Marcos 14

dnv (DNV) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ပသခါပွဲနဲ့ တဆေးမဲ့မုန့်ပွဲတော် ကျရောက်ရန် နေရက်လောက် လိုတော့အယ်။ ယဇ်ပုရောဟိတ်မင်းများနဲ့ ကျမ်းတတ်ဆရာများဟ ယေရှုဟို တိတ်တဆိတ် ဖမ်းဆီးယွေ့ သတ်ရန် နည်းလမ်းများဟို ဆှာဖွေလျက်နေကြအယ်။
1 Faltavam apenas dois dias para a Páscoa e para a festa dos pães sem fermento. Os chefes dos sacerdotes e os mestres da lei estavam procurando um meio de flagrar Jesus em algum erro e matá-lo.
2 သူလို့ဟ “ပွဲတော်အတွင်းနှိုက် လူလို့ ရုန်းရင်းဆန်ခတ် မဖြစ်စေရန် သူ့ဟို မဖမ်းဆီးကြနဲ့” ဟု ဆိုကြအယ်။
2 Mas diziam: "Não durante a festa, para que não haja tumulto entre o povo".
3 ယေရှုဟ ဗေသနိရွာတွင် အနူရောဂါ စွဲကပ်ဖူးသူ ရှိမုန်ရဲ့ နေအိုင်တွင် ဆိအယ်။ ယေရှု အစားအစာ သုံးဆောင်နေစဉ်၊ အမျိုးသမီးတယောက်ဟ ရမ်းဆာ့ အဖိုးတန်သော နာဒုဆီမွှေးနဲ့ ပြုလုပ်သော ကျောက်ဖြူအိုး အပြေ့တလုံးနဲ့အတူ ဝင်လာအယ်။ သူမဟ အိုးဟိုခွဲပင်း ယေရှုရဲ့ ခေါင်းပေါ်နှိုက် ဆီမွှေးဟို သွန်းလောင်းလေအယ်။
3 Estando Jesus em Betânia, reclinado à mesa na casa de um homem conhecido como Simão, o leproso, aproximou-se dele certa mulher com um frasco de alabastro contendo um perfume muito caro, feito de nardo puro. Ela quebrou o frasco e derramou o perfume sobre a cabeça de Jesus.
4 အဲမှာဆိနေတဲ့ လူအချို့လို့ဟ အူထော့လာယွေ့ တယောက်နဲ့တယောက် ပြောကြအယ် “ပစာကျောန့် ဆီမွှေးဟို အလကားကား ဖြုန်းတီးလုန်း၊
4 Alguns dos presentes começaram a dizer uns aos outros, indignados: "Por que este desperdício de perfume?
5 ဟေဆီမွှေးဟို ငွေဒင်္ဂါးအပြား ၃၀၀ ကျော်နဲ့ ရောင်းယွေ့ ပိတ်ဆန်ဟို ဆင်းရဲသူများအား ပေးကမ်းနိန်အယ်” အားပင်း သူလို့ဟ သူမဟို ပြင်းပြင်းထန်ထန် ဝေဖန်ကြအယ်။
5 Ele poderia ser vendido por trezentos denários, e o dinheiro dado aos pobres". E a repreendiam severamente.
6 အဲလိုလဲ ယေရှုဟ “အေးအမျိုးသမီးဟို ဆိပါစေ၊ ပစာကျောန့် သူမဟို နှောင့်ယှက်ကြလုန်း၊ သူမဟ ငါ့အတွက် ကောင်းမွန်ပင်း လှပတဲ့အရာတခုဟို ပြုလုပ်ခဲ့အယ်။
6 "Deixem-na em paz", disse Jesus. "Por que a estão perturbando? Ela praticou uma boa ação para comigo.
7 ဆင်းရဲသူများဟာ နင်လို့နဲ့ အမြဲဆိနေကြသဖြင့် နင်အလိုဆိလဲ့အချိန်တိုင်း၊ နင်လို့ဟ သူလို့ဟို အမြဲကူညီနိန်အယ်။ အဲလိုလဲ ငါဟတော့ နင်လို့နဲ့ အမြဲဆိနေတာ မဟုတ်။
7 Pois os pobres vocês sempre terão consigo, e poderão ajudá-los sempre que o desejarem. Mas a mim vocês nem sempre terão.
8 ဟေအမျိုးသမီးဟ သူတတ်နိန်သလောက် ပြုခဲ့ပီ၊ သူမဟ သင်္ဂြိုဟ်ခြင်းအတွက် ကြိုတင်ပြင်ဆင်ရန် ငါရဲ့ ခန္ဓာကိုယ်ဟို ဆီမွှေးနဲ့ သွန်းလောင်းလေပီ။
8 Ela fez o que pôde. Derramou o perfume em meu corpo antecipadamente, preparando-o para o sepultamento.
9 အခု၊ နင်လို့ဟို ငါ အမန်အကန် ပြောတာဟ ကမ္ဘာအရပ်ရပ်တွင် ဧဝံဂေလိတရားဟို ဟောပြောတဲ့ နေရာတိုင်းနှိုက်၊ ဟေအမျိုးသမီးဟို သူပြုခဲ့သောအမှုဟိုလည်း အမှတ်တရအဖြစ် ပြောကြားကြလိမ့်မယ်” ဟု ပြောအယ်။
9 Eu lhes asseguro que onde quer que o evangelho for anunciado, em todo o mundo, também o que ela fez será contado em sua memória".
10 အေးနောက် တဆယ့်နေပါးသော တဘဲ့တော်လို့ထဲမှ တပါးဖြစ်သော ယုဒရှကာရုတ်ဟ၊ ယဇ်ပုရောဟိတ်ကြီးများ လက်သို့ ယေရှုဟို သစ္စာဖောက်ရန် သူလို့ဆေသို့သွားအယ်။
10 Então Judas Iscariotes, um dos Doze, dirigiu-se aos chefes dos sacerdotes a fim de lhes entregar Jesus.
11 သူပြောတဲ့ စကားဟို ကြားရတော့ သူလို့ဟ ဝမ်းသာကြယွေ့၊ သူ့အား ငွေပေးမယ်လို့ ကတိပြုကြအယ်။ အေးလို့မို့ ယုဒဟ ယေရှုဟို သူ့လို့ လက်ထဲဟိုအပ်ရန် အခွင့်ကောင်းဟို စတင် ဆှာလျက်နေအယ်။
11 A proposta muito os alegrou, e lhe prometeram dinheiro. Assim, ele procurava uma oportunidade para entregá-lo.
12 တဆေးမဲ့မုန့်ပွဲတော်ရဲ့ ပထမနေ့တည်းဟူသော၊ ပသခါပွဲတော်အတွက် သိုးသငယ်ဟို ယဇ်ပူဇော်ရသော ထုံးစံဆိအယ်၊ ယေရှုရဲ့ တဘဲ့တော်များဟ ကိုယ်တော်အား “ကိုယ်တော်အတွက် အကျွန်ုပ်လို့ဟ ပစာအရပ်နှိုက် သွားပင်း ပသခါပွဲအတွက် စားဖို့ရန် ပြင်ဆင်မှုတွေ လုပ်စေချင်လဲ” ဟု မေးကြအယ်။
12 No primeiro dia da festa dos pães sem fermento, quando se costumava sacrificar o cordeiro pascal, os discípulos de Jesus lhe perguntaram: "Aonde queres que vamos e te preparemos a refeição da Páscoa? "
13 အေးလို့မို့ ယေရှုဟ တဘဲ့တော် နေယောက်ဟို စေလွှတ်ယွေ့၊ သူလို့ဟို ပြောစေအယ် “မြို့ထဲဟို သွားကြ၊ အားပင်း ယေအိုး သယ်လာသူဟ နင်ဟို တွေ့လိမ့်မယ်။ သူရဲ့ နောက်လိုက်ကြ။
13 Então ele enviou dois de seus discípulos, dizendo-lhes: "Entrem na cidade, e um homem carregando um pote de água virá ao encontro de vocês. Sigam-no
14 သူဝင်သွားသော နေအိုင်မှ အိုင်ဆှင်အား ပြောပါ၊ ‘ဆရာဟ ငါ့တဘဲ့တော်များနဲ့အတူ ပသခါပွဲဟို စားဖို့၊ ဧည့်ခန်းဟ ပစာနားမှာရီး၊’
14 e digam ao dono da casa em que ele entrar: ‘O Mestre pergunta: Onde é o meu salão de hóspedes, no qual poderei comer a Páscoa com meus discípulos? ’
15 သူဟ အပေါ်ထပ်အခန်းဆိ အသင့်ပြင်ဆင်ခင်းကျင်းထားသော အခန်းကြီးဟို နင်လို့အား ပြလိမ့်မယ်။ အေးနေရာနှိုက် ငါလို့အတွက် ပြင်ဆင်မှု ပြုကြလော့” ဟု မိန့်အယ်။
15 Ele lhes mostrará uma ampla sala no andar superior, mobiliada e pronta. Façam ali os preparativos para nós".
16 တဘဲ့တော်လို့ဟ ထွက်သွားပင်းရင်၊ မြို့ထဲဟိုသွားယွေ့ ယေရှုဟ သူလို့အား ပြောလိုက်တဲ့အတိုင်း အရာများဟို တွေ့ဆိခဲ့အယ်။ အေးကျောန့် သူလို့ဟ ပသခါပွဲတော်ဟို ပြင်ဆင်ကြအယ်။
16 Os discípulos se retiraram, entraram na cidade e encontraram tudo como Jesus lhes tinha dito. E prepararam a Páscoa.
17 ညခင်းအချိန်ရောက်လာသောအခါ၊ ယေရှုဟ တဆယ့်နေပါးသော တဘဲ့တော်လို့နဲ့အတူ ရောက်လာအယ်။
17 Ao anoitecer, Jesus chegou com os Doze.
18 သူလို့ဟ စားပွဲနားမှာလျောင်းလျက် စားနေစဉ်တွင်၊ ယေရှုဟ “အမန်အကန် နင်ဟို ငါပြောတာဟ၊ ငါနဲ့အတူ စားနေသော သင်လို့ထဲမှ သူတယောက်ဟ ငါ့ဟို သစ္စာဖောက်လိမ့်မယ်” ဟု ပြောအယ်။
18 Quando estavam comendo, reclinados à mesa, Jesus disse: "Digo-lhes que certamente um de vocês me trairá, alguém que está comendo comigo".
19 တဘဲ့တော်လို့ဟ စိတ်မချမ်းမသာဖြစ်ကြလျက် “သေချာတာဟ နင်ဟ ငါဟို ဆိုလိုလော” ဟု တယောက်ပင်းတယောက် သူလို့ဟ ကိုယ်တော်အား မေးကြအယ်။
19 Eles ficaram tristes e, um por um, lhe disseram: "Com certeza não sou eu! "
20 ယေရှုဟ “တဆယ့်နေပါးသော သူလို့ထဲမှ တယောက်ဖြစ်ပင်း၊ ငါနဲ့အတူ တပကန်ထဲတွင် မုန့်ဟို နှိုက်သောသူ ဖြစ်အယ်။
20 Afirmou Jesus: "É um dos Doze, alguém que come comigo do mesmo prato.
21 ကျမ်းစာလာလဲ့အတိုင်း လူသားဟ အသေခံလိမ့်မယ်၊ အဲလိုလဲ လူသားအား သစ္စာဖောက်သောသူဟ စလောက်ကြောက်စရာ ကောင်းလိမ့်မလဲ၊ သူဟ ဘယ်တော့မှ မမွေးဖွားခဲ့ရင် အေးလူအတွက်ပိုပင်း ကောင်းလိမ့်မယ်” ဟု ဖြေအယ်။
21 O Filho do homem vai, como está escrito a seu respeito. Mas ai daquele que trai o Filho do homem! Melhor lhe seria não haver nascido".
22 သူလို့ဟ စားနေကြစဉ်၊ ယေရှုဟ မုန့်ဟိုယူယွေ့၊ ကျေးဇူးတင်ကျောန်း ဆုတောင်းကာ၊ မုန့်ဟိုဖဲ့ယွေ့ တဘဲ့တော်လို့အား ပေးအယ်။ ကိုယ်တော်ဟ “ယူကြလော့၊ ဟေမုန့်ဟ ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်” ဟု မိန့်အယ်။
22 Enquanto comiam, Jesus tomou o pão, deu graças, partiu-o, e o deu aos discípulos, dizendo: "Tomem; isto é o meu corpo".
23 အေးနောက် ခွက်ဟို ယူယွေ့၊ ဘုရားသခင်ဟို ကျေးဇူးတင်ယွေ့၊ သူလို့ရဲ့ လက်ထဲသို့ အေးခွက်ဟို ပေးရင်၊ သူလို့အားလုံးဟ အေးခွက်ဟို သောက်ကြအယ်။
23 Em seguida tomou o cálice, deu graças, ofereceu-o aos discípulos, e todos beberam.
24 ယေရှုဟ “အေးဒါဟ အများအတွက်သွန်းသော ငါ့ရဲ့ အသွေး ဖြစ်အယ်၊ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟို တံဆိပ်ခတ်နှိပ်သော ငါရဲ့ အသွေး ဖြစ်အယ်။
24 E lhes disse: "Isto é o meu sangue da aliança, que é derramado em favor de muitos.
25 အမန်အကန် နင်ဟို ငါပြောတာဟ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်နှိုက် အသစ်ပြန်သောက်မဲ့ နေ့မတိုင်ခင် ငါဟ ဟေစပျစ်မှဖြစ်သော အရည်ဟို နောက်တခါ မသောက်တော့ဝူး” ဟု မိန့်အယ်။
25 Eu lhes afirmo que não beberei outra vez do fruto da videira, até aquele dia em que beberei o vinho novo no Reino de Deus".
26 အဲပင်းရင် သူလို့ဟ ဓမ္မသီချင်းဆိုပင်းရင် သံလွင်တောင်ဟို ထွက်သွားကြအယ်။
26 Depois de terem cantado um hino, saíram para o monte das Oliveiras.
27 ယေရှုဟ သူလို့အား “နင်လို့အားလုံးဟ ထွက်ပြေးပင်း ငါ့ဟို ထားသွားလိမ့်မယ်၊ ကျမ်းစာပြောထားလဲ့အတိုင်း၊ ‘ဘုရားသခင်ဟ သိုးထိန်းဟို သတ်ပင်း သိုးများအားလုံး ကျဲပြေးကုန် ကြလိမ့်မယ်။’
27 Disse-lhes Jesus: "Vocês todos me abandonarão. Pois está escrito: ‘Ferirei o pastor, e as ovelhas serão dispersas’.
28 အဲလိုလဲ ငါဟ ထမြောက်ပင်းနောက်၊ ဂါလိလဲပြေဟို နင်လို့ဆေ့အူးရင် ငါသွားနှင့်မယ်” ဟု ပြောအယ်။
28 Mas, depois de ressuscitar, irei adiante de vocês para a Galiléia".
29 ပေတရုဟ “အားလုံး စွန့်ပစ်ကြသော်လည်း ငါမစွန့်ပစ်ပါ” ဟု ကြွေးကြော်အယ်။
29 Pedro declarou: "Ainda que todos te abandonem, eu não te abandonarei! "
30 ယေရှုဟ ပေတရုအား “အမန်အကန် နင်ဟို ငါပြောတာဟ၊ ဟေနေ့ညတွင်ပင် ကြက် နေခါမတွန်ခင်၊ နင်ဟ သုံးကြိမ်တိတိ ငါ့ဟို မသိဟု ငြင်းဆိုလိမ့်မယ်” ဟု ပြောအယ်။
30 Respondeu Jesus: "Asseguro-lhe que ainda hoje, esta noite, antes que duas vezes cante o galo, três vezes você me negará".
31 ပေတရုဟ ပိုပင်း ပြင်းပြင်းထန်ထန် ဖြေပင်း၊ “ငါ ကိုယ်တော်နဲ့အတူတူပင် သေရင်တောင်၊ ငါ ပစာခါမှ ပြောမှာ ဟုတ်ဝူး” ဟု ပြောအယ်။
31 Mas Pedro insistia ainda mais: "Mesmo que seja preciso que eu morra contigo, nunca te negarei". E todos os outros disseram o mesmo.
32 သူလို့ဟ ဂေသရှေမန်ဟု ခေါ်သော အရပ်သို့ရောက်ကြပင်း၊ ယေရှုဟ သူရဲ့ တဘဲ့တော်များအား၊ “ငါဆုတောင်းနေစဉ် ဟေနေရာတွင် ထိန်နေကြလော့” ဟု ပြောအယ်။
32 Então foram para um lugar chamado Getsêmani, e Jesus disse aos seus discípulos: "Sentem-se aqui enquanto vou orar".
33 ပေတရု၊ ယာကုပ်နဲ့ ယောဟန်လို့ဟို မိမိနဲ့အတူ ခေါ်သွားလေအယ်။ စိတ်ဆင်းရဲမှုနဲ့ ပူပန်မှုလို့ဟ ကိုယ်တော်ဆေဟို ရောက်လာသဖြင့်၊
33 Levou consigo Pedro, Tiago e João, e começou a ficar aflito e angustiado.
34 အားပင်း ကိုယ်တော်ဟ သူလို့အား “ငါဟာ စိတ်နေလုံးနှိုက် ဝမ်းနည်းခြင်းဟ ရမ်းဆာ့ကြီးပင်း ငါဟ သေလုနီးပီ။ ဟေအရပ်တွင် သတိနဲ့ စောင့်နေကြလော့” ဟု မိန့်အယ်။
34 E lhes disse: "A minha alma está profundamente triste, numa tristeza mortal. Fiquem aqui e vigiem".
35 ကိုယ်တော်ဟ ဆေ့သို့ နည်းနည်းသွားပင်းရင်၊ မိမိကိုယ်ဟို မြေပေါ်တွင် လှဲချပင်း၊ ဖြစ်နိန်ရင် သူခံရသော ဒုက္ခကာလဟို လွှဲဖယ်ပေးပါမယ့်အကျောန်း ဆုတောင်းလေအယ်။
35 Indo um pouco mais adiante, prostrou-se e orava para que, se possível, fosse afastada dele aquela hora.
36 ကိုယ်တော် ဆုတောင်းတာဟ “အဖ၊” “ငါ့ အဖ၊ ကိုယ်တော်အတွက် အရာခပ်သိမ်းဟ တတ်နိန်ပါအယ်။ ဟေဒုက္ခဝေဒနာခွက်ဟို ငါ့ဆေမှ လွှဲဖယ်ပေးပါ။ အဲလိုလဲ ငါရဲ့ အလိုအတိုင်း မဟုတ်ဘဲ၊ ကိုယ်တော်ရဲ့ အလိုအတိုင်း ဖြစ်စေမူမန့်” ဟု ဆှောက်အယ်။
36 E dizia: "Aba, Pai, tudo te é possível. Afasta de mim este cálice; contudo, não seja o que eu quero, mas sim o que tu queres".
37 အဲပင်းရင် ကိုယ်တော်ဟ တဘဲ့တော်သုံးဦးလို့ ဆေဟို ပြန်လာရာ သူလို့ဟ အိပ်မွေ့လျက်နေကြတာဟို မျော်အယ်။ ကိုယ်တော်ဟ “ရှိမုန်၊ နင်ဟ အိပ်မွေ့နေသလော။ မအိပ်ဘဲ တနာရီလောက် စောင့်ယွေ့ မနေနိန်ဝူးလော” ဟု ပေတရုအား ပြောလေအယ်။
37 Então, voltou aos seus discípulos e os encontrou dormindo. "Simão", disse ele a Pedro, "você está dormindo? Não pôde vigiar nem por uma hora?
38 အဲပင်းရင် ကိုယ်တော်ဟ “နင်လို့ဟ စုံစမ်းနှောင့်ယှက်ခြင်းသို့ မကျရောက်စေရန် ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဆန္ဒဆိအယ်၊ အဲလိုလဲ ကိုယ်ခန္ဓာဟ အားနည်းအယ်” ဟု သူလို့အား ပြောလေအယ်။
38 Vigiem e orem para que não caiam em tentação. O espírito está pronto, mas a carne é fraca. "
39 ကိုယ်တော်ဟ နောက်တကြိမ် ထွက်သွားယွေ့ တူညီသောစကားများဟို ပြောကာ ဆုတောင်းခဲ့အယ်။
39 Mais uma vez ele se afastou e orou, repetindo as mesmas palavras.
40 အဲပင်းရင် ကိုယ်တော်ဟ တဘဲ့တော်လို့ထံသို့ ပြန်လာယွေ့ သူလို့ဟ မျက်စေ့လေးလံသဖြင့် တဖန် အိပ်မွေ့နေကြတာဟို မျော်လေအယ်။ သူလို့ဟ ကိုယ်တော်အား ပစာလို ပြောရမယ်ဟို မသိကြ။
40 Quando voltou, de novo os encontrou dormindo, porque seus olhos estavam pesados. Eles não sabiam o que lhe dizer.
41 ကိုယ်တော်ဟ သူလို့ဆေသို့ တတိယအကြိမ် ပြန်လာယွေ့ “နင်လို့ဟာ အခုထိတိုင် အိပ်မွေ့လျက်၊ နားလျက် နေကြသလော၊ တော်လောက်ပီ။ အချိန်ရောက်လာပီ။ ကျေ့မန့်၊ လူသားဟို ဆိုးသွမ်းသောသူများ လက်သို့အပ်နှံခြင်း ခံရမယ်။
41 Voltando pela terceira vez, ele lhes disse: "Vocês ainda dormem e descansam? Basta! Chegou a hora! Eis que o Filho do homem está sendo entregue nas mãos dos pecadores.
42 လာကြ။ ငါလို့ သွားကြကုန်အံ့။ ငါ့အား ရန်သူ့လက်ဟို အပ်မဲ့သူ ရောက်လာပီ” ဟု ပြောလေအယ်။
42 Levantem-se e vamos! Aí vem aquele que me trai! "
43 အေးလို့မျိုး ယေရှုပြောနေချိန်တွင် တဆယ့်နေပါးအဝင်ဖြစ်သော ယုဒ ရောက်ဆိလာအယ်။ သူနဲ့အတူ တုတ်၊ ထားကိုင်သူ လူအမြောက်အများပါအယ်။ အေးသူလို့ဟ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနဲ့ အသက်ကြီးသူများဟ စေလွှတ်ယွေ့ ရောက်ဆိလာကြခြင်းဖြစ်အယ်။
43 Enquanto ele ainda falava, apareceu Judas, um dos Doze. Com ele estava uma multidão armada de espadas e varas, enviada pelos chefes dos sacerdotes, mestres da lei e líderes religiosos.
44 ကိုယ်တော်အား သစ္စာဖောက်မဲ့သူဟ “ငါ နမ်းသောသူဟ နင်လို့ အလိုဆိသောသူ ဖြစ်အယ်၊ သူ့ဟို ဖမ်းဆီးယွေ့ အစောင့်နဲ့ ခေါ်သွားကြလော့” ဟု သူလို့အား အမှတ်ပေးခဲ့အယ်။
44 O traidor havia combinado um sinal com eles: "Aquele a quem eu saudar com um beijo, é ele: prendam-no e levem-no em segurança".
45 ယုဒဟ ရောက်လာတာနဲ့ ခုတုံးပင် ယေရှုဆေဟို ချဉ်းကပ်ယွေ့၊ “ဆရာ” ဟု ဆိုယွေ့ ကိုယ်တော်ဟို နမ်းလေအယ်။
45 Dirigindo-se imediatamente a Jesus, Judas disse: "Mestre! ", e o beijou.
46 အဲကျောန့် သူလို့ဟ ယေရှုဟို ဖမ်းဆီးယွေ့ တင်းကျပ်စွာ တုတ်ချေထားကြအယ်။
46 Os homens agarraram Jesus e o prenderam.
47 အဲအခါ အနီးတွင် ရပ်နေသူတဦးဟ ထားဟို ဆွဲထုတ်ပင်း ယဇ်ပုရောဟိတ်မင်းရဲ့ ကျွန်ဟို ခုတ်သဖြင့် အဲသူနားရွက် ပြတ်လေအယ်။
47 Então, um dos que estavam por perto puxou a espada e feriu o servo do sumo sacerdote, decepando-lhe a orelha.
48 ယေရှုဟ “နင်လို့ဟ ထားပြဟို ဖမ်းဆီးသလိုမျိုး ငါ့ဟို ဖမ်းဆီးရန် တုတ်နဲ့ ထားများဟို စွဲယွေ့ လာကြသလော။
48 Disse Jesus: "Estou eu chefiando alguma rebelião, para que vocês venham me prender com espadas e varas?
49 ငါဟ ဗိမာန်တော်နှိုက် နင်လို့နဲ့အတူ နေ့စဉ်နေ့တိုင်း ဆုံးမဩဝါဒ ပေးခဲ့အယ်၊ နင်လို့ဟ ငါ့ဟို ဖမ်းခဲ့ဝူး။ အဲလိုလဲ ကျမ်းစာလာလဲ့အတိုင်း အမန်ဖြစ်ရမယ်” ဟု သူလို့အား ပြောလေအယ်။
49 Todos os dias eu estava com vocês, ensinando no templo, e vocês não me prenderam. Mas as Escrituras precisam ser cumpridas".
50 အဲအခါ တဘဲ့တော်အပေါင်းလို့ဟ ကိုယ်တော်ဟို စွန့်ယွေ့ ထွက်ပြေးကြအယ်။
50 Então todos o abandonaram e fugiram.
51 စောင်ငယ်တထည်ဟိုသာ လွှားထားလဲ့ လူပဲ့ငယ်တယောက်ဟ ယေရှုရဲ့ နောက်တော်ဟ လိုက်လာအယ်။ သူလို့ဟ ကိုယ်တော်ဟို ဖမ်းဆီးမယ် လုပ်ကြသောအခါ၊
51 Um jovem, vestindo apenas um lençol de linho, estava seguindo a Jesus. Quando tentaram prendê-lo,
52 သူဟ စောင်ဟို လောပလိုက်ယွေ့ ကိုယ်ချဲချဲ ထွက်ပြေးလေအယ်။
52 ele fugiu nu, deixando o lençol para trás.
53 အဲသူလို့ဟ ယေရှုဟို ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်တော်သို့ ခေါ်ဆောင်သွားကြအယ်၊ ယဇ်ပုရောဟိတ်အကြီးများ၊ အသက်ကြီးသူများနဲ့ ကျမ်းတတ်ဆရာများဟ အေးအိုင်တော်တွင် စုရုံးလျက်ဆိနေကြအယ်။
53 Levaram Jesus ao sumo sacerdote; e então se reuniram todos os chefes dos sacerdotes, os líderes religiosos e os mestres da lei.
54 ပေတရုဟ ခပ်လှမ်းလှမ်းကနေယွေ့ ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်တော်ဝင်းထဲအထိ ကိုယ်တော်ရဲ့နောက်ဟ လိုက်လာခဲ့အယ်။ သူဟ အစောင့်တွေနဲ့ ထိန်ပင်း မီးလှုံလျက်နေအယ်။
54 Pedro o seguiu de longe até o pátio do sumo sacerdote. Sentando-se ali com os guardas, esquentava-se junto ao fogo.
55 ယဇ်ပုရောဟိတ်ကြီးများနဲ့ ယုဒတရားလွှတ်တော် အဖွဲ့ဝင်အပေါင်းလို့ဟ ယေရှုအား သေဒဏ်ပေးနိန်ရန် သက်သေဟို ဆာကြအယ်၊ အဲလိုလဲ သူလို့ဟ မတွေ့ကြ။
55 Os chefes dos sacerdotes e todo o Sinédrio estavam procurando depoimentos contra Jesus, para que pudessem condená-lo à morte, mas não encontravam nenhum.
56 လူအများလို့ဟ ကိုယ်တော်ဟို မားယွင်းစွာ သက်သေခံကြအယ်၊ အဲလိုလဲ သူလို့ရဲ့ ထွက်ဆိုချက်များ ကိုက်ညီမှု မဆိ။
56 Muitos testemunharam falsamente contra ele, mas as declarações deles não eram coerentes.
57 အဲအခါ လူအချို့လို့ဟ ထယွေ့ မားယွင်းသော သက်သေခံချက်ဟို ကိုယ်တော်အား ပေးကြအယ်၊
57 Então se levantaram alguns e declararam falsamente contra ele:
58 သူလို့ဟ “လူ့လက်ဖြင့် တည်ဆောက်သော ဟေဗိမာန်ဟို ငါ ဖျက်ယွေ့ သုံးရက်အတွင်း လူ့လက်ဖြင့် မတည်ဆောက်လဲ့ ဗိမာန်တော်ဟို ငါတည်ဆောက်မယ်” ဟု သူပြောဆိုတာဟို ကြားအယ်။
58 "Nós o ouvimos dizer: ‘Destruirei este templo feito por mãos humanas e em três dias construirei outro, não feito por mãos de homens’ ".
59 အဲလိုလဲ သူလို့ရဲ့ သက်သေခံချက်များဟလည်း ကိုက်ညီမှု မဆိ။
59 Mas, nem mesmo assim, o depoimento deles era coerente.
60 ယဇ်ပုရောဟိတ်မင်းဟ အဲသူလို့ အဆေ့မှာ ထယွေ့ ယေရှုဟို၊ “အေးသူလို့ နင့်အား စွပ်စွဲပြောဆိုနေကြတာဟို နင်ဟ ပစာလိုမျှ ပြန်မဖြေဘဲနေသလော” ဟု မေးလေအယ်။
60 Depois o sumo sacerdote levantou-se diante deles e perguntou a Jesus: "Você não vai responder à acusação que estes lhe fazem? "
61 အဲလိုလဲ ယေရှုဟ စကားတခွန်းမှ မပြောဘဲ၊ တိတ်ဆိတ်နေခဲ့အယ်။ တခါ ယဇ်ပုရောဟိတ်မင်းဟ “နင်ဟ မေဆှိယ၊ ကောင်းချီးပေးသော ဘုရားသခင်ရဲ့ သားတော်လော” ဟု မေးလေအယ်။
61 Mas Jesus permaneceu em silêncio e nada respondeu. Outra vez o sumo sacerdote lhe perguntou: "Você é o Cristo, o Filho do Deus Bendito? "
62 ယေရှုဟ “မန်အယ်။ လူသားဟ အနန္တတန်ခိုးဆှင်ရဲ့ လက်ယာဘက်တွင် ထိန်နေပင်း မိုးချေးသားလို့နဲ့အတူ ကြွလာတာဟို နင်လို့အားလုံး မျော်ရကြလိမ့်မယ်” ဟု ပြောလေအယ်။
62 "Sou", disse Jesus. "E vereis o Filho do homem assentado à direita do Poderoso vindo com as nuvens do céu".
63 ယဇ်ပုရောဟိတ်မင်းဟ မိမိရဲ့ အဝတ်ဟို ဆုတ်ယွေ့၊ “ငါလို့ ပစာကျောန့် သက်သေတွေ ထပ်လိုအုံးတော့မလဲ။
63 O sumo sacerdote, rasgando as próprias vestes, perguntou: "Por que precisamos de mais testemunhas?
64 ဘုရားသခင်အား ဟေသူစော်ကားပြောဆိုသော စကားဟို နင်လို့ ကြားရကြပီ။ နင်လို့ စလို စီရင်ချက်ချမှတ်ကြမလုန်း” ဟု ဆိုအယ်။
64 Vocês ouviram a blasfêmia. Que acham? " Todos o julgaram digno de morte.
65 အချို့သောသူလို့ဟ ကိုယ်တော်ဟို ဆံထွေးနဲ့ ထွေးပင်း၊ မျက်နှာတော်ဟို ဖုံးပင်းလျှင် ဖိုင်ကြအယ်။ သူလို့ဟ “နင့်အား စသူရိုက်လဲဆိုတာဟို ပရောဖက်ပြုယွေ့ ဟောကျေ့ပါ” ဟု ဆိုကြအယ်။ အစောင့်လို့ဟ ကိုယ်တော်ဟို ဖမ်းယွေ့ လက်နဲ့ပါးဟို ပုတ်ကြအယ်။
65 Então alguns começaram a cuspir nele; vendaram-lhe os olhos e, dando-lhe murros, diziam: "Profetize! " E os guardas o levaram, dando-lhe tapas.
66 ပေတရုဟ ကျောင်းတော်ဝင်းအတွင်းနှိုက် ဆိနေစဉ် ယဇ်ပုရောဟိတ်မင်းရဲ့ အစေခံ မိနီငယ်တယောက်ဟ ရောက်ဆိလာအယ်။
66 Estando Pedro em baixo, no pátio, uma das criadas do sumo sacerdote passou por ali.
67 ပေတရု မီးလှုံနေတာဟို မျော်သောအခါ၊ မိနီငယ်ဟ သူ့ဟို စေ့စေ့ကျေ့ယွေ့၊ “နင်ဟလည်း နာဇရက်မြို့သား ယေရှုနဲ့အတူ ဆိခဲ့ကြအယ်” ဟု ဆိုလေအယ်။
67 Vendo Pedro a aquecer-se, olhou bem para ele e disse: "Você também estava com Jesus, o Nazareno".
68 အဲလိုလဲ ပေတရုဟ ငြင်းဆိုခဲ့အယ်။ “နင်ပြောနေတာဟို ငါမသိဝူး အဲဟာမဟုတ်ရင် နားမလည်ဝူး” ဟုဆိုကာ ဝင်ပေါက်ဟို ထွက်သွားအယ်။ အဲအချိန်နှိုက် ကြက်တွန်လာအယ်။
68 Contudo ele o negou, dizendo: "Não o conheço, nem sei do que você está falando". E saiu para o alpendre.
69 အစေခံ မိနီငယ်ဟ ပေတရုဟို တခါမျော်သောအခါ၊ အနားတွင် ရပ်နေသူလို့ဟို ထပ်ပြောပြန်အယ်၊ “ဟေသူဟာ သူလို့ထဲဟ တယောက်ဖြစ်အယ်” ဟု ဆိုအယ်။
69 Quando a criada o viu lá, disse novamente aos que estavam por perto: "Esse aí é um deles".
70 ပေတရုဟလည်း မဟုတ်ကျောန်း ငြင်းဆိုပြန်အယ်။
70 De novo ele negou. Pouco tempo depois, os que estavam sentados ali perto disseram a Pedro: "Certamente você é um deles. Você é galileu! "
71 အဲပင်းရင် ပေတရုဟ “ငါဟတော့ အမန်တိုင်း ကျိန်ဆိုယွေ့ ပြောအယ်။ ငါဟ မမန်ဝူးဆိုရင် ဘုရားသခင်ဟ ငါ့ဟို အပစ်ပေးမန့်စေ၊ နင်လို့ပြောသော သူရဲ့အကျောန်းဟို ငါမသိ” ဟု ပြောအယ်။
71 Ele começou a se amaldiçoar e a jurar: "Não conheço o homem de quem vocês estão falando! "
72 အေးခဏတွင် ဒုတိယအကြိမ် ကြက်တွန်လေအယ်၊ အဲအခါ ပေတရုဟ “ကြက် နေကြိမ်မတွန်ခင် နင်ဟ ငါ့ဟို မသိဟူယွေ့ သုံးကြိမ်မြောက်အောန် ငြင်းဆိုလိမ့်မယ်” ဟု ယေရှု ပြောခဲ့လဲ့စကားဟို ပြန်လည်သတိရသဖြင့် ချုံးပွဲချယွေ့ ငိုကြွေးလေအယ်။
72 E logo o galo cantou pela segunda vez. Então Pedro se lembrou da palavra que Jesus lhe tinha dito: "Antes que duas vezes cante o galo, você me negará três vezes". E se pôs a chorar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.