ဣသရေလ အမျိုးသားတို့အားငြိမ်းချမ်းလုံခြုံစွာ ထားမည်ဖြစ်၍၊ ရှောလမုန် ဟုနာမည်တွင်လိမ့်မည်။-
9 Eis que lhe nascerá um filho, que será homem pacífico, porque lhe darei descanso de todos os seus inimigos ao redor. Portanto, o nome dele será Salomão, e nos seus dias darei paz e tranquilidade a Israel.
10 သူသည်ငါ၏အဖို့ဗိမာန်တော်တစ်ဆောင် ကိုတည်ဆောက်ရလိမ့်မည်။ သူသည်ငါ၏ သားဖြစ်ရလိမ့်မည်။ ငါသည်လည်းသူ၏ အဖဖြစ်လိမ့်မည်။ သူ၏နန်းဆက်သည် ဣသရေလနိုင်ငံတွင်အစဉ်အမြဲတည် လိမ့်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ပြော ကြားတော်မူ၏။
10 Este edificará um templo ao meu nome. Ele me será por filho, e eu lhe serei por pai; e eu estabelecerei para sempre o trono do seu reino sobre Israel.”
11 ထိုနောက်ဒါဝိဒ်သည်ဆက်၍``ငါ့သား၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည်သင်နှင့် အတူရှိပါစေသော။ ကတိတော်ရှိသည့် အတိုင်းသင်သည်ကိုယ်တော်အဖို့ဗိမာန် တော်ကိုအောင်မြင်စွာတည်ဆောက်နိုင်ပါ စေသော။-
11 — Agora, meu filho, que o Senhor esteja com você, a fim de que você prospere e possa edificar a Casa do Senhor , seu Deus, como ele disse a seu respeito.
12 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အားကိုယ်တော်၏တရားတော်အရ ဣသရေလနိုင်ငံကိုအုပ်စိုးနိုင်ရန်ထိုး ထွင်းဉာဏ်နှင့်အသိပညာကိုပေးသနား တော်မူပါစေသော။-
12 Que o Senhor lhe conceda prudência e entendimento, para que, quando for rei sobre Israel, você guarde a Lei do Senhor , seu Deus.
13 သင်သည်ဣသရေလအမျိုးသားတို့ အတွက် မောရှေအားထာဝရဘုရားပေး တော်မူသောပညတ်တော်တို့ကိုစောင့်ထိန်း ပါမူ သင်၏အကြံအစည်ထမြာက်လိမ့် မည်။ အားမာန်တင်း၍စိတ်ချယုံကြည် လော့။ အဘယ်အရာကိုမျှမကြောက်နှင့်။-
13 Então você prosperará, se tiver o cuidado de cumprir os estatutos e os juízos que o Senhor ordenou a Moisés a respeito de Israel. Seja forte e corajoso, não tenha medo, nem fique assustado.
14 ငါသည်ဗိမာန်တော်တည်ဆောက်ရန်အတွက် ရွှေတန်ချိန်လေးထောင်ခန့်ကိုလည်းကောင်း၊ ငွေတန်ချိန်လေးသောင်းနီးပါးမျှကိုလည်း ကောင်းကြိုးစား၍စုဆောင်းထားခဲ့၏။ ထိုမှ တစ်ပါးလည်းအချိန်မရေမတွက်နိုင်အောင် များပြားသောကြေးဝါနှင့်သံများလည်း ငါ့မှာရှိ၏။ သစ်များ၊ ကျောက်များလည်း အဆင်သင့်ရှိ၏။ သို့ရာတွင်သင်သည် ထပ်မံ၍စုဆောင်းရလိမ့်ဦးမည်။-
14 Eis que, com muito esforço, preparei para a Casa do Senhor três mil e quatrocentas toneladas de ouro e mais de trinta e quatro mil toneladas de prata, e bronze e ferro em tal abundância, que nem foram pesados. Também preparei madeira e pedras, cuja quantidade você pode aumentar.
15 သင့်မှာများစွာသောအလုပ်သမား များရှိ၏။ ကျောက်ဆစ်သမားများ၊ ပန်းရံ များ၊ လက်သမားများနှင့်၊-
15 Além disso, você tem um grande número de trabalhadores: cortadores de pedras, pedreiros, carpinteiros e peritos em todo tipo de trabalho
16 ရွှေ၊ ငွေ၊ ကြေးဝါ၊ သံတို့နှင့်သက်ဆိုင်သော လက်မှုပညာသည်အမျိုးမျိုးတို့လည်း များစွာရှိ၏။ သင်သည်ယခုပင်အလုပ် ကိုစတင်လော့။ ထာဝရဘုရားသည်သင် နှင့်အတူရှိတော်မူပါစေသော'' ဟုမိန့် တော်မူ၏။
16 em ouro, prata, bronze e ferro, que não se pode contar. Portanto, mãos à obra, e que o Senhor esteja com você!
17 ဒါဝိဒ်သည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့အား ရှောလမုန်ကိုကူညီ ကြရန်မိန့်မှာတော်မူ၏။-
17 Davi ordenou a todos os chefes de Israel que ajudassem Salomão, seu filho, dizendo:
18 မင်းကြီးက``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိနေတော်မူ လျက် သင်တို့အားအရပ်တကာတွင်ငြိမ်း ချမ်းသာယာမှုကိုပေးတော်မူပြီ။ ကိုယ်တော် သည်ယခင်ကဤပြည်တွင်နေထိုင်ကြသူ တို့အားငါ၏လက်သို့အပ်တော်မူ၍ ငါ သည်သူတို့အားထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အတွက်နှိမ် နင်းခဲ့၏။-
18 — Não está com vocês o Senhor , seu Deus? E não é fato que lhes deu paz por todos os lados? Pois ele entregou nas minhas mãos os moradores desta terra, a qual está sujeita diante do Senhor e diante do seu povo.
19 သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမှုတော်ကိုစိတ်ရောကိုယ်ပါ ဆောင်ရွက်ကြလော့။ ထာဝရဘုရား၏နာမ တော်ကိုချီးမြှောက်ရန်ဗိမာန်တော်ကိုစတင် တည်ဆောက်ကြလော့။ သို့မှသာလျှင်သင်တို့ သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်နှင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်မှု ဆိုင်ရာအမွန်အမြတ်ထားသည့်အခြား ဝတ္ထုပစ္စည်းအသုံးအဆောင်များကိုဗိမာန် တော်တွင်ထားရှိနိုင်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
19 Agora disponham o coração e a alma para buscar o Senhor , seu Deus. Preparem-se e comecem a construir o santuário do Senhor Deus, para que a arca da aliança do Senhor e os utensílios sagrados de Deus sejam trazidos a este templo, que será edificado ao nome do Senhor .
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Crônicas 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.