Marcos 1

dnv (DNV) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ဟေအကျောန်းအရာဟ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်အကျောန်း သတင်းကောင်း ဖြစ်အယ်။
1 Princípio do evangelho de Jesus Cristo, Filho de Deus.
2 ပရောဖက် ဟေရှာယကျမ်းတွင် စတင် ရေးသားခဲ့လဲ့အတိုင်း၊
2 Como está escrito na profecia de Isaías: “Eis que envio o meu mensageiro adiante de você, o qual preparará o seu caminho.
3 တောကန္တာရထဲတွင် တစုံတယောက် အော်ပြောသောသူရဲ့ အသံမှာ
3 Voz do que clama no deserto: Preparem o caminho do Senhor, endireitem as suas veredas.”
4 နှစ်ခြင်းဆရာ ယောဟန်ဟ တောကန္တာရနှိုက် ပေါ်ထွန်းလာပင်း အပစ်များဟို ခွင့်လွှတ်ခြင်းအတွက် နောင်တနဲ့ဆိုင်သော နှစ်ခြင်းတရားဟို ဟောလေအယ်။
4 E foi assim que João Batista apareceu no deserto, pregando batismo de arrependimento para remissão de pecados.
5 ရမ်းဆာ့သော ယုဒနယ်တနယ်လုံးဆိ လူအပေါင်းလို့နဲ့ ယေရုရှလင်မြို့မှ လူအားလုံးလို့ဟ ယောဟန်ဆေသို့ ကြားနာဖို့ သွားကြကုန်အယ်။ မိမိလို့ အပစ်များဟို ပြောပြဝန်ခံပင်း ယော်ဒန်မြစ်တွင် ယောဟန်ဆေမှာ နှစ်ခြင်းဟို ခံယူကြအယ်။
5 E toda a região da Judeia e todos os moradores de Jerusalém iam até ele. E, confessando os seus pecados, eram batizados por ele no rio Jordão.
6 ယောဟန်ဟ ကုလားအုတ် အမွေးနဲ့ရက်သော အဝတ်ကြမ်းဟို ဝတ်ဟားပင်း၊ သားရေ ခါးပတ်ဟို သူ့ရဲ့ ခါးတွင် စဲထားလျက်၊ ပလံမစိမ်းနဲ့ တောပျားရည်ဟို စားသောက်နေအယ်။
6 A roupa de João era feita de pelos de camelo. Ele usava um cinto de couro e se alimentava de gafanhotos e mel silvestre.
7 သူဟ “ငါ့ထက်ကြီးမြတ်သောသူဟ ငါရဲ့ နောက်တွင် ပေါ်ထွန်းလာလိမ့်မယ်။ ငါဟ အဲသူရဲ့ ဖိနပ်သိုင်းကြိုးဟိုမျှ ငုံ့ယွေ့ ဖြေပေးရန် ငါမထိုက်။
7 E João pregava, dizendo: — Depois de mim vem aquele que é mais poderoso do que eu, do qual não sou digno de, curvando-me, desamarrar as correias das suas sandálias.
8 ငါဟ နင်လို့အား ယေတွင် နှစ်ခြင်းဟို ပေးယွေ့၊ အဲသူမှာမူ သန့်ဆှင်းသော ဝိညာဉ်တော်နှိုက် နင်လို့ဟို နှစ်ခြင်း ပေးလိမ့်မယ်” ဟု ဟောလေအယ်။
8 Eu batizei vocês com água; ele, porém, os batizará com o Espírito Santo.
9 အဲအချိန်မှာ ယေရှုဟ ဂါလိလဲပြေ နာဇရက်မြို့မှ ကြွလာယွေ့၊ ယော်ဒန်မြစ်တွင် ယောဟန်ဆေမှာ နှစ်ခြင်းဟို ခံယူလေအယ်။
9 Naqueles dias, Jesus veio de Nazaré da Galileia e foi batizado por João no rio Jordão.
10 ယေထဲမှ တက်လာတာနဲ့ တခါတည်း မိုးခေါန်းခင်ပွင့်ယွေ့ သူ့အပေါ်ဟို ဝိညာဉ်တော်ဟ ချိုးငက်အသွင်ဖြင့် ဆင်းလာတာဟို မျော်လေအယ်။
10 Logo ao sair da água, Jesus viu os céus se abrindo e o Espírito descendo como pomba sobre ele.
11 မိုးခေါန်းခင် ပေါ်မှ လာသော အသံဟ “နင်ဟ ငါပိုင်တဲ့ ငါရဲ့ ချစ်သား ဖြစ်အယ်။ ငါ နှစ်သက်မြတ်နိုးသောသူ ဖြစ်အယ်။”
11 Então veio uma voz dos céus, que dizia: — Você é o meu Filho amado; em você me agrado.
12 ခုတင်ချင်းပင် ဝိညာဉ်တော်ဟ ကိုယ်တော်အား တောကန္တာရထဲဟို ပို့ဆောင်ပေးအယ်။
12 E logo o Espírito conduziu Jesus ao deserto,
13 တောကန္တာရတွင် စာတန်ဟ ကိုယ်တော်အား ရက်ပေါင်း လေးဆယ်တိတိ စမ်းသပ်သွေးဆောင်လေအယ်။ အဲနေရာတွင် တောတိရစ္ဆာန်ကောင်များလည်း ဆိကြပင်း ခေါန်းခင်တမန်လို့ဟ လာယွေ့ ကိုယ်တော်ဟို ကူညီလုပ်ကျွေးကြအယ်။
13 onde ficou durante quarenta dias, sendo tentado por Satanás. Estava com as feras, e os anjos o serviam.
14 ယောဟန်ဟ အကျဉ်းထောင်ထဲဟို ရောက်ပင်းနောက် ယေရှုဟ ဂါလိလဲပြေသို့ ကြွလာယွေ့ ဘုရားသခင်ဆေမှ သတင်းကောင်းဟို ဟောလေအယ်။
14 Depois de João ter sido preso, Jesus foi para a Galileia, pregando o evangelho de Deus.
15 “အချိန်ကျလာပီ။ ဘုရားသခင်ရဲ့ နိုင်ငံတော် တည်လုနီးပီမို့၊ နောင်တရယွေ့ သတင်းကောင်းဟို ယုံကြည်ကြလော့” ဟု ဟောလေအယ်။
15 Ele dizia:
16 ယေရှုဟ ဂါလိလဲ အိန်ကမ်းနားတွင် ဆှောက်သောအခါ ရှိမုန်နဲ့ သူ့ညီ အိန္ဒြေလို့ တံငါသည် နေယောက်ဟ အိန်ထဲတွင် ကွန်ပစ်နေကြတာဟို မျော်လေအယ်။
16 Caminhando junto ao mar da Galileia, Jesus viu os irmãos Simão e André, que lançavam a rede ao mar, porque eram pescadores.
17 ယေရှုဟ “လာမန့်။ ငါ့နောက်ဟို လိုက်ကြ။ နင်လို့ဟို လူဟိုဖမ်းသော တံငါသည်များဖြစ်အောန် ငါသင်ပေးမယ်” ဟု သူလို့အား ပြောလေအယ်။
17 Jesus lhes disse:
18 သူလို့ဟ တခါထဲ ပိုက်ကွန်ဟို ထားခဲ့ယွေ့ နောက်တော်ဟို လိုက်ကြအယ်။
18 Então eles deixaram imediatamente as redes e o seguiram.
19 ကိုယ်တော်ဟ ကတစ်ဆက်လက်ယွေ့ ဆှောက်သွားပင်း နောက်ထပ် ညီအကို နေယောက်ဖြစ်သော ဇေဗေဒဲရဲ့ သား ယာကုပ်နဲ့ ယောဟန်ဟို မျော်လေအယ်။ သူလို့ဟလည်း လှေထဲတွင် ပိုက်ကွန်များဟို အသင့်ပြင်နေကြအယ်။
19 Pouco mais adiante, Jesus viu Tiago, filho de Zebedeu, e João, seu irmão, que estavam no barco consertando as redes,
20 ယေရှုဟ သူလို့ဟို မျော်ရင် ခုတုံးခေါ်လိုက်သဖြင့် သူလို့ဟ အဖ ဇေဗေဒဲဟို လူငှားများနဲ့ လှေထဲတွင် ထားခဲ့ယွေ့ ယေရှု နောက်ဟို လိုက်ကြအယ်။
20 e logo os chamou. E eles seguiram Jesus, deixando o seu pai Zebedeu no barco com os empregados.
21 ယေရှုနဲ့ သူရဲ့ တဘဲ့တော်လို့ဟ ကပေရနောင်မြို့ထဲဟို လာကြအယ်။ ဥပုသ်နေ့ရောက်သောအခါ ယေရှုဟ တရားဇရပ်ဟို ဝင်ယွေ့ စတင်သွန်သင်လေအယ်။
21 Depois, entraram em Cafarnaum, e, logo no sábado, Jesus foi ensinar na sinagoga.
22 လူလို့ဟ ကိုယ်တော် သွန်သင်ခြင်းဟို အံ့ဩကြအယ်၊ ပစာကို့ ကိုယ်တော်ဟ ကျမ်းတတ်ဆရာများလိုမျိုး မဟုတ်ဘဲ၊ အဲသူလို့အား အမိန့်အာဏာဆိသောသူလိုမျိုး သွန်သင်လေအယ်။
22 E maravilhavam-se com a sua doutrina, porque os ensinava como alguém que tem autoridade e não como os escribas.
23 အားပင်း ညစ်ညူးသော နတ်ပူးနေသူ တအူးဟ တရားဇရပ်ထဲဟို လာယွေ့ အော်ကတာဟ၊
23 E logo apareceu na sinagoga um homem possuído de espírito imundo, o qual gritou:
24 “နာဇရက်မြို့သား ယေရှု၊ နင်ဟ ငါလို့အား ပစာလို လုပ်ချင်လုန်း။ ငါလို့အား ဖျက်ဆီးရန် ဟေမှာ ဆိနေပါလော။ နင်ဟာ စသူဖြစ်ကျောန်း ငါ သိအယ် — နင်ဟ ဘုရားသခင်ရဲ့ သန့်ဆှင်းသောသူ ဖြစ်အယ်။”
24 — O que você quer conosco, Jesus Nazareno? Você veio para nos destruir? Sei muito bem quem você é: o Santo de Deus!
25 ယေရှုဟ “တိတ်တိတ်နေလော့၊ သူ့အထဲမှ ထွက်သွားလော့” ဟု ဝိညာဉ်ဟို အမိန့်ပေးအယ်။
25 Mas Jesus o repreendeu, dizendo:
26 ညစ်ညူးသောနတ်ဟ လူဟို တောင့်မာစေပင်း၊ အသံကျယ်ရီးနဲ့ အော်ဟစ်ပင်း သူဆေဟနေ ထွက်လာအယ်။
26 Então o espírito imundo, agitando-o violentamente e gritando em alta voz, saiu dele.
27 လူအပေါင်းလို့ဟ ရမ်းဆာ့အံ့ဩကြလျက် “ဟေဟာရာ့ ပစာရီးနှင်း။ အေးဟာဟ အသစ်သင်ကြားခြင်းရဲ့ တချို့လော။ သူဟာ ညစ်ညူးသော နတ်များဟို အာဏာနဲ့ အမိန့်ပေးယွေ့ သူလို့ဟ နာခံကြအယ်” ဟု သူလို့ အချင်းချင်း စတင်ပင်း ပြောဆိုကြအယ်။
27 Todos se admiraram, a ponto de perguntarem entre si: — Que é isto? Uma nova doutrina! Com autoridade ele ordena aos espíritos imundos, e eles lhe obedecem!
28 အဲကျောန့် ကိုယ်တော်ရဲ့ သတင်းအကျောန်းဟ ဂါလိလဲပြေ တနယ်လုံးဆိ နေရာတိုင်း မြန်မြန် ပျံ့နှံ့သွားလေအယ်။
28 E a fama de Jesus se espalhou depressa em todas as direções, por toda a região da Galileia.
29 ယေရှုနဲ့ သူရဲ့ တဘဲ့တော်လို့ဟ ယာကုပ်၊ ယောဟန်နဲ့အတူ တရားဇရပ်မှ ထွက်ခွာယွေ့ ရှိမုန်၊ အိန္ဒြေလို့ရဲ့ နေအိုင်ဟို တန်းသွားကြအယ်။
29 E, saindo da sinagoga, foram, com Tiago e João, para a casa de Simão e André.
30 ရှိမုန်ရဲ့ ယောက္ခမဟ ဖျားနေယွေ့ အိပ်ယာပေါ်လှဲလျက် နေတာဟို ယေရှုအား သူမအကျောန်း သူလို့ဟ ခုတုံးပြောအယ်။
30 A sogra de Simão estava de cama, com febre; e logo deram essa notícia a Jesus.
31 ကိုယ်တော်ဟ သူမဆေဟို သွားပင်း၊ သူမရဲ့ လက်ဟို ယူယွေ့ ထရန် ကူညီပင်း၊ သူမဟ အဖျားပျောက်ယွေ့ စတင်ပင်း သူလို့ဟို လုပ်ကျွေးပြုစုလေအယ်။
31 Então, aproximando-se, Jesus pegou na mão dela e fez com que ela se levantasse. A febre a deixou, e ela passou a servi-los.
32 နေဝင်ယွေ့ ညခင်းအချိန် ရောက်လာပင်းနောက် လူများဟ ရောဂါသည်များနဲ့ နတ်မိစ္ဆာပူးသူများ အားလုံးဟို ယေရှု ဆေဟို ခေါ်ခဲ့ကြအယ်။
32 À tarde, depois do pôr do sol, trouxeram a Jesus todos os enfermos e endemoniados.
33 မြို့ထဲမှ လူအားလုံးလို့ဟ နေအိုင် ဆေ့အူးတွင် စုဆုံလျက် ဆိနေကြအယ်။
33 Toda a cidade estava reunida à porta da casa.
34 ယေရှုဟ ဖျားနာနေသူများနဲ့ ရောဂါအမျိုးစုံစွဲကပ်သူ အမြောက်အများဟို ကျန်းမာစေယွေ့ ရမ်းဆာ့သော နတ်ဆိုးလို့ဟို မောင်းထုတ်ပလိုက်အယ်။ နတ်ဆိုးလို့ဟ ကိုယ်တော် စသူဖြစ်ကျောန်းဟို သိနေကြသောကျောန့် ကိုယ်တော်ဟ သူလို့အား စကားပြောခွင့် မပေးချေ။
34 E ele curou muitos que se achavam doentes de todo tipo de enfermidades. Também expulsou muitos demônios, não lhes permitindo que falassem, porque sabiam quem ele era.
35 မနက်စောစော မိုးမလင်းခင် ယေရှုဟ အိပ်ယာမှ ထပင်း၊ သူဟ နေအိုင်ဟနေ တိတ်ဆိတ်လဲ့ နေရာဟို ထွက်သွားပင်း အဲအရပ်နှိုက် ဆုတောင်းလေအယ်။
35 Tendo-se levantado de madrugada, quando ainda estava escuro, Jesus saiu e foi para um lugar deserto, e ali orava.
36 ရှိမုန်နဲ့ သူရဲ့ အပေါင်းအဖော်များဟ ထွက်သွားယွေ့ ကိုယ်တော်ဟို လိုက်ဆာယွေ့၊
36 Simão e os que estavam com ele procuraram Jesus por toda parte.
37 သူလို့ ကိုယ်တော်ဟို တွေ့သောအခါ “လူအပေါင်းလို့ဟ ကိုယ်တော်ဟို ဆာနေကြပါအယ်” ဟု ပြောကြအယ်။
37 Quando o encontraram, lhe disseram: — Todos estão à sua procura.
38 ယေရှုဟ “အနီးအနားဆိ အခြားရွာများဟို သွားကြစို့။ ငါဟ သူလို့ဆေမှာ တရားဟောရမယ်၊ အဲဒီအတွက်ကျောန့် ငါလာခဲ့အယ်” ဟု ပြောလေအယ်။
38 Jesus, porém, lhes disse:
39 ကိုယ်တော်ဟ ဂါလိလဲပြေအနှံ့ သွားလာယွေ့ တရားဇရပ်များနှိုက် တရားဟောပင်း နတ်မိစ္ဆာများဟို မောင်းထုတ်လေအယ်။
39 Então ele foi por toda a Galileia, pregando nas sinagogas deles e expulsando os demônios.
40 နူနာရောဂါစွဲကပ်သူ လူတယောက်ဟ ယေရှုဆေဟိုလာပင်း ဒူးထောက်ယွေ့ “ကိုယ်တော် အလိုတော်ဆိရင် ငါ့ဟို ရောဂါမှ သန့်စင်စေနိန်ပါအယ်” ဟု တောင်းပန်အယ်။
40 Um leproso se aproximou de Jesus e lhe pediu, de joelhos: — Se o senhor quiser, pode me purificar.
41 ယေရှုဟ သနားသဖြင့် လက်ဟို ဆန့်ယွေ့ အဲသူဟို တို့ထိလေအယ်။ “ငါ အလိုဆိအယ်၊ သန့်ဆှင်းပါစေ” ဟု ပြောအယ်။
41 E Jesus, profundamente compadecido, estendeu a mão, tocou nele e disse:
42 ခုတုံးပင် သူဟ နူနာရောဂါပျောက်ယွေ့ သန့်စင်သွားလေအယ်။
42 No mesmo instante, a lepra desapareceu dele, e ele ficou limpo.
43 ယေရှုဟ သူဟို ခုတုံးလွှတ်လိုက်အယ်၊
43 E, advertindo-o severamente, logo o despediu.
44 သူ့ဟို ပြောပင်းနောက်၊ “နားထောင်ပါ၊ အဲအကျောန်းဟို စသူ့ဟိုမှ မပြောနဲ့။ အဲလိုလဲ ယဇ်ပုရောဟိတ်ဆေသို့ တန်းသွားပင်း ကိုယ်ဟို ပြပင်း နင်လို့ဟ သန့်ဆှင်းကျောန်း လူတိုင်းဟို သက်သေပြရန် မောရှေ မိန့်မှာလဲ့အတိုင်း ပူဇော်သကာဟို ဆက်သပါ” ဟု တင်းတင်းကြပ်ကြပ် သတိပေးအယ်။
44 E lhe disse:
45 အားပင်မဲ့ သူထွက်သွားပင်း သတင်းဟို နေရာအနှံ့ဟို ပြောကြားလေအယ်။ အဲသတင်းဟ ရမ်းဆာ့ ပြန့်သွားသဖြင့် ယေရှုဟ မြို့ထဲဟို လူသိဆှင်ကြား မဝင်နိန်တော့ချေ။ ဆိတ်ကွယ်ရာအရပ်တွင် နေခဲ့ပင်း အရပ်ရပ်မှ လူအပေါင်းလို့ဟ ကိုယ်တော်ဆေဟို လာကြလေအယ်။
45 Mas, tendo ele saído, começou a proclamar muitas coisas e a divulgar a notícia, a ponto de Jesus não poder mais entrar publicamente em nenhuma cidade. Por isso, permanecia fora, em lugares desertos. E de toda parte vinham ao encontro dele.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.