1 Crônicas 17

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ယ​ခု​အ​ခါ​ဒါ​ဝိဒ်​မင်း​သည် မိ​မိ​နန်း​တော်​တွင် စံ​မြန်း​လျက်​နေ​တော်​မူ​လေ​ပြီ။ တစ်​နေ့​သ​၌ သူ​သည်​ပ​ရော​ဖက်​နာ​သန်​အား​ခေါ်​ပြီး​လျှင်``ငါ သည်​အာ​ရစ်​သား​နှင့်​တည်​ဆောက်​သော​နန်း​တော် တွင်​စံ​နေ​ရ​၏။ ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​မူ​ကား တဲ​တော်​၌​ပင်​ရှိ​နေ​ပေ သည်'' ဟု​မိန့်​တော်​မူ​၏။
1 Quando Davi já havia se estabelecido em seu palácio, mandou chamar o profeta Natã. Disse: “Veja, moro num palácio, uma casa de cedro, enquanto a arca da aliança do S enhor está lá fora, numa simples tenda”.
2 နာ​သန်​က``အ​ကြံ​အ​စည်​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​မင်း ကြီး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​၏'' ဟု​လျှောက်​၏။
2 Natã respondeu a Davi: “Faça o que tem em mente, pois Deus está com o rei”.
3 သို့​ရာ​တွင်​ထို​ည​၌​ဘု​ရား​သ​ခင်​သည်​နာ​သန် အား၊
3 Naquela mesma noite, porém, Deus disse a Natã:
4 ``ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ​သည် ငါ​ကျိန်း​ဝပ်​ရန်​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရ​မည့်​သူ​မ​ဟုတ်​ကြောင်း​ပြော​ကြား​လော့။-
4 “Vá e diga a meu servo Davi que assim diz o S enhor : ‘Não será você que construirá uma casa para eu habitar.
5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ​သည်​အ​ဘယ် အ​ခါ​မျှ​ဗိ​မာန်​တော်​တွင်​မ​ကျိန်း​မ​ဝပ်​ခဲ့။ တဲ တော်​များ​တွင်​သာ​လျှင်​ကျိန်း​ဝပ်​၍ တစ်​နေ​ရာ မှ​တစ်​နေ​ရာ​သို့​ပြောင်း​ရွှေ့​ခဲ့​၏။-
5 Desde o dia em que tirei os israelitas do Egito até hoje, nunca morei numa casa. Sempre acompanhei o povo de um lugar para o outro numa tenda, num tabernáculo.
6 ဣ​သ​ရေ​လ​ပြည်​သား​တို့​နှင့်​အ​တူ​လှည့်​လည် သွား​လာ​လေ​သ​မျှ​သော​အ​ရပ်​တို့​တွင် ငါ​သည် မိ​မိ​ခန့်​ထား​သော​မည်​သည့်​ခေါင်း​ဆောင်​ကို မျှ`သင်​တို့​သည်​ငါ​၏​အ​တွက်​အာ​ရစ်​သား ဗိ​မာန်​တော်​ကို အ​ဘယ်​ကြောင့်​မ​တည်​မ​ဆောက် သ​နည်း' ဟု​မေး​မြန်း​ခဲ့​ဖူး​သည်​မ​ရှိ။''
6 E, no entanto, onde quer que tenha ido com os israelitas, nunca me queixei aos líderes de Israel, aos pastores de meu povo. Nunca lhes perguntei: Por que não construíram para mim um palácio, uma casa de cedro?’.
7 ``သို့​ဖြစ်​၍​ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား၊ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား`ငါ​သည်​သင့်​အား​သိုး​တို့​ကို​ထိန်း​ကျောင်း ရာ​မှ​ခေါ်​ယူ​၍ ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး မြှောက်​တော်​မူ​ခဲ့​၏။-
7 “Agora vá e diga a meu servo Davi que assim diz o S enhor dos Exércitos: ‘Eu o tirei das pastagens onde você cuidava das ovelhas e o escolhi para ser o líder de meu povo, Israel.
8 သင်​သွား​လေ​ရာ​ရာ​သို့​သင်​နှင့်​အ​တူ​ငါ​ရှိ ခဲ့​၏။ သင်​၏​လမ်း​မှ​ရန်​သူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ဖျက်​ဆီး​ခဲ့​၏။ ကမ္ဘာ​မြေ​ပေါ်​တွင် အ​ကြီး​မြတ်​ဆုံး​သူ​များ​နည်း​တူ​သင့်​ကို ငါ​ထင်​ပေါ်​ကျော်​ကြား​စေ​မည်။-
8 Estive com você por onde andou e destruí todos os seus inimigos diante de seus olhos. Agora, tornarei seu nome tão conhecido quanto o dos homens mais importantes da terra!
9 — ausente —
9 Providenciarei uma terra para meu povo, Israel, e os plantarei num lugar seguro, onde jamais serão perturbados. Nações perversas não os oprimirão como fizeram no passado,
10 — ausente —
10 desde o tempo em que nomeei juízes para governar meu povo, Israel. Também derrotarei todos os seus inimigos. “‘Além disso, eu declaro que o S
11 သင်​သည်​ကွယ်​လွန်​၍​ဘိုး​ဘေး​တို့​၏​သင်္ချိုင်း များ​အ​နီး​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​သော အ​ခါ ငါ​သည်​သင့်​သား​တစ်​ယောက်​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှင့်​၍​သူ​၏​နိုင်​ငံ​ကို​တည်​တံ့ ခိုင်​မြဲ​စေ​မည်။-
11 Pois, quando você morrer e se reunir a seus antepassados, escolherei um de seus filhos, de sua própria descendência, e estabelecerei seu reino.
12 သူ​သည်​ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​လိမ့်​မည်။ ငါ​သည်​လည်း​သူ​၏ မင်း​ဆက်​ကို​ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။-
12 Ele é que construirá uma casa para mim, e estabelecerei seu trono para sempre.
13 ငါ​သည်​သူ​၏​အဖ​ဖြစ်​လိမ့်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​လိမ့်​မည်။ ငါ​သည်​သင့်​အား​ဘု​ရင် အ​ဖြစ်​ဖြင့်​ချီး​မြှောက်​နိုင်​ရန်​ရှော​လု​ကို​ဖယ် ရှား​၍ ငါ​၏​အ​ထောက်​အ​ကူ​ကို​သူ့​ထံ​မှ ရုတ်​သိမ်း​သ​ကဲ့​သို့ သင်​၏​သား​ထံ​မှ​ရုတ်​သိမ်း လိမ့်​မည်​မ​ဟုတ်။-
13 Eu serei seu pai, e ele será meu filho. Jamais retirarei dele meu favor, como o retirei daquele que governou antes de você.
14 ငါ​၏​လူ​မျိုး​တော်​နှင့်​ငါ့​နိုင်​ငံ​တော်​ကို​ထာ​ဝ စဉ်​စောင့်​ရှောက်​ရန် သူ့​ကို​တာ​ဝန်​ပေး​အပ်​မည်။ သူ​၏​မင်း​ဆက်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟူ​၍​နာ​သန်​အား​မိန့်​တော်​မူ​၏။
14 Eu o confirmarei para sempre como rei sobre minha casa e sobre meu reino, e seu trono será estabelecido para sempre’”.
15 နာ​သန်​သည်​ဘု​ရား​သခင်​ဖွင့်​ပြ​တော်​မူ​သော ဗျာ​ဒိတ်​တော်​မှန်​သ​မျှ​ကို ဒါ​ဝိဒ်​အား​ပြန် ကြား​လျှောက်​ထား​လေ​၏။
15 Natã voltou até Davi e contou ao rei tudo que o S enhor lhe tinha revelado.
16 ဒါ​ဝိဒ်​မင်း​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌​ထိုင်​ပြီး​လျှင်``အို ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​နှင့်​ကျွန် တော်​မျိုး​၏​အိမ်​ထောင်​စု​သည် ကိုယ်​တော်​ရှင် ပြု​တော်​မူ​သော​ကျေး​ဇူး​တော်​အ​ပေါင်း​နှင့် မ​ထိုက်​တန်​ပါ။-
16 Então o rei Davi entrou no santuário, pôs-se diante do S enhor e orou: “Quem sou eu, ó S
17 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ဤ​ထက်​မ​က ပို​၍​ပင် ကျေး​ဇူး​ပြု​တော်​မူ​လျက်​ရှိ​ပါ​၏။ နောင်​လာ​လတ္တံ့​သော​နှစ်​များ​တွင်​ကျွန်​တော်​မျိုး ၏​သား​မြေး​တို့​အ​တွက် မည်​သို့​ပြု​တော်​မူ​မည် ကို​က​တိ​ထား​တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော် မျိုး​အား​ကြီး​မြတ်​သူ​တစ်​ဦး​အ​ဖြစ်​ကြို တင်​၍​သိ​မှတ်​တော်​မူ​ပါ​ပြီ။-
17 E agora, ó Deus, como se isso não bastasse, dizes que dará a teu servo uma dinastia duradoura! Como alguém pode ser tão privilegiado, ó S enhor Deus?
18 ဤ​ထက်​ပို​၍​မည်​သို့​လျှောက်​ထား​ရ​ပါ​မည် နည်း။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​ကြောင်း​ကို​ကောင်း​စွာ​သိ​တော်​မူ​သော်​လည်း ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​အား ချီး​မြှင့်​မြှောက်​စား​တော်​မူ​ပါ​၏။-
18 “Que mais posso dizer sobre o modo como me honraste? Tu sabes como teu servo é de fato.
19 အ​နာ​ဂတ်​ကာ​လ​၌​ကျွန်​တော်​မျိုး​ကြီး​မြတ် လာ​မည်​ကို​ဖော်​ပြ​ရန် ကျွန်​တော်​မျိုး​အ​တွက် အ​လို​တော်​နှင့်​အ​ကြံ​အ​စည်​တော်​အ​ရ ဤ သို့​ပြု​တော်​မူ​ခြင်း​ပင်​ဖြစ်​ပါ​၏။-
19 Por causa de teu servo, ó S enhor , e de acordo com tua vontade, fizeste todas estas grandes coisas e as tornaste conhecidas.
20 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ​မျှ​မ​တူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​စဉ်​သိ မြင်​သည်​အ​တိုင်း ကိုယ်​တော်​ရှင်​သာ​လျှင် ဘု​ရား​သခင်​ဖြစ်​တော်​မူ​ပါ​၏။-
20 “Ó S enhor , não há ninguém igual a ti! Jamais ouvimos falar de outro Deus como tu!
21 ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ဣ​သ​ရေ​လ​လူ​မျိုး​နှင့် တူ​သော​လူ​မျိုး​မ​ရှိ​ပါ။ သူ​တို့​အား​ကိုယ်​တော် ရှင်​သည်​မိ​မိ​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ် လာ​စေ​ရန် ကျွန်​ဘ​ဝ​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့ ပါ​၏။ သူ​တို့​အ​တွက်​ကိုယ်​တော်​ပြု​တော်​မူ သော​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​များ​ကြောင့် ဂုဏ်​သတင်း​တော်​သည်​ကမ္ဘာ သို့​ပျံ့​နှံ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏ လူ​စု​တော်​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ် တော်​မူ​ခဲ့​ပြီး​လျှင် သူ​တို့​ချီ​တက်​လာ​ကြ သော​အ​ခါ​အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့ ကို​နှင်​ထုတ်​တော်​မူ​ပါ​၏။-
21 Que outra nação na terra é como teu povo, Israel? Que outra nação, ó Deus, resgataste da escravidão para ser teu povo? Engrandeceste teu nome ao livrar teu povo do Egito. Realizaste milagres impressionantes e removeste as nações do caminho de teu povo.
22 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကိုယ်​တော်​ရှင် ထာ​ဝ​စဉ်​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​စေ တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​လာ​တော် မူ​ပါ​ပြီ။
22 Escolheste Israel para ser teu próprio povo para sempre, e tu, ó S enhor , te tornaste seu Deus.
23 ``သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး နှင့်​သား​မြေး​တို့​အ​တွက်​ကိုယ်​တော်​ရှင်​ပြု တော်​မူ​သော​က​တိ​တော်​ကို ယ​ခု​ပင်​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပြု တော်​မူ​မည်​ဟု​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း အ​စဉ်​ပင်​ပြု​တော်​မူ​ပါ။-
23 “E agora, ó S enhor , sou teu servo; faze o que prometeste a meu respeito e de minha família. Confirma-o como uma promessa que durará para sempre.
24 ကိုယ်​တော်​ရှင်​၏​သ​တင်း​တော်​သည်​ထင်​ပေါ် ကျော်​ကြား​ပါ​လိမ့်​မည်။ လူ​တို့​က​လည်း`အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​၏' ဟု​အ​စဉ်​အ​မြဲ​မြွက်​ဆို​ကြ​ပါ​လိမ့် မည်။ ကျွန်​တော်​မျိုး​၏​ရာ​ဇ​ပလ္လင်​ကို​လည်း ထာ​ဝ​စဉ်​တည်​စေ​တော်​မူ​ပါ​လိမ့်​မည်။-
24 Que o teu nome seja estabelecido e honrado para sempre, a fim de que todos digam: ‘O S enhor dos Exércitos, o Deus de Israel, é Deus para Israel!’. E que a dinastia de teu servo Davi permaneça diante de ti para sempre.
25 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ​ကျွန်​တော် မျိုး​အား ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ ကျွန်​တော် မျိုး​၏​သား​မြေး​တို့​အား​ဘု​ရင်​အ​ဖြစ်​ဖြင့် ချီး​မြှင့်​မြှောက်​စား​တော်​မူ​မည်​ဟု​မိန့်​တော် မူ​သော​ကြောင့်​လည်း​ကောင်း​ကျွန်​တော်​မျိုး သည် ဤ​ဆု​တောင်း​ပတ္ထ​နာ​ကို​ကျွန်​တော်​မျိုး ၏​ဘု​ရား​ထံ​တော်​သို့​တင်​လျှောက်​ဝံ့​ခြင်း ဖြစ်​ပါ​၏။-
25 “Ó Deus meu, tive a coragem de fazer-te esta oração porque revelaste a teu servo que farás uma casa para mim, uma dinastia real!
26 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား ဤ​အံ့​သြ​ဖွယ်​သော​က​တိ​တော်​ကို​ပေး တော်​မူ​ပါ​ပြီ။-
26 Pois tu és Deus, ó S enhor , e prometeste estas coisas boas a teu servo.
27 ကျွန်​တော်​မျိုး​၏​သား​မြေး​တို့​သည်​ကိုယ်​တော် ရှင်​၏​ရှေ့​တော်​၌​ဆက်​လက်​၍​မျက်​နှာ​ရ​ကြ စေ​ရန် သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ ဟု​ပန်​ကြား​လျှောက်​ထား​ပါ​၏။ အို ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော် ရှင်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​အ​စဉ်​အ​မြဲ ခံ​စား​ရ​ကြ​ပါ​စေ​သော'' ဟု​ဆု​တောင်း သ​တည်း။
27 E agora, que seja do teu agrado abençoar a casa de teu servo, para que ela permaneça para sempre diante de ti. Pois, quando concedes uma bênção, ó S enhor , é uma bênção para sempre!”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Crônicas 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.