Mateus 25

dnv (DNV) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 “အေးကာလနှိုက် ခေါန်းခင်နိုင်ငံတော်ဟ မီးဖူးများဟို ယူယွေ့ မင်္ဂလာဆောင်သတို့သားဟို ကြိုဆိုရန် ထွက်သွားလဲ့ အပျိုကညာဆယ်ယောက်လို့နဲ့ တူလိမ့်မယ်။
1 “Então o reino dos céus será como as dez virgens que pegaram suas lamparinas e saíram para encontrar-se com o noivo.
2 သူလို့အနက် ငါးယောက်ဟ ပညာဆိဖြစ်ကြပင်း ငါးယောက်မှာတော့ ပညာမဲ့ ဖြစ်ကြအယ်။
2 Cinco delas eram insensatas, e cinco, prudentes.
3 ပညာမဲ့သော သူလို့ဟ မိမိလို့ရဲ့ မီးဖူးများဟို ယူခဲ့သော်လည်း မိမိလို့နဲ့အတူ ဆီပိုဟို မယူခဲ့ကြ။
3 As cinco insensatas não levaram óleo suficiente para as lamparinas,
4 ပညာဆိသူများဟတော့ မိမိလို့ရဲ့ မီးဖူးများမက ဆီအပိုဟိုလည်း ဖူးတွင် ထည့်ပင်း ယူခဲ့ကြအယ်။
4 mas as outras cinco tiveram o bom senso de levar óleo de reserva.
5 မင်္ဂလာဆောင်သတို့သားဟ ရောက်လာရန် ကြန့်ကြာနေသောကျောန့် သူလို့အားလုံး ငိန်းကျာ့ယွေ့ အိပ်မွေ့နေကြအယ်။
5 Como o noivo demorou a chegar, todas ficaram sonolentas e adormeceram.
6 “ညဉ့်သန်းခေါင်နှိုက် ‘မင်္ဂလာဆောင်သတို့သား ရောက်လာပီ၊ သွားပင်း ကြိုဆိုကြလော့’ ဟူသော အော်သံဟို ကြားရကြအယ်။
6 “À meia-noite, foram acordadas pelo grito: ‘Vejam, o noivo está chegando! Saiam para recebê-lo!’.
7 အပျိုကညာ အားလုံးတို့ဟ ထယွေ့ မိမိရဲ့မီးဖူးများဟို အသင့်ပြင်ကြအယ်။
7 “Todas as virgens se levantaram e prepararam suas lamparinas.
8 အဲပင်းရင် ပညာမဲ့သောသူများဟ ‘ငါလို့ မီးဖူး သေတော့မယ်ဖြစ်ယွေ့ ငါလို့ဟို ဆီကတီလောက်ပေးပါ’ ဟု ပညာဆိသူလို့ဆေ တောင်းကြအယ်။
8 Então as cinco insensatas pediram às outras: ‘Por favor, deem-nos um pouco de óleo, pois nossas lamparinas estão se apagando’.
9 ပညာဆိသူများဟလည်း ‘နင်လို့ အဖို့နဲ့ ငါလို့ အဖို့ ဆီမလောက်ပါ။ သွားယွေ့ နင်လို့အတွက် ဝယ်ကြပါ’ ဟု ပြန်ပြောကြအယ်။
9 “As outras, porém, responderam: ‘Não temos o suficiente para todas. Vão e comprem óleo para vocês’.
10 အဲလိုမို့ ပညာမဲ့သောသူလို့ ဆီဝယ်ရန် ထွက်သွားနေခိုက် မင်္ဂလာဆောင်သတို့သားဟ ရောက်လာအယ်။ အသင့်ဆိနေကြသော အပျိုကညာလို့ဟလည်း သူနဲ့အတူ မင်္ဂလာဆောင်ပွဲဟို ဝင်ပင်းရင် ထင်ခါးဟို ပိတ်ထားလိုက်အယ်။
10 “Quando estavam fora comprando óleo, o noivo chegou. Então as cinco que estavam preparadas entraram com ele no banquete de casamento, e a porta foi trancada.
11 “အခြားသော အပျိုကညာများဟ ပြန်ရောက်လာပင်း ‘ဆရာ၊ ဆရာ ငါလို့အား ထင်ခါးဖွင့်ပေးမန့်’ ဟု ဆိုကြအယ်။
11 Mais tarde, quando as outras cinco voltaram, ficaram do lado de fora, chamando: ‘Senhor! Senhor! Abra-nos a porta!’.
12 အဲလိုလဲ မင်္ဂလာဆောင်သတို့သားဟ ‘နင်လို့အား ငါ အမန်အကန် ပြောတာဟ နင်လို့ဟို ငါမသိ’ ဟု ပြန်ပြောအယ်။”
12 “Mas ele respondeu: ‘A verdade é que não as conheço’.
13 “သို့ဖြစ်ယွေ့ နင်လို့ဟလည်း အေးနေ့အေးအချိန်ဟို မသိကြသဖြင့် သတိနဲ့စောင့်နေကြလော့” ဟု ယေရှုဟ အဆုံးသတ် ပြောဆိုအယ်။
13 “Portanto, vigiem, pois não sabem o dia nem a hora da volta.”
14 “ခေါန်းခင်နိုင်ငံတော်ဟ ခရီးပြုရန် မိမိနေအိုင်မှ ထွက်ခါနီးဆိသူဟ မိမိရဲ့ အစေခံများဟို ခေါ်ပင်း ဥစ္စာပစ္စည်းများဟို အပ်နှံခဲ့တာနဲ့တူအယ်။
14 “O reino dos céus também pode ser ilustrado com a história de um homem que estava para fazer uma longa viagem. Ele reuniu seus servos e lhes confiou seu dinheiro,
15 သူဟ သူလို့အသီးသီးလို့အား သူလို့အရည်အချင်းနဲ့အညီ တယောက်ဟို ငွေဒင်္ဂါး ငါးပိဿာ၊ တခြားတယောက်ဟို နေပိဿာ၊ အခြားတယောက်ဟို ငွေဒင်္ဂါး တပိဿာ အစဆိသဖြင့် ပေးအပ်ပင်းနောက် ခရီးဟို ထွက်ခွာလေအယ်။
15 dividindo-o de forma proporcional à capacidade deles: ao primeiro entregou cinco talentos; ao segundo, dois talentos; e ao último, um talento. Então foi viajar.
16 ငွေဒင်္ဂါး ငါးပိဿာရသူဟ ခုတုံးပင် သွားယွေ့ အဲပိတ်ဆန်များဖြင့် ကူးသန်းရောင်းဝယ်မှုဟို လုပ်သဖြင့် အမြတ် ငွေဒင်္ဂါး ငါးပိဿာဟို ရအယ်။
16 “O servo que recebeu cinco talentos começou a investir o dinheiro e ganhou outros cinco.
17 အေးတိုင်းတိုင်း ငွေဒင်္ဂါး နေပိဿာဟို ရသူဟလည်း အမြတ် ငွေဒင်္ဂါး နေပိဿာဟို ရအယ်။
17 O servo que recebeu dois talentos também se pôs a trabalhar e ganhou outros dois.
18 အဲလိုလဲ ငွေဒင်္ဂါး တပိဿာ ရသူဟ သွားယွေ့ မိမိသခင်ရဲ့ ပိတ်ဆန်ဟို မြေကြီးနှိုက် ကျွင်းတူးကာ မြှပ်ထားလေအယ်။
18 Mas o servo que recebeu um talento cavou um buraco no chão e ali escondeu o dinheiro de seu senhor.
19 “ကာလအတော်ကြာသော် အေးကျွန်လို့ရဲ့ သခင်ဟ ပြန်လာယွေ့ သူလို့နဲ့ စာရင်းဆှင်းအယ်။
19 “Depois de muito tempo, o senhor voltou de viagem e os chamou para prestarem contas de como haviam usado o dinheiro.
20 ငွေဒင်္ဂါး ငါးပိဿာ ရသူဟ အပိုငွေဒင်္ဂါး ငါးပိဿာဟို ယူဆောင်လာပင်းရင် ‘ဆရာ၊ ငါ့အား ငွေဒင်္ဂါး ငါးပိဿာ ပေးအပ်ခဲ့ပါအယ်။ ကျေ့ပါ၊ ငါ ငွေဒင်္ဂါး ငါးပိဿာ အမြတ်ရပါပီ။’
20 O servo ao qual ele havia confiado cinco talentos se apresentou com mais cinco: ‘O senhor me deu cinco talentos para investir, e eu ganhei mais cinco’.
21 သူရဲ့သခင်ဟလည်း ‘ကောင်းလေစွ၊ သစ္စာဆိသော ငါ့အစေခံကောင်း၊ နင်ဟ သေးသောအမှုတွင် သစ္စာဆိအယ်။ အဲလိုမို့ ကြီးသောအမှုဟို နင့်အား ငါအပ်နှင်းမယ်။ ငါရဲ့ဝမ်းမြောက်ခြင်းနှိုက် ပါဝင်ပါလော့’ ဟု ဆိုအယ်။
21 “O senhor disse: ‘Muito bem, meu servo bom e fiel. Você foi fiel na administração dessa quantia pequena, e agora lhe darei muitas outras responsabilidades. Venha celebrar comigo’.
22 ဆွေနေပိဿာ ရသူဟလည်း လာယွေ့ ‘ဆရာ၊ ငါ့အား ငွေဒင်္ဂါး နေပိဿာဟို ပေးအပ်ခဲ့ပါအယ်။ ကျေ့မန့်၊ ငါဟ ငွေဒင်္ဂါး နေပိဿာဟို အမြတ်ရပါပီ’ ဟု ဆှောက်ထားအယ်။
22 “O servo que havia recebido dois talentos se apresentou e disse: ‘O senhor me deu dois talentos para investir, e eu ganhei mais dois’.
23 သူရဲ့သခင်ဟ ‘ကောင်းလေစွ၊ သစ္စာဆိသော ငါ့အစေခံကောင်း၊ နင်ဟ သေးငယ်သောအမှုတွင် သစ္စာဆိအယ်၊ အဲလိုမို့ ကြီးသောအမှုဟို နင့်အား ငါအပ်နှင်းမယ်၊ ငါရဲ့ဝမ်းမြောက်ခြင်းနှိုက် ပါဝင်ပါလော့’ ဟု ဆိုအယ်။
23 “O senhor disse: ‘Muito bem, meu servo bom e fiel. Você foi fiel na administração dessa quantia pequena, e agora lhe darei muitas outras responsabilidades. Venha celebrar comigo’.
24 အဲပင်းရင် ငွေဒင်္ဂါး တပိဿာရသူဟ လာယွေ့ ‘ဆရာ၊ ဆရာဟ ခက်ထန်သူဖြစ်ယွေ့ မိမိမစိုက်မပျိုးလဲ့အရပ်တွင် ရိတ်သိမ်းပင်း မိမိမကြဲဖြန့်လဲ့ နေရာမှ စုသိမ်းတတ်လဲ့သူ ဖြစ်ကျောန်း ငါသိပါအယ်။ မကြဲဖြန့်လဲ့အရပ်တွင် စုသိမ်းတတ်အယ်။
24 “Por último, o servo que havia recebido um talento veio e disse: ‘Eu sabia que o senhor é homem severo, que colhe onde não plantou e ajunta onde não semeou.
25 အဲလိုမို့ ငါဟ ကြောက်ရွံ့သဖြင့် သွားပင်း ဆရာရဲ့ ငွေဒင်္ဂါးဟို မြေတွင် မြှုပ်ထားခဲ့အယ်။ ကျေ့မန့်၊ သခင်ရဲ့ ပစ္စည်းဟေမှာ ဆိအယ်’ ဟု ဆှောက်အယ်။
25 Tive medo de perder seu dinheiro, por isso o escondi na terra. Aqui está ele’.
26 သူရဲ့သခင်ဟလည်း ‘ဆိုးညစ်လဲ့ ပျင်းရိသောအစေခံ၊ ငါဟ မိမိမစိုက်မပျိုးလဲ့ အရပ်တွင် ရိတ်သိမ်းယွေ့ မကြဲမဖြန့်သည့်အရပ်တွင် စုသိမ်းတတ်တာဟို နင်သိတာမန်ရင်၊
26 “O senhor, porém, respondeu: ‘Servo mau e preguiçoso! Se você sabia que eu colho onde não plantei e ajunto onde não semeei,
27 ငါရဲ့ ပိတ်ဆန်ဟို ဘဏ်တွင် အပ်ထားသင့်အယ်။ သို့မှသာလျှင် ငါပြန်လာသောအခါ အတိုးနဲ့အတူ ပြန်လည်ရဆိနိန်အယ်။
27 por que não depositou meu dinheiro? Pelo menos eu teria recebido os juros.
28 အဲလိုမို့ အေးသူဆေမှ ငွေဒင်္ဂါး တပိဿာဟို ယူယွေ့ ဆယ်ပိဿာဆိသူအား ပေးကြ။
28 “Em seguida, ordenou: ‘Tirem o dinheiro deste servo e deem ao que tem os dez talentos.
29 အကျောန်းမှာ ဆိသောသူအား ထပ်ယွေ့ ပေးသဖြင့် သူဟ ကြွယ်ဝပြေ့စုံ နေလိမ့်မယ်။ မဆိသောသူဆေမှ သူနှိုက်ဆိသော အရာဟိုပင် နုတ်လိမ့်မယ်။
29 Pois ao que tem, mais lhe será dado, e terá em grande quantia; mas do que nada tem, mesmo o que não tem lhe será tomado.
30 အသုံးမကျလဲ့ ဟေအစေခံဟို အပြင်မိုက်ထဲဟို ထုတ်လိုက်ကြ၊ သူဟ အေးအရပ်တွင် ငိုကမြည်တမ်းယွေ့ အံသွားခဲကြိတ်လျက် နေရလိမ့်မယ်’ ဟု ဆိုအယ်။
30 Agora lancem este servo inútil para fora, na escuridão, onde haverá choro e ranger de dentes’.”
31 “လူသားဟ ခေါန်းခင်တမန် အပေါင်းခြံရံလျက် ဘုရင်အဖြစ် ကြွလာသောအခါ ဘုန်းဆိသော ပလ္လင်ပေါ်နှိုက် ထိန်လိမ့်မယ်။
31 “Quando o Filho do Homem vier em sua glória, acompanhado de todos os anjos, ele se sentará em seu trono glorioso.
32 လူမျိုးအပေါင်းလို့ဟ ဆေ့တော်တွင် စုရုံးရကြပင်း သိုးထိန်းဟ သိုးနဲ့ ဆိတ်လို့ဟို တခြားစီခွဲထုတ်သလို လူသားဟလည်း လူလို့အား နေစုခွဲထုတ်ပင်းရင်၊
32 Todas as nações serão reunidas em sua presença, e ele separará as pessoas como um pastor separa as ovelhas dos bodes.
33 သိုးများဟို မိမိရဲ့ လက်ယာဘက်နှိုက် ထားယွေ့ ဆိတ်များဟို လက်ဝဲဘက်တွင် ထားလိမ့်မယ်။
33 Colocará as ovelhas à sua direita e os bodes à sua esquerda.
34 အေးနောက် ဘုရင်ဟ လက်ယာဘက်တွင် ဆိသောသူလို့အား ‘ငါ့အဖဆေမှ ကောင်းချီးမင်္ဂလာဟို ခံရသူလို့ လောကဟို ဖန်ဆင်းချိန်မှစယွေ့ နင်လို့တွက် ပြင်ဆင်ထားလဲ့ နိုင်ငံတော်ဟို လာယွေ့ အမွေဆက်ခံကြလော့။
34 “Então o Rei dirá aos que estiverem à sua direita: ‘Venham, vocês que são abençoados por meu Pai. Recebam como herança o reino que ele lhes preparou desde a criação do mundo.
35 အကျောန်းမှာ နင်လို့ဟ ငါမွတ်စဉ်အခါ ငါ့ဟို စားစရာပေးကြအယ်၊ ငါယေငတ်သောအခါ ငါ့ဟို သောက်စရာ ပေးကြအယ်။ ငါဟ ဧည့်သည်ဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ကြိုဆိုလက်ခံကြအယ်။
35 Pois tive fome e vocês me deram de comer. Tive sede e me deram de beber. Era estrangeiro e me convidaram para a sua casa.
36 ငါဟ အဝတ်ဝတ်စရာမဆိသောအခါ နင်လို့ဟ ငါ့ဟို အဝတ်ပေးကြအယ်။ ငါဖျားနာသောအခါ နင်လို့ဟ ငါ့ဟို ကျေ့ရှုကြအယ်။ ငါထောင်ကျသောအခါ ငါ့ဆေဟို လာကြအယ်’ ဟု မိန့်လိမ့်မယ်။
36 Estava nu e me vestiram. Estava doente e cuidaram de mim. Estava na prisão e me visitaram’.
37 အေးအခါ ဖြောင့်မတ်သောသူလို့ဟ ‘သခင်ဘုရား၊ ကိုယ်တော် မွတ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ငါလို့ ကျွေးမွေးကြလုန်း အဲဟာမဟုတ်ရင် ယေငတ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ယေဟို ပေးလုန်း။
37 “Então os justos responderão: ‘Senhor, quando foi que o vimos faminto e lhe demos de comer? Ou sedento e lhe demos de beber?
38 ဧည့်သည်ဖြစ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ငါလို့ ကြိုဆိုလက်ခံခဲ့ကြလုန်း အဲဟာမဟုတ်ရင် အဝတ်ဝတ်စရာ မဆိဖြစ်တာဟို ပစာအခါနှိုက် မျော်ယွေ့ အဝတ်ပေးလုန်း။
38 Ou como estrangeiro e o convidamos para a nossa casa? Ou nu e o vestimos?
39 ဖျားနာတာဟိုလည်းကောင်း၊ ထောင်ကျတာဟိုလည်းကောင်း ပစာအခါနှိုက် ငါလို့ဟ မျော်ယွေ့ အထံတော်ဟို လာခဲ့လုန်း’ ဟု ပြန်ယွေ့ဆှောက်ကြသော်၊
39 Quando foi que o vimos doente ou na prisão e o visitamos?’.
40 ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန်ပြောတာဟ ငါရဲ့ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူ တယောက်အား နင်လို့ ပြုခဲ့သမျှဟ ငါ့အား ပြုခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
40 “E o Rei dirá: ‘Eu lhes digo a verdade: quando fizeram isso ao menor destes meus irmãos, foi a mim que o fizeram’.
41 “အေးနောက် ဘုရင်ဟ လက်ဝဲဘက်နှိုက်ဆိသော သူလို့အား ‘ကျိန်ဆဲခြင်း ခံရသောသူလို့ ငါ့ဆေမှ ထွက်သွားကြလော့၊ မာရ်နတ်နဲ့ သူ့ခေါန်းခင်တမန်များအတွက် ပြင်ဆင်ထားလဲ့ ထာဝရမီးထဲဟို ဆင်းသက်ကြလော့။
41 “Em seguida, o Rei se voltará para os que estiverem à sua esquerda e dirá: ‘Fora daqui, malditos, para o fogo eterno preparado para o diabo e seus anjos.
42 အကျောန်းမှာ ငါမွတ်သောအခါ နင်လို့ဟ ငါ့ဟို စားစရာမပေးကြ၊ ငါ ယေငတ်သောအခါ နင်လို့ဟ ငါ့ဟို သောက်စရာဟို မပေးကြ။
42 Pois tive fome, e vocês não me deram de comer. Tive sede, e não me deram de beber.
43 ငါဟ ဧည့်သည်ဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ကြိုဆိုလက်ခံခြင်း မဆိ၊ ငါဟ အဝတ်ဝတ်စရာ မဆိဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ဝတ်စရာအဝတ်ဟို မပေးကြ၊ ငါဟ ဖျားနာသောအခါနဲ့ ထောင်ကျသောအခါတွင်လည်း နင်လို့ဟ ငါ့ဟို မကျေ့ရှုကြ’ ဟု မိန့်အယ်။
43 Era estrangeiro, e não me convidaram para a sua casa. Estava nu, e não me vestiram. Estava doente e na prisão, e não me visitaram’.
44 အေးသူလို့ ‘သခင်ဘုရား၊ ကိုယ်တော် ဆာလောင်မွတ်သိပ်ခြင်း၊ ယေငတ်ခြင်း၊ ဧည့်သည် ဖြစ်ခြင်း၊ အဝတ်အချည်းစည်း ဖြစ်ခြင်း၊ ဖျားနာခြင်း၊ ထောင်ကျခြင်းလို့ဟို ပစာအခါနှိုက် ငါလို့ မျော်ပါလျက် ကိုယ်တော်အား မပြုစုမလုပ်ကျွေးပဲ နေခဲ့လုန်း’ ဟု ဆှောက်ထားကြလိမ့်မယ်။
44 “Então eles dirão: ‘Senhor, quando o vimos faminto, sedento, como estrangeiro, nu, doente ou na prisão, e não o ajudamos?’.
45 ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန် ပြောတာဟ သိမ်ငယ်သည့် ဟေသူများအနက် တစုံတယောက်သောသူဟို နင်တို့ မပြုမစုဘဲနေခဲ့သမျှဟ ငါ့ဟို မပြုမစုဘဲ နေခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
45 “Ele responderá: ‘Eu lhes digo a verdade: quando se recusaram a ajudar o menor destes meus irmãos e irmãs, foi a mim que se recusaram a ajudar’.
46 အေးကျောန့် အေးသူလို့ဟ ထာဝရအပစ်ဒဏ် ခံရကြပေမဲ့ ဖြောင့်မတ်သောလို့ဟတော့ ထာဝရ အသက်ဆှင်ခြင်းဟို ဝင်စားရကြလိမ့်မယ်” ဟု မိန့်အယ်။
46 “E estes irão para o castigo eterno, mas os justos irão para a vida eterna”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 25, comparar traduções ou montar um estudo — tudo direto pelo WhatsApp.