1 Crônicas 10
Common Language Bible (MYA) vs ARC
1 ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့် ဂိလဗောတောင်ပေါ်တွင် တိုက်ပွဲဖြစ်ကြရာ၊ ဣသရေလအမျိုး သားတို့အမြောက်အမြားကျဆုံးကြ လေသည်။ ရှောလုမင်းနှင့်သားတော်များ အပါအဝင်ကျန်ရှိသောသူတို့သည် ထွက်ပြေးကြကုန်၏။-
1 E os filisteus pelejaram com Israel; e os homens de Israel fugiram de diante dos filisteus e caíram feridos nas montanhas de Gilboa.
2 ဖိလိတ္တိအမျိုးသားတို့သည်လိုက်၍မီသော အခါ ရှောလု၏သားများဖြစ်ကြသော ယောနသန်၊ အဘိနဒပ်နှင့်မေလခိရွှ တို့ကိုကွပ်မျက်ပစ်ကြ၏။-
2 E os filisteus apertaram com Saul e com seus filhos e feriram os filisteus a Jônatas, e a Abinadabe, e a Malquisua, filhos de Saul.
3 တိုက်ပွဲသည်ရှောလု၏ပတ်လည်တွင်ပြင်း ထန်လှသဖြင့် ရှောလုသည်ရန်သူများ၏ မြားချက်ဖြင့်ပြင်းစွာဒဏ်ရာရလေ၏။-
3 E a peleja se agravou contra Saul, e os flecheiros o acharam, e ele temeu muito aos flecheiros.
4 သူသည်မိမိ၏လက်နက်များကိုသယ် ဆောင်ပေးသူလုလင်ပျိုအား``ဘုရားမဲ့ ဖိလိတ္တိအမျိုးသားတို့လာ၍ ငါ့အား သရော်မော်ကားမပြုလုပ်နိုင်ကြစေရန် သင်သည်ဋ္ဌားကိုဆွဲထုတ်ကာငါ့အား သတ်လော့'' ဟုဆို၏။ သို့ရာတွင်ထိုလုလင် သည်မင်းကြီးကိုသတ်ရန်ကြောက်ရွံ့လျက် နေသဖြင့် ရှောလုသည်မိမိ၏ဋ္ဌားကိုဆွဲ ထုတ်ပြီးလျှင် ဋ္ဌားပေါ်တွင်လှဲချကာ မိမိကိုယ်ကိုအဆုံးစီရင်တော်မူ၏။-
4 Então, disse Saul ao seu escudeiro: Arranca a tua espada e atravessa-me com ela, para que, porventura, não venham estes incircuncisos e escarneçam de mim. Porém o seu escudeiro não quis, porque temia muito; então, tomou Saul a espada e se lançou sobre ela.
5 လုလင်ပျိုသည်ရှောလုကွယ်လွန်သွား ကြောင်းတွေ့မြင်သောအခါ မိမိကိုယ်ကို ဋ္ဌားပေါ်တွင်လှဲချကာသေလေ၏။-
5 Vendo, pois, o seu escudeiro que Saul estava morto, também ele se lançou sobre a espada e morreu.
6 ဤသို့လျှင်ရှောလုနှင့်သားသုံးယောက် စလုံးပင်ကွယ်လွန်ကြသဖြင့် သူ၏မင်း ဆက်ပြတ်လေတော့၏။-
6 Assim, morreram Saul e seus três filhos; e toda a sua casa morreu juntamente.
7 ယေဇရေလချိုင့်ဝှမ်းတွင်နေထိုင်ကြသော ဣသရေလအမျိုးသားတို့သည် မိမိတို့၏ စစ်သည်များတပ်လန့်၍သွားကြောင်းကိုလည်း ကောင်း၊ ရှောလုမင်းနှင့်သားတို့ကွယ်လွန်သွား ကြောင်းကိုလည်းကောင်းကြားသိလေသော် မိမိ တို့၏မြို့များကိုစွန့်ပစ်၍ထွက်ပြေးကြကုန် ၏။ ထိုအခါဖိလိတ္တိအမျိုးသားတို့သည် လာ၍ထိုမြို့များကိုသိမ်းပိုက်ကြ၏။
7 E, vendo todos os homens de Israel que estavam no vale que haviam fugido e que Saul e seus filhos eram mortos, deixaram as suas cidades e fugiram; então, vieram os filisteus e habitaram nelas.
8 တိုက်ပွဲပြီးဆုံးပြီးနောက်တစ်နေ့၌ ဖိလိတ္တိ အမျိုးသားတို့သည်အလောင်းကောင်များမှ ပစ္စည်းများကိုလုယူရန်လာကြသောအခါ ရှောလုနှင့်သားတို့၏အလောင်းများကို ဂိလဗောတောင်ထိပ်တွင်တွေ့ရှိကြ၏။-
8 E sucedeu que, no dia seguinte, vindo os filisteus a despojar os mortos, acharam Saul e os seus filhos estirados nas montanhas de Gilboa.
9 သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ အဝတ်တန်ဆာများကိုချွတ်ပစ်ကြ၏။ ထို နောက်စေတမန်တို့အားရှောလု၏ဦးခေါင်း နှင့်လက်နက်များကိုယူဆောင်၍ ဖိလိတ္တိ ပြည်ကိုလှည့်လည်ကာမိမိတို့အမျိုး သားများနှင့်ရုပ်တုများရှိရာအရပ် များတွင်သတင်းကောင်းကိုကြေညာ စေကြ၏။-
9 E os despojaram, e tomaram a sua cabeça e as suas armas, e as enviaram pela terra dos filisteus em redor, para o anunciarem a seus ídolos e ao povo.
10 သူတို့သည်ရှောလု၏လက်နက်များကို မိမိတို့၏ဘုရားကျောင်းတွင်ထား၍ သူ ၏ဦးခေါင်းကိုဒါဂုန်ဗိမာန်တွင်ချိတ်ဆွဲ ထားကြ၏။-
10 E puseram as suas armas na casa do seu deus e a sua cabeça fixaram na casa de Dagom.
11 ရှောလုအားဖိလိတ္တိအမျိုးသားတို့အဘယ် သို့ပြုကျင့်ကြသည်ကို ဂိလဒ်ပြည်ယာဗက် မြို့သားတို့ကြားလျှင်။-
11 Ouvindo, pois, toda a Jabes-Gileade tudo quanto os filisteus fizeram a Saul,
12 သူရဲကောင်းအပေါင်းတို့သည်သွား၍ ရှောလု မင်းနှင့်သားတို့၏အလောင်းများကိုယာဗက် မြို့သို့ယူဆောင်ခဲ့ကြ၏။ ထိုနောက်အရိုးတို့ကို ဝက်သစ်ချပင်အောက်တွင်သင်္ဂြိုဟ်ကြပြီးလျှင် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြကုန်၏။
12 então, todos os homens belicosos se levantaram, e tomaram o corpo de Saul e os corpos de seus filhos, e os trouxeram a Jabes; e sepultaram os seus ossos debaixo de um carvalho, em Jabes, e jejuaram sete dias.
13 ရှောလုမင်းကွယ်လွန်တော်မူရခြင်းအကြောင်း မှာ သူသည်ထာဝရဘုရားအပေါ်သစ္စာဖောက် သောကြောင့်ဖြစ်၏။ သူသည်ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်ခဲ့၏။-
13 Assim, morreu Saul por causa da sua transgressão com que transgrediu contra o Senhor , por causa da palavra do Senhor , a qual não havia guardado; e também porque buscou a adivinhadora para a consultar
14 ထာဝရဘုရားနှင့်တိုင်ပင်မည့်အစားလူသေ တို့၏ဝိညာဉ်များနှင့်နှီးနှောတိုင်ပင်ခဲ့လေ သည်။ သို့ဖြစ်၍ထာဝရဘုရားသည်ရှောလု အား ကွပ်မျက်တော်မူ၍သူ၏နိုင်ငံကိုယေရှဲ ၏သားဒါဝိဒ်အားအုပ်စိုးစေတော်မူ သတည်း။
14 e não buscou o Senhor , pelo que o matou e transferiu o reino a Davi, filho de Jessé.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Crônicas 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.