Romanos 1
dnv (DNV) vs NVI
1 ဘုရားသခင်ရဲ့ သတင်းကောင်းအတွက် ရွေးချယ်ခြင်း ခံရယွေ့ တမန်တော်အဖြစ် ခေါ်ယူခြင်း ခံရသော ခရစ်တော် ယေရှုရဲ့ အစေခံ ငါ ပေါလုဟ စာရေးလိုက်ပါအယ်။
1 Paulo, servo de Cristo Jesus, chamado para ser apóstolo, separado para o evangelho de Deus,
2 မခင်အခါတည်းဟ ဘုရားသခင်ဟ သူရဲ့ ပရောဖက်များအားဖြင့် အေးသတင်းကောင်းဟို ကတိထားခဲ့ကျောန်း သန့်ဆှင်းသော ကျမ်းစာနှိုက် ရေးသားခဲ့ကျောန်း ဖော်ပြအယ်။
2 o qual foi prometido por ele de antemão por meio dos seus profetas nas Escrituras Sagradas,
3 အေးအကျောန်းအရာဟ သူရဲ့ သားတော် ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အကျောန်း ဖြစ်အယ်။ အဲသူဟ လူ့ဇာတိအားဖြင့် ဒါဝိဒ်အမျိုးနွယ်မှ မွေးဖွားအယ်။
3 acerca de seu Filho, que, como homem, era descendente de Davi,
4 သန့်ဆှင်းစေသော ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်းဟို ထင်ဆှားစေဖို့အတွက် ဘုရားသခင်ဟ ကြီးမြတ်သော တန်ခိုးတော်အားဖြင့် သခင် ယေရှု ခရစ်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေအယ်။
4 e que mediante o Espírito de santidade foi declarado Filho de Deus com poder, pela sua ressurreição dentre os mortos: Jesus Cristo, nosso Senhor.
5 အေးသခင်ရဲ့ နာမတော်အတွက် လူမျိုးအပေါင်းလို့ထဲတွင် ယုံကြည်ခြင်းနဲ့ဆိုင်သော နာခံမှုဆိစေရန် ကျေးဇူးတော်ဟို လည်းကောင်း၊ တမန်တော်ဖြစ်ခြင်း အခွင့်ဟို လည်းကောင်း၊ ကိုယ်တော်အားဖြင့် ငါလို့ ရဆိကြအယ်။
5 Por meio dele e por causa do seu nome, recebemos graça e apostolado para chamar dentre todas as nações um povo para a obediência que vem pela fé.
6 ရောမမြို့နှိုက်ဆိသော နင်လို့အပေါင်းဟလည်း ယေရှု ခရစ်တော်နဲ့ သက်ဆိုင်မဲ့အကျောန်း ဘုရားသခင်ရဲ့ ခေါ်ယူခြင်း ခံရသူများထဲတွင် ပါဝင်ကြအယ်။
6 E vocês também estão entre os chamados para pertencerem a Jesus Cristo.
7 ဘုရားသခင် ချစ်ယွေ့ သန့်ဆှင်းသူများအဖြစ် ခေါ်ယူသော ရောမမြို့သူ မြို့သားအပေါင်းလို့ဆေ ဟေစာဟို ငါ ရေးလိုက်ပါအယ်၊
7 A todos os que em Roma são amados de Deus e chamados para serem santos: A vocês, graça e paz da parte de Deus nosso Pai e do Senhor Jesus Cristo.
8 နင်လို့ရဲ့ ယုံကြည်ခြင်းဟ ကမ္ဘာတဝန်းလုံးတွင် ကျော်ကြားလျက် ဆိသောကျောန့် ငါဟ နင်လို့အားလုံးအတွက် ငါရဲ့ ဘုရားသခင်ဟို ယေရှု ခရစ်တော်အားဖြင့် ပထမဦးစွာ ကျေးဇူးတင်အယ်။
8 Antes de tudo, sou grato a meu Deus, mediante Jesus Cristo, por todos vocês, porque em todo o mundo está sendo anunciada a fé que vocês têm.
9 ဟေအကျောန်းအရာနဲ့ ပတ်သက်ယွေ့ ငါ့အတွက် သက်သေခံပေးသူမှာ သားတော်ရဲ့ သတင်းကောင်းဟို ဟောပြောခြင်းနှိုက် စိတ်နေလုံး အကြွင်းမဲ့ အစေခံသော ဘုရားသခင်ဟ ငါ့ရဲ့ သက်သေ ဖြစ်အယ်။
9 Deus, a quem sirvo de todo o coração pregando o evangelho de seu Filho, é minha testemunha de como sempre me lembro de vocês
10 ဘုရားသခင် အလိုဆိပါက မကြာခင် နင်လို့ဆိရာဟို ငါ လာရလဲ့အခွင့် တခုခုဆိမဲ့အကျောန်း အချိန်တိုင်း ငါ ဆုတောင်းနေအယ်။
10 em minhas orações; e peço que agora, finalmente, pela vontade de Deus, seja-me aberto o caminho para que eu possa visitá-los.
11 အကျောန်းမှာ နင်လို့ ယုံကြည်ခြင်းနှိုက် ခိုင်မြဲမဲ့အကျောန်း နင်လို့အား ဝိညာဉ်ဆုကျေးဇူးဟို ဝေမျှလိုသဖြင့် ငါဟ နင်လို့ဟို ရမ်းဆာ့ တွေ့ချင်ပါအယ်။
11 Anseio vê-los, a fim de compartilhar com vocês algum dom espiritual, para fortalecê-los,
12 အေးစာဟ နင်လို့နဲ့အတူဆိခါ နင်လို့နဲ့ ငါ နေဦးနေဖက်ရဲ့ ယုံကြည်ခြင်းအားဖြင့် ခွန်အားပေးမှုဟို အတူတကွ ခံစားနိန်ရန် ဖြစ်အယ်။
12 isto é, para que eu e vocês sejamos mutuamente encorajados pela fé.
13 ငါရဲ့ မိတ်ဆွေလို့ နင်လို့ဆေဟို အလည်လာဖို့ အကြိမ်များစွာ စီစဉ်ခဲ့သော်လည်း အခုတိုင်အောန် တားဆီးခြင်းခံရကျောန်းဟို နင်လို့သိဖို့ ငါ အလိုဆိအယ်။ အခြားတပါးသော တပါးအမျိုးသားလို့တွင် အောင်မြင်သလိုမျိုး နင်လို့တွင် ပြောင်းလဲခြင်းဟို ငါ အလိုဆိအယ်ဖြစ်ကျောန်း နင်လို့ဟ သတိရရမယ်။
13 Quero que vocês saibam, irmãos, que muitas vezes planejei visitá-los, mas fui impedido de fazê-lo até agora. Meu propósito é colher algum fruto entre vocês, assim como tenho colhido entre os demais gentios.
14 ယဉ်ကျေးသူ ဖြစ်စေ၊ ရိုင်းပျသူ ဖြစ်စေ၊ ပညာတတ် ဖြစ်စေ၊ ပညာမဲ့ ဖြစ်စေ၊ လူအပေါင်းလို့ရဲ့ သတင်းကောင်းပြောရမဲ့ အကြွေးဟ ငါနှိုက်တင်လျက် ဆိအယ်။
14 Sou devedor tanto a gregos como a bárbaros, tanto a sábios como a ignorantes.
15 အေးကျောန့် ရောမမြို့နှိုက်နေသော နင်လို့ဟိုလည်းဘဲ သတင်းကောင်းဟို ဟောပြောရန် စေတနာစိတ် ဆိအယ်။
15 Por isso estou disposto a pregar o evangelho também a vocês que estão em Roma.
16 ငါဟ သတင်းကောင်းတရားအတွက် ဆှက်ကြောက်ခြင်း မဆိ၊ အေးအရာဟ ဦးရင်ဆုံး ယုဒလူနောက်မှာ လူမျိုးခြား ယုံကြည်သူ အားလုံးဟို ကယ်တင်သော ဘုရားသခင်ရဲ့ တန်ခိုး ဖြစ်အယ်။
16 Não me envergonho do evangelho, porque é o poder de Deus para a salvação de todo aquele que crê: primeiro do judeu, depois do grego.
17 အကျောန်းမှာ “ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်လိမ့်မယ်” ဟု ကျမ်းစာနှိုက်ရေးထားလဲ့အတိုင်း ယုံကြည်ခြင်းအပေါ် အခြေခံလျက် ယုံကြည်ခြင်းသို့ ပို့ဆောင်လဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားဟ ဟေသတင်းကောင်းတရားနှိုက် ထင်ဆှားလျက်ဆိအယ်။
17 Porque no evangelho é revelada a justiça de Deus, uma justiça que do princípio ao fim é pela fé, como está escrito: "O justo viverá pela fé".
18 ဘုရားသခင်ရဲ့ အမျက်တော်ဟ ခေါန်းခင်မှ ထင်ဆှားလျက် သမ္မာတရားဟို မတရားမှုဖြင့် တားဆီးပိတ်ပင်သော လူလို့ရဲ့ ဘုရားတရားမဲ့ခြင်းနဲ့ မတရားမှု အလုံးစုံလို့ အပေါ်သို့ သက်ရောက်အယ်။
18 Portanto, a ira de Deus é revelada do céu contra toda impiedade e injustiça dos homens que suprimem a verdade pela injustiça,
19 အေးသူလို့အား ဘုရားသခင်တတ်တိုင်း ဆှင်းလင်းစွာ ဖော်ပြသဖြင့် ကိုယ်တော်ရဲ့ အကျောန်းနဲ့ ပတ်သက်ပင်း သိနိန်ခွင့်ဆိသမျှသော အကျောန်းအရာလို့ဟို ဆှင်းလင်းစွာ သိရအယ်။
19 pois o que de Deus se pode conhecer é manifesto entre eles, porque Deus lhes manifestou.
20 ဘုရားသခင်ဟ ဟေလောကဟို ဖန်ဆင်းချိန်မှစယွေ့ သူရဲ့ မမျော်ရလဲ့ ဂုဏ်အင်္ဂါများ တည်းဟူသော ထာဝရတန်ခိုးနဲ့ ဘုရားဖြစ်ခြင်းလို့ဟ ဖန်ဆင်းသော အရာများဟို ထောက်ရှုပင်း ဆှင်းလင်းစွာ မျော်ခဲ့ရအယ်။ အေးလိုမို့ လူတွေဟ ဆင်ခြေပေးစရာ လုံးဝ မဆိတော့ပေ။
20 Pois desde a criação do mundo os atributos invisíveis de Deus, seu eterno poder e sua natureza divina, têm sido vistos claramente, sendo compreendidos por meio das coisas criadas, de forma que tais homens são indesculpáveis;
21 သူလို့ဟ ဘုရားသခင်ဟို သိကြသော်လည်း ကိုယ်တော်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းသင့်လဲ့အတိုင်း မချီးမွမ်းကြ၊ ကျေးဇူးတင်သင့်လဲ့ အတိုင်း မတင်ကြပေ။ အဲအစား အကျိုးမဲ့သော အရာများဟိုသာ တွေးတောဆင်ခြင်လျက် နေကြပင်း သူလို့ရဲ့ စိတ်နေလုံး မိုက်မဲခြင်းဟလည်း မိုက်ယွေ့ နေအယ်။
21 porque, tendo conhecido a Deus, não o glorificaram como Deus, nem lhe renderam graças, mas os seus pensamentos tornaram-se fúteis e os seus corações insensatos se obscureceram.
22 သူလို့ဟ ကိုယ့်ကိုယ်ကို ပညာဆိအယ်လို့ ဟောကြပေမဲ့လည်း သူလို့ဟ ပညာမဲ့သူများ ဖြစ်ကြအယ်။
22 Dizendo-se sábios, tornaram-se loucos
23 သူလို့ဟ မသေနိန်သော ဘုရားသခင်ဟို ကိုးကွယ်ရမဲ့အစား သေတတ်သောလူ၊ ငက်များ၊ အကောင်များ၊ တွားတတ်သော သတ္တဝါများနဲ့ တူလဲ့ ရုပ်တုများဟို သူလို့ ဝတ်ပြုကိုးကွယ်ကြအယ်။
23 e trocaram a glória do Deus imortal por imagens feitas segundo a semelhança do homem mortal, bem como de pássaros, quadrúpedes e répteis.
24 အေးကျောန့် ဘုရားသခင်ဟ သူလို့ရဲ့ စိတ်နေလုံး ဆန္ဒများဖြစ်လဲ့ စုတ်ပဲ့သောအရာများဟို ပြုလုပ်ရန် လူလို့အား ပေးခဲ့ပင်း သူလို့ဟ အချင်းချင်းအား ခန္ဓာကိုယ်ဟို ဆှက်စရာကောင်းလဲ့ အရာများဟို ပြုလုပ်ခဲ့အယ်။
24 Por isso Deus os entregou à impureza sexual, segundo os desejos pecaminosos dos seus corações, para a degradação dos seus corpos entre si.
25 သူလို့ဟ ဘုရားသခင်နဲ့ ပတ်သက်လဲ့ အမန်တရားကို လိမ်လည်လှည့်စားခြင်းနဲ့ လဲလှယ်ပင်း သူလို့ဟ ထာဝရကာလတိုင်အောန် ချီးမွန်း ကိုးကွယ်ရမဲ့ ဖန်ဆင်းဆှင်ဟို ပယ်လောယွေ့ ဖန်ဆင်းထားသော အရာများဟို ကိုးကွယ်ကြအယ်။
25 Trocaram a verdade de Deus pela mentira, e adoraram e serviram a coisas e seres criados, em lugar do Criador, que é bendito para sempre. Amém.
26 သူလို့ဟ အေးလို့ လုပ်ကြသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ဆှက်ဖို့ကောင်းလဲ့ ကိလေသာ လက်ဟို အပ်လိုက်အယ်။ သူလို့ထဲမှ မိန်းမများပင် သဘာဝများဟို ဆန့်ကျင်ပင်း သဘာဝမဟုတ်လဲ့ အပြုမူများဘက်ဟို လိုက်ကြအယ်။
26 Por causa disso Deus os entregou a paixões vergonhosas. Até suas mulheres trocaram suas relações sexuais naturais por outras, contrárias à natureza.
27 အေးနည်းအတိုင်း ယောက်ျားလို့ဟလည်း မိန်းမနဲ့ သဘာဝအတိုင်း ဆက်ဆံမှုဟို မပြုဘဲ ယောက်ျားအချင်းချင်း ကိလေသာစိတ် ဆိကြအယ်၊ ယောက်ျားလို့ဟ အချင်းချင်း ဆှက်ဖွယ်သောအမူလို့ဟို လုပ်ကြသဖြင့် မိမိလို့မားယွင်းလဲ့ အကျင့်အတွက် အပစ်ဒဏ်ဟို သူလို့တတ်တိုင်း ခံရကြအယ်။
27 Da mesma forma, os homens também abandonaram as relações naturais com as mulheres e se inflamaram de paixão uns pelos outros. Começaram a cometer atos indecentes, homens com homens, e receberam em si mesmos o castigo merecido pela sua perversão.
28 အေးမှတပါး သူလို့ဟ ဘုရားသခင်ဟို မသိမှတ်လိုသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ယုတ်ညံ့သော စိတ်ဆေဟို အပ်လိုက်သဖြင့် သူလို့ဟ မပြုအပ်သောအရာများဟို ပြုကြကုန်အယ်။
28 Além do mais, visto que desprezaram o conhecimento de Deus, ele os entregou a uma disposição mental reprovável, para praticarem o que não deviam.
29 သူလို့ဟ အမျိုးမျိုးသော ဆိုးယုတ်မိုက်မဲခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက်ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်စားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စလဲ့ အပစ်များဟို ကျူးလွန်ကြအယ်။ သူလို့ဟ အတင်းတုတ်ကြအယ်၊
29 Tornaram-se cheios de toda sorte de injustiça, maldade, ganância e depravação. Estão cheios de inveja, homicídio, rivalidades, engano e malícia. São bisbilhoteiros,
30 တခြားသောသူဟို မကောင်းသော စကားများဟို ပြောကြအယ်၊ ဘုရားသခင်ဟို မုန်းသောသူ၊ စော်ကားသောသူ၊ မာန်မာန ထောင်လွှားသောသူ၊ ဝါကြွားသောသူများ ဖြစ်ကြအယ်၊ မကောင်းလဲ့အရာများဟို စဉ်းစားတတ်ကြအယ်၊ မိမိလို့ရဲ့ မိဘစကားဟို နားမထောင်ကြ။
30 caluniadores, inimigos de Deus, insolentes, arrogantes e presunçosos; inventam maneiras de praticar o mal; desobedecem a seus pais;
31 အသိတရား မဆိကြ၊ သူလို့ဟ ကတိမတည်ကြ၊ သူလို့ဟ သနားကြင်နာစိတ် မဆိကြ။
31 são insensatos, desleais, sem amor pela família, implacáveis.
32 အေးလို့သော အကျင့်ဆိသူလို့ဟ သေပစ် ခံထိုက်တာဟို ဘုရားသခင် စီရင်ကျောန်းဟို သူလို့ သိလျက်ပင် မိမိတတ်တိုင်း ဟေအမှုများဟို ဆက်လက်ယွေ့ ကျင့်ယုံမကဘဲ၊ အေးလို့ ပြုကြသူများဟိုလည်း အားပေးအားမြောက် လုပ်ကြအယ်။
32 Embora conheçam o justo decreto de Deus, de que as pessoas que praticam tais coisas merecem a morte, não somente continuam a praticá-las, mas também aprovam aqueles que as praticam.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.