Mateus 24

dnv (DNV) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ယေရှုဟ ဗိမာန်တော်မှ ထွက်ခွာသွားစဉ် တဘဲ့တော်လို့ဟ အထံတော်ဟို ချဉ်းကပ်ပင်း ဗိမာန်တော် အဆောက်အအုံများဟို ကိုယ်တော်အား ပြကြအယ်။
1 Tendo Jesus saído do templo, ia-se retirando, quando se aproximaram dele os seus discípulos para lhe mostrar as construções do templo.
2 ကိုယ်တော်ဟ “ဟေအရာအားလုံးဟို နင်လို့ မျော်ကြအယ် မဟုတ်လော၊ နင်လို့အား ငါ အမန်အကန် ပြောတာဟ၊ ဟေနေရာနှိုက် ကျောက်တတုံးပေါ် တတုံးတင်ယွေ့ မကျန်ရစ်လဲ့ တိုင်အောန် ပြိုပျက်ကြလိမ့်မယ်” ဟု မိန့်အယ်။
2 Ele, porém, lhes disse: Não vedes tudo isto? Em verdade vos digo que não ficará aqui pedra sobre pedra que não seja derribada.
3 ယေရှုဟ သံလွင်တောင်ပေါ်တွင် တကိုယ်တည်း ထိန်နေစဉ် တဘဲ့တော်လို့ဟ အထံတော်ဟို သီးသန့် ချဉ်းကပ်ပင်း “ဟေအမူအရာများဟ ပစာကာလနှိုက် ဖြစ်ပျက်မလော။ ကိုယ်တော် ကြွလာချိန်နဲ့ ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက် ပစာနိမိတ်များ ပေါ်ထွန်းမလော။ ငါလို့အား မိန့်ပါ” ဟု ဆှောက်ထားကြအယ်။
3 No monte das Oliveiras, achava-se Jesus assentado, quando se aproximaram dele os discípulos, em particular, e lhe pediram: Dize-nos quando sucederão estas coisas e que sinal haverá da tua vinda e da consumação do século.
4 ယေရှုဟ “နင်လို့အား စသူမျှ မလှည့်စားစေရန် သတိပြုလော့။
4 E ele lhes respondeu: Vede que ninguém vos engane.
5 အကျောန်းမှာ ရမ်းဆာ့သော လူလို့ဟ ငါ့ရဲ့နာမဟို ခံယူသုံးစွဲယွေ့ ရောက်လာကာ ‘ငါဟ မေဆှိယ ဖြစ်အယ်’ ဟု ပြောပင်း လူများလို့ဟို ဝါကြလိမ့်မယ်။
5 Porque virão muitos em meu nome, dizendo: Eu sou o Cristo, e enganarão a muitos.
6 နင်လို့ဟ စစ်ပွဲများအကျောန်းနဲ့ စစ်မက်သတင်းများဟို ကြားကြပေမဲ့ သတိပြုလျက် မထိတ်လန့်ကြနဲ့။ ဟေအမှုအရာများဟ ဖြစ်ပျက်ရပေမဲ့ ကပ်ကမ္ဘာကုန်ဆုံးချိန်ဟ မရောက်သေး။
6 E, certamente, ouvireis falar de guerras e rumores de guerras; vede, não vos assusteis, porque é necessário assim acontecer, mas ainda não é o fim.
7 လူမျိုးတမျိုးနဲ့ တမျိုး၊ တနိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ်ယွေ့ နေရာအနှံ့တွင် အစာခေါင်းပါးပင်း မြေငလျင်လှုပ်လိမ့်မယ်။
7 Porquanto se levantará nação contra nação, reino contra reino, e haverá fomes e terremotos em vários lugares;
8 ဟေအမှုအားလုံးလို့ဟ လူပဲ့မွေးခြင်း ဝေဒနာရဲ့အစလိုမျိုး ဖြစ်ကြအယ်။
8 porém tudo isto é o princípio das dores.
9 “အေးနောက် လူတို့ဟ နင်လို့ဟို နှိပ်စက်ရန် အပ်နှံယွေ့ သတ်ဖြတ်ကြပင်း နင်လို့ဟ ငါရဲ့နာမကျောန့် လူမျိုးအပေါင်းလို့ဟ နင်လို့ဟို မုန်းကြလိမ့်မယ်။
9 Então, sereis atribulados, e vos matarão. Sereis odiados de todas as nações, por causa do meu nome.
10 အေးကာလနှိုက် ရမ်းဆာ့သောလူလို့ဟ ယုံကြည်ခြင်း လမ်းလွဲကြလျက် အချင်းချင်း တယောက်ဟိုတယောက် မုန်းပင်း သစ္စာဖောက်ကြလိမ့်မယ်။
10 Nesse tempo, muitos hão de se escandalizar, trair e odiar uns aos outros;
11 ရမ်းဆာ့သော ပရောဖက်အတုအယောင်လို့ဟ ပေါ်လာပင်း လူများစွာလို့ဟို ဝါကြလိမ့်မယ်။
11 levantar-se-ão muitos falsos profetas e enganarão a muitos.
12 မတရားအမှုလို့ဟ များပြားသောကျောန့် လူတို့တွင် ချစ်ခြင်းမေတ္တာ ခေါင်းပါးလိမ့်မယ်။
12 E, por se multiplicar a iniquidade, o amor se esfriará de quase todos.
13 အဲလိုလဲ အဆုံးတိုင်အောန် တည်ကြည်သူဟ ကယ်တင်ခြင်း ခံရလိမ့်မယ်။
13 Aquele, porém, que perseverar até o fim, esse será salvo.
14 နိုင်ငံတော်နဲ့ဆိုင်လဲ့ သတင်းကောင်း အကျောန်းဟို ကမ္ဘာတဝန်းလုံးဆိ လူမျိုးအပေါင်းလို့အား သက်သေခံ ဟောပြောပင်းမှ ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။
14 E será pregado este evangelho do reino por todo o mundo, para testemunho a todas as nações. Então, virá o fim.
15 “ပရောဖက် ဒံယေလ ဟောကြားခဲ့လဲ့ ‘ထိတ်လန့် ဆက်ဆုပ်ဖွယ်ကောင်းလဲ့အရာ’ ဟ သန့်ဆှင်းသော အရပ်နှိုက်နေတာဟို နင်လို့ မျော်ရလိမ့်မယ်။” (စာဖတ်သူဟ ဆိုလိုရင်း အဓိပ္ပာယ်ဟို နားလည်ပါစေ။)
15 Quando, pois, virdes o abominável da desolação de que falou o profeta Daniel, no lugar santo (quem lê entenda),
16 “အေးနောက် ယုဒပြေဆိသော လူတို့ဟ တောင်များပေါ်သို့ ပြေးကြစေ။
16 então, os que estiverem na Judeia fujam para os montes;
17 နေအိုင်မိုးပေါ်တွင် ဆိသူဟ အိုင်ထဲမှ ဥစ္စာပစ္စည်းများဟို ယူရန် အောက်ဟို မဆင်းစေနဲ့။
17 quem estiver sobre o eirado não desça a tirar de casa alguma coisa;
18 လယ်ထဲတွင် ဆိသူဟလည်း ဝတ်လုံယူရန် နေအိုင်ဟို မပြန်စေနဲ့။
18 e quem estiver no campo não volte atrás para buscar a sua capa.
19 အေးနေ့ရက်နှိုက် ဖိုက်ကျီးသည်နဲ့ လူပဲ့ငယ်မေ့လို့ အတွက် အကျိုးနည်း ပေတော့မယ်။
19 Ai das que estiverem grávidas e das que amamentarem naqueles dias!
20 နင်လို့ဟ ထွက်ပြေးရမယ့် အချိန်ကာလဟ ဆောင်းရာသီ အဲဟာမဟုတ်ရင် ဥပုသ်နေ့လို့ မကျရောက်စေရန် ဘုရားသခင်ဆေ ဆုတောင်းကြလော့။
20 Orai para que a vossa fuga não se dê no inverno, nem no sábado;
21 အကျောန်းမှာ ရမ်းဆာ့သော ဆင်းရဲဒုက္ခကျရောက် လာလိမ့်မယ်။ အေးမျှဆိုးရွားသော ဆင်းရဲဒုက္ခမျိူးဟို ကမ္ဘာဦးမှစယွေ့ ပစာကာလနှိုက်မျှ လူတို့ မကြုံစဖူး၊ နောင်ကာလနှိုက်လည်း တွေ့ကြုံရကြမယ် မဟုတ်။
21 porque nesse tempo haverá grande tribulação, como desde o princípio do mundo até agora não tem havido e nem haverá jamais.
22 အေးနေ့ရက်ကာလဟို တိုစေတော်မမူရင် စသူမျှ အသက်ဘေးမှ ကင်းလွတ်နိန်လိမ့်မယ် မဟုတ်။ အကျောန်းမှာ မိမိရွေးချယ်ထားသော သူများအဖို့အလို့ငှာ အေးနေ့ရက်ကာလဟို တိုစေလိမ့်မယ်။”
22 Não tivessem aqueles dias sido abreviados, ninguém seria salvo; mas, por causa dos escolhidos, tais dias serão abreviados.
23 “အေးအချိန်နှိုက် တစုံတယောက်ဟ ‘ကျေ့လော့၊ ဟေအရပ်တွင် မေဆှိယ ဆိအယ်’ အဲဟာမဟုတ်ရင် ‘အေးအရပ်တွင် ဆိအယ်’ ဟု ဆိုလျှင် — မယုံကြနဲ့။
23 Então, se alguém vos disser: Eis aqui o Cristo! Ou: Ei-lo ali! Não acrediteis;
24 အကျောန်းမှာ မေဆှိယ အတုယောင်များနဲ့ ပရောဖက်အတု အယောင်များ ပေါ်ပေါက်လာပင်း ဖြစ်နိန်ပါက ရွေးချယ်ထားသော သူများဟိုပင် ဝါနိန်ရန် ကြီးမားသော နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအရာများဟို ပြကြလိမ့်မယ်။
24 porque surgirão falsos cristos e falsos profetas operando grandes sinais e prodígios para enganar, se possível, os próprios eleitos.
25 နားထောင်ကြလော့၊ ဟေအရာများ နင်လို့အား ကြိုတင်ယွေ့ ငါဖော်ပြပီ။
25 Vede que vo-lo tenho predito.
26 “အဲလိုမို့ လူတို့ဟ ‘ကျေ့လော့၊ ကိုယ်တော်ဟ တောကန္တာရတွင် ဆိအယ်’ ဟု ဆိုလျှင် မသွားကြနဲ့ အဲဟာမဟုတ်ရင် ‘ကျေ့လော့၊ အိပ်ခန်းထဲမှာ ဆိအယ်’ ဟု ဆိုလျှင်လည်း မယုံကြနဲ့။
26 Portanto, se vos disserem: Eis que ele está no deserto!, não saiais. Ou: Ei-lo no interior da casa!, não acrediteis.
27 အကျောန်းမှာ ဆှပ်စီးလက်ယွေ့ အဆေ့အရပ်မှ အနောက်အရပ် တိုင်အောန် ခေါန်းခင်တပြင်လုံး ထွန်းလင်းစေသလိုမျိုး လူသား ကြွလာလိမ့်မယ်။
27 Porque, assim como o relâmpago sai do oriente e se mostra até no ocidente, assim há de ser a vinda do Filho do Homem.
28 “လူသေကောင်ဆိရာ အရပ်တွင် လင်းတတို့ စုရုံးကြလိမ့်မယ်။
28 Onde estiver o cadáver, aí se ajuntarão os abutres.
29 “အေးနေ့ရက်ရဲ့ ဆင်းရဲဒုက္ခများ ကျရောက်လာပင်းနောက် ခုတုံးပင် နေဟ မိုက်သွားလိမ့်မယ်။ လဟ အလင်းရောင်ပေးလိမ့်မယ် မဟုတ်၊ ကြယ်များဟလည်း ခေါန်းခင်မှ ကြွေလိမ့်မယ်။ ခေါန်းခင်လည်း တုန်လှုပ်ကြလိမ့်မယ်။
29 Logo em seguida à tribulação daqueles dias, o sol escurecerá, a lua não dará a sua claridade, as estrelas cairão do firmamento, e os poderes dos céus serão abalados.
30 အဲပင်းရင် လူသားရဲ့ နိမိတ်လက္ခဏာဟ မိုးခေါန်းခင်တွင် ပေါ်ထွန်းလာလိမ့်မယ်။ မိုးချေးသားဟိုစီးလျက် ကြီးသောဘုန်းတန်ခိုးတော်ဖြင့် လူသားကြွလာတာဟို မြေကြီးပေါ်ဆိ လူအပေါင်းလို့ဟ မျော်ကြသောအခါ ငိုကြွေးမြည်တမ်း ကြလိမ့်မယ်။
30 Então, aparecerá no céu o sinal do Filho do Homem; todos os povos da terra se lamentarão e verão o Filho do Homem vindo sobre as nuvens do céu, com poder e muita glória.
31 အေးနောက် လူသားဟ ကြီးမားသော တံပိုးခရာသံနဲ့အတူ မိမိရဲ့ခေါန်းခင်တမန်များအား အရပ်လေးမျက်နှာဟို စေလွတ်ယွေ့ ကမ္ဘာမြေကြီးတစွန်းမှ တစွန်းအထိဆိကြသော ကိုယ်တော် ရွေးချယ်ထားသော သူလို့ဟို စုသိမ်းစေလိမ့်မယ်။
31 E ele enviará os seus anjos, com grande clangor de trombeta, os quais reunirão os seus escolhidos, dos quatro ventos, de uma a outra extremidade dos céus.
32 “သင်္ဘောသဖန်းပင်မှ ပုံဥပမာဟို သင်ယူကြလော့။ အေးအပင်တွင် အကိုင်းအညှောက်ထွက်ယွေ့ အရွက်ပေါက်သောအခါ နွေကာလ ရောက်ခါနီးဟို နင်လို့ သိကြအယ်။
32 Aprendei, pois, a parábola da figueira: quando já os seus ramos se renovam e as folhas brotam, sabeis que está próximo o verão.
33 အေးနည်းတူစွာ နင်လို့ဟလည်း အဲအရာများ မျော်သောအခါ လူသားဟ နင်လို့အနီး ထင်ခါးဝသို့ပင် ရောက်ဆိနေပီ ဟု သိမှတ်ကြလော့။
33 Assim também vós: quando virdes todas estas coisas, sabei que está próximo, às portas.
34 နင်လို့အား ငါ အမန်အကန် ပြောတာဟ ဟေအမှုအရာ အားလုံး မဖြစ်ပျက်မီတိုင်အောန် ဟေမျိုးဆက်ဟ ပစာအခါမှ ပျောက်ကွယ်လိမ့်မယ် မဟုတ်။
34 Em verdade vos digo que não passará esta geração sem que tudo isto aconteça.
35 ခေါန်းခင်နဲ့ မြေကြီး ပျောက်ကွယ်သွားပေမဲ့ ငါ့ရဲ့ စကားဟ ပစာအခါမှ ပျောက်ကွယ်လိမ့်မယ် မဟုတ်။
35 Passará o céu e a terra, porém as minhas palavras não passarão.
36 “အဲလိုလဲ အေးအချိန် အဲဟာမဟုတ်ရင် နာရီနဲ့ ပတ်သက်ယွေ့ ခမည်းတော်မှတပါး စသူမှမသိ၊ ခေါန်းခင်ဘုံဆိ ခေါန်းခင်တမန်များလည်း မသိ၊ သားတော်လည်း မသိ။
36 Mas a respeito daquele dia e hora ninguém sabe, nem os anjos dos céus, nem o Filho, senão o Pai.
37 နောဧ လက်ထပ်ဟ ဖြစ်ပျက်သလိုမျိုး လူသား ကြွလာသောအခါနှိုက်လည်း ဖြစ်ပျက်လိမ့်မယ်။
37 Pois assim como foi nos dias de Noé, também será a vinda do Filho do Homem.
38 အေးနေ့ရက်ကာလနှိုက် ယေမလွမ်းမိုးခင်၊ သင်္ဘောထဲဟို နောဧ ဝင်သည့်နေ့တိုင်အောန် လူတို့ဟ စားသောက်လျက် ထိမ်းမြားစုံဖက်လျက် နေကြအယ်။
38 Porquanto, assim como nos dias anteriores ao dilúvio comiam e bebiam, casavam e davam-se em casamento, até ao dia em que Noé entrou na arca,
39 သူလို့ဟ ယေလွမ်းမိုးယွေ့ သေကြေပျက်စီးကြသည့် အချိန်တိုင်အောန် သတိမဲ့လျက်နေကြအယ်။ လူသား ကြွလာချိန်နှိုက်လည်း အေးတိုင်းတိုင်း ဖြစ်လိမ့်မယ်။
39 e não o perceberam, senão quando veio o dilúvio e os levou a todos, assim será também a vinda do Filho do Homem.
40 အေးအချိန်နှိုက် လယ်ထဲတွင် ဆိသူ လူနေယောက်အနက် တယောက်ဟို သိမ်းယွေ့ တယောက်ဟို ထားခဲ့အယ်။
40 Então, dois estarão no campo, um será tomado, e deixado o outro;
41 ကြိတ်ဆုံလှည့်နေသူ မိန်းမနေယောက်အနက် တယောက်ဟို သိမ်းယူယွေ့ တယောက်ဟို ထားခဲ့အယ်။
41 duas estarão trabalhando num moinho, uma será tomada, e deixada a outra.
42 သို့ဖြစ်ယွေ့ သတိနဲ့စောင့်နေကြလော့၊ ပစာကို့ နင်လို့ရဲ့ အဆှင်ဟ ပစာအခါ ကြွလာမယ်ဟို နင်လို့ မသိကြ။
42 Portanto, vigiai, porque não sabeis em que dia vem o vosso Senhor.
43 အိုင်ဆှင်ဟ သူခိုးလာမယ့် အချိန်ဟိုသာ သိရရင် သတိနဲ့နေလျက် မိမိနေအိုင်ဟို သူခိုးဖောက်ခွင့်ပြုမယ် မဟုတ်ကျောန်း နင်လို့ သိမှတ်ကြလော့။
43 Mas considerai isto: se o pai de família soubesse a que hora viria o ladrão, vigiaria e não deixaria que fosse arrombada a sua casa.
44 အဲလိုမို့ လူသားဟ နင်လို့ မထင်မှတ်သော အချိန်နှိုက် ကြွလာမယ် ဖြစ်ယွေ့ နင်လို့ဟလည်း အဆင့်သင့်ဆိနေကြလော့။
44 Por isso, ficai também vós apercebidos; porque, à hora em que não cuidais, o Filho do Homem virá.
45 “သစ္စာဆိပင်း ပညာဆိသော ကျွန်ဟ စသူလုန်း၊ အေးသူဟ တခြား ကျွန်များဟို အုပ်ချုပ်ရန်နဲ့ အချိန်တန်လျှင် ရိက္ခာများထုတ်ပေးရန် သခင်ဟ ခန့်ထားသူဖြစ်အယ်။
45 Quem é, pois, o servo fiel e prudente, a quem o senhor confiou os seus conservos para dar-lhes o sustento a seu tempo?
46 ကျွန်ဟ မိမိတာဝန်ဟို သစ္စာဆိစွာဆောင်ရွက်နေတာဟို သခင်အိုင် ပြန်လာချိန်နှိုက် တွေ့ရင် မင်္ဂလာဆိအယ်။
46 Bem-aventurado aquele servo a quem seu senhor, quando vier, achar fazendo assim.
47 နင်လို့အား ငါ အမန်အကန် ပြောတာဟ သခင်သည် မိမိဥစ္စာဆိသမျှဟို စီမံအုပ်ချုပ်ရန် အေးကျွန်အား အပ်နှင်းလိမ့်မယ်။
47 Em verdade vos digo que lhe confiará todos os seus bens.
48 အဲလိုလဲ အေးကျွန်ဟ ကျွန်မိုက်ဖြစ်ပါဟ ‘ငါ့သခင်ပြန်လာအုံးမှာ မဟုတ်၊ ကြာအုံးမယ်’ ဟု စိတ်နေလုံးနှိုက် အောက်မေ့ကာ၊
48 Mas, se aquele servo, sendo mau, disser consigo mesmo: Meu senhor demora-se,
49 ကျွန်ချင်းလို့အား ရိုက်နှက်လျက် သေရည်သောက်ကြူးသူလို့နဲ့ သောက်စားမူးယဇ်လျက် နေလိမ့်မယ်။
49 e passar a espancar os seus companheiros e a comer e beber com ébrios,
50 အေးနောက် အေးကျွန် မမျော်လင့်သောနေ့၊ မသိမျော်လဲ့ အချိန်နှိုက် သူ့သခင်ပြန်လာယွေ့၊
50 virá o senhor daquele servo em dia em que não o espera e em hora que não sabe
51 သူ့ဟို ပြင်းစွာ ကြိမ်ဒဏ်ခတ်ယွေ့ သူတော်ကောင်းဟန်ဆောင်သူလို့ခံရသော ကံကြမ္မာဆိုးဟို ခံစေလိမ့်မယ်။ သူဟ ငိုကမြည်တမ်းယွေ့ အံသွားခဲကြိတ်လျက် နေရလိမ့်မယ်။”
51 e castigá-lo-á, lançando-lhe a sorte com os hipócritas; ali haverá choro e ranger de dentes.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.