Marcos 12

dnv (DNV) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 အဲအခါ ယေရှုဟ သူလို့အား ပုံဥပမာများဖြင့် မိန့်အယ် “တခါဟ စပျစ်ဥယျာဉ် စိုက်ပျိုးသော လူတယောက်ဟ ခြံစည်းရိုးခတ်လျက်၊ စပျစ်သီးနယ်ရာတွင်းဟိုလည်း တူးယွေ့ မျှော်စင်ဟို ဆောက်လုပ်အယ်။ အဲပင်းရင်သူဟ စပျစ်ဥယျာဉ်ဟို ခြံသမားလို့အား ငမ်းယွေ့ နေအိုင်မှထွက်ယွေ့ ခရီးသွားအယ်။
1 Depois, entrou Jesus a falar-lhes por parábola: Um homem plantou uma vinha, cercou-a de uma sebe, construiu um lagar, edificou uma torre, arrendou-a a uns lavradores e ausentou-se do país.
2 စပျစ်သီးများ စုသိမ်းချိန် ရောက်လာသောအခါ၊ သူဟ ရိတ်သိမ်းထားတဲ့ ဝေစုရဆိရန် အစေခံလို့အား ခြံငမ်းသမားများဆေသို့ စေလွှတ်လေအယ်။
2 No tempo da colheita, enviou um servo aos lavradores para que recebesse deles dos frutos da vinha;
3 ခြံငမ်းသမားလို့ဟ အေးအစေခံဟို ဖမ်းဆီးကာ၊ သူ့ဟို ရိုက်နှက်ယွေ့ အေးတိုင်းတိုင်း ပြန်လွှတ်လိုက်ကြအယ်။
3 eles, porém, o agarraram, espancaram e o despacharam vazio.
4 အေးနောက် ပိုင်ဆှင်ဟ အခြားအစေခံတယောက်ဟို စေလွှတ်အယ်၊ ခြံငမ်းသမားလို့ဟ အေးသူရဲ့ ဦးခေါင်းဟို ရိုက်နှက်ယွေ့ သူ့ဟို အဆှက်ခွဲလိုက်ကြအယ်။
4 De novo, lhes enviou outro servo, e eles o esbordoaram na cabeça e o insultaram.
5 ပိုင်ဆှင်ဟ အခြား ကျွန်တယောက်ဟို စေလွှတ်ယွေ့၊ သူလို့ဟ သူ့ဟို သတ်ကြအယ်၊ အားပင်း သူလို့ဟ အခြားသောသူများဟို အေးနည်းအတိုင်း ဆက်ဆံကြပင်း၊ အချို့လို့ဟို ရိုက်နှက်ယွေ့၊ အချို့သူများလို့ဟို သတ်ကြအယ်။
5 Ainda outro lhes mandou, e a este mataram. Muitos outros lhes enviou, dos quais espancaram uns e mataram outros.
6 အေးလူရဲ့ ချစ်လှစွာသော သားဟိုစေလွှတ်ရန် တဦးတည်းသာ ကျန်တော့အယ်။ နောက်ဆုံးအနေနဲ့ပင်းတော့ သူ့သားဟို ခြံငမ်းသမားတွေဆေဟို သူလွှတ်ခဲ့အယ်၊ သူဟ ‘သူလို့ဟ ငါ့သားဟို လေးစားလိမ့်မယ်’ ဟု ပြောအယ်။
6 Restava-lhe ainda um, seu filho amado; a este lhes enviou, por fim, dizendo: Respeitarão a meu filho.
7 အဲလိုလဲ အေးခြံငမ်းသမားများဟ အချင်းချင်းပြောဆိုပင်း ‘ဒါဟ ပိုင်ဆှင်ရဲ့ သားရီး။ လာကြ၊ သူ့ဟို သတ်ကြရစို့၊ အားပင်း သူ့ဥစ္စာဟို ငါလို့ ပိုင်လိမ့်မယ်’ ဟု ပြောအယ်၊
7 Mas os tais lavradores disseram entre si: Este é o herdeiro; ora, vamos, matemo-lo, e a herança será nossa.
8 အေးကျောန့် သူလို့ဟ သူ့ဟိုဖမ်းယွေ့ သတ်ပင်းရင် သူ့အလောင်းအား စပျစ်ဥယျာဉ်အပြင်ဟို လောပစ်ကြအယ်။
8 E, agarrando-o, mataram-no e o atiraram para fora da vinha.
9 “ဒါဆို စပျစ်ဥယျာဉ်ပိုင်ဆှင်ဟ ပစာလို ပြုလိမ့်မလုန်း” ဟု ယေရှုအား မေးအယ်။ “သူဟ လာယွေ့ ခြံငမ်းသမားများဟို သတ်ပင်း စပျစ်ဥယျာဉ်ဟို အခြားသူများသို့ လွဲပေးလိမ့်မယ်။
9 Que fará, pois, o dono da vinha? Virá, exterminará aqueles lavradores e passará a vinha a outros.
10 နင်လို့ ဟေကျမ်းစာဟို သေချာဖတ်ပီးပီလော၊
10 Ainda não lestes esta Escritura:
11 ဟေအမှုဟို ထာဝရဘုရားပြုခဲ့အယ်၊
11 isto procede do Senhor, e é maravilhoso aos nossos olhos?
12 ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနဲ့ လူကြီးများဟ ယေရှုဟို ဖမ်းဆီးရန် ကြိုးစားခဲ့အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့ဟို ရည်ညွှန်းယွေ့ ဟေပုံဥပမာဟို ပြောကျောန်းဟို သိကြအယ်။ အဲလိုလဲ သူလို့ဟ လူအုပ်ကြီးဟို ကြောက်သောကျောန့် ကိုယ်တော်ဟို ထားခဲ့ပင်း ထွက်သွားကြအယ်။
12 E procuravam prendê-lo, mas temiam o povo; porque compreenderam que contra eles proferira esta parábola. Então, desistindo, retiraram-se.
13 ဖာရိရှဲအချို့နဲ့ ဟေရုဒ်ပါတီဝင်အချို့လို့ဟ မေးခွန်းများနဲ့ ထောင်ချောက်ဆင်ရန် ယေရှုဆေဟို စေလွှတ်ကြအယ်။
13 E enviaram-lhe alguns dos fariseus e dos herodianos, para que o apanhassem em alguma palavra.
14 သူလို့ဟ ကိုယ်တော်ဆေဟို လာယွေ့ “ဆရာ၊ လူတွေ ပစာထင်တဲ့အကျောန်းဟို စိတ်မပူပဲ၊ ကိုယ်တော်ဟ အမန်ပြောတာဟို ငါလို့သိအယ်၊ ကိုယ်တော်ဟ တဦးတယောက်ရဲ့ အခြေအနေဟို ကရုမစိုက်သော်လည်း၊ လူများအတွက် ဘုရားသခင်ရဲ့ အလိုတော်အကျောန်း အမန်အတိုင်း သွန်သင်ပါအယ်။ ငါလို့အား ပြောပါ၊ ရောမအစိုးရအား အခွန်ပေးဆောင်ခြင်းဟ ငါလို့ရဲ့ ဥပဒေနဲ့ ဆန့်ကျင်ပါသလော၊ ငါလို့ဟ သူလို့ဟို အခွန်ဆောင်သင့်သလော အဲဟာမဟုတ်ရင် မဆက်သင့်သလော” ဟု မေးကြအယ်။
14 Chegando, disseram-lhe: Mestre, sabemos que és verdadeiro e não te importas com quem quer que seja, porque não olhas a aparência dos homens; antes, segundo a verdade, ensinas o caminho de Deus; é lícito pagar tributo a César ou não? Devemos ou não devemos pagar?
15 အဲလိုလဲ ယေရှုဟ သူလို့ရဲ့ လှည့်စားပုံဟို မျော်ယွေ့ “နင်လို့ဟ ငါ့ဟို ပစာကျောန့် ဖမ်းရန် ကြိုးစားကြလုန်း၊ ငွေဒင်္ဂါးတပြားဟို ယူလာပင်း ငါကျေ့ရအောန်” ဟု ဖြေလေအယ်။
15 Mas Jesus, percebendo-lhes a hipocrisia, respondeu: Por que me experimentais? Trazei-me um denário para que eu o veja.
16 သူလို့ဟ တပြားဟို ယူခဲ့ယွေ့၊ ကိုယ်တော်ဟ “ဒါတွေဟ စသူ့မျက်နှာနဲ့ နာမယ်ဖြစ်လုန်း” ဟု မေးလေအယ်။
16 E eles lho trouxeram. Perguntou-lhes: De quem é esta efígie e inscrição? Responderam: De César.
17 အေးကျောန့် ယေရှုဟ “ကောင်းပီ၊ အဲဆိုရင် ဧကရာဇ်ပိုင်လဲ့အရာဟို ဧကရာဇ်အား ဆက်ပင်း၊ ဘုရားသခင် ပိုင်လဲ့အရာဟို ဘုရားသခင်အား ဆက်ကြလော့” ဟု ပြောအယ်။ အားပင်း သူလို့ဟ ယေရှုဟို အံ့ဩကြအယ်။
17 Disse-lhes, então, Jesus: Dai a César o que é de César e a Deus o que é de Deus. E muito se admiraram dele.
18 အေးအခါ သေခြင်းမှ ထမြောက်ဆှင်ပြန်ခြင်းမဆိဟု ပြောသော ဇဒ္ဒုကဲအချို့လို့ဟ ယေရှုဆေသို့ လာယွေ့၊
18 Então, os saduceus, que dizem não haver ressurreição, aproximaram-se dele e lhe perguntaram, dizendo:
19 “ဆရာ၊ မောရှေဟ ဟေပညတ်များဟို ငါလို့အတွက် ရေးသားခဲ့အယ်၊ ‘လူတယောက်ဟ သေဆုံးယွေ့ လူပဲ့မဆိဘဲ ပေါင်အိုမဟိုထားခဲ့ရင်၊ အေးသူရဲ့ ညီဖြစ်သူဟ မုဆိုးမဟို လက်ထပ်ရမယ်၊ အေးကျောန့် သူလို့ဟ သေသွားလဲ့သူရဲ့ လူပဲ့ငယ်လို့ သတ်မှတ်ခံရမယ့် လူပဲ့တွေဟို ရဆိနိန်လိမ့်မယ်။’
19 Mestre, Moisés nos deixou escrito que, se morrer o irmão de alguém e deixar mulher sem filhos, seu irmão a tome como esposa e suscite descendência a seu irmão.
20 တချိန်ဟ ညီအကို ခုနေယောက် ဆိအယ်၊ အကိုအကြီးဆုံးဟ အိုင်ထောင်ကျပင်း လူပဲ့မဆိဘဲ သေသွားအယ်။
20 Ora, havia sete irmãos; o primeiro casou e morreu sem deixar descendência;
21 အေးနောက် ဒုတိယ တယောက်ဟ အေးမိန်းမနဲ့ လက်ထပ်ခဲ့ပင်း၊ သူဟလည်း လူပဲ့မရဆိဘဲ သေပြန်အယ်။ တတိယ ညီဟလည်း အေးဖြစ်ပျက်မှုအရာဟ အတူတူပဲ၊
21 o segundo desposou a viúva e morreu, também sem deixar descendência; e o terceiro, da mesma forma.
22 ပင်းတော့ ကျန်ခဲ့သော ညီအကိုခုနေယောက်စလုံးဟ အေးမိန်းမနဲ့ လက်ထပ်ပင်း လူပဲ့မရဆိဘဲ သေကြအယ်။ နောက်ဆုံးနှိုက် အေးမိန်းမလည်း သေအယ်။
22 E, assim, os sete não deixaram descendência. Por fim, depois de todos, morreu também a mulher.
23 ညီအကို ခုနေယောက်စလုံးပင် သူမနဲ့ စုံဖက်ခဲ့ကြအယ် ဖြစ်ယွေ့ ဆှင်ပြန်ထမြောက်ရာနေ့နှိုက် အေးမိန်းမဟ စသူရဲ့ပေါင်အိုမ ဖြစ်မလုန်း” ဟု မေးကြအယ်။
23 Na ressurreição, quando eles ressuscitarem, de qual deles será ela a esposa? Porque os sete a desposaram.
24 ယေရှုဟ “နင်လို့ဟ ကျမ်းစာဟို အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ တန်ခိုးတော်ဟို မသိသောကျောန့် ဖြစ်အယ်။ နင်လို့ဟ ပစာမားယွင်းလျက် နေကြအယ်။
24 Respondeu-lhes Jesus: Não provém o vosso erro de não conhecerdes as Escrituras, nem o poder de Deus?
25 အကျောန်းမှာ သေလွန်သောသူလို့ဟ ထမြောက်သောအခါ၊ ခေါန်းခင်ဘုံနှိုက် ဆိသော ခေါန်းခင်တမန်များလို ဖြစ်လိမ့်မယ်၊ ပင်းရင် ထိမ်းမြားကြလိမ့်မယ်မဟုတ်။
25 Pois, quando ressuscitarem de entre os mortos, nem casarão, nem se darão em casamento; porém, são como os anjos nos céus.
26 အခု၊ သေလွန်သူလို့ဟ ထမြောက်ခြင်း ခံရသလို၊ မောရှေရဲ့ ကျမ်းနှိုက် မီးရှို့သော ချုံနဲ့ပတ်သက်သော ကျမ်းပိုဒ်ဟို နင်လို့ မဖတ်ဖူးကြဝူးလော။ ဘုရားသခင်ဟ ‘ငါဟ အာဗြဟံရဲ့ ဘုရား၊ ဣဇက်ရဲ့ ဘုရား၊ ယာကုပ်ရဲ့ ဘုရားဖြစ်အယ်’ ဟု မောရှေအား ပြောအယ်။
26 Quanto à ressurreição dos mortos, não tendes lido no Livro de Moisés, no trecho referente à sarça, como Deus lhe falou:
27 သူဟ သေလွန်သူလို့ရဲ့ ဘုရားမဟုတ်၊ အဲလိုလဲ အသက်ဆှင်သောသူလို့ရဲ့ ဘုရား ဖြစ်အယ်။ နင်လို့ဟ ရမ်းဆာ့ အယူလွဲကြပီ” ဟု ပြောလေအယ်။
27 Ora, ele não é Deus de mortos, e sim de vivos. Laborais em grande erro.
28 ကျမ်းတတ်ဆရာတယောက်ဟ ရောက်လာပင်း သူလို့ ဆွေးနွေးနေတာဟို ကြားလိုက်ရအယ်။ ယေရှုဟ သူလို့ဟို အဖြေကောင်းကောင်းပေးခဲ့တာဟို သတိပြုမိပင်း၊ သူဟ ကိုယ်တော်အား “ပညတ်ဆိသမျှလို့တွင် အရေးကြီးဆုံးဖြစ်လဲ့ ပညတ်ဖြစ်အယ်” ဟု မေးလေအယ်။
28 Chegando um dos escribas, tendo ouvido a discussão entre eles, vendo como Jesus lhes houvera respondido bem, perguntou-lhe: Qual é o principal de todos os mandamentos?
29 ယေရှုဟ “အရေးကြီးဆုံးအရာမှာ၊ ‘နားထောင်လော့၊ အိုဣသရေလအမျိုး။ ငါလို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟ တဆူတည်းသော ဘုရားဖြစ်အယ်။
29 Respondeu Jesus: O principal é:
30 နင်လို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟို စိတ်နေလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်တခုလုံး၊ ဉာဏ်စွမ်းဆိသမျှ၊ အစွမ်းသတ္တိဆိသမျှနဲ့ ချစ်လော့။’
30 Amarás, pois, o Senhor, teu Deus, de todo o teu coração, de toda a tua alma, de todo o teu entendimento e de toda a tua força.
31 ‘အိုင်နားနီးချင်းဟို ကိုယ်နဲ့အမျှ ချစ်ရမယ်’ ဟူသော ပညတ်ဟ ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်အယ်။ ဟေပညတ်နေပါးထက် ပိုအရေးကြီးသောပညတ် မဆိ” ဟု ဖြေကြားလေအယ်။
31 O segundo é:
32 ကျမ်းတတ်ဆရာဟ “ဆရာ၊ နင်ရဲ့ ပြောကြားချက်ဟ သင့်မြတ်အယ်” ဟု ပြန်ပြောလေအယ်။ “ဘုရားသခင်ဟ တဆူတည်းသာဖြစ်ယွေ့ ဘုရားသခင်မှတပါး အခြားမဆိဟု နင်ပြောခြင်းဟ မန်အယ်။
32 Disse-lhe o escriba: Muito bem, Mestre, e com verdade disseste que ele é o único, e não há outro senão ele,
33 ဘုရားသခင်အား စိတ်နေလုံး အကြွင်းမဲ့၊ ဉာဏ်စွမ်းဆိသမျှ၊ အစွမ်းသတ္တိဆိသမျှဖြင့် ချစ်လော့၊ အဲပင်းရင် နင့်အိုင်နားနီးချင်းဟို ကိုယ်နဲ့ အမျှချစ်ရမယ် ဟူသော ပညတ်နေပါးဟို လိုက်နာခြင်းဟ ဘုရားသခင်အား ပူဇော်လဲ့ မီးရှို့ရာယဇ်နဲ့ ယဇ်များအားလုံးထက် ပိုအရေးကြီးအယ်။”
33 e que amar a Deus de todo o coração e de todo o entendimento e de toda a força, e amar ao próximo como a si mesmo excede a todos os holocaustos e sacrifícios.
34 သူဟ ပညာဆိစွာ ဖြေတာဟို ယေရှု မျော်လျှင်၊ ကိုယ်တော်ဟ “နင်ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ မဝေးတော့ဝူး” ဟု ပြောလေအယ်။ အဲအချိန်မှစယွေ့ စသူမျှ ကိုယ်တော်ဟို မေးခွန်းများ မမေးရဲတော့ချေ။
34 Vendo Jesus que ele havia respondido sabiamente, declarou-lhe: Não estás longe do reino de Deus. E já ninguém mais ousava interrogá-lo.
35 ယေရှုဟ ဗိမာန်တော်နှိုက် သွန်သင်ပေးနေစဉ်၊ သူဟ မေးခွန်းမေးလေတာဟ “မေဆှိယဟ ဒါဝိဒ်ရဲ့ သားမြေးဖြစ်လိမ့်မယ်ဟု ကျမ်းတတ်ဆရာလို့ဟ စလိုပြောနိန်လုန်း။
35 Jesus, ensinando no templo, perguntou: Como dizem os escribas que o Cristo é filho de Davi?
36 သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဒါဝိဒ်အား ပြောရန် လှုံဆော်ပေးခဲ့အယ်၊
36 O próprio Davi falou, pelo Espírito Santo:
37 ဒါဝိဒ် တတ်တိုင်းဟ သူ့ဟို ‘သခင်’ ဟု ခေါ်အယ်။ အဲဆို သူဟ ပစာလိုလုပ် သူ့သားဖြစ်တာလဲ” ဟု မေးကြအယ်။
37 O mesmo Davi chama-lhe Senhor; como, pois, é ele seu filho? E a grande multidão o ouvia com prazer.
38 သူလို့ဟို သင်ပေးလဲ့အတိုင်းပါဘဲ၊ ကိုယ်တော်ဟ “ကျမ်းတတ်ဆရာလို့ဟို သတိထားကြလော့။ သူလို့ဟ ဝတ်လုံရှည်များဟို ဝတ်ယွေ့ ပတ်ဝန်းကျင်နှိုက် လမ်းဆှောက်ခြင်းနဲ့ ဆေးနှိုက် ရိုသေလေးစားစွာ နှုတ်ဆက်ခြင်းဟို နှစ်သက်ကြအယ်၊
38 E, ao ensinar, dizia ele: Guardai-vos dos escribas, que gostam de andar com vestes talares e das saudações nas praças;
39 တရားဇရပ်များရဲ့ သီးသန့်ထိန်ခုံများနဲ့ ပွဲသဘင်များတွင် အကောင်းဆုံးသော နေရာများဟို နှစ်သက်ကြသူ ဖြစ်အယ်။
39 e das primeiras cadeiras nas sinagogas e dos primeiros lugares nos banquetes;
40 သူလို့ဟ မုဆိုးမများဟို အခွင့်ကောင်းယူယွေ့ သူလို့ရဲ့ နေအိုင်များဟို လုယူကြအယ်၊ အဲပင်းရင် ဟန်ပြယွေ့ ရှည်လျားသော ဆုတောင်းစကားဟို ပြောတတ်ကြအယ်။ သူလို့ဟ ပိုယွေ့ ကြီးလေးသော အပစ်စီရင်ခြင်းဟို ခံရကြလိမ့်မယ်” ဟု ပြောဆိုအယ်။
40 os quais devoram as casas das viúvas e, para o justificar, fazem longas orações; estes sofrerão juízo muito mais severo.
41 ယေရှုဟ ဗိမာန်တော် အလှူခံသေတ္တာဟို ထားရာအရပ်ရဲ့ ဆန့်ကျင်ဘက်နှိုက် ထိန်လျက် လူအုပ်ကြီးဟ သူလို့ရဲ့ ပိတ်ဆန်များဟို အလှူခံသေတ္တာထဲသို့ ထည့်နေတာဟို ကျေ့နေအယ်။ ရမ်းဆာ့သော သူဌေးသူကြွယ်လို့ဟ ပိတ်ဆန်အမြောက်အများဟို လောချခဲ့ကြအယ်။
41 Assentado diante do gazofilácio, observava Jesus como o povo lançava ali o dinheiro. Ora, muitos ricos depositavam grandes quantias.
42 အဲလိုလဲ ဆင်းရဲသော မုဆိုးမတယောက်ဟ လာယွေ့ ကတစ်သာ တန်ဖိုးဆိလဲ့၊ ကတစ်ခန့်သော ကြေးနီဒင်္ဂါးနေပြားအား အလှူခံသေတ္တာထဲဟို ထည့်အယ်။
42 Vindo, porém, uma viúva pobre, depositou duas pequenas moedas correspondentes a um quadrante.
43 ကိုယ်တော်ဟ သူရဲ့ တဘဲ့တော်လို့ဟို အတူတူခေါ်ပင်းရင်၊ “နင်လို့အား အမန်အကန် ငါဆိုတာဟ ဟေဆင်းရဲသော မုဆိုးမဟ အလှူခံသေတ္တာထဲဟို ထည့်ဝင်သောသူအပေါင်းလို့ထက် ပိုယွေ့ ထည့်လေပီဟု သူလို့အား ပြောလေအယ်။
43 E, chamando os seus discípulos, disse-lhes: Em verdade vos digo que esta viúva pobre depositou no gazofilácio mais do que o fizeram todos os ofertantes.
44 အကျောန်းမှာ သူလို့အားလုံး သူလို့ရဲ့ ကြွယ်ဝသော စည်းစိမ်ဥစ္စာထဲမှ ထည့်ကြအယ်၊ အဲလိုလဲ သူမဟ ဆင်းရဲလျက် သူမနှိုက် ဆိသမျှသောအရာအားလုံး၊ သူရဲ့ အသက်မွေးစရာအားလုံးဟို ပေးခဲ့အယ်” ဟု ပြောလေအယ်။
44 Porque todos eles ofertaram do que lhes sobrava; ela, porém, da sua pobreza deu tudo quanto possuía, todo o seu sustento.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.