Romanos 15

dnv (DNV) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 အားဆိသော ငါလို့ဟ ကိုယ့်အလိုဟို မလိုက်၊ အားနည်းသော သူလို့ရဲ့ အားနည်းခြင်းဟို သည်းခံရမယ်။
1 Ora, nós que somos fortes na fé temos de suportar as debilidades dos fracos e não agradar a nós mesmos.
2 ငါလို့ တယောက်ချင်းစီဟ အိုင်နီးချင်းများအား သူလို့ရဲ့ ကောင်းကျိုးအတွက် သူလို့ဟို တည်ဆောက်ပေးသင့်အယ်။
2 Portanto, cada um de nós agrade ao próximo no que é bom para edificação.
3 အကျောန်းမှာ ခရစ်တော်ဟ မိမိနှစ်သက်လဲ့အတိုင်း မပြုခဲ့ပေ။ အဲအစား ကျမ်းစာလာလဲ့အတိုင်း “ကိုယ်တော်ဟို ကဲ့ရဲ့သော သူလို့ရဲ့ စကားဟ ငါ့အပေါ်ဟို ရောက်အယ်” ဟု ဖြစ်အယ်။
3 Porque também Cristo não agradou a si mesmo; pelo contrário, como está escrito: “Os insultos dos que te insultavam caíram sobre mim.”
4 အကျောန်းမှာ ကျမ်းစာနှိုက် ရေးသားခဲ့လဲ့ အရာအားလုံးဟာ ငါလို့ဟို သင်ပေးဖို့ ရေးထားတာပါ၊ အေးကျောန့် ကျမ်းစာနှိုက်ပါသော သည်းခံခြင်းနဲ့ ခွန်အားပေးခြင်းအားဖြင့် ငါလို့ မျော်လင့်ချက် ဆိရန် ဖြစ်အယ်။
4 Pois tudo o que no passado foi escrito, para o nosso ensino foi escrito, a fim de que, pela paciência e pela consolação das Escrituras, tenhamos esperança.
5 သည်းခံခြင်းနဲ့ ခွန်အားပေးခြင်းဟို ပေးသော ဘုရားသခင်ဟ ယေရှု ခရစ်တော်ဟို စံနမူနာ လိုက်ခြင်းအားဖြင့် နင်လို့ဟ တညီတညွတ်တည်း ဖြစ်နိန်ခြင်း အလိုငှာ ကူမပါစေ။
5 Ora, o Deus da paciência e da consolação lhes conceda o mesmo modo de pensar de uns para com os outros, segundo Cristo Jesus,
6 အဲကျောန့် နင်လို့ဟ ငါလို့ အဆှင် ယေရှု ခရစ်တော်ရဲ့ အဖတည်းဟူသော ဘုရားသခင်ဟို တညီတညွတ်တည်း စလောင်ဖြင့် ဂုဏ်တော်ဟို ချီးမွန်းနိန်ကြလိမ့်မယ်။
6 para que vocês, unânimes e a uma só voz, glorifiquem o Deus e Pai de nosso Senhor Jesus Cristo.
7 ခရစ်တော်ဟ နင်လို့ဟို လက်ခံသလိုမျိုး ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ဆှားဖို့အတွက် နင်လို့ဟလည်း အချင်းချင်း တယောက်ဟို တယောက် လက်ခံကြလော့။
7 Portanto, acolham uns aos outros, como também Cristo acolheu vocês para a glória de Deus.
8 ဘုရားသခင်ဟ ကတိတည်သောသူ ဖြစ်ကျောန်း ပြသရန်၊ သူလို့ရဲ့ ဖိုးဖေးလို့အား သူရဲ့ ကတိ မန်ကန်လာဖို့ ပြုလုပ်ရန် ခရစ်တော်ရဲ့ ဖဝါ့အသက်တာ အစေခံခြင်းဟို ယုဒအမျိုးသားလို့ရဲ့ အကျိုးအတွက် ဆောင်ရွက်တာလို့ ငါဆိုအယ်။
8 Pois digo que Cristo foi constituído ministro da circuncisão, em prol da verdade de Deus, para confirmar as promessas feitas aos nossos pais
9 ဘုရားသခင်ရဲ့ ကရုဏာဟို လူမျိုးခြားလို့ဟ ချီးမွန်းနိန်ကြစေရန် အတွက်လည်း ဆောင်ရွက်အယ်။ ကျမ်းစာအရ၊
9 e para que os gentios glorifiquem a Deus por causa da sua misericórdia, como está escrito: “Por isso, eu te glorificarei entre os gentios e cantarei louvores ao teu nome.”
10 နောက်တခါ ထပ်ပြောတာဟ၊
10 E também diz: “Alegrem-se, ó gentios, com o povo de Deus.”
11 နောက်တခါ
11 E ainda: “Louvem o Senhor, todos vocês, gentios, e todos os povos o louvem.”
12 ပင်းနောက် ဟေရှာယဟ၊
12 Também Isaías diz: “Virá a raiz de Jessé, aquele que se levanta para governar os gentios; nele os gentios esperarão.”
13 နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။
13 E o Deus da esperança encha vocês de toda alegria e paz na fé que vocês têm, para que sejam ricos de esperança no poder do Espírito Santo.
14 ငါ့ ညီအကို မောင်နှမလို့၊ ကောင်းမြတ်ခြင်းနဲ့ ပြေ့စုံတယ်လို့ ငါ့တတ်တိုင်း သေချာ သိရအယ်၊ နင်လို့မှာ ဗဟုသုတအားလုံး ဆိပင်း၊ တယောက်ဟို တယောက် သင်ပေးနိန်ကျောန်းဟို ငါ ယုံကြည်အယ်။
14 E eu mesmo, meus irmãos, estou certo de que vocês estão cheios de bondade, têm todo o conhecimento e são aptos para admoestar uns aos outros.
15 အဲလိုလဲ အေးစာထဲမှာ နင့်ဟို ငါဟ သတိပေးထားတဲ့ တချို့ အကျောန်းအရာတွေနဲ့ ပတ်သက်ပင်း အတော်လေး ရဲရင့်ခဲ့အယ်။
15 Entretanto, eu lhes escrevi, em parte mais ousadamente, como para fazer com que vocês se lembrem disso outra vez, por causa da graça que me foi dada por Deus,
16 လူမျိုးခြားများအတွက် ငါ့ဟို ခရစ်တော် ယေရှုရဲ့ အမှုတော်ဟို ထမ်းဆောင်သူ ဖြစ်စေအယ်။ ဘုရားသခင်ရဲ့ ကောင်းမြတ်သော သတင်းနဲ့ဆိုင်လဲ့ ယဇ်ပုရောဟိတ် အမှုဟို ဆောင်ရွက်စေပင်း အေးလူမျိုးခြားလို့ဟို သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် သန့်ဆှင်းစေခြင်း ခံရလဲ့ နှစ်သက်လက်ခံဖွယ် ပူဇော်သကာ ဖြစ်စေရန် ငါ့အား ဘုရားသခင် ပေးလဲ့ ကျေးဇူးတော်အားဖြင့် နင်လို့ဟို တဖန် သတိပေးရန် အချို့အပိုင်းနှိုက် ငါရဲဝံ့စွာ ရေးခဲ့အယ်။
16 para que eu seja ministro de Cristo Jesus entre os gentios, no sagrado encargo de anunciar o evangelho de Deus, de modo que a oferta deles seja aceitável, uma vez santificada pelo Espírito Santo.
17 ခရစ်တော် ယေရှုအားဖြင့် တလုံးတဝတည်းဆိရင် ဘုရားသခင်ရဲ့ အစေခံခြင်းဟို ဂုဏ်ယူနိန်အယ်။
17 Tenho, pois, motivo de gloriar-me em Cristo Jesus nas coisas concernentes a Deus.
18 အကျောန်းမှာ လူမျိုးခြားလို့ နာခံမှု ဆိစေရန် ခရစ်တော်ဟ ငါ့ဟို အသုံးပြုယွေ့ တရားစကားနဲ့ လုပ်ဆောင်မှုအားဖြင့် လည်းကောင်း၊
18 Porque não ousarei falar sobre coisa alguma, a não ser sobre aquelas que Cristo fez por meio de mim, para conduzir os gentios à obediência, por palavra e por obras,
19 နိမိတ်လက္ခဏာနဲ့ အံ့ဩဖွယ်အရာ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တန်ခိုးတော်အားဖြင့် လည်းကောင်း ပြုသောအမှုအရာလို့ကျောန့် မဟုတ်ရင် ငါဟ စလို အရာဟိုမျှ ရဲဝံ့စွာ ပြောမှာ ဟုတ်ဝူး။ အေးလိုမို့ ငါဟ ယေရုရှလင်မြို့မှ ဣလုရိပြေအထိ ရောက်ဆိလဲ့ အရပ်ရပ်နှိုက် ခရစ်တော်ရဲ့ သတင်းကောင်းဟို အကုန်အစင် ကြေညာခဲ့ပီ။
19 por força de sinais e prodígios, pelo poder do Espírito de Deus. Assim, desde Jerusalém e arredores até o Ilírico, tenho divulgado o evangelho de Cristo,
20 ငါဟ သူတပါး တည်ဆောက်ထားသော တိုက်မြစ်ပေါ်တွင် မတည်ဆောက်ရန် ခရစ်တော်ရဲ့ အကျောန်း သတင်းကောင်းဟို မကြားဖူးလဲ့ နေရာများတွင် ဟောပြောရန် ငါ့ရည်မှန်းချက် ဖြစ်အယ်။
20 esforçando-me, deste modo, por pregar o evangelho, não onde Cristo já foi anunciado, para não edificar sobre alicerce alheio.
21 ကျမ်းစာနှိုက်၊
21 Pelo contrário, como está escrito: “Aqueles que não tiveram notícia dele o verão, e os que nada tinham ouvido a respeito dele o entenderão.”
22 အေးကျောန့် နင်လို့ဆေဟို လာဖို့ ငါ အကြိမ်ကြိမ် တားဆီး ခံခဲ့ရအယ်။
22 Essa foi a razão por que também, muitas vezes, fui impedido de visitá-los.
23 အခုဟတော့ ငါသည် အဲဒေသများနှိုက် ငါ့အလုပ်ဟို ပီးအောန်လုပ်ပင်း၊ နင်လို့ဆေဟို လာရန် လွန်ခဲ့သော နှစ်ပေါင်းများစွာဟ အလိုဆိသောကျောန့်၊
23 Mas, agora, não tendo mais campo de atividade nestas regiões e desejando há muitos anos visitá-los,
24 ငါ အခု လာဖို့ မျော်လင့်အယ်။ ငါ စပိန်ဟို သွားလဲ့ လမ်းမှာ နင်လို့ဟို တွေ့ချင်အယ်၊ ငါ ခဏ နင်လို့ဆေဟို သွားရောက်လည်ပတ် ပျော်မွေ့ပင်းနောက် အေးအရပ်ဟို သွားရန် ငါ့အား ကူညီမစ စေလိုပါအယ်။
24 penso em fazê-lo quando em viagem para a Espanha. Pois espero que, de passagem, eu possa vê-los e que vocês me encaminhem para lá, depois de haver primeiro desfrutado um pouco a companhia de vocês.
25 စလိုပဲဖြစ်ဖြစ် ခုတင်ချင်း ဘုရားသခင်ရဲ့ လူများဟို အစေခံဖို့ ယေရုရှလင်မြို့ဟို ငါသွားမယ်။
25 Mas agora estou de partida para Jerusalém, a serviço dos santos.
26 အကျောန်းမှာ မာကေဒေါနိပြေနဲ့ အခါယပြေဆိ အသင်းတော်လို့ဟ ယေရုရှလင်မြို့ဆိ သန့်ဆှင်းသူများထဲမှ ဆင်းရဲသောသူလို့ဟို ပေးလှူထောက်ပံ့ရန် ဆုံးဖြတ်ကြအယ်။
26 Porque a Macedônia e a Acaia resolveram levantar uma coleta em benefício dos pobres dentre os santos que vivem em Jerusalém.
27 အဲဆုံးဖြတ်ချက်မှာ မိမိလို့ စေတနာအလျောက်သာ ဖြစ်အယ်၊ အမန်အားဖြင့်ဆိုသော် အေးဆင်းရဲသော သူလို့အား ကူညီမစရန် သူလို့မှာ တာဝန်ဆိအယ်။ ယုဒအမျိုးသားလို့ဟ မိမိလို့ ခံစားရလဲ့ ဝိညာဉ်ဆုကျေးဇူးများဟို လူမျိုးခြားလို့အား ဝေငှကြအယ်ဖြစ်ရာ လူမျိုးခြားလို့ဟလည်း ယုဒအမျိုးသားလို့အား စားဝတ်နေရေး ကိစ္စတွင် အကူအညီ ပေးသင့်ကြပေအယ်။
27 Isto lhes pareceu bem, e de fato lhes são devedores. Porque, se os gentios têm sido participantes dos valores espirituais dos judeus, devem também servi-los com bens materiais.
28 ငါ အဲဒီတာဝန်ပီးတဲ့အခါ သူလို့အတွက် ရဆိထားလဲ့ ငွေအားလုံးဟို အပ်ပေးပင်းမှ စပိန်ပြေဟို ငါ သွားမယ်၊ လမ်းကြုံ ကြိုက်ယွေ့ နင်လို့ဆေဟို ဝင်ရောက်လည်ပတ်မယ်။
28 Tendo, pois, concluído isto e havendo-lhes consignado este fruto, irei à Espanha, passando por aí.
29 နင်လို့ဆိရာဟို ငါ ရောက်သောအခါ ခရစ်တော်ရဲ့ ကောင်းချီး အပြေ့အစုံနဲ့ ငါရောက်လာမယ်ဟို ငါ သိအယ်။
29 E bem sei que, ao visitá-los, irei na plenitude da bênção de Cristo.
30 ညီအကို မောင်နှမလို့၊ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်နဲ့ ဝိညာဉ်တော်ရဲ့ မေတ္တာတော်အားဖြင့် ဘုရားသခင်ဆေ စိတ်အားထက်သန်စွာ ဆုတောင်းခြင်းဖြင့် ငါရဲ့ ဒုက္ခဝေဒနာဟို မျှဝေခံစားဖို့ရန် နင်လို့အား ငါ တိုက်တွန်း နှိုးဆော်ပါအယ်။
30 Irmãos, por nosso Senhor Jesus Cristo e também pelo amor do Espírito, peço que lutem juntamente comigo nas orações a Deus a meu favor,
31 ငါဟ ယုဒပြေဆိ မယုံကြည်သူလို့ရဲ့ ဘေးရန်မှ လွတ်မြောက်စေနိန်ရန်နဲ့ ငါရဲ့ အစေခံမှုဟို ယေရုရှလင်မြို့ဆိ ဘုရားသခင်ရဲ့ လူစုတော်ဟ ဝမ်းသာစွာ လက်ခံနိန်ကြစေရန် ဆုတောင်းကြလော့။
31 para que eu me veja livre dos rebeldes que vivem na Judeia, e que este meu serviço em Jerusalém seja bem-aceito pelos santos.
32 အေးလိုမို့ ဘုရားသခင် အလိုဆိရင် ငါဟ ဝမ်းမြောက်စွာ နင်လို့ဆေဟို လာယွေ့ နင်လို့နဲ့အတူ ပျော်ရွင်စွာ နားနေခွင့်ဟို ရဆိပါလိမ့်မယ်။
32 Isto para que, pela vontade de Deus, eu chegue à presença de vocês com alegria e possa ter algum descanso na companhia de vocês.
33 ငြိမ်သက်ခြင်းရဲ့ အဆှင်ဘုရားသခင်ဟ နင်လို့အားလုံးနဲ့ အတူဆိပါစေသော၊ အာမင်။
33 E o Deus da paz esteja com todos vocês. Amém!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.