Tiago 4

dnv (DNV) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 နင်လို့တွင် ဆိသော စစ်တိုက်ခြင်းနဲ့ ခိုက်ရန်ဖြစ်ခြင်းလို့ဟ ပစာကျောန့် ဖြစ်လာကြလုန်း။ နင်လို့ထဲနှိုက် ပြိုင်ဆိုင် တိုက်ခိုက်နေကြလဲ့ နင်လို့ရဲ့ ကာမဂုဏ် ခံစားလိုသောစိတ်မှ ဖြစ်လာကြတာ မဟုတ်လော။
1 Donde vêm as guerras e pelejas entre vós? Porventura, não vêm disto, a saber, dos vossos deleites, que nos vossos membros guerreiam?
2 နင်လို့ဟ မိမိလို့ အလိုဆိသောအရာများဟို မရနိန်သဖြင့် လူ့အသက်ဟို သတ်ရန် အသင့်ဆိကြအယ်။ မိမိလို့ ရမ်းဆာ့ လိုလားတောင့်တလဲ့ အရာများဟို မရနိန်သဖြင့် အငြင်းပွားကြအယ်။ နင်လို့ လိုလားသောအရာဟို မရဆိကြလဲ့ အကျောန်းမှာ ဘုရားသခင်ဆေဟို မတောင်းဆှောက်ကြသောကျောန့် ဖြစ်အယ်။
2 Cobiçais e nada tendes; sois invejosos e cobiçosos e não podeis alcançar; combateis e guerreais e nada tendes, porque não pedis.
3 နင်လို့ တောင်းဆှောက်ယွေ့ မရခြင်းမှာ ရည်ရွယ်လွဲမားလျက် မိမိလို့ စည်းစိမ်ခံစားမှုအတွက် သာရင် တောင်းဆှောက်တတ်သောကျောန့် ဖြစ်အယ်။
3 Pedis e não recebeis, porque pedis mal, para o gastardes em vossos deleites.
4 ဖောက်ပြန်သောသူလို့၊ လောကနဲ့ မိတ်ဖွဲ့ခြင်းဟ ဘုရားသခင်ဟို ရန်ဘက်ပြုခြင်း ဖြစ်ကျောန်း နင်လို့ မသိကြသလော။ အဲကျောန့် လောကရဲ့ မိတ်ဆွေ ဖြစ်လိုသောသူဟ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်အယ်။
4 Adúlteros e adúlteras, não sabeis vós que a amizade do mundo é inimizade contra Deus? Portanto, qualquer que quiser ser amigo do mundo constitui-se inimigo de Deus.
5 အဲဟာမဟုတ်ရင် ကျမ်းစာဟ “ကိုယ်တော်သည် ငါလို့နှိုက် ကိန်းဝပ်စေသော ဝိညာဉ်တော်ဟို သဝန်တိုသော သဘောဖြင့် တောင့်တအယ်” ဟု အကျောန်းမဲ့ဆိုထားအယ်ဟု နင်လို့ ထင်ကြသလော။
5 Ou cuidais vós que em vão diz a Escritura: O Espírito que em nós habita tem ciúmes?
6 အားပေမဲ့ ကိုယ်တော်ဟ ရမ်းဆာ့ ကြီးမြတ်သော ကျေးဇူးတော်ဟို ပေးအယ်။ အဲလိုမို့ “ဘုရားသခင်ဟ မာနထောင်လွှားသောသူလို့ဟို ဆန့်ကျင်ယွေ့ နှိမ့်ချသောသူလို့အား ကျေးဇူးတော်ဟို ခံစားစေအယ်” ဟု ဆိုထားအယ်။
6 Antes, dá maior graça. Portanto, diz: Deus resiste aos soberbos, dá, porém, graça aos humildes.
7 အဲကျောန့် ဘုရားသခင်ရဲ့ အလိုတော်ဟို လိုက်ကြလော့။ မာရ်နတ်ဟို ဆီးတားကြလော့။ အဲလိုမို့ သူဟ နင်လို့ဆေမှ ထွက်ပြေးလိမ့်မယ်။
7 Sujeitai-vos, pois, a Deus; resisti ao diabo, e ele fugirá de vós.
8 ဘုရားသခင်ဆေဟို ချဉ်းကပ်ကြလော့။ အဲလိုပြုရင် ကိုယ်တော်ဟ နင်လို့ဆေ ချဉ်းကပ်လိမ့်မယ်။ အပစ်သားလို့၊ နင်လို့ လက်ဟို စင်ကြယ်စေကြလော့။ စိတ်နေခွဆိသောသူလို့၊ နင်လို့ စိတ်နေလုံးဟို သန့်ဆှင်းစေကြလော့။
8 Chegai-vos a Deus, e ele se chegará a vós. Limpai as mãos, pecadores; e, vós de duplo ânimo, purificai o coração.
9 စိတ်ညှိုးငယ်ခြင်း၊ စိတ်မသာညဉ်းတွားခြင်းနဲ့ ငိုကခြင်း ဆိကြလော့။ နင်လို့ရဲ့ ရယ်မောခြင်းဟို စိတ်မသာညဉ်းတွားခြင်း ဖြစ်စေယွေ့ နင်လို့ရဲ့ ဝမ်းမြောက်ခြင်းဟို ဝမ်းနည်းခြင်း ဖြစ်စေကြလော့။
9 Senti as vossas misérias, e lamentai, e chorai; converta-se o vosso riso em pranto, e o vosso gozo, em tristeza.
10 ထာဝရဘုရားဆေ့နှိုက် မိမိတတ်တိုင်း နှိမ့်ချကြလော့။ အဲလိုပြုရင် ကိုယ်တော်ဟ နင်လို့ဟို ချီးမြှောက်လိမ့်မယ်။
10 Humilhai-vos perante o Senhor, e ele vos exaltará.
11 ညီအကို မောင်နှမလို့၊ အချင်းချင်း တယောက်ဟို တယောက် ကဲ့ရဲ့ခြင်းဟို မပြုကြနဲ့။ မိမိညီအကိုဟို ကဲ့ရဲ့ယွေ့ သူရဲ့ အပစ်ဆိတာဟု စီရင်သောသူဟ တရားဟို ကဲ့ရဲ့အယ်။ ပညတ်တရားနှိုက် အပစ်ဆိတာဟု စီရင်အယ်။ အဲလိုပြုရင် နင်ဟ ပညတ်တရားဟို ကျင့်သောသူ မဟုတ်၊ ပညတ်တရားဟို စစ်ကြောစီရင်သောသူ ဖြစ်အယ်။
11 Irmãos, não faleis mal uns dos outros. Quem fala mal de um irmão e julga a seu irmão fala mal da lei e julga a lei; e, se tu julgas a lei, já não és observador da lei, mas juiz.
12 ပညတ်တရားဟို ထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူ တပါးတည်း ဆိအယ်။ အဲသူဟ ကယ်တင်ခြင်းငှာ လည်းကောင်း၊ ဖျက်ဆီးခြင်းငှာ လည်းကောင်း တတ်နိန်အယ်။ သူတပါးဟို စစ်ကြောစီရင်သောသူဟ စသူလုန်း။
12 Há só um Legislador e um Juiz, que pode salvar e destruir. Tu, porém, quem és, que julgas a outrem?
13 “ခနေ့၊ မနက်ခါနှိုက် ဟေမြို့ဟို သွားယွေ့ အဲအရပ်နှိုက် တနှစ်ပတ်လုံးနေလျက် ကုန်သွယ်ကာ အမြတ်ရအောန် လုပ်ကြမယ်” ဟု ဆိုတတ်သောသူလို့၊ အခု နားထောင်ကြလော့။
13 Eia, agora, vós que dizeis: Hoje ou amanhã, iremos a tal cidade, e lá passaremos um ano, e contrataremos, e ganharemos.
14 နင်လို့ဟ မနက်ခါ စလိုဖြစ်မယ်ဟို မသိကြ။ နင်လို့ရဲ့ အသက်ဟ စလိုအရာဖြစ်လုန်း။ နင်လို့ဟ ခေတ္တခဏ ပေါ်လာပင်းနောက် ကွယ်ပျောက် သွားတတ်သော အခိုးအငွေ့ ဖြစ်ကြအယ်။
14 Digo-vos que não sabeis o que acontecerá amanhã. Porque que é a vossa vida? É um vapor que aparece por um pouco e depois se desvanece.
15 အဲကျောန့် “ထာဝရဘုရား အလိုတော်ဆိရင် ငါလို့ဟ အသက်ဆှင်ယွေ့ ဟေအမှု၊ အဲအမှုဟို ပြုကြမယ်” ဟု နင်လို့ ဆိုသင့်အယ်။
15 Em lugar do que devíeis dizer: Se o Senhor quiser, e se vivermos, faremos isto ou aquilo.
16 အခု နင်လို့ဟ မိမိထောင်လွှားခြင်းနှိုက် ဝါကြွားကြသေးအယ်။ အဲသို့သော ဝါကြွားခြင်း ဆိသမျှဟ မကောင်းသောအမှု ဖြစ်အယ်။
16 Mas, agora, vos gloriais em vossas presunções; toda glória tal como esta é maligna.
17 အဲလိုမို့ စသူမဆို ကောင်းသောအမှုဟို လုပ်ဆောင်ရန် သိလျက်နဲ့ မလုပ်ဘဲနေသောသူဟ အပစ်ဆိအယ်။
17 Aquele, pois, que sabe fazer o bem e o não faz comete pecado.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Tiago 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.