1 Coríntios 16
Common Language Bible (MYA) vs VC
1 ယုဒပြည်ရှိဘုရားသခင်၏လူစုတော်အား ထောက်ပံ့ရန်အတွက်အလှူငွေများနှင့်ပတ်သက် ၍ ဂလာတိပြည်ရှိအသင်းတော်များသို့ငါ ညွှန်ကြားခဲ့သည်အတိုင်းသင်တို့ပြုကြလော့။-
1 Quanto à coleta em benefício dos santos, segui também vós as diretrizes que eu tracei às igrejas da Galácia.
2 ငါရောက်ရှိလာသောအခါအလှူငွေကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်းသင်တို့တစ်ဦးစီ သည် မိမိ၏ဝင်ငွေနည်းများအလိုက်လှူဒါန်းရန် စုဆောင်းထားကြလော့။-
2 No primeiro dia da semana, cada um de vós ponha de parte o que tiver podido poupar, para que não esperem a minha chegada para fazer as coletas.
3 ငါရောက်ရှိလာသောအခါအမှာစာရေး၍ သင်တို့ရွေးချယ်သူများအား ထိုအလှူငွေကို ယေရုရှလင်မြို့သို့ယူဆောင်သွားစေမည်။-
3 Quando chegar, enviarei, com uma carta, os que tiverdes escolhido para levar a Jerusalém a vossa oferta.
4 အကယ်၍ငါသွားရန်လိုအပ်ပါလျှင် ထိုသူ တို့သည်ငါနှင့်အတူလိုက်ပါနိုင်ပါသည်။
4 Se valer a pena que eu também vá, irão comigo.
5 ငါသည်မာကေဒေါနိပြည်လမ်းမှလာမည်ဖြစ် ၍ မာကေဒေါနိပြည်တစ်လျှောက်ခရီးပြုပြီး သောအခါသင်တို့ထံသို့လာခဲ့မည်။-
5 Irei ter convosco, depois que tiver passado pela Macedônia; apenas passarei por lá.
6 သင်တို့နှင့်အတူအတန်ကြာနေနိုင်မည်ထင် ပါသည်။ ဆောင်းရာသီတစ်ချိန်လုံးပင်သင်တို့ နှင့်အတူနေကောင်းနေပါမည်။ ထိုနောက်ငါ သွားလိုရာအရပ်သို့သွားနိုင်ရန်သင်တို့ ကူညီနိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။-
6 Talvez fique convosco ou até passe todo o inverno, para que me leveis aonde eu tenho de ir.
7 ငါသည်သင်တို့ထံတွင်ခေတ္တတည်းခိုရုံမျှသာ မလာလိုပါ။ သခင်ဘုရားခွင့်ပြုတော်မူပါ လျှင်အတန်ကြာသင်တို့နှင့်နေလိုပါသည်။
7 Desta vez, quero vos ver não somente de passagem, mas espero demorar-me algum tempo convosco, se o Senhor o permitir.
8 ပင်တေကုတ္တေပွဲနေ့အထိဧဖက်မြို့တွင်ငါနေ ပါမည်။
8 Ficarei em Éfeso até Pentecostes:
9 ထိုမြို့တွင်ငါ့ကိုဆန့်ကျင်ဖက်ပြုသူများပင်ရှိ သော်လည်း အမှုတော်ဆောင်ရန်အခွင့်ကောင်း အမှန်ပင်ရှိ၏။
9 aí se me abriu uma grande porta à minha atividade e os adversários aí são muitos.
10 အကယ်၍သင်တို့ထံသို့တိမောသေရောက်ရှိလာ ပါလျှင် သူ့အားလှိုက်လှဲစွာကြိုဆိုဧည့်ခံကြလော့။ သူသည်ငါကဲ့သို့ပင်သခင်ဘုရား၏အမှုတော် ဆောင်ဖြစ်ပေသည်။-
10 Se Timóteo for visitar-vos, vede que esteja sem preocupação entre vós, porque trabalha exatamente como eu na obra do Senhor.
11 သူ့ကိုအဘယ်သူမျှမလေးမစားမပြုစေနှင့်။ ငါသည်ခရစ်ယာန်ညီအစ်ကိုများနှင့်အတူသူ့ ကိုစောင့်မျှော်လျက်ရှိသဖြင့် သူ့အားငါ့ထံသို့ ချောမောစွာပြန်လည်ရောက်ရှိစေရန်ကူညီ ကြလော့။
11 Portanto, ninguém o despreze. E preparai-lhe a viagem em paz para que venha ter comigo, porque o espero com os irmãos.
12 ငါ့ညီအာပေါလုနှင့်ပတ်သက်၍ပြောရမည်ဆို လျှင် သူသည်အခြားခရစ်ယာန်ညီအစ်ကိုများ နှင့်အတူ သင်တို့ထံသို့သွားရောက်လည်ပတ်ရန် အထူးပင်ငါအားပေးတိုက်တွန်းပါ၏။ သို့ရာ တွင်ယခုအချိန်အခါမသင့်သေးဟုသူ ယုံကြည်၏။ နောင်အခွင့်ကောင်းကြုံသည့်အခါ လာရောက်ပါလိမ့်မည်။
12 Quanto ao nosso irmão Apolo, roguei-lhe muito fosse ter convosco com os irmãos, mas de modo algum quis ele ir agora. Contudo irá ver-vos, quando tiver oportunidade.
13 နိုးနိုးကြားကြားရှိကြလော့။ သင်တို့၏ယုံကြည် ခြင်းတွင်ခိုင်မာစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိ ရှိကြလော့။-
13 Vigiai! Sede firmes na fé! Sede homens! Sede fortes!
14 ခပ်သိမ်းသောအမှုတို့ကိုမေတ္တာနှင့်ပြုကြလော့။-
14 Tudo o que fazeis, fazei-o na caridade.
15 — ausente —
15 Ainda uma recomendação, irmãos: sabeis que a família de Estéfanas são as primícias da Acaia e se consagraram ao serviço dos santos.
16 — ausente —
16 Tratai essas pessoas com consideração, bem como todos aqueles que ajudam e trabalham na mesma obra.
17 သတေဖန်၊ ဖော်တုနက်နှင့်အခါယကုတို့ရောက် ရှိလာကြသြဖင့်ငါဝမ်းမြောက်၏။ သူတို့သည် သင်တို့၏ကိုယ်စားငါ့အားပြုစုပေးကြ၏။-
17 Eu me alegro com a vinda de Estéfanas, Fortunato e Acaico, porque eles supriram a vossa ausência,
18 သူတို့သည်သင်တို့၏စိတ်ကိုရွှင်လန်းစေသကဲ့သို့ ငါ၏စိတ်ကိုလည်းရွှင်လန်းစေ၏။ ထိုသို့သောသူ တို့သည်အသိအမှတ်ပြုခြင်းကိုခံထိုက်ကြ၏။
18 e tranqüilizaram o meu espírito e o vosso. Tende, pois, consideração a tais homens.
19 အာရှပြည်အသင်းတော်များကသင်တို့အား နှုတ်ဆက်ကြ၏။ အာကုလ၊ ပြစ်ကိလနှင့်သူတို့ အိမ်တွင်ဝတ်ပြုကိုးကွယ်ကြသည့်အသင်းဝင် များကလည်း သခင်ဘုရား၏နာမတော်နှင့် နှုတ်ဆက်ကြ၏။-
19 As igrejas da Ásia vos saúdam. Áquila e Prisca, com a comunidade que se reúne em sua casa, enviam-vos muitas saudações.
20 ဤအရပ်တွင်ရှိသည့်ညီအစ်ကိုအပေါင်းကလည်း သင်တို့ကိုနှုတ်ဆက်ကြ၏။ သင်တို့အချင်းချင်း သန့်ရှင်းသောနမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။
20 Todos os irmãos vos saúdam. Saudai-vos uns aos outros com ósculo santo.
21 ``မေတ္တာဖြင့်ပေါလု'' ဟူ၍ဤစာကိုငါကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်ပါ၏။-
21 Esta saudação escrevo-a de próprio punho: PAULO.
22 မည်သူမဆိုသခင်ဘုရားကိုမချစ်ပါမူ ကျိန်စာသင့်ပါစေသတည်း။ သခင်ဘုရား ကြွလာတော်မူပါ။-
22 Se alguém não amar o Senhor, seja maldito! Maran atá.
23 အရှင်ယေရှု၏ကျေးဇူးတော်သည်သင်တို့ အပေါ်သို့သက်ရောက်ပါစေသတည်း။-
23 A graça do Senhor Jesus esteja convosco.
24 ငါသည်ခရစ်တော်ယေရှုတပည့်ဖြစ်သူ သင် တို့အပေါင်းအားမေတ္တာပို့သလိုက်ပါ၏။ ကောရိန္သုသြဝါဒစာပထမစာစောင်ပြီး၏။
24 Eu vos amo a todos vós em Cristo Jesus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.