Romanos 7

dnv (DNV) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ညီအကို မောင်နှမလို့၊ ပညတ်တရားဟို သိထားသောသူလို့အား ငါပြောတာဟ ပညတ်တရားသည် လူတဦးဟို သူအသက်ဆှင်နေသမျှ ကာလနှိုက်သာ ချုပ်ကိုင်ထားတာဟို နင်လို့ မသိကြသလော။
1 Meus irmãos, vocês todos podem compreender muito bem o que vou dizer. Vocês conhecem as leis e sabem que elas só têm poder sobre uma pessoa enquanto essa pessoa está viva.
2 ဥပမာ အိမ်ထောင်သည် မိန်းမဟ ပညတ်တရားအရ ဖိုးအို အသက်ဆှင်နေသရွေ့ သူနဲ့ အနှောင်အဖွဲ့ ဆိအယ်၊ အဲလိုလဲ ဖိုးအိုသေရင် သူနဲ့ပတ်သက်သော ပညတ်တရားမှ ကင်းလွတ်အယ်။
2 Por exemplo, a mulher casada está ligada pela lei ao marido enquanto ele estiver vivo; mas, se ele morrer, ela estará livre da lei que a liga ao marido.
3 အေးကျောန့် သူဟ မိမိရဲ့ ဖိုးအို အသက်ဆှင်လျက် ဆိပင်း တခြားလူတယောက်နဲ့ ပေါင်းသင်းနေထိန်ပါဟ မျောက်မထားသူလို့ အခေါ်ခံရလိမ့်မယ်။ အဲလိုလဲ သူရဲ့ ဖိုးအိုသေရင် အေးပညတ်တရားနဲ့ လွတ်သွားပီ ဖြစ်ယွေ့ တခြားလူတယောက်နဲ့ လက်ထပ်ရင် မျောက်မထားသူဟု အခေါ်မရတော့ဝူး။
3 De modo que, se ela viver com outro homem enquanto o marido estiver vivo, ela será chamada de adúltera. Mas, se o marido morrer, ela estará legalmente livre e não cometerá adultério se casar com outro homem.
4 အေးနည်းတူ ငါ့ညီအကိုလို့၊ နင်လို့ဟလည်း ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအားဖြင့် ပညတ်တရားအရာနှိုက် သေဆုံးခဲ့ကြပီ၊ အေးစာဟ နင်လို့ဟ အခြားသူတည်းဟူသော သေသောသူလို့ထဲမှ ထမြောက်သောအဆှင်နဲ့ သက်ဆိုင်သောသူများ ဖြစ်လာကြပင်း ဘုရားသခင်အတွက် အသီးများ ဖြစ်ထွန်းစေရန် ဖြစ်အယ်။
4 O mesmo acontece com vocês, meus irmãos. Do ponto de vista da lei, vocês também já morreram, pois são parte do corpo de Cristo. E agora pertencem a ele, que foi ressuscitado para que nós possamos viver uma vida útil no serviço de Deus.
5 အကျောန်းမှာ ငါလို့ဟ လူ့ဇာတိသဘောအရ အသက်ဆှင်နေကြသောအခါ ပညတ်တရားကျောန့် ဖြစ်ပေါ်လာလဲ့ ပြင်းပြသော အပစ် လုပ်ချင်စိတ်ဟ ငါလို့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေပင်း ငါလို့ သေခြင်းနှိုက် အဆုံးသတ်သွားအယ်။
5 Pois, quando vivíamos de acordo com a nossa natureza humana, os maus desejos despertados pela lei agiam em todo o nosso ser e nos levavam para a morte.
6 အခု ငါလို့ဟို တုတ်ချေထားလဲ့ ပညတ်တရားအရာနှိုက် သေဆုံးခဲ့ကြပင်း ပညတ်တရားမှ လွတ်မြောက်ခွင့်ရကြပီ ဖြစ်ယွေ့ အက္ခရာတင်ထားသော တရားရဲ့ နည်းလမ်းဟောင်းအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်ရဲ့ နည်းလမ်းသစ်အားဖြင့် အစေခံလျက် ဆိကြအယ်။
6 Porém agora estamos livres da lei porque já morremos para aquilo que nos mantinha prisioneiros. Por isso somos livres para servir a Deus não da maneira antiga, obedecendo à lei escrita, mas da maneira nova, obedecendo ao Espírito de Deus.
7 အဲလို့ဖြစ်ရင် ငါလို့ စလိုဟောရမလော၊ ပညတ်တရားဟ အပစ်ဖြစ်သလော။ လုံးလုံးဟုတ်ဝူး။ အဲလိုလဲ ပညတ်တရားဟ အပစ် စလိုလည်းဆိုတာ ငါလို့ဟို သိစေခဲ့အယ်။ အကယ်ယွေ့ ပညတ်တရားဟ “သူတပါးပိုင်လဲ့ အရာတစုံတခုဟို မတပ်မက်ကြနဲ့” ဟု မပြောရင် အေးလို့သော ဆန္ဒဟို ငါလို့ သိဆိလိမ့်မယ် ဟုတ်မောင့်လဲ့။
7 O que vamos dizer então? Que a própria lei é pecado? É claro que não! Mas foi a lei que me fez saber o que é pecado. Pois eu não saberia o que é a cobiça se a lei não tivesse dito: “Não cobice.”
8 အဲလိုလဲ အေးပညတ်တရားအားဖြင့် အပစ်ဟ ငါလို့နှိုက် တကိုယ်ကောင်းဆန်လဲ့ ဆန္ဒများဟို နှိုးဆွရန် အခွင့်အရေးရဆိခဲ့အယ်။ ပညတ်တရား မဆိရင် အပစ်တရားဟာ သေလျက်နေအယ်။
8 Porém o pecado se aproveitou dessa lei para despertar em mim todo tipo de cobiça. Porque, se não existe a lei, o pecado é uma coisa morta.
9 ငါတတ်တိုင်း ပညတ်တရားရဲ့ ဆိတ်ကွယ်ရာအရပ်မှာ အသက်ဆှင်ခဲ့အယ်။ အဲလိုလဲ ပညတ်တရား ပေါ်လာသောအခါ အပစ်တရားဟ ဆှင်ပြန်ပင်း၊
9 Pois houve um tempo em que eu não conhecia a lei e estava vivo. Mas, quando fiquei conhecendo o mandamento, o pecado começou a viver,
10 အေးနောက် ငါသေရအယ်။ အသက်ဆှင်ခြင်းဟို ရောက်ဖို့ ပညတ်တရားဟ ငါနှိုက် သေလေအယ်။
10 e eu morri. E o próprio mandamento que me devia trazer a vida me trouxe a morte.
11 အပစ်တရားဟ အေးအခွင့်အရေးဟို ရဆိခဲ့ပင်း ငါ့ဟို လိမ်စားယွေ့ ပညတ်တော်အားဖြင့် ငါ့ဟို သတ်လေအယ်။
11 Porque o pecado, aproveitando a oportunidade dada pelo mandamento, me enganou e, por meio do mandamento, me matou.
12 အေးကျောန့် ပညတ်တရားဟ သန့်ဆှင်းအယ်၊ ပညတ်တော်ဟလည်း သန့်ဆှင်းခြင်း၊ မန်ကန်ခြင်းနဲ့ ကောင်းမြတ်အယ်။
12 Assim a lei vem de Deus; e o mandamento também vem de Deus, diz o que é certo e é bom.
13 အဲလို့မို့ ကောင်းမြတ်သောအရာဟ ငါ့အတွက် သေခြင်းအကျောန်းဖြစ်သလော။ လုံးလုံး ဟုတ်ဝူး။ ငါ့အတွက် သေခြင်းအကျောန်း ဖြစ်သောအရာမှာ အပစ်ပင် ဖြစ်ယွေ့ အပစ်ဟ အပစ်ဖြစ်ကျောန်း ထင်ဆှားစေရန် ဟေကောင်းမြတ်သောအရာအားဖြင့် ငါနှိုက် သေခြင်းဟို ဖြစ်ပေါ်စေအယ်။ အေးလို့ဖြင့် အပစ်ဟ ပညတ်တော်အားဖြင့် အတိုင်းထက်အလွန် အပစ်များသောအရာ ဖြစ်လာအယ်။
13 Então será que o que é bom me levou à morte? É claro que não! Foi o pecado que fez isso. Pois o pecado, usando o que é bom, me trouxe a morte para que ficasse bem claro aquilo que o pecado realmente é. E assim, por meio do mandamento, o pecado se mostrou mais terrível ainda.
14 ပညတ်တရားဟ ဝိညာဉ်ရေးရာနဲ့ ဆိုင်ကျောန်း ငါလို့ သိကြအယ်၊ အဲလိုလဲ ငါဟ သွေးသားဇာတိနှိုက် ဆိသူဖြစ်ပင်း အပစ်တရားလက်နှိုက် ကျေးကျွန် ဖြစ်အယ်။
14 Sabemos que a lei é divina; mas eu sou humano e fraco e fui vendido ao pecado para ser seu escravo.
15 ငါ့ပစာလုပ်လဲဆိုတာဟို ငါ့တတ်တိုင်း နားမလည်၊ အကျောန်းမှာ ငါဟ ကျင့်ချင်သော အကျင့်ဟို မကျင့်ဘဲ ငါမုန်းလဲ့အရာဟိုသာ လုပ်သောကျောန့် ဖြစ်အယ်။
15 Eu não entendo o que faço, pois não faço o que gostaria de fazer. Pelo contrário, faço justamente aquilo que odeio.
16 ငါဟ မိမိမလုပ်ချင်သော အရာများဟို လုပ်ကတည်းဟ အဲပညတ်တရားဟ မန်တယ်လို့ ငါသဘောတူတယ် ဆိုတာဟို ပြသအယ်။
16 Se faço o que não quero, isso prova que reconheço que a lei diz o que é certo.
17 အေးကျောန့် ငါတကယ် ဟေအမှုဟို ပြုသောသူ မဟုတ်၊ ငါ့အထဲနှိုက် နေသော အပစ်တရားဟ ပြုစေအယ်။
17 E isso mostra que, de fato, já não sou eu quem faz isso, mas o pecado que vive em mim é que faz.
18 ငါ့အသက်ဆှင်လဲ့ အထဲမှာ ကောင်းသောအရာ မဆိကျောန်းဟို ငါ သိအယ်၊ အေးအရာဟ ငါရဲ့ လူ့သဘောသဘာဝ ဖြစ်အယ်။ အကျောန်းမှာ ကောင်းသော အကျင့်ဟို ငါကျင့်ချင်သောအခါ ငါ အဲဒါဟို လုပ်လို့ မရဘူး။
18 Pois eu sei que aquilo que é bom não vive em mim, isto é, na minha natureza humana. Porque, mesmo tendo dentro de mim a vontade de fazer o bem, eu não consigo fazê-lo.
19 ငါဟ လုပ်ချင်သော အကျင့်ကောင်းဟို မကျင့်၊ အဲအစား ငါ မကျင့်ချင်သော အကျင့်ဆိုးဟို ကျင့်အယ်။
19 Pois não faço o bem que quero, mas justamente o mal que não quero fazer é que eu faço.
20 ငါမလုပ်ချင်တာဟိုလုပ်ရင် အေးဟာဟ ငါတတ်တိုင်းလုပ်တာ မဟုတ်။ အဲအစား ငါ့အထဲနှိုက်နေသော အပစ်တရားဟ ပြုလုပ်အယ်။
20 Mas, se faço o que não quero, já não sou eu quem faz isso, mas o pecado que vive em mim é que faz.
21 အေးကျောန့် ပညတ်တရားဟာ အလုပ်ဖြစ်နေပီ ဆိုတာဟို ငါ တွေ့ဆိခဲ့အယ်၊ ငါကောင်းသောအမှုဟို ပြုလိုသောအခါ၊ မကောင်းသောအကျင့်ဟို ငါ ကျင့်ချင်သောစိတ် ဆိအယ်။
21 Assim eu sei que o que acontece comigo é isto: quando quero fazer o que é bom, só consigo fazer o que é mau.
22 ငါရဲ့ အတွင်းစိတ်ဟ ဘုရားသခင်ရဲ့ ပညတ်တရားနှိုက် မွေ့လျော်ပါအယ်။
22 Dentro de mim eu sei que gosto da lei de Deus.
23 အဲလိုလဲ ငါ့ရဲ့ ခန္ဓာကိုယ် အထဲမှာဆိလဲ့ အခြား ပညတ်တရား အလုပ်တခုဟို ငါ မျော်ရအယ်၊ ငါ့ရဲ့ စိတ်ထဲမှ လက်ခံလဲ့ ပညတ်နဲ့ ဆန့်ကျင်သော ပညတ် ဖြစ်အယ်။ ၎င်းဟ ငါ့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေလဲ့ အပစ်တရားရဲ့ ပညတ်တရားဟို အကျဉ်းကျစေအယ်။
23 Mas vejo uma lei diferente agindo naquilo que faço, uma lei que luta contra aquela que a minha mente aprova. Ela me torna prisioneiro da lei do pecado que age no meu corpo.
24 ငါဟ မပျော်ရွင်လဲ့ လူပါလား၊ ငါ့ဟို သေစေတတ်သော ဟေခန္ဓာကိုယ်မှ ငါ့ဟို စသူ ကယ်တင်နိန်မှာလုန်း။
24 Como sou infeliz! Quem me livrará deste corpo que me leva para a morte?
25 ငါလို့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်လွှတ်သော ဘုရားသခင်ရဲ့ ကျေးဇူးဟ ကြီးလှပေအယ်။
25 Que Deus seja louvado, pois ele fará isso por meio do nosso Senhor Jesus Cristo! Portanto, esta é a minha situação: no meu pensamento eu sirvo à lei de Deus, mas na prática sirvo à lei do pecado.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.