1 Crônicas 21

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 စာ​တန်​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို ဒုက္ခ​ပေး​လို​သ​ဖြင့် ဒါ​ဝိဒ်​အား​သန်း​ခေါင် စာ​ရင်း​ကောက်​ယူ​ရန်​ဆုံး​ဖြတ်​စေ​၏။-
1 Então Satanás se levantou contra Israel e incitou Davi a levantar o censo de Israel.
2 ဒါ​ဝိဒ်​သည်​ယွာ​ဘ​နှင့်​အ​ခြား​တပ်​မှူး​များ အား``သင်​တို့​သည်​တိုင်း​ပြည်​တစ်​စွန်း​မှ အ​ခြား​တစ်​စွန်း​သို့​တိုင်​အောင် ဣ​သ​ရေ​လ နိုင်ငံ​တစ်​လျှောက်​လုံး​ကို​သွား​ရောက်​၍​လူ​ဦး ရေ​စာ​ရင်း​ကောက်​ယူ​ကြ​လော့။ လူ​ဦး​ရေ မည်​မျှ​ရှိ​သည်​ကို​ငါ​သိ​လို​သည်'' ဟု မိန့်​တော်​မူ​၏။
2 Davi disse a Joabe e aos chefes do povo: — Vão e levantem o censo de Israel, desde Berseba até Dã, e tragam-me a apuração para que eu saiba o seu número.
3 ယွာ​ဘ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​သား​တို့​အား ယ​ခု​ထက်​အ​ဆ​တစ်​ရာ ပို​မို​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ အ​ရှင်​မင်း​ကြီး၊ သူ​တို့​အ​ပေါင်း​သည်​ကိုယ် တော်​ရှင်​၏​အ​စေ​ခံ​များ​ဖြစ်​ကြ​ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​ပြစ် ရ​ကြ​စေ​ရန် အ​ဘယ်​ကြောင့်​ဤ​အ​မှု​ကို ပြု​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​၏။-
3 Então Joabe disse: — Que o
4 သို့​ရာ​တွင်​မင်း​ကြီး​သည်​မိ​မိ​၏​အ​မိန့် အ​တိုင်း​လိုက်​နာ​စေ​တော်​မူ​၏။ ယွာ​ဘ​သည် ထွက်​ခွာ​သွား​ပြီး​လျှင် ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ခု​လုံး​သို့​လှည့်​လည်​ကာ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လာ​၏။-
4 Porém a palavra do rei prevaleceu contra Joabe. Então Joabe saiu e percorreu todo o Israel; depois, voltou para Jerusalém.
5 သူ​သည်​စစ်​မှု​ထမ်း​နိုင်​သူ​လူ​ပေါင်း​ဣ​သ ရေ​လ​ပြည်​မှ တစ်​သန်း​တစ်​သိန်း​နှင့်​ယု​ဒ ပြည်​မှ​လေး​သိန်း​ခု​နစ်​သောင်း​ရှိ​ကြောင်း ဒါ​ဝိဒ်​မင်း​အား​အ​စီ​ရင်​ခံ​လေ​သည်။-
5 Joabe apresentou a Davi o resultado do recenseamento do povo: havia em Israel um milhão e cem mil homens que puxavam da espada; e em Judá eram quatrocentos e setenta mil homens que puxavam da espada.
6 ယွာ​ဘ​သည်​ဘု​ရင်​၏​အ​မိန့်​ကို​မ​နှစ်​သက် သ​ဖြင့် လေ​ဝိ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​တွင် သန်း​ခေါင်​စာ​ရင်း​မ​ကောက်​ယူ​ခဲ့​ပေ။
6 Porém os de Levi e Benjamim não foram contados entre eles, porque a ordem do rei foi abominável a Joabe.
7 ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို​ဘု​ရား​သ​ခင်​သည် နှစ်​သက်​တော်​မ​မူ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။-
7 Tudo isto desagradou a Deus, e por isso ele castigou Israel.
8 ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည် ဤ​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး​လွန်​မိ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​သည် မိုက်​မဲ​စွာ​ပြု​မိ ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​၏။
8 Então Davi se dirigiu a Deus, dizendo: — Cometi um grande pecado ao fazer tal coisa. Mas agora peço-te que perdoes a iniquidade do teu servo, porque fiz uma grande loucura.
9 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​၏ ပ​ရော​ဖက်​ဖြစ်​သူ​ဂဒ်​အား၊-
9 Então o Senhor falou a Gade, o vidente de Davi, dizendo:
10 သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​လော့။ ငါ​ပြု​ရန် ရှိ​သည့်​အ​မှု​သုံး​ခု​အ​နက် သူ​သည်​မိ​မိ ကြိုက်​နှစ်​သက်​ရာ​တစ်​ခု​ကို ရွေး​ချယ်​နိုင် ကြောင်း​ပြော​ကြား​လော့။ သူ​ရွေး​ချယ်​ရာ ကို​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။
10 — Vá e diga a Davi: Assim diz o Senhor : “Eu lhe ofereço três opções; escolha uma delas, para que eu a execute contra você.”
11 ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း​တင်​ပြ​ပြီး​လျှင်၊-
11 Gade foi falar com Davi e lhe disse: — Assim diz o
12 ``အ​ရှင်​မင်း​ကြီး၊ သုံး​နှစ်​ပတ်​လုံး​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​သည့်​ဘေး၊ သုံး​လ​ပတ် လုံး​သင့်​ကို​ရန်​သူ​လိုက်​မီ​၍​ထား​ဖြင့် လုပ်​ကြံ​သော​ဘေး၊ သုံး​ရက်​ပတ်​လုံး​ကပ် ရော​ဂါ​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ဋ္ဌား​ဖြင့် ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ် ကာ ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​လျှောက်​လုံး တွင်​သတ်​ဖြတ်​မည့်​ဘေး​တို့​အ​နက် အ​ဘယ်​ကို​ရွေး​ချယ်​တော်​မူ​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘုရား​အား​အ​ကျွန်ုပ်​ပြန်​ကြား လျှောက်​ထား​ရ​ပါ​မည်'' ဟု​လျှောက်​လေ​၏။
12 ou três anos de fome, ou que por três meses você seja consumido diante dos seus adversários, sendo alcançado pela espada dos seus inimigos, ou que por três dias a espada do Senhor , isto é, a peste na terra e o Anjo do Senhor causem destruição em todos os territórios de Israel.” Diga, agora, que resposta devo dar ao que me enviou.
13 ဒါ​ဝိဒ်​သည်​ဂဒ်​အား``ငါ​သည်​အ​လွန်​ဆိုး​ဝါး သော​အ​ခြေ​အ​နေ​သို့​ရောက်​၍​နေ​လေ​ပြီ။ သို့​ရာ​တွင်​လူ​တို့​အပြစ်​ပေး​သည်​ကို​ငါ မ​ခံ​လို။ ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​ပေး​တော် မူ​ပါ​စေ။ ကိုယ်​တော်​သည်​က​ရု​ဏာ​ထား တော်​မူ​တတ်​သော​အ​ရှင်​ဖြစ်​ပါ​၏'' ဟု ဆို​၏။
13 Então Davi disse a Gade: — Estou muito angustiado. Porém é preferível que eu caia nas mãos do
14 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​သား​တို့​အ​ပေါ်​သို့ ကပ်​ရော​ဂါ​သက် ရောက်​စေ​တော်​မူ​သ​ဖြင့်​လူ​ခု​နစ်​သောင်း သေ​လေ​၏။-
14 Então o Senhor enviou a peste a Israel; e morreram setenta mil homens do povo de Israel.
15 ဘု​ရား​သ​ခင်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​တော်​မူ​ရန် ကောင်း​ကင်​တ​မန်​တစ် ပါး​စေ​လွှတ်​တော်​မူ​ပြီး​မှ​စိတ်​ပြောင်း​လဲ တော်​မူ​၍``ဤ​မျှ​နှင့်​တော်​လောက်​ပြီ။ ရပ် တန့်​လော့။ ဆက်​၍​မ​ဖျက်​ဆီး​နှင့်'' ဟု ထို ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ကောင်း​ကင်​တ​မန်​သည်​ယေ​ဗု​သိ​အ​မျိုး သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။
15 Deus enviou um anjo a Jerusalém, para a destruir. Quando estava por destruí-la, o Senhor olhou, mudou de ideia quanto a este mal e disse ao anjo destruidor: — Basta! Retire a sua mão. O Anjo do
16 ကောင်း​ကင်​တ​မန်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​ပစ်​ရန် ဋ္ဌား​ကို​ကိုင်​ကာ​လေ​ထဲ​တွင် ရပ်​နေ​သည်​ကို​ဒါ​ဝိဒ်​မြင်​လေ​၏။ ထို​အ​ခါ သူ​သည်​ဣ​သ​ရေ​လ​ပြည်​သား​ခေါင်း​ဆောင် များ​နှင့်​အ​တူ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပျပ်​ဝပ်​လိုက်​၏။ သူ​တို့​အား​လုံး​ပင်​လျှင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သ​တည်း။-
16 Davi ergueu os olhos e viu o Anjo do Senhor , que estava entre a terra e o céu, com a espada desembainhada na mão estendida contra Jerusalém. Então Davi e os anciãos, vestidos de pano de saco, se prostraram com o rosto em terra.
17 ဒါ​ဝိဒ်​က``အို ဘု​ရား​သ​ခင်၊ အ​မှား​ကို​ပြု သူ​မှာ​ကျွန်​တော်​မျိုး​ဖြစ်​ပါ​၏။ သန်း​ခေါင် စာ​ရင်း​ကောက်​ယူ​ရန်​အ​မိန့်​ပေး​သူ​မှာ ကျွန်​တော်​မျိုး​ဖြစ်​ပါ​၏။ ဤ​သ​နား​စ​ရာ ကောင်း​သော​သူ​တို့​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ကြ​ပါ​သ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​နှင့် ကျွန်​တော်​မျိုး​၏​အိမ်​ထောင်​စု​ကို​ဒဏ်​ခတ် တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား ချမ်း​သာ​ပေး​တော်​မူ​ပါ'' ဟု​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။
17 Davi falou para Deus: — Por acaso não fui eu quem mandou contar o povo? Eu é que pequei e fiz esse mal. Mas estas ovelhas o que fizeram? Ah!
18 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ့ အား​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န​ကောက် တ​လင်း​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။-
18 Então o Anjo do Senhor disse a Gade que mandasse Davi edificar um altar ao Senhor na eira de Ornã, o jebuseu.
19 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​လျက် ဂဒ်​စေ​ခိုင်း​သည်​အ​တိုင်း​သွား လေ​သည်။-
19 Davi foi segundo a palavra que Gade havia falado em nome do Senhor .
20 အ​ရော​န​နှင့်​သူ​၏​သား​လေး​ယောက်​တို့​သည် ဂျုံ​စ​ပါး​များ​ကို​နယ်​၍​နေ​ကြ​၏။ သူ​တို့ သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော​အ​ခါ အ​ရော​န​၏​သား​တို့​သည်​ထွက်​ပြေး​ပုန်း ရှောင်​ကြ​၏။-
20 Ao voltar-se, Ornã viu o Anjo; e os seus quatro filhos que estavam com ele se esconderam. Ora, Ornã estava debulhando trigo.
21 အ​ရော​န​သည်​ချဉ်း​လာ​သော​ဒါ​ဝိဒ်​မင်း ကို​မြင်​လျှင် ကောက်​နယ်​ရာ​မှ​ထွက်​လာ​၍ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လေ​၏။-
21 Quando Davi estava indo ao encontro de Ornã, este olhou e viu Davi. E, saindo da eira, se inclinou diante de Davi, com o rosto em terra.
22 ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​မှ​ငြိမ်း​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် နိုင်​ရန်​သင်​၏​ကောက်​နယ်​တ​လင်း​ကို​ငါ့ အား​ရောင်း​လော့။ တန်​ဖိုး​အ​ပြည့်​အ​ဝ ငါ​ပေး​မည်'' ဟု​အ​ရော​န​အား​ဆို​၏။
22 Davi disse a Ornã: — Dê-me este lugar da eira, a fim de edificar nele um altar ao
23 အ​ရော​န​က``အ​ရှင်​မင်း​ကြီး၊ ဤ​ကောက်​နယ် တ​လင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ။ ယဇ်​ပလ္လင်​ပေါ်​တွင် တင်​၍ မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​တွင် ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ကောက် နယ်​တန်​ဆာ​များ​သည်​လည်း​ကောင်း၊ ပူ​ဇော် သ​ကာ​အ​ဖြစ်​ဆက်​သ​ရန်​ဂျုံ​စ​ပါး​များ သည်​လည်း​ကောင်း ဤ​တွင်​ရှိ​ပါ​၏။ ဤ​အ​ရာ အား​လုံး​ကို​အ​ရှင့်​အား ကျွန်​တော်​မျိုး ဆက်​သ​ပါ​၏'' ဟု​လျှောက်​လေ​၏။
23 Então Ornã disse a Davi: — Que o rei, meu senhor, a tome para si e faça dela o que bem quiser. Eis que dou os bois para o holocausto, o debulhador de cereais para a lenha e o trigo para a oferta de cereais; dou tudo.
24 သို့​ရာ​တွင်​မင်းကြီး​က``ဤ​သို့​မ​ယူ​လို။ တန်​ဖိုး​အ​ပြည့်​အ​ဝ​ငါ​ပေး​မည်။ သင်​ပိုင် သည့်​ပစ္စည်း​တစ်​စုံ​တစ်​ရာ​နှင့်၊ ငါ​တန်​ဖိုး မ​ပေး​ဘဲ​ရ​ရှိ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ငါ​မ​ဆက်​လို'' ဟု​မိန့်​တော် မူ​၏။-
24 Porém o rei Davi disse a Ornã: — Não! Eu vou comprar pelo seu inteiro valor. Porque não tomarei o que é seu para dar ao
25 ထို​နောက်​မင်း​ကြီး​သည်​အ​ရော​န​အား ရွှေ​ဒင်္ဂါး​ခြောက်​ရာ​ကို​ပေး​တော်​မူ​၍၊-
25 Davi pagou a Ornã por aquele lugar sete quilos e duzentos gramas de ouro.
26 ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် တော်​မူ​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ ယ​ယဇ်​တို့​ကို​ပူ​ဇော်​တော်​မူ​၏။ မင်းကြီး ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​ပလ္လင်​ပေါ်​ရှိ​ယဇ်​ကောင်​များ ကို​မီး​ရှို့​ရန်​အ​တွက် ကောင်း​ကင်​မှ​မီး​ကို ချ​ပေး​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​မင်း ကြီး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​တည်း။
26 Edificou ali um altar ao Senhor , ofereceu nele holocaustos e sacrifícios pacíficos e invocou o Senhor , que lhe respondeu com fogo do céu sobre o altar do holocausto.
27 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​အား မိ​မိ​၏​ဋ္ဌား​ကို​ဖယ်​ရှား​လိုက်​ရန်​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း ကောင်း​ကင်​တ​မန်​သည် လည်း​ဖယ်​ရှား​လိုက်​၏။-
27 O Senhor deu ordem ao Anjo, e ele meteu a sua espada na bainha.
28 ဤ​အ​ချင်း​အ​ရာ​ကို​ဒါ​ဝိဒ်​မင်း​မြင်​သော် မိ​မိ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ထာ​ဝ​ရ​ဘု​ရား နား​ညောင်း​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သိ​လေ​၏။ သို့​ဖြစ်​၍​သူ​သည်​အ​ရော​န​၏​ကောက်​နယ် တ​လင်း​ရှိ​ယဇ်​ပလ္လင်​ပေါ်​တွင်​ယဇ်​များ​ကို ပူ​ဇော်​ခြင်း​ဖြစ်​သ​တည်း။-
28 Naquele tempo, ao ver que o Senhor lhe havia respondido na eira de Ornã, o jebuseu, Davi ofereceu sacrifícios ali.
29 ထို​အ​ချိန်​ကာ​လ​၌​တော​ကန္တာ​ရ​တွင် မော​ရှေ​တည်​ဆောက်​ခဲ့​သော​ထာ​ဝ​ရ​ဘု​ရား ၏​တဲ​တော်​နှင့် ယဇ်​များ​ပူ​ဇော်​ရာ​ယဇ်​ပလ္လင် သည်​ဂိ​ဗောင်​မြို့​ကိုး​ကွယ်​ရာ​ဌာ​န​၌​တည် ရှိ​လျက်​နေ​သေး​၏။-
29 Porque naquele tempo o tabernáculo do Senhor , que Moisés havia feito no deserto, e o altar do holocausto estavam no lugar alto de Gibeão.
30 သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​အား ကိုး​ကွယ်​ဝတ်​ပြု​ရန် ထို​အ​ရပ်​သို့​မ​သွား​ဝံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ဋ္ဌား​ကို​ကြောက် သော​ကြောင့်​ဖြစ်​၏။
30 Davi não podia ir até lá para consultar a Deus, porque estava com medo da espada do Anjo do Senhor .

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Crônicas 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.