Lucas 22
dnv (DNV) vs ARIB
1 ပသခါပွဲဟု နာမယ်တွင်သော တဆေးမဲ့မုန့်ပွဲတော် ကျင်းပရန် အချိန်နီးကပ်လာအယ်။
1 Aproximava-se a festa dos pães ázimos, que se chama a páscoa.
2 ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ လူလို့ဟို ကြောက်သောကျောန့် ယေရှုဟို လျှို့ဝှက်စွာ သတ်ရန် နည်းလမ်းဆာလျက်နေအယ်။
2 E os principais sacerdotes e os escribas andavam procurando um modo de o matar; pois temiam o povo.
3 အဲပင်းရင် စာတန်ဟ တဘဲ့တော် တဆယ့်နေယောက် အဝင်ဖြစ်သော ရှကာရုတ်ဟု ခေါ်သော ယုဒရဲ့ စိတ်နေလုံးထဲဟို ဝင်လေအယ်။
3 Entrou então Satanás em Judas, que tinha por sobrenome Iscariotes, que era um dos doze;
4 အေးကျောန့် သူဟ ယဇ်ပုရောဟိတ်ကြီးများနဲ့ ဗိမာန်တော်အစောင့် တပ်မှူးများဆေဟို သွားယွေ့ ယေရှုဟို စလိုအပ်ရမလုန်းဟု ဆွေးနွေး တိုင်ပင်လေအယ်။
4 e foi ele tratar com os principais sacerdotes e com os capitães de como lho entregaria.
5 အေးသူလို့ဟ ဝမ်းမြောက်ဝမ်းသာ ဖြစ်ယွေ့ ပိတ်ဆန်ပေးရန် ကတိပြုကြအယ်။
5 Eles se alegraram com isso, e convieram em lhe dar dinheiro.
6 ယုဒရှကာရုတ်ဟ သဘောတူသဖြင့် လူများဟ မသိအောန် ယေရှုအား သူလို့လက်ဟို အပ်ရန် အခွင့်ကောင်းဟို ဆာကြံလျက် နေအယ်။
6 E ele concordou, e buscava ocasião para lho entregar sem alvoroço.
7 တဆေးမဲ့ မုန့်ပွဲတော်တွင် ပသခါ သိုးသငယ်ဟို သတ်ယွေ့ ပူဇော်ရာနေ့ ကျရောက်လာအယ်။
7 Ora, chegou o dia dos pães ázimos, em que se devia imolar a páscoa;
8 ယေရှုဟ ပေတရုနဲ့ ယောဟန်လို့ဟို “ငါလို့စားဖို့ ပသခါပွဲ ညစာဟို သွားယွေ့ ပြင်ဆင်ကြလော့” ဟု ညွှန်ကြားချက် ပေးပင်း စေလွှတ်လိုက်အယ်။
8 e Jesus enviou a Pedro e a João, dizendo: Ide, preparai-nos a páscoa, para que a comamos.
9 သူလို့ဟ “ပစာနေရာနားမှာ ပြင်ဆင်ရမလုန်း” ဟု သူ့ဟို မေးကြအယ်။
9 Perguntaram-lhe eles: Onde queres que a preparemos?
10 ကိုယ်တော်ဟ “နင်လို့ဟ မြို့ထဲဟို ဝင်သောအခါ ယေအိုးဆောင်သောသူဟို တွေ့လိမ့်မယ်။ သူ့နောက်ဟို လိုက်ယွေ့ သူဝင်သော နေအိုင်ထဲဟို လိုက်ဝင်ကြလော့။
10 Respondeu-lhes: Quando entrardes na cidade, sair-vos-á ao encontro um homem, levando um cântaro de água; segui-o até a casa em que ele entrar.
11 အိုင်ဆှင်အား ‘ငါ့ တဘဲ့လို့နဲ့တကွ ပသခါညစာဟို စားသောက်ရန် အခန်းဟ ပစာနားမှာနှင်း’ ဟု ဆရာဟ စုံစမ်းခိုင်းထားကျောန်း ပြောကြလော့။
11 E direis ao dono da casa: O Mestre manda perguntar-te: Onde está o aposento em que hei de comer a páscoa com os meus discípulos?
12 အေးသူဟ ကျကျနနပြင်ထားသော အပေါ်ထပ် အခန်းကြီးဟို ပြလိမ့်မယ်။ အေးအခန်းတွင် ပြင်ဆင်ကြလော့” ဟု ပြောလေအယ်။
12 Então ele vos mostrará um grande cenáculo mobiliado; aí fazei os preparativos.
13 တဘဲ့တော် နေယောက်လို့ဟ ထွက်သွားပင်းနောက် ယေရှု မှာကြားလိုက်လဲ့အတိုင်း တွေ့ဆိကြသဖြင့် ပသခါညစာဟို အသင့်ပြင်ဆင်ကြအယ်။
13 Foram, pois, e acharam tudo como lhes dissera e prepararam a páscoa.
14 အချိန်ရောက်သောအခါ ယေရှုဟ တမန်တော်လို့နဲ့အတူ စားသောက်ရန် စားပွဲနှိုက် ထိန်လေအယ်။
14 E, chegada a hora, pôs-se Jesus à mesa, e com ele os apóstolos.
15 ကိုယ်တော်ဟ “ငါဟ ဒုက္ခဝေဒနာမခံစားရမီ ဟေပသခါပွဲ ညစာဟို နင်လို့နဲ့ အတူစားရန် ရမ်းဆာ့အလိုဆိအယ်။
15 E disse-lhes: Tenho desejado ardentemente comer convosco esta páscoa, antes da minha paixão;
16 နင်လို့ဟို ငါအမန်ဆိုတာဟ ဘုရားသခင်ရဲ့ နိုင်ငံတော်တွင် ပြေ့စုံခြင်းသို့ မရောက်မီတိုင်အောန် နောက်တခါ ဟေပွဲဟို ငါလုံးဝ စားမယ်မဟုတ်” ဟု သူလို့အား ပြောလေအယ်။
16 pois vos digo que não a comerei mais até que ela se cumpra no reino de Deus.
17 အဲပင်းရင် ယေရှုဟ ယေမုတ်ဟို ယူယွေ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းရင် “ဟေစပျစ်ယေမုတ်ဟို ယူယွေ့ အချင်းချင်း ဝေမျှယွေ့ သောက်ကြလော့။
17 Então havendo recebido um cálice, e tendo dado graças, disse: Tomai-o, e reparti-o entre vós;
18 နင်လို့ဟို ငါပြောတာဟ ဘုရားသခင်ရဲ့ နိုင်ငံတော် မတည်မချင်း ငါဟ စပျစ်ယေဟို နောက်တဖန်သောက်လိမ့်မယ် မဟုတ်” ဟု ပြောလေအယ်။
18 porque vos digo que desde agora não mais beberei do fruto da videira, até que venha o reino de Deus.
19 အဲပင်းရင် ကိုယ်တော်ဟ မုန့်ဟို ယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းရင် မုန့်ဟို ဖဲ့ယွေ့၊ သူလို့အား ပေးအယ်၊ “ဟေမုန့်ဟ နင်လို့ဖို့ စွန့်သော ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်။ ငါ့ဟို အောက်မေ့သတိရရန် ဟေသို့ပြုကြလော့” ဟု ပြောလေအယ်။
19 E tomando pão, e havendo dado graças, partiu-o e deu-lho, dizendo: Isto é o meu corpo, que é dado por vós; fazei isto em memória de mim.
20 အေးနည်းတိုင်းတိုင်းပင် ညစာစားပီးမှ မုတ်ဟို သူလို့အား ပေးယွေ့၊ ပြောတာဟ “ဟေမုတ်မှာ နင်လို့ဖို့ သွန်းသော ငါရဲ့ အသွေးအားဖြင့် တည်သော ဘုရားသခင်ရဲ့ ပဋိညာဉ်တရားသစ် ဖြစ်အယ်။
20 Semelhantemente, depois da ceia, tomou o cálice, dizendo: Este cálice é o novo pacto em meu sangue, que é derramado por vós.
21 “အဲလိုလဲ သတိပြုကြလော့။ ငါ့ဟို ရန်သူ့လက်ဟို အပ်မယ့်သူဟ ငါနဲ့အတူ စားပွဲမှာ ဆိအယ်။
21 Mas eis que a mão do que me trai está comigo à mesa.
22 လူသားဟ ဘုရားသခင် ခွဲခန့်မှတ်သားထားလဲ့အတိုင်း အသေခံရန် အမန်ပင် သွားရမယ်။ အဲလိုလဲ လူသားဟို ရန်သူလက်ဟို အပ်သောသူဟ အမင်္ဂလာဆိအယ်” ဟု ပြောလေအယ်။
22 Porque, na verdade, o Filho do homem vai segundo o que está determinado; mas ai daquele homem por quem é traído!
23 တဘဲ့တော်လို့ဟလည်း အေးအမှုဟို စသူပြုလိမ့်မလောဟု သူလို့တတ်တိုင်း မေးမြန်းကြအယ်။
23 Então eles começaram a perguntar entre si qual deles o que ia fazer isso.
24 တဘဲ့တော်လို့ဟ မိမိလို့တွင် စသူဟ အကြီးမြတ်ဆုံးဖြစ်လုန်းဟု အငြင်းပွားကြအယ်။
24 Levantou-se também entre eles contenda, sobre qual deles parecia ser o maior.
25 ယေရှုဟ “လောကီဘုရင်များဟ တပါးအမျိုးသားလို့အပေါ်တွင် အစိုးတရ ပြုတတ်ကြအယ်။ အာဏာပိုင်များဟလည်း မိမိလို့ကိုယ်ဟို ကျေးဇူးဆှင်များဟု အခေါ်ခံတတ်ကြအယ်။
25 Ao que Jesus lhes disse: Os reis dos gentios dominam sobre eles, e os que sobre eles exercem autoridade são chamados benfeitores.
26 နင်လို့အချင်းချင်းတွင်မှာမူ အေးလို့ မဖြစ်စေသင့်၊ နင်လို့တွင် အကြီးမြတ်ဆုံးဖြစ်သူဟ အငယ်ဆုံးသောသူလိုမျိုး ဖြစ်ရမယ်၊ ခေါင်းဆောင်ဖြစ်သူဟ အစေခံလိုမျိုး ဖြစ်ရမယ်။
26 Mas vós não sereis assim; antes o maior entre vós seja como o mais novo; e quem governa como quem serve.
27 စသူဟ ပိုပင်း ကြီးမြတ်လုန်း၊ စားပွဲနှိုက် စားသောက်ရန် ထိန်နေသူလော အဲဟာမဟုတ်ရင် အစေခံသောသူလော။ စားပွဲနှိုက် စားသောက်ရန် ထိန်နေသူလော မဟုတ်လော။ အဲလိုလဲ ငါဟ နင်လို့တွင် အစေခံသောသူလို ဖြစ်အယ်။
27 Pois qual é maior, quem está à mesa, ou quem serve? porventura não é quem está à mesa? Eu, porém, estou entre vós como quem serve.
28 “နင်လို့ဟ ငါနဲ့အတူ စုံစမ်းနှောင့်ယှက်မှုများဟို ကြုံခဲ့ဖူးသူများ ဖြစ်ကြအယ်၊
28 Mas vós sois os que tendes permanecido comigo nas minhas provações;
29 ခမည်းတော်ဟ ငါ့အား အုပ်စိုးခွင့် အပ်လဲ့နည်းတူ ငါဟလည်း နင်လို့အား အုပ်စိုးခွင့်ဟို ပေးလိမ့်မယ်။
29 e assim como meu Pai me conferiu domínio, eu vo-lo confiro a vós;
30 နင်လို့ဟ ငါရဲ့ နိုင်ငံတော်တွင် ငါရဲ့ စားပွဲနှိုက် စားသောက်ကြရလိမ့်မယ်။ ပင်းနောက် ပလ္လင်များပေါ်မှာ ထိန်လျက် ဣသရေလ တဆယ့်နေမျိုးလို့အား အုပ်ချုပ်ရကြလိမ့်မယ်” ဟု ပြောလေအယ်။
30 para que comais e bebais à minha mesa no meu reino, e vos senteis sobre tronos, julgando as doze tribos de Israel.
31 “ရှိမုန်၊ ရှိမုန်၊ နားထောင်လော့။ ဂျုံစပါးဟို ဆန်ကာချသလို နင်လို့အားလုံးဟို စစ်ဆေးဖို့ စာတန်ဟ အခွင့်ရလေပီ။
31 Simão, Simão, eis que Satanás vos pediu para vos cirandar como trigo;
32 အဲလိုလဲ နင့်ရဲ့ ယုံကြည်ခြင်း မဆုံးရှုံးမဲ့အကျောန်း၊ နင့်အတွက် ငါ ဆုတောင်းလေပီ။ နင်ဟ သတိရပြန်သောအခါ နင့်ရဲ့ ညီအကိုလို့ဟို တည်ကြည်စေလော့” ဟု ပြောလေအယ်။
32 mas eu roguei por ti, para que a tua fé não desfaleça; e tu, quando te converteres, fortalece teus irmãos.
33 ပေတရုဟ “သခင်၊ ငါဟ ကိုယ်တော်နဲ့အတူ ထောင်ထဲဟို သွားရန်နဲ့ ကိုယ်တော်နဲ့အတူ သေဖို့ အသင့်ဆိပါအယ်” ဟု ပြန်ဖြေအယ်။
33 Respondeu-lhe Pedro: Senhor, estou pronto a ir contigo tanto para a prisão como para a morte.
34 ယေရှုဟ “ပေတရု၊ နင့်ဟို ငါ ပြောတာဟ ခနေ့ည ကြက်မတွန်ခင် နင်ဟ ငါ့ဟို မသိဟု သုံးကြိမ်မြောက်အောန် ငြင်းဆိုလိမ့်မယ်” ဟု ပြောအယ်။
34 Tornou-lhe Jesus: Digo-te, Pedro, que não cantará hoje o galo antes que três vezes tenhas negado que me conheces.
35 အဲပင်းရင် ယေရှုဟ “ငါဟ နင်လို့ဟို ပိတ်ဆန်အိတ်၊ လွယ်အိတ်နဲ့ ဖိနပ်ဟို မယူစေဘဲ စေလွှတ်သောအခါ နင်လို့တွင် တခုခု ချို့တဲ့ခဲ့သလား” ဟု သူ့တဘဲ့တော်လို့အား မေးအယ်။
35 E perguntou-lhes: Quando vos mandei sem bolsa, alforje, ou alparcas, faltou-vos porventura alguma coisa? Eles responderam: Nada.
36 ယေရှုဟ “အဲလိုလဲ အခု ပိတ်ဆန်အိတ်၊ လွယ်အိတ်ဆိရင် ယူခဲ့ကြ၊ ထားမဆိရင် အဝတ်ဟို ရောင်းယွေ့ ထားဟို ဝယ်ကြစေ။
36 Disse-lhes pois: Mas agora, quem tiver bolsa, tome-a, como também o alforje; e quem não tiver espada, venda o seu manto e compre-a.
37 နင်လို့ဟို ငါဆိုတာဟ ‘ရာဇဝတ် ကျူးလွန်သူများ စာရင်းတွင် ပါဝင်ရအယ်’ ဟူသော ကျမ်းစကားအတိုင်း ငါနှိုက် ဖြစ်ရမယ်။ ပစာကို့ ငါရဲ့ အကျောန်း ရေးသားထားလဲ့ ကျမ်းစကားအရ ဖြစ်ပျက်လျက် ဆိနေသောကျောန့် ဖြစ်အယ်” ဟု ပြောလေအယ်။
37 Porquanto vos digo que importa que se cumpra em mim isto que está escrito: E com os malfeitores foi contado. Pois o que me diz respeito tem seu cumprimento.
38 တဘဲ့တော်လို့ဟ “သခင်၊ ကျေ့မန့်။ ဟေမှာ ထားနေလက်ဆိပါအယ်” ဟု ပြောအယ်။
38 Disseram eles: Senhor, eis aqui duas espadas. Respondeu-lhes: Basta.
39 ယေရှုဟ မြို့မှ ထွက်သွားယွေ့ သွားကျင့်ဆိလဲ့အတိုင်း သံလွင်တောင်ပေါ်ဟို သွားလေအယ်။ တဘဲ့တော်လို့ဟ သူနဲ့အတူ လိုက်သွားကြအယ်။
39 Então saiu e, segundo o seu costume, foi para o Monte das Oliveiras; e os discípulos o seguiam.
40 အေးနေရာဟို ရောက်သောအခါ ကိုယ်တော်ဟ “နင်လို့ဟ စုံစမ်းသွေးဆောင်ရာသို့ မလိုက်မပါစေရန် ဆုတောင်းကြလော့” ဟု ပြောလေအယ်။
40 Quando chegou àquele lugar, disse-lhes: Orai, para que não entreis em tentação.
41 အဲပင်းရင် သူလို့ဟ ကျောက်ခဲတပစ်ခန့် ကွာသောအရပ်ဟို ကြွသွားယွေ့ ဒူးထောက်လျက်၊
41 E apartou-se deles cerca de um tiro de pedra; e pondo-se de joelhos, orava,
42 “တို့ဖ၊ အလိုတော်ဆိရင် ဟေဒုက္ခဝေဒနာ မုတ်ဟို ဖယ်ဆှားမန့်။ အဲလိုလဲ ငါ့အလိုအတိုင်း မဟုတ်၊ ကိုယ်တော်ရဲ့ အလိုတော်အတိုင်းသာ ဖြစ်စေမူပါ” ဟု ဆုတောင်းလေအယ်။
42 dizendo: Pai, se queres afasta de mim este cálice; todavia não se faça a minha vontade, mas a tua.
43 ခေါန်းခင်ဘုံမှ ခေါန်းခင်တမန်တပါးဟ ကိုယ်တော်ဆေဟို ပေါ်လာယွေ့ အားပေးလေအယ်။
43 Então lhe apareceu um anjo do céu, que o confortava.
44 ကိုယ်တော်ဟ ပြင်းပြစွာ ဝေဒနာဟို ခံလျက်ပိုယွေ့ ကြိုးစား ဆုတောင်းလေအယ်၊ သူရဲ့ ချွေးထွက်နေပုံဟ သွေးစက်များသဖွယ် မြေပေါ်သို့ ကျလေအယ်။
44 E, posto em agonia, orava mais intensamente; e o seu suor tornou-se como grandes gotas de sangue, que caíam sobre o chão.
45 ကိုယ်တော်ဟ ဆုတောင်းရာမှ ထယွေ့ တဘဲ့တော်လို့ ဆိရာဟို လဲ့ပြန်လာသောအခါ သူလို့ဟ ဝမ်းနည်း နုံးခွေယွေ့ အိပ်ပျော်နေကြတာဟို မျော်လေအယ်။
45 Depois, levantando-se da oração, veio para os seus discípulos, e achou-os dormindo de tristeza;
46 ကိုယ်တော်ဟ “နင်လို့ဟ ပစာကို့ အိပ်မွေနေကြလုန်း။ ထကြလော့၊ စုံစမ်းသွေးဆောင်ရာဟို မလိုက်ပါစေရန် ဆုတောင်းကြလော့” ဟု ပြောလေအယ်။
46 e disse-lhes: Por que estais dormindo? Lenvantai-vos, e orai, para que não entreis em tentação.
47 ယေရှုဟ မိန့်စဉ် လူအုပ်ကြီး ရောက်လာသောအခါ တဘဲ့တော် ဆယ့်နေပါး အပါအဝင်ဖြစ်သော ယုဒဟ အဲသူလို့ဟို ခေါ်လာအယ်။ သူဟ ယေရှုဟို နမ်းရန် ချဉ်းကပ်လေအယ်။
47 E estando ele ainda a falar, eis que surgiu uma multidão; e aquele que se chamava Judas, um dos doze, ia adiante dela, e chegou-se a Jesus para o beijar.
48 ယေရှုဟ “ယုဒ၊ နင်ဟ ဟေလို့ နမ်းကယွေ့ လူသားဟို သစ္စာဖောက်မို့လော” ဟု မေးလေအယ်။
48 Jesus, porém, lhe disse: Judas, com um beijo trais o Filho do homem?
49 တဘဲ့တော်လို့ဟ အခြေအနေဟို မှန်းမိကြသောအခါ ယေရှုအား “သခင်၊ ငါလို့ဟ ထားဖြင့် ခုတ်ရမလော” ဟု မေးကြအယ်။
49 Quando os que estavam com ele viram o que ia suceder, disseram: Senhor, feri-los-emos a espada?
50 တဘဲ့တော် တယောက်ဟ ယဇ်ပုရောဟိတ်မင်းရဲ့ ကျွန်တယောက်ဟို ထားဖြင့် ခုတ်သဖြင့် ညာဖက် နားရွက်ပြတ်လေအယ်။
50 Então um deles feriu o servo do sumo sacerdote, e cortou-lhe a orelha direita.
51 အဲလိုလဲ ယေရှုဟ “တန့်ကြတော့” ဟု ပြောအယ်၊ အေးသူရဲ့ နားရွက်ဟို လက်တော်ဖြင့် တို့ထိယွေ့ သူ့အနာဟို ပျောက်စေလေအယ်။
51 Mas Jesus disse: Deixei-os; basta. E tocando-lhe a orelha, o curou.
52 အဲပင်းရင် ယေရှုဟ မိမိအား ဖမ်းဆီးရန် ရောက်ဆိလာကြလဲ့ ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော် အစောင့်တပ်မှူးများနဲ့ လူအကြီးအကဲလို့အား “နင်လို့ဟ ထားပြဟို ဖမ်းသလိုမျိုး ငါ့ဟို ဖမ်းရန် ထားနဲ့ တုတ်များဟို ကိုင်ပင်း လာခဲ့ကြသလော။
52 Então disse Jesus aos principais sacerdotes, oficiais do templo e anciãos, que tinham ido contra ele: Saístes, como a um salteador, com espadas e varapaus?
53 ငါဟ နင်လို့နဲ့ ဗိမာန်တော်မှာ နေ့တိုင်းဆိချိန် ပစာကို့ ငါ့ဟို မဖမ်းကြလုန်း။ အဲလိုလဲ ဟေအချိန်ဟ နင်လို့ရဲ့ အချိန်၊ အမိုက်တန်ခိုးလည်း ဖြစ်အယ်” ဟု ပြောလေအယ်။
53 Todos os dias estava eu convosco no templo, e não estendestes as mãos contra mim; mas esta é a vossa hora e o poder das trevas.
54 သူလို့ဟ ယေရှုဟို ဖမ်းဆီးယွေ့ ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်တော်ဟို ခေါ်ဆောင်သွားကြအယ်၊ ပေတရုဟ ခပ်ခွာခွာမှ လိုက်လာခဲ့အယ်။
54 Então, prendendo-o, o levaram e o introduziram na casa do sumo sacerdote; e Pedro seguia-o de longe.
55 လူအချို့ဟ အိုင်တော်ဝင်း အလယ်တွင် မီးဖိုယွေ့ ထိန်နေကြအယ်။ ပေတရုဟ သူလို့ရဲ့ အကြားတွင် ဝင်ယွေ့ ထိန်အယ်။
55 E tendo eles acendido fogo no meio do pátio e havendo-se sentado à roda, sentou-se Pedro entre eles.
56 ပေတရု ထိန်နေတာဟို အစေခံ မိနီငယ်တယောက်ဟ မျော်သဖြင့် ပေတရုဟို စူးကျေ့ပင်းရင် “ဟေသူဟ ယေရှုနဲ့ ပေါင်းဖော်သူ ဖြစ်အယ်” ဟု ပြောအယ်။
56 — ausente —
57 အဲလိုလဲ ပေတရုဟ “အချင်း မိန်းမ၊ အေးသူဟို ငါသိဝူး” ဟု ခံငြင်းလေအယ်။
57 Mas Pedro o negou, dizendo: Mulher, não o conheço.
58 အဲပင်းရင် တအောင့်လောက်ကြာသော် လူတယောက်ဟ ပေတရုဟို မျော်သဖြင့် “နင်ဟလည်း အေးသူလူစုထဲတွင် အပါအဝင် ဖြစ်အယ်” ဟု ပြောအယ်။
58 Daí a pouco, outro o viu, e disse: Tu também és um deles. Mas Pedro disse: Homem, não sou.
59 အဲပင်းရင် တနာရီလောက် ကြာသောအခါ တခြား လူတယောက်ဟ “ဟေသူဟ ဂါလိလဲပြေသား ဖြစ်သဖြင့် ယေရှုနဲ့ ဟုတ်တတ်ပေါင်းဖော်သောသူ ဖြစ်တာဟို မားစရာမဆိ” ဟု ခိုင်မာစွာ ပြောအယ်။
59 E, tendo passado quase uma hora, outro afirmava, dizendo: Certamente este também estava com ele, pois é galileu.
60 အဲလိုလဲ ပေတရုဟ “အချင်းလူ၊ နင်ပြောလဲ့ အကျောန်းအရာဟို ငါ သိမောင့်လဲ့” ဟု ပြန်ပြောအယ်။
60 Mas Pedro respondeu: Homem, não sei o que dizes. E imediatamente estando ele ainda a falar, cantou o galo.
61 ကိုယ်တော်ဟ လှည့်ယွေ့ ပေတရုဟို ကျေ့လေအယ်။ အဲအခါ ပေတရုဟ “ခုနေ့ည ကြက်မတွန်ခင် နင်ဟ ငါ့ဟို မသိဟု သုံးကြိမ်မြောက်အောန် ငြင်းဆိုလိမ့်မယ်” ဟူသော ကိုယ်တော်ရဲ့ စကားတော်ဟို ပြန်သတိရအယ်။
61 Virando-se o Senhor, olhou para Pedro; e Pedro lembrou-se da palavra do Senhor, como lhe havia dito: Hoje, antes que o galo cante, três vezes me negarás.
62 ပေတရုဟ အပြင်ဟို ထွက်ယွေ့ ရမ်းဆာ့ဝမ်းနဲစွာ ငိုကြွေးလေအယ်။
62 E, havendo saído, chorou amargamente.
63 ယေရှုဟို စောင့်ကြပ်နေသူလို့ဟ ကိုယ်တော်အား လှောင်ပြောင်လျက် ဖိုင်ကြအယ်။
63 Os homens que detinham Jesus zombavam dele, e feriam-no;
64 သူလို့ဟ ကိုယ်တော်ရဲ့ မျက်နှာဟို အုပ်ထားပင်းရင် “ကိုယ်တော်အား စသူ ဖိုင်တာဟို ပရောဖက်ပြုပါ” ဟု ဆိုကြအယ်။
64 e, vendando-lhe os olhos, perguntavam, dizendo: Profetiza, quem foi que te bateu?
65 ပင်းနောက် သူလို့ဟ တခြားသော စကားများဖြင့်လည်း ကိုယ်တော်ဟို ပစ်မားကဲ့ရဲ့ယွေ့ ပြောကြအယ်။
65 E, blasfemando, diziam muitas outras coisas contra ele.
66 မိုးလင်းသောအခါ လူလို့တွင် အကြီးအကဲဖြစ်သောသူများ၊ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ စုဆုံကြပင်းရင်၊ ယေရှုအား တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြအယ်။
66 Logo que amanheceu reuniu-se a assembléia dos anciãos do povo, tanto os principais sacerdotes como os escribas, e o conduziam ao sinédrio deles, onde lhe disseram:
67 သူလို့ဟ “နင်ဟ မေဆှိယ ဟုတ်လော၊ ငါလို့ဟို ပြောလော့” ဟု ဆိုကြအယ်။
67 Se tu és o Cristo, dize-no-lo. Replicou-lhes ele: Se eu vo-lo disser, não o crereis;
68 အေးပင်းတော့ ငါဟ မေးခွန်း မေးရင်လည်း နင်လို့ဟ ဖြေကြမှာ ဟုတ်ဝူး။
68 e se eu vos interrogar, de modo algum me respondereis.
69 အခုခါဟစပင်း လူသားဟ အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ လက်ယာဖက်မှာ ထိန်နေလိမ့်မယ်” ဟု ပြန်ပြောလေအယ်။
69 Mas desde agora estará assentado o Filho do homem à mão direita do poder de Deus.
70 အဲသူလို့ဟ “အေးလို့ဆိုရင် နင်ဟ ဘုရားသခင်ရဲ့ သားတော် ဟုတ်လော” ဟု မေးကြအယ်။
70 Ao que perguntaram todos: Logo, tu és o Filho de Deus? Respondeu-lhes: Vós dizeis que eu sou.
71 အဲအခါ သူလို့ဟ “စလို သက်သေ လိုသေးလို့လုန်း။ တို့တတ်တိုင်းပင် သူရဲ့ စကားဟို ကြားရကြပီ” ဟု ဆိုကြအယ်။
71 Então disseram: Por que ainda temos necessidade de testemunho? pois nós mesmos o ouvimos da sua própria boca.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.