1 Coríntios 11
Common Language Bible (MYA) vs ACF
1 သို့ဖြစ်၍ငါသည်ခရစ်တော်ထံမှအတု ယူသကဲ့သို့ သင်တို့သည်ငါ့ထံမှအတု ယူကြလော့။
1 Sede meus imitadores, como também eu de Cristo.
2 သင်တို့သည်ငါ့ကိုအစဉ်အောက်မေ့သတိရ၍ ငါပေးအပ်ခဲ့သည့်သွန်သင်ချက်အတိုင်းလိုက် နာပြုကျင့်ကြသောကြောင့်သင်တို့အားငါ ချီးကူး၏။-
2 E louvo-vos, irmãos, porque em tudo vos lembrais de mim, e retendes os preceitos como vo-los entreguei.
3 သို့သော်ခရစ်တော်သည်ယောကျာ်းတိုင်း၏အထွတ် အထိပ်၊ ယောကျာ်းသည်မိန်းမ၏အထွတ်အထိပ်၊ ဘုရားသခင်သည်ခရစ်တော်၏အထွတ်အထိပ် ဖြစ်ကြောင်းကိုသင်တို့အားသိစေလို၏။-
3 Mas quero que saibais que Cristo é a cabeça de todo o homem, e o homem a cabeça da mulher; e Deus a cabeça de Cristo.
4 သို့ဖြစ်၍ယောကျာ်းသည်ဝတ်ပြုအစည်းအဝေး တွင်မိမိ၏ဦးခေါင်းကိုဖုံးအုပ်၍ပတ္ထနာပြု သော်လည်းကောင်း၊ တရားဟောသော်လည်းကောင်း ခရစ်တော်၏အသရေတော်ကိုရှုတ်ချသူ ဖြစ်၏။-
4 Todo o homem que ora ou profetiza, tendo a cabeça coberta, desonra a sua própria cabeça.
5 မိန်းမသည်စုဝေးဝတ်ပြုခြင်းတွင်မိမိ၏ဦး ခေါင်းကိုမဖုံးမအုပ်ဘဲဆုတောင်းပတ္ထနာပြု သော်လည်းကောင်း၊ တရားတော်ကိုကြေညာ သော်လည်းကောင်း မိမိခင်ပွန်း၏အသရေကို ရှုတ်ချသူဖြစ်၏။ သူသည်ခေါင်းတုံးရိတ်ထား သည့်အမျိုးသမီးနှင့်မထူးခြားတော့ချေ။-
5 Mas toda a mulher que ora ou profetiza com a cabeça descoberta, desonra a sua própria cabeça, porque é como se estivesse rapada.
6 မိန်းမသည်မိမိ၏ဦးခေါင်းကိုမဖုံးမအုပ် ဘဲထားမည့်အစား မိမိ၏ဆံပင်ကိုဖြတ် ထားလျှင်သာ၍ကောင်း၏။ ဆံပင်ဖြတ်ခြင်း၊ ခေါင်းတုံးရိတ်ခြင်းတို့သည်အမျိုးသမီး အတွက် ရှက်ဖွယ်ကောင်းသောအရာများဖြစ် သဖြင့် သူသည်မိမိ၏ဦးခေါင်းကိုဖုံးအုပ်စေ။-
6 Portanto, se a mulher não se cobre com véu, tosquie-se também. Mas, se para a mulher é coisa indecente tosquiar-se ou rapar-se, que ponha o véu.
7 အမျိုးသားသည်မိမိ၏ဦးခေါင်းကိုဖုံး အုပ်ရန်မသင့်။ အဘယ်ကြောင့်ဆိုသော်သူ သည်ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်ဘုန်း အသရေတော်ကိုရောင်ပြန်ဟပ်သူဖြစ်သော ကြောင့်တည်း။ အမျိုးသမီးသည်ကားအမျိုး သား၏ဘုန်းအသရေကိုရောင်ပြန်ဟပ်သူ ဖြစ်၏။-
7 O homem, pois, não deve cobrir a cabeça, porque é a imagem e glória de Deus, mas a mulher é a glória do homem.
8 အမျိုးသားသည်အမျိုးသမီးမှဖန်ဆင်း ထားသူမဟုတ်။ အမျိုးသမီးသည်သာလျှင် အမျိုးသားမှဖန်ဆင်းသူဖြစ်၏။-
8 Porque o homem não provém da mulher, mas a mulher do homem.
9 အမျိုးသားကိုအမျိုးသမီးအတွက်ဘုရား သခင်ဖန်ဆင်းတော်မမူ။ အမျိုးသမီးကိုသာ လျှင်အမျိုးသားအတွက်ဖန်ဆင်းတော်မူ၏။-
9 Porque também o homem não foi criado por causa da mulher, mas a mulher por causa do homem.
10 သို့ဖြစ်၍ကောင်းကင်တမန်များကိုထောက် သောအားဖြင့် အမျိုးသမီးသည်မိမိအပေါ် အမျိုးသားအုပ်စိုးခြင်းကိုဖော်ပြရန်မိမိ ဦးခေါင်းကိုအုပ်သင့်၏။-
10 Portanto, a mulher deve ter sobre a cabeça sinal de poderio, por causa dos anjos.
11 သို့ရာတွင်သခင်ဘုရား၏မိတ်သဟာယ အဖွဲ့တွင် အမျိုးသားသည်အမျိုးသမီး ကိုလိုအပ်သကဲ့သို့အမျိုးသမီးသည် လည်းအမျိုးသားကိုလိုအပ်ပေသည်။-
11 Todavia, nem o homem é sem a mulher, nem a mulher sem o homem, no Senhor.
12 အမျိုးသမီးသည်အမျိုးသားမှဖန်ဆင်းသော် လည်း အမျိုးသားသည်အမျိုးသမီးကမွေးဖွား သူဖြစ်၏။ အရာခပ်သိမ်းကိုဖြစ်ပေါ်စေသော အရှင်ကားဘုရားသခင်ပေတည်း။
12 Porque, como a mulher provém do homem, assim também o homem provém da mulher, mas tudo vem de Deus.
13 အမျိုးသမီးသည်ဦးခေါင်းကိုမဖုံးမအုပ် ဘဲစုဝေးဝတ်ပြုခြင်းတွင် ဘုရားသခင်အား ဆုတောင်းပတ္ထနာပြုရန်သင့်တော်သည်မသင့် တော်သည်ကိုသင်တို့ကိုယ်တိုင်စဉ်းစားဆင်ခြင် ကြလော့။-
13 Julgai entre vós mesmos: é decente que a mulher ore a Deus descoberta?
14 ဆံပင်ရှည်သည့်အမျိုးသားအတွက်ရှက်ဖွယ် ရာဖြစ်ကြောင်း၊-
14 Ou não vos ensina a mesma natureza que é desonra para o homem ter cabelo crescido?
15 အမျိုးသမီးအတွက်မှာမူလှပတင့်တယ်ဖွယ် ရာဖြစ်ကြောင်း သဘာဝဋ္ဌမ္မကပင်သွန်သင်ပေး သည်မဟုတ်ပါလော။ ဆံပင်ရှည်ကိုအမျိုး သမီးအားခြုံထည်အဖြစ်ပေးထားခြင်းဖြစ်၏။-
15 Mas ter a mulher cabelo crescido lhe é honroso, porque o cabelo lhe foi dado em lugar de véu.
16 ဤကိစ္စနှင့်ပတ်သက်၍စောဒကတက်လိုသူ အားငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်များ၌လည်းကောင်း ယင်းသို့ ခေါင်းဖုံးအုပ်သည့်ထုံးစံမှလွဲ၍အခြား ထုံးစံမရှိကြောင်းငါဖြေဆိုအံ့။
16 Mas, se alguém quiser ser contencioso, nós não temos tal costume, nem as igrejas de Deus.
17 သို့ရာတွင်အောက်ပါညွှန်ကြားချက်များကို ပေးရာတွင်သင်တို့အားငါမချီးမွမ်း။ သင် တို့၏ဝတ်ပြုခြင်းများသည်ကောင်းကျိုးထက် ဆိုးကျိုးကိုပေးနေ၏။-
17 Nisto, porém, que vou dizer-vos não vos louvo; porquanto vos ajuntais, não para melhor, senão para pior.
18 ပထမအချက်အနေဖြင့်သင်တို့၏အသင်း တော်အစည်းဝေးများ၌ စိတ်ဝမ်းကွဲပြားမှုများ ရှိကြောင်းကိုငါကြားသိရပေသည်။ ကြားရ သည့်အတိုင်းအချို့တစ်ဝက်မှန်လိမ့်မည်။-
18 Porque antes de tudo ouço que, quando vos ajuntais na igreja, há entre vós dissensões; e em parte o creio.
19 (သင်တို့တွင်စိတ်ဝမ်းကွဲပြားမှုကားရှိရ သည်မှန်၏။ သို့ရှိမှသာလျှင်အမှန်ဘက်တွင် ရှိသောသူများကိုပေါ်လွင်ထင်ရှားစေမည်။-)
19 E até importa que haja entre vós heresias, para que os que são sinceros se manifestem entre vós.
20 သင်တို့သည်စုရုံးကြသောအခါသခင် ဘုရား၏ပွဲတော်မင်္ဂလာဝင်ရန်အတွက်မဟုတ်။-
20 De sorte que, quando vos ajuntais num lugar, não é para comer a ceia do Senhor.
21 သင်တို့တစ်ဦးစီသည်ကိုယ့်အစာကိုအလျင် စားကြသဖြင့်ဆာသူကဆာ၊ သေသောက်ကြူး သူကကြူးလျက်ရှိကြသည်။-
21 Porque, comendo, cada um toma antecipadamente a sua própria ceia; e assim um tem fome e outro embriaga-se.
22 သင်တို့တွင်စားသောက်ရန်နေအိမ်မရှိသလော။ သို့တည်းမဟုတ်ဘုရားသခင်၏အသင်းတော် ကိုရှုတ်ချ၍ ဆင်းရဲသူတို့အားအရှက်ခွဲလို ကြသလော။ သင်တို့အားအဘယ်သို့ငါပြောရ မည်နည်း။ သင်တို့ကိုချီးကူးရမည်လော။ ဤ ကိစ္စတွင်အဘယ်နည်းနှင့်မျှမချီးကူးနိုင်။
22 Não tendes porventura casas para comer e para beber? Ou desprezais a igreja de Deus, e envergonhais os que nada têm? Que vos direi? Louvar-vos-ei? Nisto não vos louvo.
23 သင်တို့အားယခုငါပေးအပ်မည့်သွန်သင် ချက်ကိုသခင်ဘုရားထံတော်မှငါရရှိ၏။ ရန်သူ့လက်သို့အပ်နှံခြင်းခံတော်မူသည့် ည၌အရှင်ယေရှုသည်မုန့်ကိုယူ၍၊-
23 Porque eu recebi do Senhor o que também vos ensinei: que o Senhor Jesus, na noite em que foi traído, tomou o pão;
24 ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက်မုန့်ကိုဖဲ့ တော်မူလျက် ``ဤမုန့်ကားသင်တို့အတွက်စွန့် သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုသတိရ ခြင်းငှာဤသို့ပြုကြလော့'' ဟုမိန့်တော်မူ၏။-
24 E, tendo dado graças, o partiu e disse: Tomai, comei; isto é o meu corpo que é partido por vós; fazei isto em memória de mim.
25 ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ဖလားကိုယူတော်မူလျက် ``ဤ ခွက်ဖလားကားငါ၏သွေးနှင့်တံဆိပ်ခတ် သောဘုရားသခင်၏ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ဖလားမှစပျစ်ရည်ကိုသောက်သည့် အခါတိုင်းငါ့ကိုသတိရခြင်းငှာသောက် ကြလော့'' ဟုမိန့်တော်မူ၏။
25 Semelhantemente também, depois de cear, tomou o cálice, dizendo: Este cálice é o novo testamento no meu sangue; fazei isto, todas as vezes que beberdes, em memória de mim.
26 သင်တို့သည်ထိုမုန့်ကိုစား၍ထိုခွက်ဖလား မှစပျစ်ရည်ကိုသောက်သည့်အခါတိုင်းသခင် ဘုရားအသေခံတော်မူကြောင်းကိုကိုယ်တော် ကြွလာတော်မူချိန်တိုင်အောင်ကြေညာကြ၏။-
26 Porque todas as vezes que comerdes este pão e beberdes este cálice anunciais a morte do Senhor, até que venha.
27 သို့ဖြစ်၍မရိုမသေဘဲသခင်ဘုရား၏မုန့် ကိုစား၍ ကိုယ်တော်၏ခွက်ဖလားမှစပျစ် ရည်ကိုသောက်သောသူမည်သည်ကား သခင် ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။-
27 Portanto, qualquer que comer este pão, ou beber o cálice do Senhor indignamente, será culpado do corpo e do sangue do Senhor.
28 ထို့ကြောင့်လူတိုင်းမိမိကိုယ်ကိုစစ်ဆေးပြီးမှ မုန့်ကိုစား၍ ခွက်ဖလားမှစပျစ်ရည်ကိုသောက် စေ။-
28 Examine-se, pois, o homem a si mesmo, e assim coma deste pão e beba deste cálice.
29 မုန့်ကိုစား၍ခွက်ဖလားမှစပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ကိုယ်ခန္ဓာ အနက်အဋ္ဌိပ္ပါယ်ကိုမသိနားမလည်သော သူသည် မိမိအပေါ်အပြစ်ဒဏ်ကျရောက် စေရန်စားသောက်သူဖြစ်၏။-
29 Porque o que come e bebe indignamente, come e bebe para sua própria condenação, não discernindo o corpo do Senhor.
30 ထိုအကြောင်းကြောင့်သင်တို့အထဲတွင်အားအင် ချည့်နဲ့သူနှင့်မကျန်းမမာသူအမြောက်အမြား ရှိပေသည်။ သေသောသူအချို့လည်းရှိ၏။-
30 Por causa disto há entre vós muitos fracos e doentes, e muitos que dormem.
31 ငါတို့သည်မိမိတို့ကိုယ်ကိုပထမဦးစွာစစ် ဆေးကြမည်ဆိုပါမူ ဤသို့ဘုရားသခင်၏ စီရင်တော်မူခြင်းကိုခံရကြလိမ့်မည်မဟုတ်။-
31 Porque, se nós nos julgássemos a nós mesmos, não seríamos julgados.
32 သို့ရာတွင်ငါတို့အားဤသို့ထာဝရဘုရား သခင်စီရင်တော်မူခြင်းမှာ ငါတို့အားလောကီ သားတို့နှင့်အတူအပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်သည်။
32 Mas, quando somos julgados, somos repreendidos pelo Senhor, para não sermos condenados com o mundo.
33 ထို့ကြောင့်ညီအစ်ကိုတို့၊ သခင်ဘုရား၏ပွဲတော် မင်္ဂလာကိုဝင်ရန်စုဝေးကြသောအခါ တစ်ယောက် ကိုတစ်ယောက်စောင့်ဆိုင်းကြလော့။-
33 Portanto, meus irmãos, quando vos ajuntais para comer, esperai uns pelos outros.
34 သင်တို့စုဝေးကြသောအခါတွင်ဘုရားသခင် ၏အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့်ကင်းလွတ် နိုင်စေရန် ဆာမွတ်သောသူသည်မိမိအိမ်တွင် စားသောက်စေ။ အခြားကိစ္စများနှင့်ပတ်သက်၍ ငါလာသည့်အခါဖြေရှင်းမည်။
34 Mas, se algum tiver fome, coma em casa, para que não vos ajunteis para condenação. Quanto às demais coisas, ordená-las-ei quando for.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.