1 Crônicas 20

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 နောက်​တစ်​နှစ်​နွေ​ဦး​ပေါက်​စ၊ ဘု​ရင်​တို့​စစ် ချီ​လေ့​ရှိ​သည့်​အ​ခါ​ကာ​လ​၌ ယွာ​ဘ​သည် တပ်​မ​တော်​ကို​ဦး​ဆောင်​၍ အမ္မုန်​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ ရဗ္ဗာ​မြို့​ကို​ဝိုင်း​၍ ထား​၏။ ဒါ​ဝိဒ်​မူ​ကား​ယေ​ရု​ရှ​လင်​မြို့ တွင်​နေ​ရစ်​သ​တည်း။ ယွာ​ဘ​သည်​ရဗ္ဗာ​မြို့ ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ဖျက်​ဆီး​လိုက်​၏။-
1 No começo do ano, época em que os reis costumavam ir à guerra, Joabe conduziu o exército israelita em ataques bem-sucedidos contra a terra dos amonitas. Durante essas operações, cercou a cidade de Rabá, a atacou e a destruiu. Mas Davi ficou em Jerusalém. Joabe conquistou Rabá e a destruiu.
2 အမ္မုန်​အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​မော​လုတ် ဘု​ရား​ရုပ်​တု​၏​ဦး​ခေါင်း​ထက်​တွင် အ​လေး ချိန်​ခု​နစ်​ဆယ့်​ငါး​ပေါင်​ရှိ​သော​ရွှေ​သ​ရ​ဖူ တစ်​ခု​ရှိ​၏။ ထို​သ​ရ​ဖူ​တွင်​ကျောက်​မျက် ရ​တ​နာ​တစ်​လုံး​ရှိ​၏။ ထို​ကျောက်​ကို​ဒါ​ဝိဒ် သည်​ယူ​၍​မိ​မိ​၏​သ​ရ​ဖူ​တွင်​တပ်​ဆင် လေ​သည်။ သူ​သည်​ရဗ္ဗာ​မြို့​မှ​တိုက်​ရာ​ပါ ပစ္စည်း​အ​မြောက်​အ​မြား​ကို​လည်း​ယူ​၍ သွား​၏။-
2 Então Davi chegou a Rabá, removeu a coroa da cabeça do rei, e ela foi colocada sobre sua cabeça. A coroa era feita de ouro, enfeitada com pedras preciosas, e pesava cerca de 35 quilos. Davi tomou grande quantidade de despojos da cidade.
3 ထို​မြို့​မှ​လူ​တို့​ကို​ခေါ်​ဆောင်​ပြီး​လျှင် လွှ၊ ပေါက်​တူး၊ ပု​ဆိန်​တို့​ဖြင့်​လုပ်​ရ​သော​အ​လုပ် ကြမ်း​များ​ကို​လုပ်​စေ​လေ​သည်။ ဒါ​ဝိဒ်​သည် အမ္မုန်​ပြည်​ရှိ​အ​ခြား​မြို့​များ​မှ​လူ​တို့ ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင်​ပြု​တော်​မူ ပြီး​လျှင် မိ​မိ​၏​တပ်​မ​တော်​သား​များ​နှင့် အ​တူ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား တော်​မူ​၏။
3 Também tornou os habitantes de Rabá seus escravos e os obrigou a trabalhar com serras, picaretas e machados de ferro. Foi assim que Davi tratou o povo de todas as cidades amonitas. Então ele e todo o exército voltaram para Jerusalém.
4 ထို​နောက်​တစ်​ဖန်​ဂေဇာ​မြို့​တွင်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​နှင့်​စစ်​ဖြစ်​ပြန်​၏။ ဤ တိုက်​ပွဲ​တွင်​ဟု​ရှ​သိ​မြို့​မှ​သိ​ဗေ​ခဲ​သည် သာ​ဖ​ဆို​သူ​ကြီး​မား​သော​စစ်​သူ​ရဲ​ကြီး ကို​လုပ်​ကြံ​လိုက်​သ​ဖြင့် ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​အ​ရေး​ရှုံး​နိမ့်​သွား​ကြ​၏။
4 Depois disso, houve guerra contra os filisteus em Gezer. Enquanto lutavam, Sibecai, de Husate, matou Safe, um descendente de gigantes, e, desse modo, os filisteus foram subjugados.
5 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ခြား​တိုက်​ပွဲ တစ်​ရပ်​ဖြစ်​သေး​၏။ ထို​တိုက်​ပွဲ​တွင်​ယာ​ဣ​ယ ၏​သား​ဧ​လ​ဟာ​နန်​သည် ဂါ​သ​မြို့​မှ ဂေါ​လျက်​၏​ညီ​လာ​ခ​မိ​အား​လုပ်​ကြံ လိုက်​၏။ ဧ​လ​ဟာ​နန်​လှံ​ရိုး​သည်​ရက်​ကန်း လက်​လိပ်​တ​မျှ​ကြီး​မား​သ​တည်း။
5 Durante outra batalha contra os filisteus, Elanã, filho de Jair, matou Lami, irmão de Golias, de Gate. O cabo da lança de Lami era da grossura de um eixo de tecelão.
6 ဂါ​သ​မြို့​တွင်​အ​ခြား​တိုက်​ပွဲ​တစ်​ရပ်​ဖြစ် ပွား​ပြန်​၏။ ထို​တိုက်​ပွဲ​တွင်​လက်​တစ်​ဖက် လျှင်​လက်​ချောင်း​ခြောက်​ချောင်း​နှင့် ခြေ​တစ် ဖက်​လျှင်​ခြေ​ချောင်း​ခြောက်​ချောင်း​ရှိ​၍ အ​လွန်​ထွား​ကြိုင်း​ကြီး​မား​သူ​လူ​တစ် ယောက်​ပါ​ဝင်​၏။ သူ​သည်​ကိုယ်​လက်​ကြီး ထွား​သည့်​ရှေး​လူ​မျိုး​မှ​ဆင်း​သက်​လာ သူ​ဖြစ်​သတည်း။-
6 Em outra batalha com os filisteus em Gate, havia um homem de grande estatura com seis dedos em cada mão e seis dedos em cada pé, 24 dedos ao todo, que também era descendente de gigantes.
7 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား စစ်​ထိုး​ရန် ကြုံး​ဝါး​ဖိတ်​ခေါ်​လိုက်​သော​အ​ခါ ဒါ​ဝိဒ်​၏​အစ်ကို​ဖြစ်​သူ​ရှိ​မာ​၏​သား ယော​န​သန်​က​သူ့​အား​သတ်​ပစ်​လေ​သည်။
7 Mas, quando ele desafiou os israelitas e zombou deles, foi morto por Jônatas, filho de Simeia, irmão de Davi.
8 ဒါ​ဝိဒ်​နှင့်​သူ​၏​တပ်​သား​တို့​သတ်​ဖြတ်​ပစ် ကြ​သည့်​ဤ​လူ​သုံး​ဦး​တို့​သည် ဂါ​သ​မြို့ မှ​ကိုယ်​လက်​ကြီး​ထွား​သည့်​လူ​မျိုး​အ​ဆက် အ​နွယ်​များ​ဖြစ်​သ​တည်း။
8 Esses filisteus eram descendentes dos gigantes de Gate, mas Davi e seus guerreiros os mataram.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Crônicas 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.