1 Crônicas 18
Common Language Bible (MYA) vs NVI
1 ထို့နောက်ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ်မင်းသည်ဖိလိတ္တိအမျိုးသားတို့နှင့် စစ်တိုက်ရာအနိုင်ရတော်မူ၏။ သူတို့၏လက် မှဂါသမြို့အနီးတစ်ဝိုက်ရှိကျေးရွာများ ကိုသိမ်းယူတော်မူ၏။-
1 Depois disso, Davi derrotou os filisteus e os subjugou, e tirou do controle deles a cidade de Gate e seus povoados.
2 မောဘအမျိုးသားတို့ကိုလည်းနှိမ်နင်းတော် မူသဖြင့် သူတို့သည်မင်းကြီး၏လက်အောက် ခံများဖြစ်လာကြလျက်အခွန်ဘဏ္ဍာများ ကိုဆက်သရကြလေသည်။
2 Davi derrotou também os moabitas, que ficaram sujeitos a ele, pagando-lhe impostos.
3 ထိုနောက်ဒါဝိဒ်မင်းသည်ဟာမတ်မြို့အနီးတွင် ဇောဘဘုရင်ဟာဒဒေဇာကိုတိုက်ခိုက်တော် မူ၏။ အဘယ်ကြောင့်ဆိုသော်ဟာဒဒေဇာ သည်ဥဖရတ်မြစ်အထက်ပိုင်းရှိနယ်မြေ ကိုသိမ်းယူရန်ကြိုးစားအားထုတ်သော ကြောင့်ဖြစ်၏။-
3 Além disso, Davi derrotou Hadadezer, rei de Zobá, nas proximidades de Hamate, quando Hadadezer tentava obter o controle na região do rio Eufrates.
4 ဒါဝိဒ်သည်ထိုမင်း၏စစ်ရထားတစ်ထောင်၊ မြင်းစီးသူရဲခုနစ်ထောင်နှင့်ခြေလျင်တပ် သားနှစ်သောင်းတို့ကိုလက်ရဖမ်းမိတော် မူ၏။ သူသည်စစ်ရထားတစ်ရာအတွက် လိုအပ်သမျှသောမြင်းတို့ကိုသိမ်းယူထား ပြီးလျှင် အခြားမြင်းတို့အားဒူးခေါက်ကြော ကိုဖြတ်၍ခြေဆွံ့အောင်ပြုတော်မူ၏။
4 Davi se apossou de mil dos seus carros de guerra, sete mil cavaleiros e vinte mil soldados de infantaria. Ainda levou cem cavalos de carros de guerra, e aleijou todos os outros.
5 ဒမာသက်မြို့မှရှုရိအမျိုးသားတို့သည် ဟာဒဒေဇာဘုရင်ကိုစစ်ကူရန်တပ်တစ် တပ်စေလွှတ်လိုက်ကြ၏။ ဒါဝိဒ်မင်းသည် သူတို့အားတိုက်တော်မူ၍ လူနှစ်သောင်း နှစ်ထောင်ကိုသုတ်သင်ပစ်တော်မူသည်။-
5 Quando os arameus de Damasco vieram ajudar Hadadezer, rei de Zobá, Davi matou vinte e dois mil deles.
6 ထိုနောက်ထိုသူတို့ပိုင်နက်တွင်စစ်စခန်း များချ၍ထားတော်မူ၏။ သူတို့သည်လည်း ဒါဝိဒ်မင်း၏လက်အောက်ခံများဖြစ်လာ ကြလျက် သူ့အားအခွန်ဘဏ္ဍာများကိုဆက် သရကြ၏။ ထာဝရဘုရားသည်ဒါဝိဒ် မင်းအားအရပ်တကာ၌အောင်ပွဲကို ပေးတော်မူ၏။-
6 Em seguida estabeleceu guarnições militares no reino dos arameus de Damasco, sujeitando-os a lhe pagarem impostos. E o Senhor dava vitórias a Davi aonde quer que ele fosse.
7 ဒါဝိဒ်သည်ဟာဒဒေဇာ၏အရာရှိများ ကိုင် ဆောင်သည့်ရွှေဒိုင်းလွှားတို့ကိုဖမ်းဆီးသိမ်းယူ တော်မူပြီးလျှင် ယေရုရှလင်မြို့သို့ဆောင်ယူ သွားတော်မူ၏။-
7 Davi também levou para Jerusalém os escudos de ouro usados pelos oficiais de Hadadezer.
8 သူသည်ဟာဒဒေဇာအစိုးရသည့်တိဗဟတ် မြို့နှင့် ခုန်မြို့တို့မှကြေးဝါအမြောက်အမြား ကိုလည်းသိမ်းယူ၍သွားလေသည်။ (နောင်အခါ ၌ရှောလမုန်မင်းသည်ထိုကြေးဝါတို့ဖြင့်ရေ ကန်တိုင်ကြီးများ၊ ဗိမာန်တော်အတွက်အိုး ခွက်များကိုပြုလုပ်သတည်း။)
8 De Tebá e Cum, cidades que pertenciam a Hadadezer, o rei Davi levou grande quantidade de bronze, que Salomão utilizou para fazer o tanque de bronze, as colunas e vários utensílios.
9 ဒါဝိဒ်မင်းသည်ဟာဒဒေဇာမင်း၏တပ်မ တော်တစ်ခုလုံးကိုဖြိုခွင်းလိုက်ကြောင်း ဟာမတ်ဘုရင်တောဣကြားသိလေသော်-
9 Quando Toú, rei de Hamate, soube que Davi tinha derrotado todo o exército de Hadadezer, rei de Zobá,
10 ဒါဝိဒ်မင်းကြီးအားနှုတ်ခွန်းဆက်သရန်နှင့် စစ်ပွဲနိုင်သည့်အတွက် နှစ်ထောင်းအားရကြောင်း ဖော်ပြရန်သားတော်ဟဒေါရံကိုစေလွှတ် လိုက်လေသည်။ ဟဒေါရံသည်ဒါဝိဒ်မင်း အတွက် ရွှေ၊ ငွေ၊ ကြေးဝါ၊ တို့ဖြင့်ပြီးသော လက်ဆောင်ပဏ္ဏာများကိုယူဆောင်သွား၏။-
10 enviou seu filho Hadorão ao rei Davi para saudá-lo e parabenizá-lo por sua vitória na batalha contra Hadadezer, que tinha estado em guerra com Toú. E, com Hadorão, mandou todo tipo de utensílios de ouro, de prata e de bronze.
11 ဒါဝိဒ်မင်းသည်ထိုပစ္စည်းတို့ကိုမိမိစစ်ပွဲနိုင် သည့်ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိ ပြည်နှင့်အာမလက်ပြည်ရှိလူမျိုးတကာတို့ ထံမှရရှိခဲ့သောရွှေ၊ ငွေများနှင့်အတူဝတ်ပြု ကိုးကွယ်ရာ၌အသုံးပြုရန်ဆက်ကပ်ပူဇော် တော်မူ၏။
11 O rei Davi consagrou esses utensílios ao Senhor, como fizera com a prata e o ouro tomados de todas estas nações: Edom e Moabe, os amonitas e os filisteus, e Amaleque.
12 ဇေရုယာ၏သားအဘိရှဲသည်ဆားချိုင့်ဝှမ်း တွင် ဧဒုံအမျိုးသားလူတစ်သောင်းရှစ်ထောင် ကိုလုပ်ကြံလေသည်။-
12 Abisai, filho de Zeruia, derrotou dezoito mil edomitas no vale do Sal.
13 သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်တပ်စခန်း များချ၍ထားသဖြင့် ထိုအရပ်ရှိလူတို့သည် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာကြလေ၏။ ထာဝရဘုရားသည်ဒါဝိဒ်အားအရပ် တကာတွင်အောင်ပွဲကိုပေးတော်မူသတည်း။
13 Depois colocou guarnições militares em Edom, sujeitando todos os edomitas a Davi. O Senhor dava vitórias a Davi aonde quer que ele fosse.
14 ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အစိုးရတော်မူ၍ မိမိ၏ပြည်သူပြည်သား အပေါင်းတို့အပေါ်တွင်အစဉ်ပင်တရား မျှတစွာစီရင်အုပ်ချုပ်တော်မူ၏။-
14 Davi reinou sobre todo o Israel, administrando o direito e a justiça a todo o seu povo.
15 ဇေရုယာ၏ညီယွာဘသည်တပ်မတော် ဗိုလ်ချုပ်ဖြစ်၍ အဟိလုဒ်၏သားယောရှဖတ် သည်မှတ်တမ်းထိမ်းမှူးဖြစ်၏။-
15 Joabe, filho de Zeruia, era comandante do exército; Josafá, filho de Ailude, era o arquivista real;
16 အဟိတုပ်၏သားဇာဒုတ်နှင့်အဗျာသာ၏ သားအဟိမလက်သည်ယဇ်ပုရောဟိတ်များ ဖြစ်ကြ၏။ စရာယကားနန်းတော်အတွင်းဝန် ဖြစ်သတည်း။-
16 Zadoque, filho de Aitube, e Aimeleque, filho de Abiatar, eram sacerdotes; Sausa era secretário;
17 ယောယဒ၏သားဗေနာယသည်ဒါဝိဒ်၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင်၊ ခေရသိအမျိုးသား များနှင့်ပေလသိအမျိုးသားတို့ကိုအုပ်ချုပ် ရလေသည်။ ဒါဝိဒ်၏သားတော်တို့သည်လည်း ကြီးမြင့်သည့်ရာထူးရာခံများတွင်မင်းကြီး ၏အမှုတော်ကိုထမ်းဆောင်ရကြ၏။
17 Benaia, filho de Joiada, comandava os queretitas e os peletitas; e os filhos do rei Davi eram seus principais oficiais.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Crônicas 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.