Romanos 13

dnv (DNV) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 အစိုးရမင်းလို့ရဲ့ အမိန့်အာဏာဟို လူတိုင်း လိုက်နာကြရမယ်၊ ဘုရားသခင်ရဲ့ အခွင့်မဆိရင် မင်းအာဏာလည်း မတည်ဆိနိန်။ အမိန့်အာဏာ ဆိသမျှဟ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့သာလျှင် တည်ဆိအယ်။
1 Que todos estejam sujeitos às autoridades superiores. Porque não há autoridade que não proceda de Deus, e as autoridades que existem foram por ele instituídas.
2 အဲကျောန့် မင်းအာဏာဟို ဆန့်ကျင်သောသူဟ ဘုရားသခင် စီရင်တဲ့အရာဟို ပုန်ကန်သောသူ ဖြစ်အယ်၊ အေးလို့ပြုသောသူဟ မိမိတတ်တိုင်း တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။
2 Assim, aquele que se opõe à autoridade resiste à ordenação de Deus, e os que resistem trarão sobre si mesmos condenação.
3 အကျောန်းမှာ အကောင်းလုပ်ဆောင်သောသူဟ အာဏာပိုင်များဟို ကြောက်နေစရာ မလို၊ အဲလိုလဲ အမားလုပ်သောသူဟပဲ ကြောက်စရာလိုအယ်။ အာဏာဆိသူဟို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်လိုသလော။ မန်သောအရာဟို လုပ်လော့၊ အေးလို့လုပ်ရင် သူဟ နင့်ဟို ချီးမွန်းလိမ့်မယ်။
3 Porque os magistrados não são para temor, quando se faz o bem, e sim quando se faz o mal. Você quer viver sem medo da autoridade? Faça o bem e você terá louvor dela,
4 ပစာကို့ နင်လို့ ကောင်းကျိုးပြုရန် အလို့ငှာ ခန့်အပ်ထားသော ဘုရားသခင်ရဲ့ အစေခံ ဖြစ်အယ်။ အဲလိုလဲ နင်လို့အမားလုပ်ခဲ့ရင် ကြောက်ရွံ့ခြင်း ဆိစေလော့၊ သူဟ အချည်းနှီး ထားဟို ကိုင်ဆောင်တာ မဟုတ်။ သူလို့ဟ အပစ်ကျူးလွန်သူများအပေါ်နှိုက် ဘုရားသခင်ရဲ့ စီရင်ခြင်းဟို သယ်ဆောင်လာမဲ့ ဘုရားသခင်ရဲ့ အစေခံ ဖြစ်ကြအယ်။
4 pois a autoridade é ministro de Deus para o seu bem. Mas, se você fizer o mal, então tenha medo, porque não é sem motivo que a autoridade traz a espada; pois é ministro de Deus, vingador, para castigar quem pratica o mal.
5 အကျောန်းမှာ အာဏာဆိသူ အပစ်ပေးမှာဟို ကြောက်သောကျောန့် သာမက မိမိအသိစိတ်အတွက်ကျောန့်လည်း အာဏာဟို နာခံရမယ်။
5 Portanto, é necessário que vocês se sujeitem à autoridade, não somente por causa do temor da punição, mas também por dever de consciência.
6 အေးအကျောန်းကျောန့် နင်လို့ဟ အခွန်ဟို ပေးရအယ်၊ အစိုးရမင်းဟ သူလို့ရဲ့ အမှုဟို အချိန်ပြေ့ ထမ်းဆောင်သောအခါနှိုက် ဘုရားသခင်ရဲ့ အမှုတော်ဟို ထမ်းဆောင်ကြသောကျောန့် ဖြစ်အယ်။
6 É por isso também que vocês pagam impostos, porque as autoridades são ministros de Deus, atendendo constantemente a este serviço.
7 အဲလိုမို့ လူအသီးသီးလို့အား ပေးသင့်တာဟို ပေးဆောင်ကြလော့။ နင့်မှာ ပေးစရာအကြွေးများ ပေးကြလော့၊ အခွန်ခံထိုက်သောသူဟို အခွန် ပေးကြလော့၊ ကြောက်ထိုက်သောသူဟို ကြောက်ကြလော့၊ ရိုသေထိုက်သောသူဟို ရိုသေကြလော့။
7 Paguem a todos o que lhes é devido: a quem tributo, tributo; a quem imposto, imposto; a quem respeito, respeito; a quem honra, honra.
8 အချင်းချင်း ချစ်ခြင်းမှတပါး စလို အကြွေးမျှ မတင်စေနဲ့။ သူတပါးဟို ချစ်လဲ့သူဟ ပညတ်တရားဟို စောင့်ထိန်းသူ ဖြစ်အယ်။
8 Não fiquem devendo nada a ninguém, exceto o amor de uns para com os outros. Pois quem ama o próximo cumpre a lei.
9 ပညတ်များမှာ “အိုင်ထောင်ရေး ဖောက်ပြန်မှု မကျူးလွန်နဲ့၊ လူ့အသက်ဟို မသတ်နဲ့၊ သူ့ဥစ္စာဟို မခိုးနဲ့၊ တစုံတဦးရဲ့ ပိုင်ဆိုင်သော အရာဟို မလိုချင်ကြနဲ့။” — ဟေအရာအားလုံးဟို “ကိုယ်နဲ့စပ်ဆိုင်သောသူဟို ကိုယ်နဲ့အမျှ ချစ်လော့” ဟူသော ပညတ်တရား တခုတည်းဟ ခြုံငုံထားအယ်။
9 Pois estes mandamentos: “Não cometa adultério”, “não mate”, “não furte”, “não cobice”, e qualquer outro mandamento que houver, todos se resumem nesta palavra: “Ame o seu próximo como você ama a si mesmo.”
10 ချစ်ခြင်းမေတ္တာဆိသောသူဟ ကိုယ်နဲ့စပ်ဆိုင်သော သူရဲ့ အကျိုးဟို မဖျက်ဆီးတတ်။ အဲကျောန့် ချစ်ခြင်းမေတ္တာဆိသောသူဟ ပညတ်တရား တခုလုံးဟို လိုက်ဆှောက်သောသူ ဖြစ်အယ်။
10 O amor não pratica o mal contra o próximo. Portanto, o cumprimento da lei é o amor.
11 နင်လို့ အိပ်မွေရာမှ ထလာရန် အချိန်ကောင်းဟို နင်လို့ သိသောကျောန့် နင် ဟေအရာဟို လုပ်ရမယ်။ အကျောန်းမှာ ကယ်တင်ခြင်းဟို ရောက်သော အခုအချိန်ဟ ငါလို့ ယုံကြည်ခါစ အချိန်ထက် အခု ပိုပင်း နီးအယ်။
11 E digo isto a vocês que conhecem o tempo: já é hora de despertarem do sono, porque a nossa salvação está agora mais perto do que quando no princípio cremos.
12 ညအချိန် ကုန်ခါနီးပီ၊ နေ့အချိန် ရောက်တော့မယ်။ ငါလို့ဟ မိုက်နဲ့ဆိုင်လဲ့အရာများဟို ရပ်တန့်ယွေ့ အလင်းရဲ့ လက်နက်များဟို ဝတ်ဆင်ကြစို့။
12 Vai alta a noite, e o dia vem chegando. Deixemos, pois, as obras das trevas e revistamo-nos das armas da luz.
13 နေ့ရဲ့ အလင်းနှိုက် နေသော လူများအနေဖြင့် ငါလို့ဟ မိမိကိုယ်ကို မန်ကန်စွာ ပြုမူကြပါစို့၊ ပွဲလုပ်ခြင်း၊ သောက်စားမူးယဇ်ခြင်း၊ အကျင့်ယိုယွင်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ရန်ဖြစ်ခြင်းနဲ့ မနာလိုခြင်းလို့ဟို ဆှောင်ကြစို့။
13 Vivamos dignamente, como em pleno dia, não em orgias e bebedeiras, não em imoralidades e libertinagem, não em discórdias e ciúmes.
14 အဆှင် ယေရှု ခရစ်ဟို လက်နက်လိုမျိုး ဝတ်ဆင်ကြလော့။ ကိုယ်ကာယရဲ့ တပ်မက်ခြင်းဟို ဖြည့်ဆည်းဖို့ရန် မကြံစည်ကြနဲ့။
14 Mas revistam-se do Senhor Jesus Cristo e não façam nada que venha a satisfazer os desejos da carne.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.