1 Coríntios 15
Common Language Bible (MYA) vs ACF
1 ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောသည့် သတင်းကောင်းကိုပြန်လည်သတိရစေလို၏။ ထိုသတင်းကောင်းကိုသင်တို့ခံယူကာယင်း အပေါ်၌ သင်တို့၏ယုံကြည်ခြင်းခိုင်မြဲစွာ အမြစ်စွဲလျက်ရှိပေသည်။-
1 Também vos notifico, irmãos, o evangelho que já vos tenho anunciado; o qual também recebestes, e no qual também permaneceis.
2 ထိုသတင်းကောင်းကားသင်တို့အားငါဟော ပြောသည့်တရားဖြစ်သည်။ သင်တို့သည်ထို သတင်းကောင်းကိုစွဲမြဲစွာယုံကြည်လက်ခံ လျှင်ကယ်တင်ခြင်းကိုခံကြရ၏။ သို့မဟုတ် လျှင်သင်တို့ယုံကြည်ခဲ့သည်မှာအချည်းနှီး ဖြစ်သည်။
2 Pelo qual também sois salvos se o retiverdes tal como vo-lo tenho anunciado; se não é que crestes em vão.
3 ငါသည်မိမိခံယူရရှိ၍သင်တို့အားပေး အပ်သည့်အရေးကြီးလှသောအကြောင်း အရာများမှာ ကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည်ငါတို့အတွက်အသေခံ တော်မူကြောင်း၊-
3 Porque primeiramente vos entreguei o que também recebi: que Cristo morreu por nossos pecados, segundo as Escrituras,
4 ကိုယ်တော်သည်သင်္ဂြိုဟ်ခြင်းကိုခံပြီးနောက် ကျမ်းစာလာသည်အတိုင်းသုံးရက်မြောက် သောနေ့၌ သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်း၊-
4 E que foi sepultado, e que ressuscitou ao terceiro dia, segundo as Escrituras.
5 ကိုယ်တော်အားပေတရုဖူးမြင်ရကြောင်း၊ ထို နောက်တမန်တော်တစ်ကျိပ်နှစ်ပါးတို့ဖူးမြင် ရကြကြောင်းတို့ဖြစ်သည်။-
5 E que foi visto por Cefas, e depois pelos doze.
6 ထိုနောက်ကိုယ်တော်အားခရစ်ယာန်ညီအစ်ကို ငါးရာကျော်တို့သည်တစ်ပြိုင်နက်ဖူးမြင်ရ ကြ၏။ ထိုသူတို့အထဲမှလူအချို့တို့သည် သေလွန်သွားပြီဖြစ်သော်လည်းလူအများစု မှာယခုတိုင်အောင်အသက်ရှင်လျက်ရှိကြ၏။-
6 Depois foi visto, uma vez, por mais de quinhentos irmãos, dos quais vive ainda a maior parte, mas alguns já dormem também.
7 ထိုနောက်ကိုယ်တော်အားယာကုပ်ဖူးမြင်ရ၏။ ထို နောက်တမန်တော်အပေါင်းတို့ဖူးမြင်ကြရ၏။
7 Depois foi visto por Tiago, depois por todos os apóstolos.
8 နောက်ဆုံး၌လျှောမွေးသဖွယ်ဖြစ်သူငါသည် လည်း ကိုယ်တော်အားဖူးမြင်ရ၏။-
8 E por derradeiro de todos me apareceu também a mim, como a um abortivo.
9 ငါသည်တမန်တော်တို့တွင်အညံ့ဆုံးဖြစ်၏။ ဘုရားသခင်၏အသင်းတော်ကိုနှိပ်စက်ညှဉ်းဆဲ ခဲ့သူဖြစ်သဖြင့် တမန်တော်ဟူ၍ပင်အခေါ် မခံထိုက်။-
9 Porque eu sou o menor dos apóstolos, que não sou digno de ser chamado apóstolo, pois que persegui a igreja de Deus.
10 သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-
10 Mas pela graça de Deus sou o que sou; e a sua graça para comigo não foi vã, antes trabalhei muito mais do que todos eles; todavia não eu, mas a graça de Deus, que está comigo.
11 သို့ဖြစ်၍ငါဖြစ်စေ၊ ထိုသူတို့ဖြစ်စေဤ အတိုင်းဟောပြောကြေညာကြသည်။ သင်တို့ သည်လည်းဤအတိုင်းပင်ယုံကြည်ကြ၏။
11 Então, ou seja eu ou sejam eles, assim pregamos e assim haveis crido.
12 ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်းကို ငါတို့ဟောပြောကြေညာ လျက်ရှိသည်ဖြစ်ရာ အဘယ်ကြောင့်သင်တို့ အနက်အချို့သောသူတို့က ``သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဟူသည်မရှိ'' ဟု ပြောဆိုနေကြသနည်း။-
12 Ora, se se prega que Cristo ressuscitou dentre os mortos, como dizem alguns dentre vós que não há ressurreição de mortos?
13 ရှင်ပြန်ထမြောက်ခြင်းမရှိပါကခရစ်တော် သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မမူ နိုင်ရာ။-
13 E, se não há ressurreição de mortos, também Cristo não ressuscitou.
14 ခရစ်တော်ထမြောက်တော်မမူလျှင်ငါတို့ ၏ဟောပြောခြင်းသည်အကျိုးမရှိ။ သင်တို့၏ ယုံကြည်ခြင်းသည်လည်းအကျိုးမရှိ။-
14 E, se Cristo não ressuscitou, logo é vã a nossa pregação, e também é vã a vossa fé.
15 အကယ်၍သူသေတို့ရှင်ပြန်ထမြောက်မှုမရှိ ဟုဆိုသည်မှာ မှန်ခဲ့သော်ဘုရားသခင်သည် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မမူ။ သို့ဖြစ်၍ငါတို့က ``ဘုရား သခင်သည်ခရစ်တော်ကိုသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ'' ဟုဟောပြောရာ ၌ငါတို့သည်ဘုရားသခင်၏အကြောင်း မုသားသက်သေများဖြစ်ကြ၏။-
15 E assim somos também considerados como falsas testemunhas de Deus, pois testificamos de Deus, que ressuscitou a Cristo, ao qual, porém, não ressuscitou, se, na verdade, os mortos não ressuscitam.
16 အကယ်၍သေသူတို့ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ဘုရားသခင်သည်ခရစ်တော်အား ရှင်ပြန်ထမြောက်စေတော်မမူ။-
16 Porque, se os mortos não ressuscitam, também Cristo não ressuscitou.
17 ခရစ်တော်သည်ရှင်ပြန်ထမြောက်တော်မမူ လျှင်သင်တို့၏ယုံကြည်မှုသည်လွဲမှားလျက် သင်တို့သည်လည်းအပြစ်ဒုစရိုက်တွင်နစ် မွန်းလျက်ရှိနေကြသေးမည်။-
17 E, se Cristo não ressuscitou, é vã a vossa fé, e ainda permaneceis nos vossos pecados.
18 ခရစ်တော်ကိုယုံကြည်လျက်သေလွန်သွားသူ တို့သည်လည်းထာဝရဆုံးရှုံးကြပေမည်။-
18 E também os que dormiram em Cristo estão perdidos.
19 ခရစ်တော်ကိုအမှီပြု၍ငါတို့သည်ယခု ဘဝအတွက်သာမျှော်လင့်စရာရှိပါမူ ကမ္ဘာပေါ်တွင်ငါတို့လောက်သနားစရာ ကောင်းသူများမရှိတော့ပြီ။
19 Se esperamos em Cristo só nesta vida, somos os mais miseráveis de todos os homens.
20 သို့ရာတွင်အမှန်ဖြစ်ရပ်မှာခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ယင်း သို့ထမြောက်တော်မူခြင်းကြောင့်သေလွန်သူ တို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဖြစ် ကြောင်းအာမခံချက်ရရှိကြသည်။-
20 Mas de fato Cristo ressuscitou dentre os mortos, e foi feito as primícias dos que dormem.
21 လူတစ်ယောက်ကြောင့်ကမ္ဘာပေါ်တွင်သေခြင်း တရားဖြစ်ပေါ်လာသကဲ့သို့ လူတစ်ယောက် ကြောင့်ပင်လျှင် သေခြင်းမှရှင်ပြန်ထမြောက် ခြင်းတရားသည်လည်းဖြစ်ပေါ်လာ၏။-
21 Porque assim como a morte veio por um homem, também a ressurreição dos mortos veio por um homem.
22 လူအပေါင်းတို့သည်အာဒံနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းကြောင့်သေရကြ၏။ ထိုနည်းတူ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း ကြောင့်သေခြင်းမှရှင်ပြန်ထမြောက်ရကြ လိမ့်မည်။-
22 Porque, assim como todos morrem em Adão, assim também todos serão vivificados em Cristo.
23 သို့ရာတွင်လူအသီးသီးတို့သည်မိမိတို့ အလှည့်ကျရှင်ပြန်ထမြောက်ရကြမည်။ ခရစ်တော်သည်ဦးစွာပထမရှင်ပြန် ထမြောက်တော်မူသည်။ ထိုနောက်ခရစ်တော် ကြွလာတော်မူသောအခါကိုယ်တော်၏ တပည့်တော်တို့ရှင်ပြန်ထမြောက်ပေအံ့။-
23 Mas cada um por sua ordem: Cristo as primícias, depois os que são de Cristo, na sua vinda.
24 ထိုနောက်ကပ်ကမ္ဘာကုန်ဆုံးချိန်ရောက်လိမ့်မည်။ ထိုအခါခရစ်တော်သည်ရှိရှိသမျှသော ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များ၊ အာဏာ ပိုင်များနှင့်စိုးမိုးအုပ်ချုပ်သူများကိုနှိမ်နင်း ၍နိုင်ငံတော်ကိုခမည်းတော်ဘုရားသခင် ၏လက်တော်သို့ပေးအပ်တော်မူလိမ့်မည်။-
24 Depois virá o fim, quando tiver entregado o reino a Deus, ao Pai, e quando houver aniquilado todo o império, e toda a potestade e força.
25 ဘုရားသခင်သည်ရန်သူအပေါင်းကိုနှိမ်နင်း ၍ခရစ်တော်၏ခြေဖဝါးအောက်သို့ရောက် စေတော်မူမည့်အချိန်မရောက်မီ ခရစ်တော် သည်အုပ်စိုးတော်မူရမည်။-
25 Porque convém que reine até que haja posto a todos os inimigos debaixo de seus pés.
26 နောက်ဆုံးနှိမ်နင်းရမည့်ရန်သူကားသေမင်း ပင်ဖြစ်၏။-
26 Ora, o último inimigo que há de ser aniquilado é a morte.
27 ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ခပ်သိမ်း သောအရာတို့ကိုကိုယ်တော်၏ခြေဖဝါးအောက် သို့ရောက်စေတော်မူ၏'' ဟုလာ၏။ ``ခပ်သိမ်း သောအရာတို့'' တွင်ဘုရားသခင်မပါဝင် ကြောင်းထင်ရှား၏။ အဘယ်ကြောင့်ဆိုသော် ခပ်သိမ်းသောအရာကိုခရစ်တော်၏ခြေ ဖဝါးအောက်သို့ရောက်စေတော်မူသောအရှင် ကားဘုရားသခင်ဖြစ်သောကြောင့်တည်း။-
27 Porque todas as coisas sujeitou debaixo de seus pés. Mas, quando diz que todas as coisas lhe estão sujeitas, claro está que se excetua aquele que lhe sujeitou todas as coisas.
28 သို့ရာတွင်ခပ်သိမ်းသောအရာတို့ကိုသား တော်အားအုပ်စိုးစေတော်မူသောအခါ၌ မိမိခြေဖဝါးတော်အောက်သို့ခပ်သိမ်းသော အရာကိုရောက်ရှိစေတော်မူသောဘုရား သခင်၏အုပ်စိုးခြင်းကို သားတော်ကိုယ်တိုင် ပင်လျှင်ခံယူတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည်ခပ်သိမ်းသောအရာ တို့ကိုလုံးဝဥဿုံအုပ်စိုးတော်မူပေအံ့။
28 E, quando todas as coisas lhe estiverem sujeitas, então também o mesmo Filho se sujeitará àquele que todas as coisas lhe sujeitou, para que Deus seja tudo em todos.
29 သေလွန်သူတို့ကိုယ်စားဗတ္တိဇံမင်္ဂလာခံသူ တို့သည် အဘယ်အကျိုးအတွက်ယင်းသို့ပြု ကြသနည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက် မှုမရှိဟုအချို့ကပြောဆိုသည်အတိုင်းမှန် လျှင် ထိုသူတို့သည်သေသူတို့၏ကိုယ်စား အဘယ်ကြောင့်ဗတ္တိဇံမင်္ဂလာခံကြသနည်း။-
29 Doutra maneira, que farão os que se batizam pelos mortos, se absolutamente os mortos não ressuscitam? Por que se batizam eles então pelos mortos?
30 အဘယ်ကြောင့်ငါတို့ကိုယ်တိုင်ပင်ဘေးအန္တရာယ် နှင့်နာရီမလပ်ရင်ဆိုင်လျက်နေရကြသနည်း။-
30 Por que estamos nós também a toda a hora em perigo?
31 ညီအစ်ကိုတို့၊ ငါသည်သေဘေးနှင့်နေ့တိုင်းရင် ဆိုင်ရ၏။ ငါသည်သင်တို့အတွက်ဂုဏ်ယူဝါ ကြွားသဖြင့်လည်းကောင်း၊ ငါသည်သင်တို့နှင့် အတူငါတို့အရှင်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်သဖြင့်လည်းကောင်းဤ သို့ပြောဆိုရခြင်းဖြစ်၏။-
31 Eu protesto que cada dia morro, gloriando-me em vós, irmãos, por Cristo Jesus nosso Senhor.
32 အကယ်၍ငါသည်ဧဖက်မြို့တွင် ``သားရဲ တိရစ္ဆာန်'' တို့နှင့်တိုက်ခိုက်ခဲ့ပါမူလူအမြင် ဖြင့်ငါ့အဖို့အဘယ်အကျိုးရှိမည်နည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းမရှိ ပါက ``နက်ဖြန်သေကြမည်ဖြစ်၍ငါတို့ သည်စားကြ၊ သောက်ကြ၊ ပျော်ပါးကြကုန် အံ့'' ဟုဆိုသည့်အတိုင်းပြုကြစို့။
32 Se, como homem, combati em Éfeso contra as bestas, que me aproveita isso, se os mortos não ressuscitam? Comamos e bebamos, que amanhã morreremos.
33 သင်တို့အယူအဆမမှားကြနှင့်။ ``အပေါင်း အသင်းမကောင်းလျှင်လူကောင်းပျက်စီးတတ် ၏။-''
33 Não vos enganeis: as más conversações corrompem os bons costumes.
34 အမြင်မှန်ရကြလော့။ ဆက်လက်၍အပြစ် မကူးကြနှင့်။ သင်တို့တွင်အချို့သောသူတို့ သည်ဘုရားသခင်ကိုမသိကြ။ ဤသို့ငါ ဆိုရာ၌သင်တို့အရှက်ရစေရန်အတွက် ဖြစ်၏။
34 Vigiai justamente e não pequeis; porque alguns ainda não têm o conhecimento de Deus; digo-o para vergonha vossa.
35 လူတစ်စုံတစ်ယောက်က ``သေလွန်သူတို့သည် အဘယ်သို့ရှင်ပြန်ထမြောက်ကြမည်နည်း'' ဟုမေးသည်ဆိုအံ့။-
35 Mas alguém dirá: Como ressuscitarão os mortos? E com que corpo virão?
36 အချင်းလူမိုက်၊ သင်စိုက်ပျိုးသည့်မျိုးစေ့သည် ဦးစွာမပျက်မစီးဘဲအပင်မပေါက်တတ်။-
36 Insensato! o que tu semeias não é vivificado, se primeiro não morrer.
37 မြေတွင်သင်စိုက်သောအရာသည်ဂျုံစေ့ သို့မဟုတ်အခြားမျိုးစေ့တစ်မျိုးမျိုးဖြစ် မည်။ နောင်အခါပေါက်လာသည့်အပင်မဟုတ်။-
37 E, quando semeias, não semeias o corpo que há de nascer, mas o simples grão, como de trigo, ou de outra qualquer semente.
38 ဘုရားသခင်သည်အလိုတော်နှင့်အညီထို မျိုးစေ့အားကိုယ်ထည်ကိုပေးတော်မူ၏။ ကိုယ် တော်သည်မျိုးစေ့အသီးသီးတို့အားသင့် တော်သည့်ကိုယ်ထည်ကိုပေးတော်မူ၏။
38 Mas Deus dá-lhe o corpo como quer, e a cada semente o seu próprio corpo.
39 သက်ရှိသတ္တဝါတို့၏အသားသည်တစ်မျိုး တည်းမဟုတ်။ လူ၏အသားသည်တစ်မျိုး၊ တိရစ္ဆာန် ၏အသားသည်တစ်မျိုး၊ ငှက်၏အသားသည်တစ် မျိုး၊ ငါး၏အသားသည်တစ်မျိုးဖြစ်၏။
39 Nem toda a carne é uma mesma carne, mas uma é a carne dos homens, e outra a carne dos animais, e outra a dos peixes e outra a das aves.
40 ကောင်းကင်နှင့်ဆိုင်သောအကောင်အထည်များ၊ ကမ္ဘာမြေကြီးနှင့်ဆိုင်သောအကောင်အထည် များဟူ၍ရှိ၏။ ကောင်းကင်အကောင်အထည် များ၏တင့်တယ်မှုသည်တစ်မျိုး၊ ကမ္ဘာမြေ ကြီးအကောင်အထည်များ၏တင့်တယ်မှု ကတစ်မျိုးဖြစ်၏။-
40 E há corpos celestes e corpos terrestres, mas uma é a glória dos celestes e outra a dos terrestres.
41 နေ၏တင့်တယ်မှုသည်တစ်မျိုး၊ လ၏တင့်တယ်မှု သည်တစ်မျိုး၊ ကြယ်တာရာများ၏တင့်တယ်မှုသည် တစ်မျိုးဖြစ်၏။ ကြယ်တစ်လုံးနှင့်တစ်လုံးပင်တင့် တယ်မှုမတူချေ။
41 Uma é a glória do sol, e outra a glória da lua, e outra a glória das estrelas; porque uma estrela difere em glória de outra estrela.
42 ထိုနည်းတူသေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်း သည်ဤအတိုင်းဖြစ်၏။ ကိုယ်ခန္ဓာသည်မြေ၌မြှုပ်နှံ ခြင်းခံရသောအခါပုပ်ပျက်တတ်သောအဖြစ် တွင်ရှိ၏။ ရှင်ပြန်ထမြောက်သောအခါ၌မပုပ် မပျက်တတ်သောအဖြစ်တွင်ရှိလိမ့်မည်။-
42 Assim também a ressurreição dentre os mortos. Semeia-se o corpo em corrupção; ressuscitará em incorrupção.
43 မြှုပ်နှံခြင်းခံရသောအခါအသရေပျက်၍ စွမ်းအားမရှိ။ ရှင်ပြန်ထမြောက်သောအခါ၌ အသရေနှင့်ပြည့်စုံလိမ့်မည်။-
43 Semeia-se em ignomínia, ressuscitará em glória. Semeia-se em fraqueza, ressuscitará com vigor.
44 မြှုပ်နှံခြင်းခံရသောအခါကာယခန္ဓာဖြစ် ၏။ ရှင်ပြန်ထမြောက်သောအခါ၌ဝိညာဏ ခန္ဓာဖြစ်လိမ့်မည်။ ရုပ်ခန္ဓာရှိသဖြင့်ဝိညာဏ ခန္ဓာလည်းရှိရပေသည်။-
44 Semeia-se corpo natural, ressuscitará corpo espiritual. Se há corpo natural, há também corpo espiritual.
45 ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။-
45 Assim está também escrito: O primeiro homem, Adão, foi feito em alma vivente; o último Adão em espírito vivificante.
46 ဝိညာဏခန္ဓာသည်ပထမဖြစ်ပေါ်သည် မဟုတ်။ ရုပ်ခန္ဓာဖြစ်ပေါ်ပြီးမှဝိညာဏခန္ဓာ ဖြစ်ပေါ်လာ၏။-
46 Mas não é primeiro o espiritual, senão o natural; depois o espiritual.
47 ပထမလူအာဒံသည်မြေမှုန့်မှဖန်ဆင်းထားသူ ဖြစ်၏။ ဒုတိယလူမူကားကောင်းကင်ဘုံမှလာ သူတည်း။-
47 O primeiro homem, da terra, é terreno; o segundo homem, o Senhor, é do céu.
48 မြေကြီးသားတို့သည်မြေမှုန့်မှဖန်ဆင်းထားသော သူနှင့်တူကြ၏။ ကောင်းကင်ဘုံနှင့်ဆိုင်သောလူတို့ သည်ကောင်းကင်ဘုံမှလာသောသူနှင့်တူကြ၏။-
48 Qual o terreno, tais são também os terrestres; e, qual o celestial, tais também os celestiais.
49 ငါတို့သည်မြေမှုန့်မှဖန်ဆင်းထားသူ၏ပုံသဏ္ဌာန် ကိုဆောင်သကဲ့သို့ကောင်းကင်ဘုံမှကြွလာတော် မူသောသူ၏ပုံသဏ္ဌာန်ကိုဆောင်ကြလိမ့်မည်။
49 E, assim como trouxemos a imagem do terreno, assim traremos também a imagem do celestial.
50 ညီအစ်ကိုတို့၊ သင်တို့အားငါပြောလိုသည်မှာ လူ့အသွေးအသားသည်ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူနိုင်။ ပုပ်ပျက်တတ်သောအရာ သည်လည်းမပုပ်မပျက်တတ်သောအဖြစ်ကို မခံမယူနိုင်။
50 E agora digo isto, irmãos: que a carne e o sangue não podem herdar o reino de Deus, nem a corrupção herdar a incorrupção.
51 — ausente —
51 Eis aqui vos digo um mistério: Na verdade, nem todos dormiremos, mas todos seremos transformados;
52 — ausente —
52 Num momento, num abrir e fechar de olhos, ante a última trombeta; porque a trombeta soará, e os mortos ressuscitarão incorruptíveis, e nós seremos transformados.
53 အဘယ်ကြောင့်ဆိုသော်ပုပ်ပျက်တတ်သော အရာသည်မပုပ်မပျက်နိုင်သောအဖြစ်သို့ ပြောင်းလဲရမည်။ သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ပြောင်းလဲရမည်။-
53 Porque convém que isto que é corruptível se revista da incorruptibilidade, e que isto que é mortal se revista da imortalidade.
54 ပုပ်ပျက်တတ်သောအရာသည်မပုပ်မပျက် နိုင်သောအဖြစ်သို့လည်းကောင်း၊ သေတတ်သော အရာသည်မသေနိုင်သောအဖြစ်သို့လည်း ကောင်းပြောင်းလဲသောအခါ ``သေခြင်းကို ဖျက်ဆီးပစ်ပြီ။ သေခြင်းကိုအောင်မြင်လေ ပြီ'' ဟူသောကျမ်းစကားသည်မှန်ကန်၍ လာပေအံ့။
54 E, quando isto que é corruptível se revestir da incorruptibilidade, e isto que é mortal se revestir da imortalidade, então cumprir-se-á a palavra que está escrita: Tragada foi a morte na vitória.
55 ``အို မရဏနိုင်ငံ၊သင်၏အောင်မြင်ခြင်းကား အဘယ်မှာနည်း။
55 Onde está, ó morte, o teu aguilhão? Onde está, ó inferno, a tua vitória?
56 သေမင်း၏အစွယ်ကားအပြစ်ဒုစရိုက်ဖြစ်၏။ အပြစ်ဒုစရိုက်သည်ပညတ်တရားမှတန်ခိုး ကိုရရှိသတည်း။-
56 Ora, o aguilhão da morte é o pecado, e a força do pecado é a lei.
57 သို့ရာတွင်အရှင်ယေရှုခရစ်အားဖြင့် ငါတို့ အားသေခြင်းကိုအောင်မြင်ခွင့်ပေးတော်မူ သောဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွတကား။
57 Mas graças a Deus que nos dá a vitória por nosso Senhor Jesus Cristo.
58 သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
58 Portanto, meus amados irmãos, sede firmes e constantes, sempre abundantes na obra do Senhor, sabendo que o vosso trabalho não é vão no Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.