1 Coríntios 7

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 သင်​တို့​ရေး​သား​ပေး​ပို့​လိုက်​သော​စာ​တွင် ပါ ရှိ​သည့်​အ​ကြောင်း​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ဖြေ​ကြား​အံ့။ အ​မျိုး​သား​သည်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​နိုင်​လျှင်​ကောင်း​၏။-
1 Ora, quanto às coisas de que me escrevestes, bom seria que o homem não tocasse em mulher;
2 သို့​သော်​ကာ​မ​ဂုဏ်​လိုက်​စား​မှု​များ​လွန်​စွာ များ​ပြား​လျက်​နေ​သ​ဖြင့် အ​မျိုး​သား​တိုင်း မှာ​ဇ​နီး​ရှိ​သင့်​၏။ အ​မျိုး​သမီး​တိုင်း​မှာ​လည်း ခင်​ပွန်း​ရှိ​သင့်​၏။-
2 mas, por causa da prostituição, tenha cada homem sua própria mulher e cada mulher seu próprio marido.
3 လင်​သည်​မ​ယား​အား​ပြု​သင့်​သည့်​ဝတ်​ကို​လည်း ကောင်း၊ မ​ယား​သည်​လင်​အား​ပြု​သင့်​သည့်​ဝတ်​ကို လည်း​ကောင်း​ပြု​လျက် တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး က​ဖြည့်​တင်း​ပေး​ရာ​၏။-
3 O marido pague à mulher o que lhe é devido, e do mesmo modo a mulher ao marido.
4 မ​ယား​သည်​မိ​မိ​ကိုယ်​ခန္ဓာ​ကို​မ​ပိုင်။ လင်​သာ လျှင်​ပိုင်​၏။ ထို​နည်း​တူ​လင်​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​မ​ပိုင်။ မ​ယား​သာ​လျှင်​ပိုင်​၏။-
4 A mulher não tem autoridade sobre o seu próprio corpo, mas sim o marido; e também da mesma sorte o marido não tem autoridade sobre o seu próprio corpo, mas sim a mulher.
5 သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​အ​တွက်​အ​ချိန် ပေး​ရန် ကြို​တင်​သ​ဘော​တူ​ညီ​ချက်​အ​ရ​ခေတ္တ ဆိုင်း​ငံ့​ခြင်း​မှ​တစ်​ပါး မိ​မိ​တို့​၏​လင်​မ​ယား ဝတ်​များ​ကို​မ​ပျက်​မ​ကွက်​ကြ​စေ​နှင့်။ ဆု​တောင်း ပတ္ထ​နာ​ပြု​ချိန်​ကုန်​ဆုံး​သော​အ​ခါ​၌​မူ ပြန် လည်​ပေါင်း​သင်း​၍​နေ​ကြ​လော့။ သို့​မှ​သာ​လျှင် မိ​မိ​တို့​၏​စိတ်​ကို​ချုပ်​တည်း​နိုင်​လျက် စာ​တန် သွေး​ဆောင်​ခြင်း​ကို​ခံ​နိုင်​ကြ​လိမ့်​မည်။
5 Não vos negueis um ao outro, senão de comum acordo por algum tempo, a fim de vos aplicardes à oração e depois vos ajuntardes outra vez, para que Satanás não vos tente pela vossa incontinência.
6 ဤ​သို့​ဆို​ရာ​၌​ငါ​သည်​သင်​တို့​အား​အ​မိန့်​ပေး ခြင်း​မ​ဟုတ်။ ခွင့်​ပြု​ခြင်း​သာ​ဖြစ်​၏။-
6 Digo isto, porém, como que por concessão e não por mandamento.
7 အ​ကယ်​စင်​စစ်​ငါ​သည်​လူ​တိုင်း​ကို​ငါ​ကဲ့​သို့​ပင် ဖြစ်​စေ​လို​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​လူ တစ်​ဦး​စီ​အား​ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို ပေး​တော်​မူ​၏။
7 Contudo queria que todos os homens fossem como eu mesmo; mas cada um tem de Deus o seu próprio dom, um deste modo, e outro daquele.
8 သို့​ဖြစ်​၍​အိမ်​ထောင်​မ​ရှိ​သူ​များ​နှင့်​မု​ဆိုး​မ များ​အား ငါ​ကဲ့​သို့​တစ်​ကိုယ်​တည်း​ဆက်​လက်​နေ ထိုင်​နိုင်​လျှင်​ပို​၍​ကောင်း​လိမ့်​မည်။-
8 Digo, porém, aos solteiros e às viúvas, que lhes é bom se ficarem como eu.
9 သို့​သော်​သင်​တို့​၏​စိတ်​ကို​မ​ချုပ်​တည်း​နိုင်​လျှင်​မူ ကား အိမ်​ထောင်​ပြု​ကြ​လော့။ စိတ်​ပူ​လောင်​ခြင်း​ရှိ သည်​ထက်​အိမ်​ထောင်​ပြု​ခြင်း​က​ပို​၍​ကောင်း​လိမ့် မည်။
9 Mas, se não podem conter-se, casem-se. Porque é melhor casar do que abrasar-se.
10 အိမ်​ထောင်​သည်​များ​အား​ငါ​ပ​ညတ်​လို​၏။ ယင်း ပ​ညတ်​မှာ​ငါ​၏​ပ​ညတ်​မ​ဟုတ်။ သ​ခင်​ဘု​ရား ၏​ပ​ညတ်​ဖြစ်​၏။ မ​ယား​သည်​မိ​မိ​၏​လင်​နှင့် ခွဲ​ခွာ​၍​မ​နေ​ရ။-
10 Todavia, aos casados, mando, não eu mas o Senhor, que a mulher não se aparte do marido;
11 ခွဲ​ခွာ​၍​နေ​လျှင်​လည်း​နောက်​ထပ်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​ရ​မည်။ သို့​မ​ဟုတ်​မိ​မိ​လင်​နှင့် ပြန်​လည်​၍​ပေါင်း​သင်း​ရ​မည်။ လင်​သည်​လည်း မိ​မိ​မ​ယား​ကို​မ​ကွာ​မ​ရှင်း​ရ။-
11 se, porém, se apartar, que fique sem casar, ou se reconcilie com o marido; e que o marido não deixe a mulher.
12 (သ​ခင်​ဘု​ရား​ပ​ညတ်​တော်​မ​မူ​သော်​လည်း) အ​ခြား​သူ​တို့​အား​ငါ​ပ​ညတ်​လို​သည်​မှာ ယုံ​ကြည်​သူ​အ​မျိုး​သား​တစ်​ယောက်​သည် မ​ယုံ​ကြည်​သူ​မ​ယား​ရှိ​က ထို​အ​မျိုး​သ​မီး က​ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​မူ သူ့​အား မ​ကွာ​မ​ရှင်း​ရ​ဟူ​၍​ပင်​ဖြစ်​၏။-
12 Mas aos outros digo eu, não o Senhor: Se algum irmão tem mulher incrédula, e ela consente em habitar com ele, não se separe dela.
13 ထို​နည်း​တူ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​ယောက် သည် မ​ယုံ​ကြည်​သူ​လင်​ရှိ​၍ ထို​အ​မျိုး​သား​က ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​လျှင်​သူ့​အား မ​ကွာ​မ​ရှင်း​ရ။-
13 E se alguma mulher tem marido incrédulo, e ele consente em habitar com ela, não se separe dele.
14 ယုံ​ကြည်​သူ​အ​မျိုး​သား​သည် မ​ယုံ​ကြည်​သူ မ​ယား​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ မ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​သည် ယုံ​ကြည်​သူ လင်​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ​ဖြစ်​လာ​ပေ​သည်။ အ​ကယ်​၍​ဤ​သို့​မ​ဖြစ်​ပါ​မူ​သင်​တို့​၏​သား သ​မီး​များ​သည် ဘု​ရား​မဲ့​သူ​များ​ဖြစ်​ကြ ပေ​တော့​အံ့။ ယ​ခု​မှာ​မူ​ထို​သား​သ​မီး​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ ဖြစ်​ကြ​၏။-
14 Porque o marido incrédulo é santificado pela mulher, e a mulher incrédula é santificada pelo marido crente; de outro modo, os vossos filhos seriam imundos; mas agora são santos.
15 သို့​သော်​မ​ယုံ​ကြည်​သူ​မ​ဟုတ်​သူ​အ​မျိုး​သား က​သော်​လည်း​ကောင်း၊ အ​မျိုး​သ​မီး​က​သော် လည်း​ကောင်း ကွာ​ရှင်း​လို​လျှင်​ကွာ​ရှင်း​ပါ​စေ။ ဤ အ​မှု​မျိုး​တွင်​ယုံ​ကြည်​သူ​ခင်​ပွန်း​ဖြစ်​စေ၊ ဇ​နီး ဖြစ်​စေ​လွတ်​လပ်​စွာ​ပြု​နိုင်​ခွင့်​ရှိ​၏။ ဘု​ရား​သ​ခင် သည်​သင်​တို့​အား သင့်​တင့်​အေး​ချမ်း​စွာ​နေ​ထိုင် ကြ​စေ​ရန် ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​၏။-
15 Mas, se o incrédulo se apartar, aparte-se; porque neste caso o irmão, ou a irmã, não está sujeito à servidão; pois Deus nos chamou em paz.
16 အ​ချင်း​အ​မျိုး​သ​မီး၊ သင်​သည်​မိ​မိ​ခင်​ပွန်း​ဖြစ် သူ​ကို​ကယ်​တင်​နိုင်​မည်​မ​ဟုတ်​ဟု​မ​ဆို​နိုင်​ပေ။ အ​ချင်း​အ​မျိုး​သား၊ သင်​သည်​မိ​မိ​၏​ဇ​နီး​ကို ကယ်​တင်​နိုင်​မည်​မ​ဟုတ်​ဟု​မ​ဆို​နိုင်​ပေ။
16 Pois, como sabes tu, ó mulher, se salvarás teu marido? ou, como sabes tu, ó marido, se salvarás tua mulher?
17 မည်​သို့​ပင်​ဆို​စေ၊ လူ​အ​သီး​သီး​တို့​သည်​သ​ခင် ဘု​ရား​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​များ​နှင့် အ​ညီ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​စဉ် အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​၍​အ​သက်​ရှင်​ရာ​၏။ ဤ​နည်း​အ​တိုင်း အ​သင်း​တော်​အား​လုံး​အား​ငါ​ဟော​ပြော​သွန် သင်​၏။-
17 Somente ande cada um como o Senhor lhe repartiu, cada um como Deus o chamou. E é isso o que ordeno em todas as igrejas.
18 အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ယူ​ပြီး​သူ​သည် ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​လျှင် အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ဆိုင်​ရာ​အ​မှတ်​အ​သား​များ​ကို​စွန့်​ပယ် ရန်​မ​လို။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ယူ​ခဲ့​သူ သည်​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​လျှင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ရန်​မ​လို။-
18 Foi chamado alguém, estando circuncidado? permaneça assim. Foi alguém chamado na incircuncisão? não se circuncide.
19 အ​ရေ​ဖျား​လှီး​ခံ​သည်​မ​ခံ​သည်​မှာ​ပ​ဋ္ဌာ​န မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​ကို စောင့်​ထိန်း​ခြင်း​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ်​၏။-
19 A circuncisão nada é, e também a incircuncisão nada é, mas sim a observância dos mandamentos de Deus.
20 လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ချိန်​က​မိ​မိ​လုပ်​ကိုင်​နေ​သည့် အ​လုပ်​ကို​ဆက်​လက်​လုပ်​ကိုင်​ရာ​၏။-
20 Cada um fique no estado em que foi chamado.
21 ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​ချိန်​တွင်​သင်​သည် ကျွန်​ဖြစ်​ပါ​လျှင်​ကိစ္စ​မ​ရှိ။ သို့​သော်​ကျွန်​အ​ဖြစ် မှ​လွတ်​မြောက်​ခွင့်​ရ​မည်​ဆို​ပါ​က​ထို​အ​ခွင့် ကို​ယူ​လော့။-
21 Foste chamado sendo escravo? não te dê cuidado; mas se ainda podes tornar-te livre, aproveita a oportunidade.
22 ကျွန်​ဖြစ်​စဉ်​သ​ခင်​ဘု​ရား​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​သူ​သည်​သ​ခင်​ဘု​ရား​၏​လွတ်​မြောက် သူ​ဖြစ်​၏။ ထို​နည်း​တူ​စွာ​လွတ်​မြောက်​သူ​သည် ခ​ရစ်​တော်​၏​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ သော​အ​ခါ​ခ​ရစ်​တော်​၏​ကျွန်​ဖြစ်​လာ​၏။-
22 Pois aquele que foi chamado no Senhor, mesmo sendo escravo, é um liberto do Senhor; e assim também o que foi chamado sendo livre, escravo é de Cristo.
23 သင်​တို့​ကို​ဘု​ရား​သ​ခင်​သည်​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့်​လူ​တို့​ထံ​တွင် ကျွန်​မ​ခံ​ကြ​နှင့်။-
23 Por preço fostes comprados; mas não vos façais escravos de homens.
24 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ ၌​ပင် ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် ဆက်​လက်​နေ​ထိုင်​ရ​ကြ​၏။
24 Irmãos, cada um fique diante de Deus no estado em que foi chamado.
25 သင်​တို့​စာ​ရေး​မေး​မြန်း​သည့်​အိမ်​ထောင်​မ​ပြု​ဘဲ နေ​ရေး​ကိစ္စ​နှင့်​ပတ်​သက်​၍​ငါ​ပြော​မည့်​စ​ကား သည် ငါ့​အား​သ​ခင်​ဘု​ရား​မိန့်​တော်​မူ​ချက်​အ​ရ ပြော​သော​စ​ကား​မ​ဟုတ်။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား ၏​က​ရု​ဏာ​တော်​ကြောင့်​ယုံ​ကြည်​ထိုက်​သူ​တစ် ယောက်​အ​နေ​ဖြင့် ငါ​၏​ထင်​မြင်​ချက်​ကို​ဖော်​ပြ လိုက်​ပါ​သည်။
25 Ora, quanto às virgens, não tenho mandamento do Senhor; dou, porém, o meu parecer, como quem tem alcançado misericórdia do Senhor para ser fiel.
26 ယ​ခု​ကြုံ​တွေ့​နေ​ရ​သည့်​ခေတ်​ဆိုး​ကြောင့်​အ​မျိုး သား​တစ်​ယောက်​သည် ရှိ​မြဲ​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​နေ​ထိုင်​လျှင်​ကောင်း​ပေ​မည်။-
26 Acho, pois, que é bom, por causa da instante necessidade, que a pessoa fique como está.
27 သင်​သည်​အိမ်​ထောင်​သည်​ဖြစ်​လျှင် မိ​မိ​၏​ဇ​နီး ကို​စွန့်​ပယ်​ရန်​မ​ကြံ​စည်​နှင့်။ အိမ်​ထောင်​သည်​မ​ဟုတ် ပါ​က​အိမ်​ထောင်​ပြု​ရန်​မ​ကြံ​စည်​နှင့်။-
27 Estás ligado a mulher? não procures separação. Estás livre de mulher? não procures casamento.
28 သို့​သော်​အိမ်​ထောင်​ပြု​လျှင်​လည်း​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကူး​လွန်​ခြင်း​မ​ဟုတ်။ အိမ်​ထောင်​မ​ရှိ သည့်​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​ပြု​ခဲ့​သော် မည်​သည့်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်။ သို့​ရာ​တွင် အိမ်​ထောင်​သည်​တို့​နေ့​စဉ်​တွေ့​ကြုံ​ကြ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​နှင့် သင်​တို့​အား​ကင်း​ဝေး​စေ လို​၍​ဤ​သို့​ငါ​ပြော​ရ​ခြင်း​ဖြစ်​၏။
28 Mas, se te casares, não pecaste; e, se a virgem se casar, não pecou. Todavia estes padecerão tribulação na carne e eu quisera poupar-vos.
29 ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ အ​ချိန်​ကာ​လ​ကုန်​ဆုံး​တော့​မည်။ ယ​ခု​မှ​စ​၍ အိမ်​ထောင်​ရှင်​အ​မျိုး​သား​များ​သည်​အိမ်​ထောင် မ​ရှိ​သ​ကဲ့​သို့​နေ​အပ်​၏။-
29 Isto, porém, vos digo, irmãos, que o tempo se abrevia; pelo que, doravante, os que têm mulher sejam como se não a tivessem;
30 ငို​ကြွေး​သူ​များ​သည်​ဝမ်း​မ​နည်း​သ​ကဲ့​သို့ လည်း​ကောင်း၊ ရယ်​မော​သူ​များ​သည်​ဝမ်း​မ​မြောက် သ​ကဲ့​သို့​လည်း​ကောင်း​နေ​အပ်​၏။ ဥစ္စာ​ပစ္စည်း ဝယ်​ယူ​သူ​များ​သည်​ထို​ဥစ္စာ​ပစ္စည်း​ကို​မ​ပိုင် သ​ကဲ့​သို့​နေ​အပ်​၏။-
30 os que choram, como se não chorassem; os que folgam, como se não folgassem; os que compram, como se não possuíssem;
31 လော​က​ဥစ္စာ​ဘဏ္ဍာ​ကို​သုံး​သော​သူ​တို့​သည် မ​သုံး​သ​ကဲ့​သို့​နေ​အပ်​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ယ​ခု​လက်​ရှိ​ကမ္ဘာ​လော​က​ကြီး​သည် ကာ​လ​ကြာ​မြင့်​စွာ​တည်​ရှိ​နေ​တော့​မည် မ​ဟုတ်​သော​ကြောင့်​တည်း။
31 e os que usam deste mundo, como se dele não usassem em absoluto, porque a aparência deste mundo passa.
32 ငါ​သည်​သင်​တို့​အား​ပူ​ပန်​သော​က​နှင့်​ကင်း​ဝေး စေ​လို​၏။ အိမ်​ထောင်​မဲ့​အ​မျိုး​သား​သည်​သ​ခင် ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ပြု​လုပ် လို​သော​ကြောင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​အ​လေး​အ​နက်​ထား​တတ်​၏။-
32 Pois quero que estejais livres de cuidado. Quem não é casado cuida das coisas do Senhor, em como há de agradar ao Senhor,
33 သို့​ရာ​တွင်​အိမ်​ထောင်​ရှင်​အ​မျိုး​သား​မူ​ကား မိ​မိ​၏​ဇ​နီး​နှစ်​သက်​စေ​ရန်​စိတ်​ဆန္ဒ​ရှိ​သ​ဖြင့် လော​ကီ​မှု​ရေး​ကို​အ​လေး​အ​နက်​ထား​တတ်​၏။-
33 mas quem é casado cuida das coisas do mundo, em como há de agradar a sua mulher,
34 ထို့​ကြောင့်​သူ​သည်​စိတ်​နှစ်​ခွ​ဖြစ်​၍​နေ​၏။ အိမ် ထောင်​မဲ့​အ​မျိုး​သ​မီး​သို့​မ​ဟုတ်​အ​ပျို​ဖြစ်​သူ သည်​သ​ခင်​ဘု​ရား​အား မိ​မိ​၏​ကိုယ်​ခန္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို​ပါ​ဆက်​ကပ်​လို​သ​ဖြင့် သ​ခင် ဘု​ရား​၏​အ​မှု​တော်​ကို​အ​လေး​အ​နက်​ထား တတ်​၏။ သို့​ရာ​တွင်​အိမ်​ထောင်​ရှင်​အ​မျိုး​သ​မီး မူ​ကား မိ​မိ​ခင်​ပွန်း​နှစ်​သက်​စေ​ရန်​စိတ်​ဆန္ဒ ရှိ​သ​ဖြင့်​လော​ကီ​မှု​ရေး​ကို​အ​လေး​အ​နက် ထား​တတ်​၏။
34 e está dividido. A mulher não casada e a virgem cuidam das coisas do Senhor para serem santas, tanto no corpo como no espírito; a casada, porém, cuida das coisas do mundo, em como há de agradar ao marido.
35 ဤ​သို့​ငါ​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​အ​ကျိုး​ကို လို​လား​၍​ပြော​ခြင်း​ဖြစ်​၏။ သင်​တို့​အား​ချုပ် ချယ်​လို​သော​ကြောင့်​မ​ဟုတ်။ သင်​တို့​အား​မှန် ကန်​လျောက်​ပတ်​စွာ​ပြု​ကျင့်​ကြ​စေ​ရန်​နှင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဦး​လည်​မ​သုန် အ​ကြွင်း​မဲ့​ဆက်​ကပ်​လျက်​ထမ်း​ဆောင်​ကြ စေ​ရန်​လို​လား​သော​ကြောင့်​ဖြစ်​၏။
35 E digo isto para proveito vosso; não para vos enredar, mas para o que é decente, e a fim de poderdes dedicar-vos ao Senhor sem distração alguma.
36 စေ့​စပ်​ကြောင်း​လမ်း​ပြီး​နောက်​ထိမ်း​မြား​မင်္ဂ​လာ မ​ပြု​ရန် သ​ဘော​တူ​စိတ်​ပိုင်း​ဖြတ်​ထား​သူ​နှစ်​ဦး နှင့်​ပတ်​သက်​၍​ပြော​ရ​သော် အ​မျိုး​သား​သည် အ​မျိုး​သ​မီး​အ​ပေါ်​တွင် မိ​မိ​ပြု​မူ​ပုံ​မ​လျောက် ပတ်​သည်​ကို​သိ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​မ​ထိန်း​ချုပ်​နိုင်​သော​အ​ခါ​၌​သော် လည်း​ကောင်း​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ရာ​၏။ ဤ​သို့ ပြု​ခြင်း​၌​အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ။-
36 Mas, se alguém julgar que lhe é desairoso conservar solteira a sua filha donzela, se ela estiver passando da idade de se casar, e se for necessário, faça o que quiser; não peca; casem-se.
37 သို့​ရာ​တွင်​အ​မျိုး​သား​သည်​မိ​မိ​အ​လို​အ​လျောက် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ရန်​စိတ်​ပိုင်း​ဖြတ်​၍ မိ​မိ​၏ စိတ်​ကို​လည်း​လုံး​ဝ​ချုပ်​ထိန်း​နိုင်​သ​ဖြင့်​ထိမ်း မြား​မင်္ဂ​လာ​မ​ပြု​ဘဲ​နေ​ပါ​လျှင်​ကောင်း​လေ​စွ။-
37 Todavia aquele que está firme em seu coração, não tendo necessidade, mas tendo domínio sobre a sua própria vontade, se resolver no seu coração guardar virgem sua filha, fará bem.
38 ထို​ကြောင့်​မိ​မိ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​သူ အ​မျိုး​သ​မီး​ပျို​နှင့် ထိမ်း​မြား​မင်္ဂ​လာ​ပြု​သူ​၏ အ​ပြု​အ​မူ​သည်​လျောက်​ပတ်​ပေ​၏။ သို့​ရာ​တွင် ထိမ်း​မြား​မင်္ဂ​လာ​မ​ပြု​သူ​၏​အ​ပြု​အ​မူ​သည် ကား​သာ​၍​ပင်​လျောက်​ပတ်​၏။
38 De modo que aquele que dá em casamento a sua filha donzela, faz bem; mas o que não a der, fará melhor.
39 ဇ​နီး​ဖြစ်​သူ​သည်​မိ​မိ​၏​ခင်​ပွန်း​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​ချည်​နှောင်​မှု​ရှိ​၏။ ခင်​ပွန်း သေ​ဆုံး​သွား​သော​အ​ခါ​၌​မူ မိ​မိ​နှစ်​သက်​သူ မည်​သူ​နှင့်​မ​ဆို​ထိမ်း​မြား​လက်​ထပ်​နိုင်​၏။ သို့ ရာ​တွင်​ထို​ထိမ်း​မြား​လက်​ထပ်​မှု​သည်​ယုံ​ကြည် သူ​အ​ချင်း​ချင်း​ထိမ်း​မြား​လက်​ထပ်​မှု​သာ လျှင်​ဖြစ်​ရ​မည်။-
39 A mulher está ligada enquanto o marido vive; mas se falecer o marido, fica livre para casar com quem quiser, contanto que seja no Senhor.
40 အ​ကယ်​၍​ထို​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​မ​ပြု ဘဲ​နေ​ပါ​က သာ​၍​မင်္ဂ​လာ​ရှိ​၏။ ဤ​ကား​ငါ​၏ ထင်​မြင်​ယူ​ဆ​ချက်​ဖြစ်​၏။ ငါ​သည်​လည်း​ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် သည်​ဟု​ယုံ​ကြည်​၏။
40 Será, porém, mais feliz se permanecer como está, segundo o meu parecer, e eu penso que também tenho o Espírito de Deus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.