Lucas 15

dnv (DNV) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 တနေ့သောအခါ အခွန်ခံများနဲ့ အပယ်ခံရသူများဟ တရားနာဖို့ရန် ယေရှုဆေဟို လာကြအယ်၊
1 E chegavam-se a ele todos os publicanos e pecadores para o ouvir.
2 ဖာရိရှဲများနဲ့ ကျမ်းတတ်ဆရာများဟ “ဟေသူဟ အပယ်ခံရသူများဟို ကြိုဆိုပင်း သူလို့နဲ့အတူတူပင် စားသောက်နေအယ်” ဟု စတင် ငြီးတွားကြအယ်။
2 E os fariseus e os escribas murmuravam, dizendo: Este recebe pecadores e come com eles.
3 အေးလို့မို့ ယေရှုဟ သူလို့ဟို ပုံဥပမာ ပြောတာဟ၊
3 E ele lhes propôs esta parábola, dizendo:
4 “နင်လို့ထဲမှာ တစုံတယောက်ဟ သိုးအကောင်တရာ ဆိယွေ့ တကောင်ပျောက်ဝါးရင် စလိုလုပ်မို့။ သူဟ ကိုးဆယ့်ကိုးကောင်လုံးဟို စားကျက်တွင် ထားခဲ့ပင်း ပျောက်ဝါးလဲ့သိုးဟို မတွေ့မချင်း လိုက်ဆာမယ် မဟုတ်လော။
4 Que homem dentre vós, tendo cem ovelhas e perdendo uma delas, não deixa no deserto as noventa e nove e não vai após a perdida até que venha a achá-la?
5 နင်လိုက်ဆာယွေ့ တွေ့သောအခါ ပျော်ရွှင်စွာနဲ့ ပခုံးပေါ် ထမ်းယွေ့
5 E, achando-a, a põe sobre seus ombros, cheio de júbilo;
6 နေအိုင်ဟို သယ်ပြန်လာမယ်။ အဲပင်းရင် အိုင်နီးချင်းနဲ့ မိတ်ဆွေများဟို ခေါ်ပင်း ‘ငါနဲ့အတူ ဝမ်းမြောက်ကြလော့၊ ပျောက်သော သိုးဟို ငါတွေ့ပီ’ ဟု ပြောအယ်။
6 e, chegando à sua casa, convoca os amigos e vizinhos, dizendo-lhes: Alegrai-vos comigo, porque perdida.
7 အေးနည်းတိုင်းတိုင်း နောင်တရစရာမလိုလဲ့ ဖြောင့်မတ်သောသူ ကိုးဆယ့်ကိုးယောက်ထက် နောင်တရလဲ့ အပစ်သားတဦးအတွက် ခေါန်းခင်ဘုံနှိုက် ပိုယွေ့ ကြီးသော ဝမ်းမြောက်ခြင်းဆိလိမ့်မယ်ဟု နင်လို့အား ငါဆိုအယ်။
7 Digo-vos que assim haverá alegria no céu por um pecador que se arrepende, mais do que por noventa e nove justos que não necessitam de arrependimento.
8 “အဲဟာမဟုတ်ရင် အမျိုးသမီးတဦးနှိုက် ငွေဒင်္ဂါးဆယ်ပြားဆိပင်း တပြားပျောက်သွားအယ်။ သူမဟ မီးဖူးထွန်းယွေ့ နေအိုင်ဟို တံမျက်စဲလှည်းကာ အေးဟာဟို မတွေ့မချင်း သေချာစွာ ဆှာမယ် မဟုတ်လော။
8 Ou qual a mulher que, tendo dez dracmas, se perder uma dracma, não acende a candeia, e varre a casa, e busca com diligência até
9 သူမဟ အေးဟာဟို တွေ့သောအခါ မိတ်ဆွေနဲ့ အိုင်နီးချင်းလို့ဟို ခေါ်ပင်း ‘ငါနဲ့အတူ ဝမ်းမြောက်ကြလော့၊ ပျောက်သော ဒင်္ဂါးဟို ငါတွေ့ပီ’ ဟု ပြောအယ်။
9 E, achando-a, convoca as amigas e vizinhas, dizendo: Alegrai-vos comigo, porque já achei a dracma perdida.
10 အေးတိုင်းတိုင်း နောင်တရသော အပစ်သားတယောက်အတွက် ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များ ဝမ်းသာခြင်းဆိအယ်ဟု နင်လို့အား ငါဆိုအယ်” ဟု ပြောအယ်။
10 Assim vos digo que há alegria diante dos anjos de Deus por um pecador que se arrepende.
11 ယေရှု ဆက်ပြောတာဟ “လူတယောက်နှိုက် သားနေယောက် ဆိအယ်။
11 E disse:
12 သားငယ်ဟ သူ့ဖအား ‘တို့ဖ၊ ငါရထိုက်လဲ့ အမွေဟို ခွဲပေး’ ဟု ပြောအယ်။ အဲလိုမို့ သူဟ သားနေယောက်အား သူရဲ့ ဥစ္စာပစ္စည်းများဟို ခွဲဝေပေးလေအယ်။
12 E o mais moço deles disse ao pai: Pai, dá-me a parte da fazenda que por eles a fazenda.
13 အဲပင်းရင် ရက်ကတစ်ကြာရင် သားငယ်ဟ သူ့ဥစ္စာများဟို ရောင်းချယွေ့ ရသောငွေဟို ယူပင်းရင် ဝေးလှသော ပြေဟို ထွက်သွားအယ်။ သူဟ ဝေးလှသော တိုင်းပြေဟို သွားပင်း သူ့ပိတ်ဆန်ဟို မဆင်မခြင် နေထိန်မှုဖြင့် ဖြုန်းလောပလိုက်အယ်။
13 E, poucos dias depois, o filho mais novo, ajuntando tudo, partiu para uma terra longínqua e ali desperdiçou a sua fazenda, vivendo dissolutamente.
14 သူ့ဆိသမျှလို့ဟို အကုန် သုံးဖြုန်းလိုက်အယ်။ အဲပင်းရင် အေးပြေတွင် အငတ်ဘေး ဆိုက်သဖြင့် သူဟ ပစာမျှ မဆိသဖြင့် ငတ်ပြတ်လေအယ်။
14 E, havendo ele gastado tudo, houve naquela terra uma grande fome, e começou a padecer necessidades.
15 အေးလို့မို့ အဲပြေသားတယောက်ဆေဟို သွားပင်း အလုပ်ဆှာရင်၊ အေးသူဟ ဝက်ကျောင်းဖို့ သူ့လယ်ဟို လွှတ်လိုက်အယ်။
15 E foi e chegou-se a um dos cidadãos daquela terra, o qual o mandou para os seus campos a apascentar porcos.
16 သူဟ ဝက်များစားနေလဲ့ ပဲတောင့်များဖြင့် မိမိဖိုက်ဟို ဖြေ့ရန် တောင့်တခဲ့အယ်၊ အဲလိုလဲ စသူဟမျှ သူ့ဟို စားစရာမပေးခဲ့ချေ။
16 E desejava encher o seu estômago com as bolotas que os porcos comiam, e ninguém lhe dava nada.
17 နောက်ဆုံးနှိုက် သူ့အသိစိတ် ဝင်လာပင်း ‘တို့ဖအိုင်မှ အလုပ်သမားများဟ ဝလင်စွာ စားရယွေ့၊ ငါဟ ဟေနေရာနှိုက် ရမ်းဆာ့ ငတ်ပြတ် နေရပါအယ်။
17 E, caindo em si, disse: Quantos trabalhadores de meu pai têm abundância de pão, e eu aqui pereço de fome!
18 ငါထယွေ့ တို့ဖဆေ ပြန်ပင်း တို့ဖ၊ ငါဟ ဘုရားသခင်နဲ့ တို့ဖဟို ဆန့်ကျင်ယွေ့ အပစ်လုပ်မိပါပီ။
18 Levantar-me-ei, e irei ter com meu pai, e dir-lhe-ei: Pai, pequei contra o céu e perante ti.
19 တို့ဖရဲ့သားဆိုပင်း အခေါ်မခံထိုက်တော့ပါ၊ ငါ့ဟို နင့်ရဲ့ အလုပ်သမားတဦးအဖြစ် ထားပေးမန့်’ ဟု ဆိုအယ်။
19 Já não sou digno de ser chamado teu filho; faze-me como um dos teus trabalhadores.
20 အဲပင်းရင် သူဟ ထယွေ့ သူ့ဖဆေဟို ပြန်သွားအယ်။
20 E, levantando-se, foi para seu pai; e, quando ainda estava longe, viu-o seu pai, e se moveu de íntima compaixão, e, correndo, lançou-se-lhe ao pescoço, e o beijou.
21 သားဟ ‘တို့ဖ၊ ငါဟ ဘုရားသခင်နဲ့ တို့ဖဟို ဆန့်ကျင်ယွေ့ အပစ်လုပ်မိပါပီ။ အေးလို့မို့ တို့ဖသားလို့ မခေါ်ထိုက်တော့ပါ’ ဟု ပြောအယ်။
21 E o filho lhe disse: Pai, pequei contra o céu e perante ti e já não sou digno de ser chamado teu filho.
22 အဲလိုလဲ အဖဟ သူရဲ့ အစေခံများဟို ‘အကောင်းဆုံးသော ဝတ်လုံဟို မြန်မြန်ယူပင်း သူ့ဟို ဝတ်ပေးလိုက်ကြ။ သူ့လက်မှာ လက်စွပ်ဟို စွပ်ပေးပင်း ဖိနပ်ဟို စီးပေးလိုက်ကြ။
22 Mas o pai disse aos seus servos: Trazei depressa a melhor roupa, e vesti-lho, e ponde-lhe um anel na mão e sandálias nos pés,
23 အဲပင်းရင် ဝဖီးနေသော နွားသငယ်ဟို သွားယူပင်း သတ်ကြလော့၊ ငါလို့ ပွဲဟို ဆင်နွှဲကြစို့။
23 e trazei o bezerro cevado, e matai-
24 ငါ့သားဟ မခင်ဟ သေခဲ့ပေမဲ့လည်း အခု သူဟ ပြန်ဆှင်လာအယ်။ မခင်ဟ ပျောက်ဆုံးခဲ့ပေမဲ့လည်း အခု ပြန်ယွေ့ တွေ့ပီ’ ဟု ဆိုလေအယ်။ အဲပင်းရင် သူလို့ဟ ပျော်မွေ့ခြင်းဟို ပြုကြအယ်။
24 porque este meu filho estava morto e reviveu; tinha-se perdido e foi achado. E começaram a alegrar-se.
25 “အေးအချိန်တွင် သားအကြီးယောက်ဟ လယ်တောထဲ ရောက်ဆိနေအယ်။ သူပြန်လာယွေ့ နေအိုင်နားနီးလာသောအခါ တီးမှုတ်သံနဲ့ ကခုန်သံဟို ကြားရလေအယ်။
25 E o seu filho mais velho estava no campo; e, quando veio e chegou perto de casa, ouviu a música e as danças.
26 အေးအခါ အစေခံတယောက်ဟို ခေါ်ယွေ့ ‘ပစာရီး လုပ်နေကြနှင်း’ ဟု မေးအယ်။
26 E, chamando um dos servos, perguntou-lhe que era aquilo.
27 အစေခံဟ ‘နင့်ညီ ပြန်လာလို့ရီး’ ‘သူဟ ဘေးနဲ့ ကင်းလွတ်ပြန်လာသောကျောန့် ဝအောန်မွေးလဲ့ နွားသငယ်တကောင်ဟို သတ်ပါပီ’ ဟု ဖြေအယ်။
27 E ele lhe disse: Veio teu irmão; e teu pai matou o bezerro cevado, porque o recebeu são e salvo.
28 သားကြီးဟ ရမ်းဆာ့ အူထော့ယွေ့ အိုင်ထဲ မဝင်ဘဲနေအယ်။ သူ့ဖဟ သူ့ဆေဟို သွားပင်း အိုင်ထဲဝင်ဖို့ ချော့ပြောလေအယ်။
28 Mas ele se indignou e não queria entrar. E, saindo o pai, instava com ele.
29 သားကြီးဟ ‘ကျေ့မန့်၊ ငါဟ နှစ်ပေါင်းများစွာ အဖအတွက် အစေခံလို အလုပ်လုပ် ပေးခဲ့အယ်၊ အဖရဲ့ အမိန့်ဟို တခါမှ မငြင်းဆန်ဖူးဝူး။ အဖ ငါ့အတွက် ပစာပေးခဲ့လဲ။ ငါ့သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားဖို့ ဆိတ်သငယ်တကောင်ဟိုမှ မပေးဝူး။
29 Mas, respondendo ele, disse ao pai: Eis que te sirvo
30 တို့ဖရဲ့ ဥစ္စာပစ္စည်းတွေဟို ပြေ့တန်ဆာမလို့နဲ့ သုံးဖြုန်းခဲ့လဲ့ အဖရဲ့ ဟေသား နေအိုင်ပြန်လာသောအခါ သူ့အတွက် ဝအောန်မွေးဟားလဲ့ နွားသငယ်ဟို သတ်လိုက်အယ်’ ဟု ပြောလေအယ်။
30 Vindo, porém, este teu filho, que desperdiçou a tua fazenda com as meretrizes, mataste-lhe o bezerro cevado.
31 အဖဖြစ်သူဟ ‘ငါ့သား၊ နင်ဟ ငါနဲ့အမြဲ တူတူနေအယ်။ ငါ့ဥစ္စာပစ္စည်းဆိသမျှဟ နင့်ဟာဖြစ်အယ်။
31 E ele lhe disse: Filho, tu sempre estás comigo, e todas as minhas
32 အဲလိုလဲ နင့်ညီဟ သေဆုံးခဲ့ပေမဲ့လည်း အသက်ဆှင်လာအယ်။ ပျောက်သွားခဲ့ပေမဲ့လည်း ပြန်တွေ့ရပီ။ အေးလို့မို့ ငါလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲခဲ့ကြအယ်’ ” ဆိုပင်း ပြန်ဖြေအယ်။
32 Mas era justo alegrarmo- porque este teu irmão estava morto e reviveu; tinha-se perdido e foi achado.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.