1 Coríntios 3
Common Language Bible (MYA) vs ARIB
1 ညီအစ်ကိုတို့၊ အမှန်အားဖြင့်ဆိုသော်ငါသည် သင်တို့အား ဝိညာဉ်တော်ကိုခံယူရရှိသူများ အနေဖြင့်ပြောဆို၍မဖြစ်။ လောကီသားများ သဖွယ်အနေဖြင့်လည်းကောင်း၊ ခရစ်ယာန်သက် တွင်ကလေးသူငယ်များအနေဖြင့်လည်းကောင်း ပြောဆိုရ၏။-
1 E eu, irmãos não vos pude falar como a espirituais, mas como a carnais, como a criancinhas em Cristo.
2 ကြေခဲသောအစားအစာကိုသင်တို့မစား နိုင်ကြသေးသဖြင့် ငါသည်သင်တို့အားနို့ ကိုသာတိုက်ကျွေးရ၏။ ယခုတိုင်အောင်သင် တို့သည်အစာမကြေနိုင်ကြ။-
2 Leite vos dei por alimento, e não comida sólida, porque não a podíeis suportar; nem ainda agora podeis;
3 သင်တို့သည်လောကီသားများအဆင့်အတန်း ၌သာနေကြသေး၏။ အချင်းချင်းမနာလို လျက်၊ ရန်ဖြစ်လျက်နေကြသည်မှာလောကီ သားအဆင့်အတန်း၌ပင်သင်တို့ရှိနေကြ သေး၍မဟုတ်ပါလော။ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြခြင်းပင်မဟုတ်ပါလော။-
3 porquanto ainda sois carnais; pois, havendo entre vós inveja e contendas, não sois porventura carnais, e não estais andando segundo os homens?
4 ငါသည်ပေါလုတပည့်ဖြစ်သည်၊ ငါသည် အာပေါလုတပည့်ဖြစ်သည်ဟုသင်တို့ဆို သည့်အခါ သင်တို့သည်လောကီဆန်သူ များကဲ့သို့ပြုမူခြင်းပင်မဟုတ်ပါလော။
4 Porque, dizendo um: Eu sou de Paulo; e outro: Eu de Apolo; não sois apenas homens?
5 အာပေါလုကားအဘယ်သူနည်း။ ပေါလုကား အဘယ်သူနည်း။ သူတို့သည်ဘုရားသခင်၏ အစေခံများသာလျှင်ဖြစ်၍ သင်တို့ယုံကြည် လာစေရန်ပြုစုပေးကြသူများဖြစ်၏။ ငါ တို့တစ်ဦးစီသည်သခင်ဘုရားခွဲဝေသတ် မှတ်ပေးတော်မူသောတာဝန်အသီးသီး ကိုထမ်းဆောင်ကြရသည်။-
5 Pois, que é Apolo, e que é Paulo, senão ministros pelos quais crestes, e isso conforme o que o Senhor concedeu a cada um?
6 ငါသည်မျိုးစေ့ကိုစိုက်၏။ အာပေါလုကား ရေလောင်း၏။ အပင်ပေါက်စေတော်မူသော အရှင်ကားဘုရားသခင်ပေတည်း။-
6 Eu plantei; Apolo regou; mas Deus deu o crescimento.
7 မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူသည် အဋ္ဌိကမဟုတ်။ အပင်ပေါက်စေတော်မူ သောသူတည်းဟူသောဘုရားသခင်သာ လျှင်အဋ္ဌိကဖြစ်တော်မူ၏။-
7 De modo que, nem o que planta é alguma coisa, nem o que rega, mas Deus, que dá o crescimento.
8 မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူတို့သည် တန်းတူရည်တူဖြစ်ကြ၏။ သူတို့သည်မိမိတို့ ၏အားထုတ်မှုနှင့်အညီအကျိုးကိုရရှိကြ ပေမည်။-
8 Ora, uma só coisa é o que planta e o que rega; e cada um receberá o seu galardão segundo o seu trabalho.
9 ငါတို့သည်ဘုရားသခင်၏ထံတော်၌အလုပ် လုပ်သောလုပ်ဖော်ကိုင်ဘက်ဖြစ်ကြ၏။ သင်တို့ သည်ကားဘုရားသခင်၏ဥယျာဉ်တော်ဖြစ်၏။
9 Porque nós somos cooperadores de Deus; vós sois lavoura de Deus e edifício de Deus.
10 ငါသည်ဘုရားသခင်ပေးသနားတော်မူသော ဆုကျေးဇူးကိုအသုံးပြုလျက် ကျွမ်းကျင်သော ဗိသုကာကဲ့သို့တိုက်မြစ်ကိုချခဲ့၏။ အခြား သူတစ်ဦးကထိုတိုက်မြစ်ပေါ်တွင်တည်ဆောက် ၏။ သို့ရာတွင်ထပ်ဆင့်၍တည်ဆောက်သူတိုင်း သည်မိမိအဘယ်သို့တည်ဆောက်သည်ကို သတိပြုစေ။-
10 Segundo a graça de Deus que me foi dada, lancei eu como sábio construtor, o fundamento, e outro edifica sobre ele; mas veja cada um como edifica sobre ele.
11 ယေရှုခရစ်တည်းဟူသောချထားပြီးတိုက် မြစ်မှတစ်ပါး အခြားတိုက်မြစ်ကိုအဘယ် သူမျှမချနိုင်။-
11 Porque ninguém pode lançar outro fundamento, além do que já está posto, o qual é Jesus Cristo.
12 လူအချို့တို့သည်ထိုတိုက်မြစ်ပေါ်တွင်ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားဖြင့်ထပ်ဆင့်တည်ဆောက် ကြလိမ့်မည်။ လူအချို့တို့ကမူသစ်သား၊ မြက် ခြောက်သို့မဟုတ်ကောက်ရိုးဖြင့်ထပ်ဆင့် တည်ဆောက်ကြလိမ့်မည်။-
12 E, se alguém sobre este fundamento levanta um edifício de ouro, prata, pedras preciosas, madeira, feno, palha,
13 ထိုသူတစ်ယောက်စီ၏တည်ဆောက်မှုအရည် အသွေးသည် ခရစ်တော်ကြွလာတော်မူရာနေ့ ၌သိသာထင်ရှားလိမ့်မည်။ ထိုနေ့၌မီးလျှံ သည်လူတိုင်း၏အလုပ်ကိုထင်ပေါ်စေလိမ့်မည်။ ထိုမီးသည်လူအသီးသီးတို့၏အလုပ် အရည်အသွေးကိုစစ်ဆေးပေးလိမ့်မည်။-
13 a obra de cada um se manifestará; pois aquele dia a demonstrará, porque será revelada no fogo, e o fogo provará qual seja a obra de cada um.
14 တိုက်မြစ်ပေါ်တွင်တည်ဆောက်သည့်အရာသည် ထိုမီး၏ဒဏ်ကိုခံနိုင်လျှင်တည်ဆောက်သူသည် အကျိုးကိုခံရလိမ့်မည်။-
14 Se permanecer a obra que alguém sobre ele edificou, esse receberá galardão.
15 သို့ရာတွင်မိမိအလုပ်မီးလောင်သွားလျှင် တည် ဆောက်သူသည်အရှုံးရလိမ့်မည်။ သို့သော်ထို သူကိုယ်တိုင်မူကား မီးလျှံဘေးမှလွတ်မြောက် သူသဖွယ်ကယ်တင်ခြင်းကိုခံရလိမ့်မည်။
15 Se a obra de alguém se queimar, sofrerá ele prejuízo; mas o tal será salvo todavia como que pelo fogo.
16 သင်တို့သည်ဘုရားသခင်၏ဗိမာန်တော်ဖြစ် သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ် တော်သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူ သည်ကိုလည်းကောင်းသိကြသည်မဟုတ်ပါ လော။-
16 Não sabeis vós que sois santuário de Deus, e que o Espírito de Deus habita em vós?
17 သို့ဖြစ်၍ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးသောသူကို ဘုရားသခင်ဖျက်ဆီး တော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်၏ဗိမာန်တော်သည်သန့်ရှင်းမြင့်မြတ် တော်မူ၍ သင်တို့ကိုယ်တိုင်ပင်လျှင်ကိုယ်တော် ၏ဗိမာန်တော်ဖြစ်သောကြောင့်တည်း။
17 Se alguém destruir o santuário de Deus, Deus o destruirá; porque sagrado é o santuário de Deus, que sois vós.
18 အဘယ်သူမျှမိမိကိုယ်ကိုမလှည့်စားစေနှင့်။ လောကီစံနှုန်းအရမိမိကိုယ်ကိုပညာရှိ သည်ဟုထင်မှတ်သောသူသည် အမှန်ပင်ပညာ ရှိဖြစ်လာစေရန်လူမိုက်ဖြစ်ပါစေ။-
18 Ninguém se engane a si mesmo; se alguém dentre vós se tem por sábio neste mundo, faça-se louco para se tornar sábio.
19 ဉာဏ်ပညာဟူ၍ဤလောကသားတို့ထင်မှတ် ကြသည့်အရာသည်ဘုရားသခင်၏ရှေ့တော် ၌မိုက်မဲမှုသာလျှင်ဖြစ်၏။ ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ပညာရှိများအားမိမိ တို့ကိုယ်တိုင်အသုံးပြုသည့်ပရိယာယ်အား ဖြင့်ပင်လျှင်ထောင်ချောက်တွင်မိစေတော်မူ၏'' ဟုဖော်ပြသည့်အတိုင်းပင်။-
19 Porque a sabedoria deste mundo é loucura diante de Deus; pois está escrito: Ele apanha os sábios na sua própria astúcia;
20 ထို့အပြင်အခြားကျမ်းစာတော်တစ်ချက် က ``ပညာရှိတို့၏အကြံအစည်သည်အချည်း နှီးဖြစ်ကြောင်းကိုထာဝရဘုရားသိတော် မူ၏'' ဟုဆိုချေသည်။-
20 e outra vez: O Senhor conhece as cogitações dos sábios, que são vãs.
21 သို့ဖြစ်၍လူ၏စွမ်းရည်အကြောင်းကိုမည်သူ မျှမဝါကြွားစေနှင့်။ အမှန်စင်စစ်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုသင်တို့ပိုင်ကြ၏။-
21 Portanto ninguém se glorie nos homens; porque tudo é vosso;
22 ပေါလု၊ အာပေါလု၊ ပေတရုတို့ကိုလည်းကောင်း၊ ဤကမ္ဘာလောကကြီးကိုလည်းကောင်း၊ အသက် ရှင်ခြင်းနှင့်သေခြင်းတို့ကိုလည်းကောင်း၊ မျက် မှောက်ကာလနှင့်အနာဂတ်ကာလတို့ကို လည်းကောင်းသင်တို့ပိုင်ကြ၏။-
22 seja Paulo, ou Apolo, ou Cefas; seja o mundo, ou a vida, ou a morte; sejam as coisas presentes, ou as vindouras, tudo é vosso,
23 သင်တို့ကိုခရစ်တော်ပိုင်တော်မူ၍ခရစ်တော် ကိုဘုရားသခင်ပိုင်တော်မူ၏။
23 e vós de Cristo, e Cristo de Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.