Lucas 14

dnv (DNV) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ဥပုသ်နေ့ တနေ့တွင် ယေရှုဟ အစားစာသုံးဆောင်ရန် ဖာရိရှဲ ခေါင်းဆောင်တဦး နေအိုင်ဟို ဝင်လေအယ်၊ လူလို့ဟ ယေရှုဟို စောင့်ကျေ့နေကြအယ်။
1 Certo sábado, Jesus foi comer na casa de um líder fariseu, onde o observavam atentamente.
2 ရေဖျဉ်းနာစွဲသော သူတယောက်ဟ ယေရှုရဲ့ ဆေ့တွင် ဆိအယ်။
2 Estava ali um homem com o corpo muito inchado.
3 ယေရှုဟ “ငါလို့ ဥပဒေအရ ဥပုသ်နေ့တွင် အနာရောဂါ ငြိမ်းစေသင့်ဝူးလော” ဟု ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲလို့ဟို မေးအယ်။
3 Jesus perguntou aos fariseus e aos especialistas da lei: “A lei permite ou não curar no sábado?”.
4 အဲလိုလဲ သူလို့ဟ တိတ်ဆိတ်စွာ နေကြအယ်။ ယေရှုဟ အေးလူဟို ခေါ်ယွေ့၊ အနာရောဂါဟို ပျောက်ကင်းစေပင်းရင် သူ့အား လွှတ်လိုက်အယ်။
4 Eles nada responderam, e Jesus tocou no homem enfermo, o curou e o mandou embora.
5 အဲပင်းရင် သူလို့အား “နင်လို့ရဲ့ လူပဲ့ဖြစ်ဖြစ်၊ နွားဖြစ်ဖြစ်၊ ဥပုသ်နေ့မှာ ယေတွင်းထဲ ပြုတ်ကျခဲ့ရင် တခါထဲ မဆွဲတင်ဘဲ နေမဲ့သူ တစုံတယောက် နင်လို့မှာ ဆိသလော” ဟု မေးအယ်။
5 Depois, perguntou a eles: “Qual de vocês, se seu filho ou seu boi cair num buraco, não se apressará em tirá-lo de lá, mesmo que seja sábado?”.
6 အဲလိုလဲ အဲအကျောန်းအရာဟို သူလို့ဟ ကိုယ်တော်အား မဖြေနိန်ကြဝူး။
6 Mais uma vez, não puderam responder.
7 အဲအခါ ဖိတ်ခေါ်ခြင်း ခံရသောသူလို့ဟ နေရာကောင်းများ ရွေးချယ်နေကြပုံဟို ကိုယ်တော် မျော်သောအခါ အေးသူလို့အား ပုံဥပမာတခုဖြင့် ပြောဆိုအယ်၊
7 Quando Jesus observou que os convidados para o jantar procuravam ocupar os lugares de honra à mesa, deu-lhes este conselho:
8 “တစုံတယောက်ဟ နင့်ဟို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ကြားသောအခါ နေရာကောင်းနှိုက် မထိန်ပါနဲ့။ သူဟ နင့်ထက် အရေးကြီးသောသူအား ဖိတ်ကောင်း ဖိတ်ထားနိန်အယ်။
8 “Quando você for convidado para um banquete de casamento, não ocupe o lugar de honra. E se chegar algum convidado mais importante que você?
9 အဲအခါ နင်လို့ နေဦးလုံးဟို ဖိတ်ခေါ်ထားသောသူဟ နင့်ဆေဟို လာပင်း ‘နင့်နေရာဟို ဟေသူအား ပေးလိုက်မန့်’ ဟု ဆိုလာရင် နင်ဟ အဆက်ရလျက် နိမ့်သောနေရာဟို ယူရလိမ့်မယ်။
9 O anfitrião virá e dirá: ‘Dê o seu lugar a esta pessoa’, e você, envergonhado, terá de sentar-se no último lugar da mesa.
10 အဲလိုလဲ ဖိတ်ကြားခြင်းခံရသောအခါ နိမ့်သောနေရာနှိုက် ထိန်လော့၊ အဲအခါ ဖိတ်ခေါ်ထားသောသူဟ လာယွေ့ ‘မိတ်ဆွေ ကောင်းသောနေရာသို့ လာမန့်’ ဟု နင့်အား ခေါ်လိမ့်မယ်။ အဲအခါ နင်ဟ တခြား ဧည့်သည်များ ဆေ့တွင် မျက်နှာရလိမ့်မယ်။
10 “Em vez disso, ocupe o lugar menos importante à mesa. Assim, quando o anfitrião o vir, dirá: ‘Amigo, temos um lugar melhor para você!’. Então você será honrado diante de todos os convidados.
11 အကျောန်းမှာ ကိုယ့်တတ်တိုင်းကိုယ် ချီးမြှောက်သူတိုင်းဟ နှိမ့်ချခြင်းဟို ခံရလိမ့်မယ်၊ ကိုယ့်တတ်တိုင်းကိုယ် နှိမ့်ချသောသူဟ ချီးမြှောက်ခြင်းဟို ခံရလိမ့်မယ်” ဟု ပြောအယ်။
11 Pois os que se exaltam serão humilhados, e os que se humilham serão exaltados”.
12 အဲပင်းရင် ယေရှုဟ သူ့အိုင်ဆှင်အား “နင်ဟ နေ့လယ်စာဖြစ်ဖြစ်၊ ညခင်းစာဖြစ်ဖြစ်၊ ဖိတ်သောအခါ မိတ်ဆွေများ၊ ညီအကိုများ၊ ဆွေမျိုးများ၊ ချမ်းသာသော အိုင်နီးနားချင်းများဟို မဖိတ်ခေါ်နဲ့၊ အေးလို့ဖိတ်လျှင် သူလို့ဟ နင့်ဟို ပြန်ဖိတ်ခေါ်ပင်း ဟေနည်းတိုင်း နင်ပြုသောအရာအတွက် ကျေးဇူးဆပ်ကြလိမ့်မယ်။
12 Então Jesus se voltou para o anfitrião e disse: “Quando oferecer um banquete ou jantar, não convide amigos, irmãos, parentes e vizinhos ricos. Eles poderão retribuir o convite, e essa será sua única recompensa.
13 နင်ဟ ကျွေးမွေးဧည့်ခံပွဲ ကျင်းပသောအခါ ဆင်းရဲသား၊ အင်္ဂါမစုံသူ၊ ခြေမစွမ်းသောသူ၊ မျက်စေ့မမျော်သောသူများဟို ဖိတ်ကြားလော့။
13 Em vez disso, convide os pobres, os aleijados, os mancos e os cegos.
14 အေးလို့လုပ်ရင် နင့်ဖို့ မင်္ဂလာဆိလိမ့်မယ်၊ ပစာကို့ သူလို့အနေနဲ့ နင့်အား ပစာမှ ပြန်မပေးဆပ်နိန်သောကျောန့် ဖြစ်အယ်။ သူတော်ကောင်းလို့ သေခြင်းမှ ထမြောက်သောနေ့နှိုက် ဘုရားသခင်ဟ နင့်အား ကျေးဇူးဆပ်ပေးလိမ့်မယ်” ဟု ပြောအယ်။
14 Assim, na ressurreição dos justos, você será recompensado por ter convidado aqueles que não podiam lhe retribuir”.
15 ဧည့်သည်များထဲမှ ယေရှုနဲ့ တူတူထိန်နေသူ တဦးဟ အဲစကားဟို ကြားရင် “ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ ပွဲဝင်ရတဲ့သူဟ စလောက် မင်္ဂလာဆိသလဲ” ဟု ပြောလေအယ်။
15 Ao ouvir isso, um homem que estava à mesa com Jesus exclamou: “Feliz será aquele que participar do banquete no reino de Deus!”.
16 ယေရှုဟ “လူတယောက်ဟ ကျွေးမွေးဧည့်ခံပွဲကြီး တခုဟို ပြင်ဆင်ပင်း ဧည့်သည် အမြောက်အများဟို ဖိတ်ကြားအယ်။
16 Jesus respondeu com a seguinte parábola: “Certo homem preparou um grande banquete e enviou muitos convites.
17 ပွဲလုပ်ချိန် ရောက်သောအခါ သူဖိတ်ကြားထားသူများ ဆေဟို အစေခံ တယောက်အား သွားခိုင်းယွေ့ ‘လာကြမန့်၊ အရာအားလုံး အဆင်သင့် ဖြစ်နေပါပီ’ ဟု ပြောခိုင်းအယ်။
17 Quando estava tudo pronto, mandou seu servo dizer aos convidados: ‘Venham, o banquete está pronto’.
18 အဲလိုလဲ ဖိတ်ကြားထားသူများဟ တယောက်ပင်း တယောက် ဆင်ခြေပေးကြအယ်။ ပထမဦးဆုံးသူဟ ‘လယ်တကွက် ဝယ်ဟားတာဟို သွားကျေ့မှ ရမှာရီး၊ ကျေးဇူးပြုပင်း ငါရဲ့ တောင်းပန်မှုဟို လက်ခံမန့်’ ဟု ပြောအယ်။
18 Mas todos eles deram desculpas. Um disse: ‘Acabei de comprar um campo e preciso inspecioná-lo. Peço que me desculpe’.
19 တခြားတယောက်ဟလည်း ‘ငါဟ နွားငါးရှဉ်းဟို ဝယ်ဟားဟို့ သွားစမ်း ကျေ့ရအုံးမှာမို့ ခွင့်လွှတ်ပေးဖို့ တောင်းပန်အယ်’ ဟု ပြောအယ်။
19 Outro disse: ‘Acabei de comprar cinco juntas de bois e quero experimentá-las. Sinto muito’.
20 အခြားတယောက်ဟလည်း ‘ငါ ခုမှ အိုင်ထောင်ကျဟားလို့ လာနိန်သေးဝူး’ ဟု ဆင်ခြေပေးလေအယ်။
20 Ainda outro disse: ‘Acabei de me casar e não posso ir’.
21 အစေခံဟ သူ့သခင်ဆေဟို ပြန်လာပင်း အေးသူလို့ အကျောန်းများဟို ပြောပြလေအယ်။ အဲအခါ အိုင်ဆှင်ဟ ဒေါသထွက်ယွေ့ ‘လမ်းမ၊ လမ်းကြားဆေဟို အမြန် သွားပင်း ဆင်းရဲသူ၊ အင်္ဂါချို့တဲ့သူ၊ မျက်စေ့မမျော်သူများနဲ့ ခြေထောက်ဆွံ့သူများဟို ခေါ်ခဲ့လိုက်’ ဟု အစေခံဟို ခိုင်းလိုက်လေအယ်။
21 “O servo voltou e informou a seu senhor o que tinham dito. Ele ficou furioso e ordenou: ‘Vá depressa pelas ruas e becos da cidade e convide os pobres, os aleijados, os cegos e os mancos’.
22 ခဏကြာပင်း အစေခံဟ ပြန်ရောက်လာယွေ့ ‘ဆရာ ခိုင်းလဲ့အတိုင်း ဆောင်ရွက်ပီးပါပီ၊ အဲလိုလဲ နေရာလပ်များ ဆိပါသေးအယ်’ ဟု ပြောအယ်။
22 Depois de cumprir essa ordem, o servo informou: ‘Ainda há lugar para mais gente’.
23 သခင်ဟ သူ့အစေခံအား ‘လမ်းမများနဲ့ ကျေးလက် တောရွာများသို့ သွားယွေ့ ငါ့နေအိုင် ပြေ့အောန် လူများဟို မရမက ခေါ်သွင်းခဲ့လိုက်။
23 Então o senhor disse: ‘Vá pelas estradas do campo e junto às cercas entre as videiras e insista com todos que encontrar para que venham, de modo que minha casa fique cheia.
24 အရင်ဟ ဖိတ်ကြားထားသူ တဦးမျှ ငါရဲ့ ညနေစာ ဧည့်ခံပွဲဟို ပေးမဝင်နဲ့ဟု နင်လို့ဟို ငါပြောအယ်’ ” ဟု ပြောလေအယ်။
24 Pois nenhum dos que antes foram convidados provará do meu banquete’”.
25 တခါဟ လူအုပ်ကြီးဟ ယေရှုနဲ့ အတူ နောက်တော်ဟို လိုက်သွားကြလဲ့အခါ၊ ကိုယ်တော်ဟ သူလို့အား လဲ့ကျေ့ပင်း၊
25 Uma grande multidão seguia Jesus, que se voltou para ela e disse:
26 “ငါ့ဆေဟို လာသောသူလို့ဟ ငါ့ဟို ချစ်တာထက် တို့မေနဲ့ တို့ဖ၊ ပေါင်အိုမနဲ့ သားသမီး၊ ညီအကိုနဲ့ မောင်နှမနဲ့ မိမိတတ်တိုင်း ပိုယွေ့ ချစ်သောသူဟ ငါ့တဘဲ့ မဖြစ်နိန်။
26 “Se alguém que me segue amar pai e mãe, esposa e filhos, irmãos e irmãs, e até mesmo a própria vida, mais que a mim, não pode ser meu discípulo.
27 ကိုယ့်လက်ဝါးကပ်တိုင်ဟို ထမ်းပင်း ငါ့နောက်ဟို မလိုက်သောသူဟ ငါ့တဘဲ့ ဖြစ်နိန်ဝူး။
27 E, se não tomar sua cruz e me seguir, não pode ser meu discípulo.
28 အကယ်ယွေ့ နင်လို့ထဲတွင် တစုံတယောက်ဟ အေးတိုက်ပီးအောန် ဆောက်လိုရင် ကိုယ့်ဆေမှာ ပိတ်ဆန် အလုံလောက် ဆိ မဆိ သိဖို့ ဦးရင်ဆုံး ထိန်ပင်း မတွက်ကျေ့ဘဲ နေမှာမို့လော။
28 “Quem começa a construir uma torre sem antes calcular o custo e ver se possui dinheiro suficiente para terminá-la?
29 နင်ဟ မလုပ်ခင် တိုက်ဟို အုတ်မြစ် ချပင်း အပီးမသတ်နိန်ရင် ဖြစ်ပျက်ခဲ့တာဟို မျော်ရသောသူများဟ နင့်ဟို ကဲ့ရဲ့ကြလိမ့်မယ်။
29 Pois, se completar apenas os alicerces e ficar sem dinheiro, todos rirão dele,
30 ‘အေးသူဟ စဆောက်ပင်း ပီးအောန်လဲ လုပ်နိန်ဝူး’ ဟု ဆိုကြလိမ့်မယ်။
30 dizendo: ‘Esse aí começou a construir, mas não conseguiu terminar!’.
31 အကယ်ယွေ့ လူ ၁၀,၀၀၀ ဆိသော ဘုရင်တပါးဟ လူ ၂၀,၀၀၀ ဆိသော တခြား ဘုရင်တပါးနဲ့ တိုက်ခိုက်ဖို့ လုပ်သောအခါ သူ့လူတသောင်းဖြင့် ခံတိုက်နိန်မလား ခံတိုက်နိန်ဝူးလားဟု ဦးဆုံး ထိန်ပင်း မစဉ်းစားဘဲ နေမှာမို့လော။
31 “Ou que rei iria à guerra sem antes avaliar se seu exército de dez mil poderia derrotar os vinte mil que vêm contra ele?
32 အကယ်ယွေ့ မခံနိန်ရင် စစ်ချီတက်လာသော ဘုရင်နဲ့ ဝေးတုန်းမှာ သံတမန်ဟို စေလွှတ်ယွေ့ စစ်ပြေငြိမ်းချမ်းဖို့ စကားကမ်းလှမ်းတတ်တာ မဟုတ်လော။”
32 E, se concluir que não, o rei enviará uma delegação para negociar um acordo de paz enquanto o inimigo está longe.
33 အေးတိုင်းတိုင်း “စသူငြမ်းငြမ်း သူ့မှာ ဆိသမျှဟို မစွန့်လောနိန်ရင် ငါ့တဘဲ့ ဖြစ်နိန်ဝူး။
33 Da mesma forma, ninguém pode se tornar meu discípulo sem abrir mão de tudo que possui.
34 “ဆားဟ ကောင်းအယ်၊ အဲလိုလဲ အငံပျောက်ဝါးရင် စလို ငံသောအရသာဟို ပြန်လုပ်မလဲ။
34 “O sal é bom para temperar, mas, se perder o sabor, como torná-lo salgado outra vez?
35 မြေဖို့ အဲဟာမဟုတ်ရင် မြေဆီလွှာဖို့ မကောင်းသဖြင့် အေးဒါဟို အပြင်သို့ လောပလိုက်အယ်။
35 O sal sem sabor não serve nem para o solo nem para adubo; é jogado fora. Quem é capaz de ouvir, ouça com atenção!”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.