Lucas 7

dnv (DNV) vs VC

Sair da comparação
VC Versão Católica
1 ယေရှုဟ လူလို့ဟို ဟေအကျောန်းအရာ အားလုံးဟို ပြောပင်းသောအခါ ကပေရနောင်မြို့ဟို သွားအယ်။
1 Tendo Jesus concluído todos os seus discursos ao povo que o escutava, entrou em Cafarnaum.
2 အေးမြို့နှိုက် ရောမတပ်မှူး တယောက်မှာ ရမ်းဆာ့ချစ်လဲ့ ကျွန်တယောက် ဆိပင်း၊ အေးသူဟ ဖျားနာပင်း သေခါနီး ဖြစ်အယ်။
2 Havia lá um centurião que tinha um servo a quem muito estimava e que estava à morte.
3 တပ်မှူးဟ ယေရှုရဲ့ အကျောန်းဟို ကြားသောအခါ၊ ယုဒအကြီးအကဲ တချို့လို့ဟို စေလွှတ်ပင်း၊ ကိုယ်တော်ဟ လာပင်း မိမိကျွန်ဟို ကျန်းမာစေဖို့ ဆှောက်စေအယ်။
3 Tendo ouvido falar de Jesus, enviou-lhe alguns anciãos dos judeus, rogando-lhe que o viesse curar.
4 သူလို့ဟ ယေရှုဆေဟို လာပင်း “အေးသူဟ နင့်ရဲ့ အကူအညီဟို အမန်တကယ်ပင် ခံထိုက်အယ်။
4 Aproximando-se eles de Jesus, rogavam-lhe encarecidamente: Ele bem merece que lhe faças este favor,
5 သူဟ ငါလို့လူမျိုးဟို ချစ်သောကျောန့် တရားဇရပ်ဟို ငါလို့အဖို့ သူတတ်တိုင်း တည်ဆောက်ပေးသူ ဖြစ်အယ်” ဟု စိတ်အားထက်သန်စွာ တောင်းပန်ကြအယ်။
5 pois é amigo da nossa nação e foi ele mesmo quem nos edificou uma sinagoga.
6 ယေရှုဟ သူလို့နဲ့အတူ သွားအယ်။ တပ်မှူးနေအိုင်နဲ့ မနီးမဝေး ရောက်သောအခါ တပ်မှူးရဲ့ မိတ်ဆွေများဟို ကိုယ်တော်ဆေဟို လွှတ်ပင်း “ဆရာ၊ ဒုက္ခမဆာပါနဲ့၊ ကိုယ်တော်ဟာ ငါရဲ့ နေအိုင်မိုးဟို လာဖို့ ငါဟ ထိုက်တန်တဲ့သူ တယောက် မဟုတ်ပါ။
6 Jesus então foi com eles. E já não estava longe da casa, quando o centurião lhe mandou dizer por amigos seus: Senhor, não te incomodes tanto assim, porque não sou digno de que entres em minha casa;
7 အဲကျောန့် ငါ့တတ်တိုင်းလည်း ကိုယ်တော့်ဆေ လာဖို့ ထိုက်တန်အယ်လို့တောင် ငါ မထင်ခဲ့မိဝူး။ အဲလိုလဲ အမိန့်ဟိုသာ ပေးရင် ငါ့ရဲ့ အစေခံဟ ကျန်းမာပါလိမ့်မယ်။
7 por isso nem me achei digno de chegar-me a ti, mas dize somente uma palavra e o meu servo será curado.
8 ငါတတ်တိုင်းလည်း အထက်တပ်မှူးရဲ့ အာဏာ အောက်တွင် အမှုထမ်းသူ ဖြစ်ပင်း၊ ငါ့ရဲ့ လက်အောက်တွင်လည်း စစ်သားများ ဆိပါအယ်။ စစ်သားတယောက်ဟို ‘သွားလော့’ ဟု အမိန့်ပေးရင် သူဟ သွားပါအယ်။ တယောက်ဟို ‘လာပါ’ ဟု အမိန့်ပေးရင် သူဟ လာပါအယ်။ ငါ့ရဲ့ ကျွန်ဟို ‘အေးသာဟို လုပ်ပါ’ ဟု အမိန့်ပေးရင် သူဟ လုပ်ပါအယ်” ဟု ဆှောက်အယ်။
8 Pois também eu, simples subalterno, tenho soldados às minhas ordens; e digo a um: Vai ali! E ele vai; e a outro: Vem cá! E ele vem; e ao meu servo: Faze isto! E ele o faz.
9 ယေရှုဟ သူ့ရဲ့ အေးစကားဟို ကြားသောအခါ အံ့ဩယွေ့၊ သူ့နောက်ဟ လိုက်လာကြသော လူများလို့ဟို လှည့်ကျေ့ပင်း “ငါ ပြောမယ်၊ အေးလို ယုံကြည်ခြင်းဟို ဣသရေလအမျိုးထဲမှာတောင် ငါ မတွေ့ဖူးသေး” ဟု မိန့်အယ်။
9 Ouvindo estas palavras, Jesus ficou admirado. E, voltando-se para o povo que o ia seguindo, disse: Em verdade vos digo: nem mesmo em Israel encontrei tamanha fé.
10 သတင်းပို့သမားများဟ တပ်မှူးရဲ့ နေအိုင်ဟို ပြန်ရောက်သွားသောအခါ အေးကျွန်ဟ ကျန်းမာလျက် ဆိတာဟို တွေ့ကြအယ်။
10 Voltando para a casa do centurião os que haviam sido enviados, encontraram o servo curado.
11 မကြာခင်ပင်းနောက် ယေရှုဟ နာဣနမြို့လို့ခေါ်လဲ့ မြို့ဟို သွားခဲ့ပင်း တဘဲ့တော်လို့နဲ့ လူအုပ်လို့ဟ ကိုယ်တော်နဲ့အတူ လိုက်ပါလာကြအယ်။
11 No dia seguinte dirigiu-se Jesus a uma cidade chamada Naim. Iam com ele diversos discípulos e muito povo.
12 ယေရှုဟ မြို့ဂိတ်အနီးဟို ရောက်သွားချိန်နှိုက် လူလို့ဟ သေဆုံးသောသူတယောက်ဟို မြို့ပြင်သို့ သယ်ဆောင်လာကြအယ်။ သူဟ အမေ့ဖြစ်သူ မုဆိုးမရဲ့ တဦးတည်းသောသား ဖြစ်အယ်။ မြို့ထဲမှာ ဆိလဲ့ လူအပေါင်းလို့ဟ သူမနဲ့အတူ လိုက်ပို့ကြအယ်။
12 Ao chegar perto da porta da cidade, eis que levavam um defunto a ser sepultado, filho único de uma viúva; acompanhava-a muita gente da cidade.
13 ကိုယ်တော်ဟ အေးမိန်းမဟို မျော်သောအခါ သနားခြင်းစိတ်နဲ့ ပြေ့သဖြင့် “မငိုနဲ့” ဟု သူမဟို မိန့်အယ်။
13 Vendo-a o Senhor, movido de compaixão para com ela, disse-lhe: Não chores!
14 အေးနောက် ဆှောက်သွားပင်း အခေါင်းဟို လက်နဲ့ ထိအယ်၊ အေးအခါ အခေါင်းသယ်လာသူလို့ဟ ရပ်ကြအယ်။ ယေရှုဟ “အောင်နီငယ်၊ ထလော့၊ နင့်အား ငါ ပြောအယ်” ဟု မိန့်ရင်၊
14 E aproximando-se, tocou no esquife, e os que o levavam pararam. Disse Jesus: Moço, eu te ordeno, levanta-te.
15 လူသေဟ ထထိန်ပင်း စကားပြောအယ်၊ ယေရှုဟ သူ့ဟို သူ့မေ့ဆေ ပြန်အပ်ဟယ်။
15 Sentou-se o que estivera morto e começou a falar, e Jesus entregou-o à sua mãe.
16 သူလို့အားလုံးဟ ကြောက်ရွံ့ပင်း ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြအယ်။ သူလို့ဟ “ငါလို့ထဲမှာ ပရောဖက်ကြီး တပါး ပေါ်ပေါက်လာပီ၊ ဘုရားသခင်ဟ မိမိလူမျိုးဟို ကယ်တင်ရန် ကြွလာပီ” ဟု ပြောကြအယ်။
16 Apoderou-se de todos o temor, e glorificavam a Deus, dizendo: Um grande profeta surgiu entre nós: Deus voltou os olhos para o seu povo.
17 ယေရှုရဲ့ သတင်းဟ ယုဒပြေအားလုံးနဲ့ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားလေအယ်။
17 A notícia deste fato correu por toda a Judéia e por toda a circunvizinhança.
18 ယောဟန်ရဲ့ တဘဲ့များဟ ယောဟန်အား အေးအကျောန်းအရာ အားလုံးဟို ပြောကြားကြအယ်၊ အဲအခါ သူဟ တဘဲ့နေယောက်ဟို ခေါ်ယွေ့
18 Os discípulos de João referiram-lhe todas estas coisas.
19 သခင့်ဆေဟို စေလွှတ်ပင်း “ကိုယ်တော်ဟ ယောဟန်ပြောတဲ့ ကြွလာသောသူလော၊ အဲဟာမဟုတ်ရင် တခြားတယောက်ဟို စောင့်မျော်ရမယ်လော” ဟု မေးဆှောက်စေအယ်။
19 E João chamou dois dos seus discípulos e enviou-os a Jesus, perguntando: És tu o que há de vir ou devemos esperar por outro?
20 ယေရှုဆေဟို သူလို့ လာသောအခါ သူလို့ဟ “ကိုယ်တော်ဟ ကြွလာလဲ့သူလော၊ အဲဟာမဟုတ်ရင် တခြားလူဟို မျော်လင့်ရမယ်လော ဟု မေးဖို့ နှစ်ခြင်း ယောဟန်ဟ ငါလို့ဟို ကိုယ်တော်ဆေဟို စေလွှတ်ပါပီ” ဟု ပြောကြအယ်။
20 Chegando estes homens a ele, disseram: João Batista enviou-nos a ti, perguntando: És tu o que há de vir ou devemos esperar por outro?
21 အေးအချိန် နာရီနှိုက် ယေရှုဟ ဖျားနာသူများ၊ ရောဂါများ၊ နတ်ဆိုးဘေးမှ ကင်းလွတ်ခြင်း၊ လူများလို့အား ပျောက်ကင်းစေပင်း မျက်စေ့ မမျော်လဲ့သူများဟို မျက်စေ့ မျော်စေခြင်းဟို အခွင့်ပေးလေအယ်။
21 Ora, naquele momento Jesus havia curado muitas pessoas de enfermidades, de doenças e de espíritos malignos, e dado a vista a muitos cegos.
22 ကိုယ်တော်ဟ ယောဟန်ရဲ့ သတင်းသယ်ဆောင်လဲ့သူဟို “နင်လို့မျော်ပင်း ကြားရသမျှ အားလုံးဟို ယောဟန်ဆေဟို ပြန်ပင်း ပြောကြလော့၊ မျက်စေ့ မမျော်သောသူများ မျက်စေ့ မျော်ကြအယ်၊ ခြေထောက်မသန်သောသူများ လမ်းဆှောက်ကြအယ်၊ အနူရောဂါစွဲသောသူများဟ သန့်ဆှင်းခြင်းဟို ရအယ်၊ နားပင်းသောသူများ နားကြားကြအယ်၊ သေသောသူဟ အသက်ပြန်ဆှင်ကြအယ်၊ ဆင်းရဲသားလို့ဟလည်း သတင်းကောင်းဟို ကြားရကြအယ်။
22 Respondeu-lhes ele: Ide anunciar a João o que tendes visto e ouvido: os cegos vêem, os coxos andam, os leprosos ficam limpos, os surdos ouvem, os mortos ressuscitam, aos pobres é anunciado o Evangelho;
23 ငါ့အကျောန်းကျောန့် သံသယ မဆိသောသူဟ မင်္ဂလာဆိအယ်” ဟု ပြန်ပြောအယ်။
23 e bem-aventurado é aquele para quem eu não for ocasião de queda!
24 ယောဟန်ရဲ့ သတင်းသယ်သမားလို့ ပြန်သွားကြပင်းနောက်၊ ယေရှုဟ ယောဟန်အကျောန်းနဲ့ ပတ်သက်ပင်း လူအပေါင်းလို့အား ပြောတာဟ “နင်လို့ဟ ပစာအရာဟို ကျေ့ရန် ယောဟန်ဆိရာ တောကန္တာရဟို သွားကြလုန်း။ လေတိုက်ယွေ့ လှုပ်သောကျူပင်ဟို ကျေ့ဖို့လော။
24 Depois que se retiraram os mensageiros de João, ele começou a falar de João ao povo: Que fostes ver no deserto? Um caniço agitado pelo vento?
25 အေးလို့မဟုတ် အဝတ်အကောင်းစား ဝတ်ဆင်ထားသူလို့ဟို ကျေ့ဖို့ သွားသလော၊ အဝတ်အကောင်းစား ဝတ်ဆင်ယွေ့ ကောင်းကောင်း စားသောက်သောသူလို့ဟ မင်းအိုင်နှိုက် နေတတ်ကြအယ်။
25 Mas que fostes ver? Um homem vestido de roupas finas? Mas os que vestem roupas preciosas e vivem no luxo estão nos palácios dos reis.
26 ပရောဖက်လို့ဟို ကျေ့ဖို့ သွားသလော၊ မန်ပါအယ်၊ ပရောဖက်ထက် ကြီးမြတ်သူဟို ကျေ့ရှုရန် ဖြစ်အယ်။
26 Mas, enfim, que fostes ver? Um profeta? Sim, digo-vos, e mais do que profeta.
27 ကျမ်းစာတွင် ‘ဘုရားသခင်ဟ၊ နင့်ရဲ့ လမ်းဟို အဆင်သင့် ဖြစ်စေရန် ငါရဲ့ သတင်းသယ်ဆောင်သူဟို နင့်ရဲ့ အဆေ့မှာ စေလွှတ်မယ်’ ဟု ပြောရာနှိုက် ယောဟန်ဟို ဆိုလိုအယ်။”
27 Este é aquele de quem está escrito: Eis que envio o meu mensageiro ante a tua face; ele preparará o teu caminho diante de ti {Ml 3,1}.
28 ယေရှုဟ ငါအမန်ဆိုတာမှာ “မိန်းမမှ မွေးသောသူလို့တွင် ယောဟန်ထက် ကြီးမြတ်သောသူ တယောက်မျှ မဆိ။ အဲလိုလဲ ဘုရားသခင်ရဲ့ နိုင်ငံတော်တွင် အငယ်ဆုံးသောသူဟ ယောဟန်ထက် ပိုပင်း ကြီးမြတ်အယ်” ဟု မိန့်အယ်။
28 Pois vos digo: entre os nascidos de mulher não há maior que João. Entretanto, o menor no Reino de Deus é maior do que ele.
29 လူအပေါင်းလို့ဟ သူ့ရဲ့ စကားဟို ကြားကြပင်း အေးသူလို့အနက် အထူးသဖြင့် အခွန်ခံသူများဟ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဟို ဝန်ခံကြပင်း ယောဟန်ပေးသော နှစ်ခြင်းဟို ခံယူကြအယ်။
29 Ouvindo-o todo o povo, e mesmo os publicanos, deram razão a Deus, fazendo-se batizar com o batismo de João.
30 ဖာရိရှဲလို့နဲ့ ကျမ်းတတ်ဆရာလို့ဟ မိမိလို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟို ငြင်းပယ်ယွေ့ ယောဟန်ဆေမှာ နှစ်ခြင်းဟို မခံပဲနေကြအယ်။
30 Os fariseus, porém, e os doutores da lei, recusando o seu batismo, frustraram o desígnio de Deus a seu respeito.
31 ယေရှုဟ ဆက်ပင်း “ဟေနေ့လူလို့ဟို စလို နှိုင်းရမလော၊ သူလို့ဟ စသူနဲ့တူလုန်း။
31 A quem compararei os homens desta geração? Com quem se assemelham?
32 သူလို့ဟ ဆေးထဲမှာ ထိန်နေသော လူပဲ့သငယ်များနဲ့ တူအယ်။ သူလို့ဟ ‘ငါလို့သည် မင်္ဂလာဆောင် သီချင်းဟို တီးမှုတ်သော်လည်း နင်လို့ဟ မကကြ၊ ငါလို့ဟ အသုဘ သီချင်းဟို ဆိုကြသော်လည်း နင်လို့ဟ မငိုကကြ’ ဟု တဖွဲ့နဲ့တဖွဲ့ အော်ပြောကြအယ်။
32 São semelhantes a meninos que, sentados na praça, falam uns com os outros, dizendo: Tocamos a flauta e não dançastes; entoamos lamentações e não chorastes.
33 နှစ်ခြင်း ယောဟန်ဟ အစာဟို မစား၊ စပျစ်ယေဟို မသောက်ဘဲနေသော် နင်လို့ဟ ‘သူနှိုက် နတ်ဆိုးစွဲနေအယ်’ ဟု ဆိုကြအယ်။
33 Pois veio João Batista, que nem comia pão nem bebia vinho, e dizeis: Ele está possuído do demônio.
34 လူသားဟ စားလျက် သောက်လျက် လာသောအခါ နင်လို့ဟ ‘အေးလူဟို ကျေ့လော့၊ သူဟ စားကြူးပင်း သောက်ကြူးသောသူ ဖြစ်အယ်၊ အခွန်ခံများနဲ့ တခြား အပယ်ခံရသူလို့ဟို မိတ်ဆွေဖွဲ့သူ ဖြစ်အယ်’ ဟု ဆိုကြအယ်။
34 Veio o Filho do Homem, que come e bebe, e dizeis: Eis um comilão e beberrão, amigo dos publicanos e libertinos.
35 အဲလိုလဲ ဘုရားသခင်ရဲ့ ဉာဏ်ပညာဟို လက်ခံသောသူအားလုံး အမန်ဖြစ်ကျောန်းဟို ပြသကြအယ်” ဟု ပြောအယ်။
35 Mas a sabedoria foi justificada por todos os seus filhos.
36 ဖာရိရှဲတယောက်ဟ ယေရှုဟို မိမိနဲ့အတူ ညစာစားဖို့ ဖိတ်ခေါ်အယ်၊ ယေရှုဟ ဖာရိရှဲနေအိုင်ဟို သွားပင်း စားပွဲတွင် ထိန်အယ်။
36 Um fariseu convidou Jesus a ir comer com ele. Jesus entrou na casa dele e pôs-se à mesa.
37 အေးမြို့တွင် အပစ်နဲ့ပြေ့နေသူ မိန်းမတယောက် ဆိအယ်၊ သူမဟ ဖာရိရှဲနေအိုင်မှာ ကိုယ်တော် စားသောက်နေတယ်ဟို ကြားသောအခါ ဆီမွှေး ကျောက်ဖြူဖူး တခုဟို ယူလာပင်း၊
37 Uma mulher pecadora da cidade, quando soube que estava à mesa em casa do fariseu, trouxe um vaso de alabastro cheio de perfume;
38 ကိုယ်တော်ရဲ့ ခြေတော်ရင်းနှိုက် ရပ်ပင်း ငိုလျက် သူ့ရဲ့ မျက်ရည်ဟ ခြေထောက်ပေါ် ကျပင်း မိမိဆံပင်နဲ့ သုတ်လေအယ်။ ခြေထောက်ဟိုလည်း နမ်းယွေ့ ဆီမွှေးနဲ့ သုတ်လိမ်းလျက် နေအယ်။
38 e, estando a seus pés, por detrás dele, começou a chorar. Pouco depois suas lágrimas banhavam os pés do Senhor e ela os enxugava com os cabelos, beijava-os e os ungia com o perfume.
39 ဖာရိရှဲဟ အေးအရာဟို မျော်သောအခါ “ဟေသူဟ ပရောဖက်မန်လျှင် ခြေထောက်ဟို ကိုင်သော ဟေမိန်းမဟ စသူဖြစ်တာဟို သိလိမ့်မယ်။ စလို အပစ်နဲ့ပြေ့ပင်း အသက်ဆှင်နေလဲ့ မိန်းမဖြစ်အယ်ဟို သိလိမ့်မယ်” ဟု သူ့တတ်တိုင်း ပြောအယ်။
39 Ao presenciar isto, o fariseu, que o tinha convidado, dizia consigo mesmo: Se este homem fosse profeta, bem saberia quem e qual é a mulher que o toca, pois é pecadora.
40 ယေရှုဟ “ရှိမုန်၊ ငါ နင့်ဟို ပြောစရာ တခုခုဆိအယ်” ဟု မိန့်ရာ သူဟ
40 Então Jesus lhe disse: Simão, tenho uma coisa a dizer-te. Fala, Mestre, disse ele.
41 ယေရှုဟ “ပိတ်ဆန် ငမ်းစားလဲ့သူတဦးတွင် အကြွေးတင်သူ နေဦး ဆိအယ်။ တဦးဟ ငွေဒင်္ဂါး ငါးရာ၊ တခြားတဦးဟ ငါးဆယ် အကြွေးတင်အယ်။
41 Um credor tinha dois devedores: um lhe devia quinhentos denários e o outro, cinqüenta.
42 အကြွေးဆပ်ရန် မဆိသောကျောန့်၊ အကြွေးငမ်းထားသူဟ အေးသူနေဦးလုံးဟို အကြွေးကျေခွင့် ပေးလိုက်အယ်။ အေးသူနေဦးထဲမှာ စသူဟ အကြွေးငမ်းထားသူဟို ပိုပင်း ချစ်လိမ့်မလဲ” ဟု မေးအယ်။
42 Não tendo eles com que pagar, perdoou a ambos a sua dívida. Qual deles o amará mais?
43 ရှိမုန်ဟ “ရမ်းဆာ့သော အကြွေးဟို လျှော်ပေးခြင်း ခံရသူဖြစ်မယ်လို့ ငါထင်မြင်အယ်” ဟု ပြန်ပြောအယ်။
43 Simão respondeu: A meu ver, aquele a quem ele mais perdoou. Jesus replicou-lhe: Julgaste bem.
44 အေးနောက် မိန်းမရဲ့ ဘက်ဟို လှည့်ပင်း ရှိမုန်ဟို “အေးမိန်းမဟို နင် မျော်သလော။ ငါဟ နင့်နေအိုင်ဟို ဝင်လာသောအခါ၊ နင်ဟ ခြေထောက်ဆေးဖို့ ယေဟို မပေး၊ အဲလိုလဲ ဟေမိန်းမဟ ငါခြေထောက်ပေါ်မှာ သူမမျက်ရည်ဖြင့် စိုစေပင်း သူမရဲ့ ဆံပင်နဲ့ သုတ်လေပီ။
44 E voltando-se para a mulher, disse a Simão: Vês esta mulher? Entrei em tua casa e não me deste água para lavar os pés; mas esta, com as suas lágrimas, regou-me os pés e enxugou-os com os seus cabelos.
45 နင်ဟ ငါ့ဟို ကြိုဆိုပင်း မနမ်း၊ အဲလိုလဲ သူမဟ ငါဝင်လဲ့အခါမှ စပင်း ငါရဲ့ ခြေထောက်ဟို အဆက်မပြတ် နမ်းလေပီ။
45 Não me deste o ósculo; mas esta, desde que entrou, não cessou de beijar-me os pés.
46 နင်ဟ ငါ့ဦးခေါင်းဟို ဆီနဲ့ မလိမ်း၊ အဲလိုလဲ သူမဟ ငါ့ခြေထောက်ပေါ်တွင် ဆီမွှေးနဲ့ လိမ်းလေပီ။
46 Não me ungiste a cabeça com óleo; mas esta, com perfume, ungiu-me os pés.
47 အဲကျောန့် နင်လို့အား ငါပြောတာဟ သူမဟ ရမ်းဆာ့သော အပစ်လို့ဟို ခွင့်လွှတ်ခြင်း ခံရပီ။ သူမဟ ကြီးမားလဲ့ အချစ်ဟို သက်သေပြလေပီ။ အဲလိုလဲ အပစ်နည်းနည်းဘဲ ခွင့်လွှတ်တဲ့သူဟ နည်းနည်းပဲ ချစ်တတ်အယ်” ဟု ပြောအယ်။
47 Por isso te digo: seus numerosos pecados lhe foram perdoados, porque ela tem demonstrado muito amor. Mas ao que pouco se perdoa, pouco ama.
48 အဲပင်းရင် ယေရှုဟ သူမအား “နင့်ရဲ့ အပစ်ဟို ခွင့်လွှတ်ပီ” ဟု ပြောအယ်။
48 E disse a ela: Perdoados te são os pecados.
49 စားပွဲနှိုက် ထိန်နေကြသော တခြားသူများဟ “အပစ်များဟို ခွင့်လွှတ်နိန်သော ဟေသူဟ စသူလဲ” ဟု အချင်းချင်း ပြောကြအယ်။
49 Os que estavam com ele à mesa começaram a dizer, então: Quem é este homem que até perdoa pecados?
50 အဲလိုလဲ ယေရှုဟ မိန်းမအား “နင့်ရဲ့ ယုံကြည်ခြင်းဟ နင့်ဟို ကယ်တင်ပီ၊ ငြိမ်းချမ်းစွာ သွားပါ” ဟု ပြောအယ်။
50 Mas Jesus, dirigindo-se à mulher, disse-lhe: Tua fé te salvou; vai em paz.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.