1 Coríntios 1
Common Language Bible (MYA) vs ACF
1 ဘုရားသခင်၏အလိုတော်အရ၊ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံရ သောပေါလုနှင့်ငါတို့၏ညီသုဿင်ထံမှ၊-
1 Paulo (chamado apóstolo de Jesus Cristo, pela vontade de Deus), e o irmão Sóstenes,
2 ကောရိန္သုမြို့ရှိဘုရားသခင်၏အသင်းတော် ဝင်အပေါင်းတို့ထံသို့လည်းကောင်း၊ အရပ် ခပ်သိမ်းမှငါတို့၏အရှင်နှင့်သူတို့၏အရှင် ဖြစ်တော်မူသောအရှင်ယေရှုခရစ်ကိုကိုးကွယ် သူအပေါင်းတို့နှင့်တကွ ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းရှိသောအားဖြင့် ဘုရား သခင်၏လူစုတော်အဖြစ်ရွေးချယ်ခြင်း ခံရကြသူအပေါင်းတို့ထံသို့လည်းကောင်း စာရေးလိုက်ပါသည်။
2 À igreja de Deus que está em Corinto, aos santificados em Cristo Jesus, chamados santos, com todos os que em todo o lugar invocam o nome de nosso Senhor Jesus Cristo, Senhor deles e nosso:
3 ငါတို့အဖဘုရားသခင်နှင့်အရှင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းသည် သင်တို့အပေါ်သို့သက်ရောက်ပါ စေသော။
3 Graça e paz da parte de Deus nosso Pai, e do Senhor Jesus Cristo.
4 ငါသည်သင်တို့အားခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူသောကျေးဇူးတော် ကိုထောက်၍ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၏။-
4 Sempre dou graças ao meu Deus por vós pela graça de Deus que vos foi dada em Jesus Cristo.
5 သင်တို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ရှိသဖြင့်နှုတ်သတ္တိ၊ ဉာဏ်သတ္တိနှင့်တကွအစစ အရာရာတွင်ကြွယ်ဝပြည့်စုံလျက်ရှိကြ၏။-
5 Porque em tudo fostes enriquecidos nele, em toda a palavra e em todo o conhecimento
6 ငါတို့ဟောပြောကြေညာသည့်ခရစ်တော် အကြောင်းသတင်းကောင်းသည် သင်တို့အထဲ တွင်အမြစ်စွဲလျက်ရှိ၏။-
6 (Como o testemunho de Cristo foi mesmo confirmado entre vós).
7 သို့ဖြစ်၍အရှင်ယေရှုခရစ်ကြွလာတော်မူ မည်ကိုစောင့်မျှော်လျက်နေစဉ် သင်တို့မခံစား ကြရသည့်ကောင်းချီးမင်္ဂလာဟူ၍မရှိ။-
7 De maneira que nenhum dom vos falta, esperando a manifestação de nosso Senhor Jesus Cristo,
8 ငါတို့အရှင်ယေရှုခရစ်တရားစီရင်တော်မူရာ နေ့တွင် သင်တို့သည်အပြစ်နှင့်ကင်းစင်စေရန် ကိုယ်တော်သည်သင်တို့အားအဆုံးတိုင်အောင် တည်ကြည်စေတော်မူလိမ့်မည်။-
8 O qual vos confirmará também até ao fim, para serdes irrepreensíveis no dia de nosso Senhor Jesus Cristo.
9 ဘုရားသခင်သည်သစ္စာစောင့်တော်မူ၏။ ကိုယ်တော် သည်သင်တို့အားမိမိ၏သားတော်တည်းဟူသော ငါတို့အရှင်သခင်ယေရှုခရစ်နှင့်မိတ်သဟာယ ဖွဲ့စေရန် သင်တို့ကိုရွေးကောက်တော်မူပေသည်။
9 Fiel é Deus, pelo qual fostes chamados para a comunhão de seu Filho Jesus Cristo nosso Senhor.
10 ညီအစ်ကိုတို့၊ ငါတို့အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြု၍သင်တို့အားတောင်း ပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမရှိစေရန်သင် တို့စကားအပြောအဆိုတွင်ညီညွတ်မှုရှိ ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့်စည်းလုံး မှုရှိကြလော့။-
10 Rogo-vos, porém, irmãos, pelo nome de nosso Senhor Jesus Cristo, que digais todos uma mesma coisa, e que não haja entre vós dissensões; antes sejais unidos em um mesmo pensamento e em um mesmo parecer.
11 ငါ့ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်း ခိုက်ရန်ဖြစ်လျက်ရှိကြကြောင်းကို ကလောဣ ၏အိမ်သူအိမ်သားများထံမှငါကြားသိ ရ၏။-
11 Porque a respeito de vós, irmãos meus, me foi comunicado pelos da família de Cloé que há contendas entre vós.
12 သင်တို့တွင်တစ်ယောက်တစ်မျိုးစီပြောနေကြ ၏။ ``ငါသည်ပေါလု၏တပည့်ဖြစ်သည်။ ငါသည် အာပေါလု၏တပည့်ဖြစ်သည်။ ငါသည်ကေဖ ၏တပည့်ဖြစ်သည်။ ငါသည်ခရစ်တော်၏တပည့် ဖြစ်သည်'' ဟုအသီးသီးပြောဆိုနေကြ၏။-
12 Quero dizer com isto, que cada um de vós diz: Eu sou de Paulo, e eu de Apolo, e eu de Cefas, e eu de Cristo.
13 ခရစ်တော်သည်ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက်လက်ဝါးကပ်တိုင်ပေါ်မှာ အသေ ခံပါသလော။ သို့တည်းမဟုတ်သင်တို့သည် ပေါလု၏နာမကိုအမှီပြု၍ဗတ္တိဇံကိုခံ ယူခဲ့ကြပါသလော။
13 Está Cristo dividido? foi Paulo crucificado por vós? ou fostes vós batizados em nome de Paulo?
14 ကရိပ္ပုနှင့်ဂါယုမှလွဲ၍သင်တို့အထဲမှမည်သူ့ ကိုမျှငါသည်ဗတ္တိဇံမပေးခဲ့ပါ။ ယင်းသို့မပေး မိသည့်အတွက်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းပါ၏။-
14 Dou graças a Deus, porque a nenhum de vós batizei, senão a Crispo e a Gaio,
15 သို့ဖြစ်၍သင်တို့သည်ငါ၏နာမကိုအမှီပြု ၍ဗတ္တိဇံခံယူကြသည်ဟုအဘယ်သူမျှ မပြောနိုင်။-
15 Para que ninguém diga que fostes batizados em meu nome.
16 (သတေဖန်၏အိမ်သူအိမ်သားတို့ကိုလည်း ငါဗတ္တိဇံပေးခဲ့သည်။ ထိုသူတို့မှလွဲ၍ အခြားမည်သူ့ကိုမျှဗတ္တိဇံပေးသည်ကို ငါမမှတ်မိ။-)
16 E batizei também a família de Estéfanas; além destes, não sei se batizei algum outro.
17 ခရစ်တော်ငါ့ကိုစေလွှတ်တော်မူသည်မှာ ဗတ္တိဇံပေးရန်မဟုတ်။ ခရစ်တော်လက်ဝါးကပ် တိုင်တွင်အသေခံခြင်းတန်ခိုးမပျက်မပြယ် စေရန် လူတို့၏ဉာဏ်ပညာနှင့်ယှဉ်သောစကား များကိုအသုံးမပြုဘဲသတင်းကောင်းကို ကြေညာရန်ဖြစ်သည်။
17 Porque Cristo enviou-me, não para batizar, mas para evangelizar; não em sabedoria de palavras, para que a cruz de Cristo se não faça vã.
18 လက်ဝါးကပ်တိုင်တော်တွင်ခရစ်တော်အသေခံ တော်မူခြင်းတည်းဟူသောတရားသည်ဆုံးရှုံး မည့်သူများအတွက်အနက်အဋ္ဌိပ္ပါယ်မရှိသည့် အရာဖြစ်၏။ ကယ်တင်ခြင်းခံကြရသောငါ တို့အတွက်မူကားဘုရားသခင်၏တန်ခိုး တော်ဖြစ်၏။-
18 Porque a palavra da cruz é loucura para os que perecem; mas para nós, que somos salvos, é o poder de Deus.
19 အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင်
19 Porque está escrito: Destruirei a sabedoria dos sábios, E aniquilarei a inteligência dos inteligentes.
20 သို့ဖြစ်၍ပညာရှိများ၊ အသိပညာရှင်များ၊ ဤလောကတွင်စကားစစ်ထိုးတတ်သူများ ကား အဘယ်အခြေအနေမှာရှိပါသနည်း။ ဘုရားသခင်သည်လောကီဉာဏ်ပညာကို အချည်းနှီးဖြစ်စေတော်မူလေပြီ။
20 Onde está o sábio? Onde está o escriba? Onde está o inquiridor deste século? Porventura não tornou Deus louca a sabedoria deste mundo?
21 လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-
21 Visto como na sabedoria de Deus o mundo não conheceu a Deus pela sua sabedoria, aprouve a Deus salvar os crentes pela loucura da pregação.
22 ယုဒအမျိုးသားတို့ကနိမိတ်လက္ခဏာများ ကိုတောင်းခံကြ၏။ ဂရိအမျိုးသားတို့က ဉာဏ်ပညာကိုရှာဖွေကြ၏။-
22 Porque os judeus pedem sinal, e os gregos buscam sabedoria;
23 ငါတို့ကမူလက်ဝါးကပ်တိုင်တွင်အသေခံ တော်မူသောခရစ်တော်၏အကြောင်းကိုဟော ပြောကြေညာကြ၏။ ထိုအကြောင်းအရာသည် ယုဒအမျိုးသားတို့အတွက်မနှစ်မြို့စရာ၊ လူမျိုးခြားတို့အတွက်အနက်အဋ္ဌိပ္ပါယ်မရှိ သည့်အရာဖြစ်၏။-
23 Mas nós pregamos a Cristo crucificado, que é escândalo para os judeus, e loucura para os gregos.
24 သို့ရာတွင်ယုဒအမျိုးသားဖြစ်စေ၊ လူမျိုးခြား ဖြစ်စေရွေးကောက်တော်မူခြင်းခံကြရသူတို့ အတွက်မူကား ခရစ်တော်သည်ဘုရားသခင်၏ တန်ခိုးတော်၊ ဘုရားသခင်၏ဉာဏ်ပညာတော် ဖြစ်ပေသည်။-
24 Mas para os que são chamados, tanto judeus como gregos, lhes pregamos a Cristo, poder de Deus, e sabedoria de Deus.
25 ဘုရားသခင်၏ဉာဏ်ပညာမဲ့မှုဟုထင်ရ သောအရာသည် လူတို့ဉာဏ်ပညာရှိမှုထက် ပို၍ထက်မြက်၏။ ဘုရားသခင်၏အားနည်းမှု ဟုထင်ရသောအရာသည်လူတို့၏စွမ်းသန် မှုထက်ပို၍အားကြီး၏။
25 Porque a loucura de Deus é mais sábia do que os homens; e a fraqueza de Deus é mais forte do que os homens.
26 ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင်ရွေးကောက်တော် မူခြင်းမခံရမီ အခြေအနေကိုစဉ်းစားဆင် ခြင်ကြလော့။ လူတို့အမြင်အားဖြင့်သင်တို့ အထဲတွင်ပညာရှိသူ၊ တန်ခိုးကြီးသူ၊ မျိုးရိုး ဇာတိကြီးမြင့်သူဟူ၍များစွာမပါမရှိ ပေ။-
26 Porque, vede, irmãos, a vossa vocação, que não são muitos os sábios segundo a carne, nem muitos os poderosos, nem muitos os nobres que são chamados.
27 သို့ရာတွင်ဘုရားသခင်သည်ပညာရှိတို့ အရှက်ရစေရန် လောကတွင်မိုက်မဲမှုဟု ယူဆရသည့်အရာများကိုရွေးချယ်တော် မူ၏။-
27 Mas Deus escolheu as coisas loucas deste mundo para confundir as sábias; e Deus escolheu as coisas fracas deste mundo para confundir as fortes;
28 လောကတွင်အရေးပါအရာရောက်သည်ဟု ယူဆရသည့်အရာများကိုဖျက်ဆီးရန် အထင် သေးအမြင်သေးခံရသည့်အရာ၊ မထီမဲ့မြင် ပြုခြင်းခံရသည့်အရာ၊ မရေရာသည့်အရာ တို့ကိုရွေးချယ်တော်မူ၏။-
28 E Deus escolheu as coisas vis deste mundo, e as desprezíveis, e as que não são, para aniquilar as que são;
29 သို့ဖြစ်၍ဘုရားသခင်ရှေ့တော်၌အဘယ် သူမျှဝါကြွားစရာမရှိ။-
29 Para que nenhuma carne se glorie perante ele.
30 ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
30 Mas vós sois dele, em Jesus Cristo, o qual para nós foi feito por Deus sabedoria, e justiça, e santificação, e redenção;
31 ထို့ကြောင့်ကျမ်းစာလာသည်နှင့်အညီမည်သူ မဆိုဝါကြွားလိုလျှင် ဘုရားရှင်ပြုတော်မူ သောအမှုတော်အတွက်သာလျှင်ဝါကြွားစေ။
31 Para que, como está escrito: Aquele que se gloria glorie-se no Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.