1 Coríntios 14
Common Language Bible (MYA) vs VC
1 ထို့ကြောင့်သင်တို့သည်မေတ္တာတရားကိုကျင့်သုံး ရန် ကြိုးပမ်းအားထုတ်ကြလော့။ ဝိညာဉ်ဆုကျေးဇူး များကိုတောင့်တလိုချင်ကြလော့။ အထူးသဖြင့် နှုတ်ကပတ်တရားတော်ဟောပြောနိုင်သောဆု ကျေးဇူးကိုလိုလားကြလော့။-
1 Empenhai-vos em procurar a caridade. Aspirai igualmente aos dons espirituais, mas sobretudo ao de profecia.
2 ထူးဆန်းသောဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုသောသူသည်လူနှင့်ပြောဆိုသည် မဟုတ်။ ဘုရားနှင့်သာပြောဆိုခြင်းဖြစ်၏။ သူ၏စကားကိုအဘယ်သူမျှနားမလည်။ သူသည်ဝိညာဉ်တော်တန်ခိုးဖြင့်လျှို့ဝှက် နက်နဲသည့်အကြောင်းအရာများကိုပြော ဆို၏။-
2 Aquele que fala em línguas não fala aos homens, senão a Deus: ninguém o entende, pois fala coisas misteriosas, sob a ação do Espírito.
3 သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောသောသူသည်ကား လူတို့အားဆောက် တည်ရာရစေသောစကား၊ အားပေးသော စကား၊ နှစ်သိမ့်သောစကားတို့ကိုပြော၏။-
3 Aquele, porém, que profetiza fala aos homens, para edificá-los, exortá-los e consolá-los.
4 ထူးဆန်းသောဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုသူသည် မိမိအကျိုးကိုပြုစု၏။ နှုတ် ကပတ်တရားတော်ကိုဟောပြောသောသူမူ ကား အသင်းတော်တစ်ခုလုံး၏အကျိုးကို ပြုစု၏။
4 Aquele que fala em línguas edifica-se a si mesmo; mas o que profetiza, edifica a assembléia.
5 ငါသည်သင်တို့အားလုံးကိုပင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုစေလို သော်လည်း နှုတ်ကပတ်တရားတော်ဟောပြော နိုင်သောဆုကျေးဇူးကိုပို၍ရစေလို၏။ ထူး ဆန်းသောဘာသာစကားအမျိုးမျိုးဖြင့်ပြော ဆိုသူသည် မိမိစကား၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းလင်းဖော်ပြနိုင်သူရှိမှသာလျှင် အသင်း တော်၏အကျိုးကိုပြုစု၏။ သို့မဟုတ်ပါမူ နှုတ်ကပတ်တရားတော်ကိုဟောပြောခြင်း ကပို၍တန်ဖိုးရှိ၏။-
5 Ora, desejo que todos faleis em línguas, porém muito mais desejo que profetizeis. Maior é quem profetiza do que quem fala em línguas, a não ser que este as interprete, para que a assembléia receba edificação.
6 သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါသည်သင်တို့ထံ သို့လာ၍ထူးဆန်းသောဘာသာစကား အမျိုးမျိုးဖြင့်ပြောဆိုပါလျှင် အဘယ် အကျိုးရှိမည်နည်း။ ငါဟောပြောသောစကား များသည် ဘုရားသခင်၏ဗျာဒိတ်တော် စကား၊ အသိပညာနှင့်ယှဉ်သောစကား၊ ဝိညာဉ်တော်တန်ခိုးအားဖြင့်နှိုးဆော်သော စကား၊ ဆုံးမသွန်သင်သည့်စကားများမဖြစ် ပါမူသင်တို့၌အဘယ်အကျိုးရှိမည်နည်း။
6 Suponhamos, irmãos, que eu fosse ter convosco falando em línguas, de que vos aproveitaria, se minha palavra não vos desse revelação, nem ciência, nem profecia ou doutrina?
7 ပလွေသို့မဟုတ်စောင်းကောက်ကဲ့သို့သော သက်မဲ့တူရိယာများကိုကြည့်လော့။ ထို တူရိယာများမှတေးသံများပီသစွာ ထွက်ပေါ်၍မလာပါမူအဘယ်သူသည် ထိုတူရိယာတို့၏တေးသွားကိုသိနိုင် မည်နည်း။-
7 É o que se dá com os instrumentos inanimados de música, por exemplo a flauta ou a harpa: se não produzirem sons distintos, como se poderá reconhecer a música tocada?
8 တံပိုးခရာမှုတ်သံမပီသပါကအဘယ်သူ သည်စစ်ပွဲဝင်ရန်ပြင်ဆင်မည်နည်း။-
8 Se a trombeta só der sons confusos, quem se preparará para a batalha?
9 ထိုနည်းတူစွာထူးဆန်းသည့်ဘာသာစကား အမျိုးမျိုးဖြင့်သင်တို့ပြောသည့်စကားသည် အနက်အဋ္ဌိပ္ပါယ်မရှင်းပါမူ အဘယ်သူသည် နားလည်နိုင်မည်နည်း။ သင်တို့၏စကားများ သည်လေထဲတွင်ပျောက်ကွယ်သွားလိမ့်မည်။-
9 Assim também vós: se vossa língua só profere palavras ininteligíveis, como se compreenderá o que dizeis? Sereis como quem fala ao vento.
10 ကမ္ဘာပေါ်တွင်ဘာသာစကားအမျိုးပေါင်း များစွာရှိသော်လည်း မည်သည့်ဘာသာစကား မျှအဋ္ဌိပ္ပါယ်ကင်းမဲ့သည်မရှိ။-
10 Há no mundo grande quantidade de línguas e todas são compreensíveis.
11 သို့ရာတွင်ငါနားမလည်သည့်ဘာသာစကား ကိုပြောဆိုသူသည် ငါ့အဖို့လူမျိုးခြားဖြစ်၏။ ငါသည်လည်းသူ့အဖို့လူမျိုးခြားဖြစ်ပေမည်။-
11 Porém, se desconhecer o sentido das palavras, serei um estrangeiro para quem me fala e ele será também um estrangeiro para mim.
12 သင်တို့သည်ဝိညာဉ်တော်ဆုကျေးဇူးများကို လိုလားတောင့်တကြသည့်အလျောက်အသင်း တော်ကြီးပွားတိုးတက်မှုကို အထောက်အကူ ပြုမည့်ဆုကျေးဇူးများကိုပို၍အသုံးပြု ရန်ကြိုးစားကြလော့။-
12 Assim, uma vez que aspirais aos dons espirituais, procurai tê-los em abundância para edificação da Igreja.
13 ထို့ကြောင့်ထူးဆန်းသောစကားအမျိုးမျိုး ဖြင့်ပြောသောသူသည် မိမိပြောသည့်စကား ၏အဋ္ဌိပ္ပါယ်ကိုဖော်ပြနိုင်သောတန်ခိုးစွမ်း ရည်ကိုရရှိရန်ဆုတောင်းပတ္ထနာပြုရမည်။-
13 Por isso, quem fala em línguas, peça na oração o dom de as interpretar.
14 ငါသည်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ဆုတောင်းပတ္ထနာပြုသောအခါ ငါ၏စိတ် နှလုံးသည်ဆုတောင်းပတ္ထနာပြုလျက်နေသော် လည်းငါ၏အသိဉာဏ်မူကားပါဝင်မှုမရှိ။-
14 Se eu oro em virtude do dom das línguas, o meu espírito ora, mas o meu entendimento fica sem fruto.
15 သို့ဖြစ်၍အဘယ်သို့ငါပြုရမည်နည်း။ ငါသည် စိတ်နှလုံးအားဖြင့်သာမကအသိဉာဏ်အား ဖြင့်လည်းဆုတောင်းပတ္ထနာပြုမည်။ စိတ်နှလုံး အားဖြင့်သီချင်းဆိုသည်သာမကအသိ ဉာဏ်အားဖြင့်လည်းသီဆိုမည်။-
15 Então que fazer? Orarei com o espírito, mas orarei também com o entendimento; cantarei com o espírito, mas cantarei também com o entendimento.
16 သင်တို့သည်စိတ်နှလုံးအားဖြင့်သာလျှင် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်း ပတ္ထနာပြုကြပါမူ ပရိသတ်ဝတ်ပြုခြင်း၌သာမန် လူတစ်ယောက်သည် သင်တို့ပြောဆိုသမျှစကား များကိုနားမလည်နိုင်သဖြင့် အဘယ်သို့လျှင် သင်တို့၏ဆုတောင်းပတ္ထနာကို ``အာမင်'' ဟုဝန်ခံ နိုင်မည်နည်း။-
16 De outra forma, se só renderes graças com o espírito, como dirá Amém a tuas ações de graças aquele que ocupar o lugar dos simples?
17 ကျေးဇူးတော်ချီးမွမ်းသည့်သင်တို့၏ဆုတောင်း ပတ္ထနာသည်ကောင်းမွန်စေကာမူသူတစ်ပါး အတွက်မည်သို့မျှအကျိုးမရှိ။
17 Sem dúvida, as tuas ações de graças podem ser belas, mas o outro não é edificado.
18 ငါသည်ထူးဆန်းသောဘာသာစကားအမျိုး မျိုးကို သင်တို့ထက်ပို၍ပြောဆိုနိုင်သဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။-
18 Graças a Deus que possuo o dom de línguas superior a todos vós.
19 သို့သော်ပရိသတ်ဝတ်ပြုခြင်းတွင်ထူးဆန်းသော ဘာသာစကားအခွန်းပေါင်းအထောင်အသောင်း ထက်သွန်သင်ရန်နားလည်နိုင်သည့်စကားငါး ခွန်းမျှကိုပို၍ငါပြောဆိုလို၏။
19 Mas prefiro falar na assembléia cinco palavras que compreendo, para instruir também os outros, a falar dez mil palavras em línguas.
20 ညီအစ်ကိုတို့၊ သင်တို့သည်စဉ်းစားဆင်ခြင်မှု တွင်ကလေးသူငယ်များကဲ့သို့မဖြစ်ကြနှင့်။ ဆိုးညစ်မှုကင်းစင်မှုတွင်ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်မှုတွင်မူ ကားအသက်အရွယ်ရင့်ကျက်သူများကဲ့သို့ ဖြစ်ကြလော့။-
20 Irmãos, não sejais crianças quanto ao modo de julgar: na malícia, sim, sede crianças; mas quanto ao julgamento, sede homens.
21 ကျမ်းစာတော်တွင်၊
21 Na lei está escrito: Será por gente de língua estrangeira e por lábios estrangeiros que falarei a este povo; e nem assim me ouvirão, diz o Senhor {Is 28,11s}.
22 ထို့ကြောင့်ထူးဆန်းသောဘာသာစကားအမျိုး မျိုးပြောဆိုနိုင်သောစွမ်းရည်သည်မယုံကြည် သူတို့အတွက်နိမိတ်လက္ခဏာဖြစ်၏။ ယုံကြည် သူတို့အတွက်မဟုတ်။ ဗျာဒိတ်တော်ကိုကြေညာ ဟောပြောနိုင်သောဆုကျေးဇူးကားယုံကြည်သူ တို့အတွက်နိမိတ်လက္ခဏာဖြစ်၏။ မယုံကြည် သူတို့အတွက်မဟုတ်။
22 Assim, as línguas são sinal, não para os fiéis, mas para os infiéis; enquanto as profecias são um sinal, não para os infiéis, mas para os fiéis.
23 သို့ဖြစ်၍အသင်းတော်ဝင်အပေါင်းတို့သည်စု ဝေးလျက်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ပြောဆိုနေစဉ် သာမန်လူအချို့သို့မဟုတ်မ ယုံကြည်သူအချို့ရောက်ရှိလာခဲ့သော်သင်တို့ အားရူးသွပ်သူများဟုဆိုမည်မဟုတ်လော။-
23 Se, pois, numa assembléia da igreja inteira todos falarem em línguas, e se entrarem homens simples ou infiéis, não dirão que estais loucos?
24 သို့သော်ဘုရားသခင်၏ဗျာဒိတ်တော်ကိုသင် တို့အပေါင်းကြေညာဟောပြောလျက်နေစဉ် မယုံကြည်သူသို့မဟုတ်သာမန်လူတစ်ယောက် ရောက်ရှိလာပါမူ သင်တို့ဟောပြောသည့်တရား စကားကြောင့် မိမိသည်အပြစ်များကူးသူ ဖြစ်ကြောင်းကောင်းစွာသိမြင်လာလိမ့်မည်။-
24 Se, porém, todos profetizarem, e entrar ali um infiel ou um homem simples, por todos é convencido, por todos é julgado;
25 သူ၏စိတ်နှလုံးစစ်ကြောစီရင်ခြင်းကိုခံရ လျက်သူ၏လျှို့ဝှက်သောအကြံအစည်များ သည်ပေါ်လွင်သဖြင့် ``သင်တို့နှင့်အတူဧကန် အမှန်ဤအရပ်တွင်ဘုရားသခင်ရှိတော်မူ ပါသည်တကား'' ဟုထုတ်ဖော်ဝန်ခံကာဘုရား သခင်ကိုပျပ်ဝပ်ရှိခိုးလိမ့်မည်။
25 os segredos do seu coração tornam-se manifestos. Então, prostrado com a face em terra, adorará a Deus e proclamará que Deus está realmente entre vós.
26 ညီအစ်ကိုတို့၊ ငါဆိုလိုသည်မှာဤသို့တည်း။ ကိုးကွယ်ဝတ်ပြုရန်သင်တို့စုဝေးကြသော အခါတစ်ယောက်ကသီချင်းဆိုခြင်း၊ နောက် တစ်ယောက်ကသွန်သင်ခြင်း၊ နောက်တစ်ယောက် ကဗျာဒိတ်တော်ကိုပြန်ကြားခြင်း၊ နောက် တစ်ယောက်ကထူးဆန်းသောဘာသာစကား ဖြင့်ပြောဆိုခြင်း၊ နောက်တစ်ယောက်ကအနက် အဋ္ဌိပ္ပါယ်ဖော်ပြခြင်းတို့ကိုဆောင်ရွက်ကြ လော့။ သင်တို့ဆောင်ရွက်သမျှသောအမှုတို့ သည်အသင်းတော်ဝင်အပေါင်းအားအကျိုး ပြုရမည်။-
26 Em suma, que dizer, irmãos? Quando vos reunis, quem dentre vós tem um cântico, um ensinamento, uma revelação, um discurso em línguas, uma interpretação a fazer - que isto se faça de modo a edificar.
27 ထူးဆန်းသောဘာသာစကားဖြင့်ပြောမည် ဆိုပါကနှစ်ယောက်ဖြစ်စေ၊ အများဆုံးသုံး ယောက်ဖြစ်စေအလှည့်ကျပြောစေလော့။ ထို နောက်လူတစ်ယောက်ကအနက်အဋ္ဌိပ္ပါယ် ပြန်ပါစေ။-
27 Se há quem fala em línguas, não falem senão dois ou três, quando muito, e cada um por sua vez, e haja alguém que interprete.
28 အကယ်၍စကားပြန်မရှိပါမူထူးဆန်းသော ဘာသာစကားဖြင့်ပြောဆိုလိုသောသူသည် ဆိတ် ဆိတ်နေ၍မိမိတစ်ကိုယ်တည်းပြောလျက်နေစေ။ ဘုရားသခင်အားလည်းလျှောက်ထားလျက်နေ စေ။-
28 Se não houver intérprete, fiquem calados na reunião, e falem consigo mesmos e com Deus.
29 ဗျာဒိတ်တော်ကိုခံယူရရှိသူနှစ်ယောက်သုံး ယောက်ကဟောပြော၍ ကျန်သောသူတို့ကထို သူတို့၏ဟောပြောချက်များကိုဆင်ခြင် သုံးသပ်ကြစေ။-
29 Quanto aos profetas, falem dois ou três, e os outros julguem.
30 သို့ရာတွင်အကယ်၍လူတစ်ယောက်ဟောပြော နေစဉ်ထိုင်နေသူများအထဲမှတစ်ယောက် သည် ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံယူ ရရှိပါကဟောပြောနေသောသူသည်ရပ်နား စေ။-
30 Se for feita uma revelação a algum dos assistentes, cale-se o primeiro.
31 ပရိသတ်အပေါင်းသည်သွန်သင်မှုယူ၍အား တက်လာကြစေရန် သင်တို့အားလုံးပင်အလှည့် ကျဘုရားသခင်၏ဗျာဒိတ်တော်ကိုဟော ပြောနိုင်၏။-
31 Todos, um após outro, podeis profetizar, para todos aprenderem e serem todos exortados.
32 ဗျာဒိတ်တော်ကိုဟောပြောနိုင်သောဆုကျေးဇူး ကိုအသုံးပြုရာ၌ဟောပြောသူသည်မိမိ ကိုယ်ကိုထိန်းချုပ်ရမည်။-
32 O espírito dos profetas deve estar-lhes submisso,
33 အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် စည်းမဲ့ကမ်းမဲ့ပြုမူခြင်းကိုလိုလားတော် မမူ။ ငြိမ်ဝပ်ပိပြားမှုကိုလိုလားတော်မူ သောကြောင့်ဖြစ်သည်။
33 porquanto Deus não é Deus de confusão, mas de paz.
34 အမျိုးသမီးများသည်အစည်းအဝေးများတွင် ဆိတ်ဆိတ်နေကြစေ။ သူတို့မှာစကားပြောပိုင်ခွင့် မရှိ။ ယုဒပညတ်ကျမ်းတွင်ဖော်ပြသည့်အတိုင်း အမျိုးသမီးတို့သည်အစည်းအဝေးများတွင် ခေါင်းဆောင်များမဖြစ်စေရ။-
34 Como em todas as igrejas dos santos, as mulheres estejam caladas nas assembléias: não lhes é permitido falar, mas devem estar submissas, como também ordena a lei.
35 သူတို့သည်အကြောင်းတစ်စုံတစ်ရာကိုသိလို လျှင် မိမိတို့၏ခင်ပွန်းများကိုအိမ်တွင်မေးမြန်း စုံစမ်းကြစေ။ အသင်းတော်၏အစည်းအဝေး ၌အမျိုးသမီးများစကားပြောခြင်းသည် ရှက်ဖွယ်သောအမှုဖြစ်၏။
35 Se querem aprender alguma coisa, perguntem-na em casa aos seus maridos, porque é inconveniente para uma mulher falar na assembléia.
36 ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် သင်တို့ထံမှထွက်လာသလော။ သို့တည်းမဟုတ် သင်တို့ထံသို့သာလျှင်နှုတ်ကပတ်တရား တော်ရောက်ရှိလာသလော။-
36 Porventura foi dentre vós que saiu a palavra de Deus? Ou veio ela tão-somente para vós?
37 မိမိကိုယ်ကိုဘုရားသခင်၏ဗျာဒိတ်တော် ပြန်ကြားသူဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိညာဉ် ဆုကျေးဇူးရရှိသူဖြစ်သည်ဟူ၍လည်းကောင်း ယူဆသောသူသည် ယခုငါရေးလိုက်သော စကားတို့သည်သခင်ဘုရား၏ပညတ်ဖြစ် ကြောင်းသိမှတ်စေ။-
37 Se alguém se julga profeta ou agraciado com dons espirituais, reconheça que as coisas que vos escrevo são um mandamento do Senhor.
38 မသိမှတ်လျှင်သူ့ကိုလည်းအသိအမှတ်မပြု ကြနှင့်။
38 Mas, se alguém quiser ignorá-lo, que o ignore!
39 သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်ဗျာဒိတ် တော်ကိုကြေညာဟောပြောခြင်းငှာလိုလား တောင့်တကြလော့။ သို့ရာတွင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်း ကိုမတားမြစ်ကြနှင့်။-
39 Assim, pois, irmãos, aspirai ao dom de profetizar; porém, não impeçais falar em línguas.
40 ခပ်သိမ်းသောအမှုတို့ကိုလျောက်ပတ်စွာစနစ် တကျလုပ်ဆောင်ကြလော့။
40 Mas faça-se tudo com dignidade e ordem.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.