João 2

dnv (DNV) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 နောက်နေရက်ပင်းနောက် ဂါလိလဲပြေ ကာနမြို့မှာ မင်္ဂလာဆောင်ပွဲ ကျင်းပအယ်။ အဲနေရာဟို ယေရှုရဲ့ အမေ့ လာရောက်အယ်၊
1 Três dias depois, houve um casamento em Caná da Galileia, e a mãe de Jesus estava ali.
2 ယေရှုနဲ့ သူ့ရဲ့ တဘဲ့တော်လို့လည်း အေးပွဲသို့ ဖိတ်ခြင်းဟို ခံရအယ်။
2 Jesus também foi convidado, com os seus discípulos, para o casamento.
3 စပျစ်ယေ ကုန်သွားသောအခါ ယေရှုရဲ့ အမေ့ဟ “အေးသူလို့မှာ စပျစ်ယေ မဆိတော့ဝူး” လို့ ယေရှုအား ပြောကြားအယ်။
3 Tendo acabado o vinho, a mãe de Jesus lhe disse: — Eles não têm mais vinho.
4 ယေရှုဟ “ငါ ပစာ လုပ်ရမယ်ဆိုတာဟို နင်ပြောဖို့ မလိုဝူး၊ ငါ့အချိန် မရောက်သေးဝူး” လို့ ပြန်ပြောအယ်။
4 Mas Jesus respondeu:
5 အဲအခါ ယေရှုရဲ့ အမေ့ဟ အစေခံလို့အား “သူစေခိုင်းလဲ့အတိုင်း လုပ်ဆောင်ကြလော့” ဟု ဆိုအယ်။
5 Então ela falou aos serventes: — Façam tudo o que ele disser.
6 ယုဒအမျိုးသားလို့ရဲ့ ထုံးတမ်းစဉ်လာစလေ့အရ သန့်စင်မှုဟို ပြုရန် ရည်ရွယ်ချက်ဖြင့် ကျောက်အိုးကြီး ခြောက်လုံးဟို ထားအယ်၊ အဲယေအိုးတလုံးစီဟ ဂါလံနေဆယ်နဲ့ သုံးဆယ်ခန့်လောက် ဆန့်အယ်။
6 Estavam ali seis potes de pedra, que os judeus usavam para as purificações, e em cada um cabiam cerca de cem litros.
7 ယေရှုဟ “အေးအိုးများတွင် ယေအပြေ့ ထည့်ကြလော့” လို့ အစေခံလို့အား မိန့်အယ်။ သူလို့ဟ အိုးအဝထိ ယေပြေ့အောန် ထည့်ကြအယ်၊
7 Jesus lhes disse: E eles os encheram totalmente.
8 အဲပင်းရင် ကိုယ်တော်ဟ “အေးအိုးများမှ အခု ယေ ကတစ်ဟို ခပ်ယွေ့ ပွဲအုပ်ဆေ ယူသွားကြလော့” ဟု သူလို့အား မိန့်အယ်။ သူလို့ဟ ပွဲအုပ်ဆေဟို ယေ ယူသွားအယ်၊
8 Então lhes disse: Eles o fizeram.
9 ပွဲအုပ်ဟ စပျစ်ယေအဖြစ် ပြောင်းလဲလာသောယေဟို မြည်းကျေ့အယ်။ အစေခံလို့ဟ စပျစ်ယေဟို ပစာမှ ရဆိကျောန်းဟို သိကြသော်လည်း ပွဲအုပ်မှာ မသိ၊ အဲလိုလဲ ပွဲအုပ်ဟ မင်္ဂလာဆောင်သတို့သားဟို ခေါ်ပင်းရင်၊
9 Quando o responsável pela festa provou a água transformada em vinho — ele não sabia de onde tinha vindo, por mais que os serventes que haviam tirado a água soubessem —, chamou o noivo
10 “လူတိုင်းဟို စပျစ်ယေကောင်းနဲ့ အဦးဆုံး ဧည့်ခံတတ်အယ်၊ ဧည့်သည်လို့ ရမ်းဆာ့ မူးပင်းနောက် စပျစ်ယေအညံ့ဟို ထည့်ပေးလေ့ ဆိအယ်။ အဲလိုလဲ နင်ဟ စပျစ်ယေကောင်းဟို အခုထိ သိမ်းထားပီ” ဟု ဆိုအယ်။
10 e lhe disse: — Todos costumam servir primeiro o vinho bom e, quando já beberam muito, servem o vinho inferior; você, porém, guardou o melhor vinho até agora!
11 ယေရှုဟ ဟေဦးရင်ဆုံးသော နိမိတ်လက္ခဏာဟို ဂါလိလဲပြေ ကာနမြို့တွင် ပြုလျက် ကိုယ်တော်ဟ မိမိရဲ့ ဘုန်းအသရေဟို ထင်ဆှားစေအယ်၊ သူ့ရဲ့ တဘဲ့တော်လို့ဟ ကိုယ်တော်ဟို ယုံကြည်ကြအယ်။
11 Assim, em Caná da Galileia, Jesus deu início a seus sinais. Ele manifestou a sua glória, e os seus discípulos creram nele.
12 အဲဟာပင်းနောက် ယေရှုနဲ့ သူ့အမေ့၊ ညီအကိုများနဲ့ တဘဲ့တော်လို့ဟ ကပေရနောင်မြို့ဟို ကြွယွေ့ ရက်ကတစ် နေထိန်အယ်။
12 Depois disso, ele foi a Cafarnaum, com sua mãe, seus irmãos e seus discípulos; e ficaram ali não muitos dias.
13 ယုဒအမျိုးသားလို့ရဲ့ ပသခါပွဲ နီးကပ်လာသောအခါ ယေရှုဟ ယေရုရှလင်မြို့ဟို သွားအယ်။
13 Estando próxima a Páscoa dos judeus, Jesus foi para Jerusalém.
14 ယေရှုဟ ဗိမာန်တော်အတွင်းတွင် နွားများ၊ သိုးများ၊ ချိုးတူးငက်များဟို ရောင်းသူများနဲ့ ငွေလဲလှယ်နေသူများ စားပွဲနှိုက် ထိန်နေတာဟို တွေ့အယ်။
14 E encontrou no templo os que vendiam bois, ovelhas e pombas e também os cambistas assentados.
15 အဲအခါ ကြိုးနဲ့ ကျာပွတ်ဟို ပြုလုပ်ပင်း သိုး၊ နွားနဲ့တကွ အဲလူအားလုံးဟို ဗိမာန်တော်ထဲမှ မောင်းထုတ်အယ်၊ ငွေလဲလှယ်သူလို့ရဲ့ ငွေများဟို မောက်ချယွေ့ သူလို့ရဲ့ စားပွဲများဟို လောပစ်အယ်။
15 Tendo feito um chicote de cordas, expulsou todos do templo, com as ovelhas e os bois. Derramou o dinheiro dos cambistas pelo chão, virou as mesas
16 ကိုယ်တော်ဟ ချိုးတူးငက်လို့ ရောင်းသူများအား “ဟေအရာများဟို ယူသွားကြ၊ တို့ဖရဲ့ အိုင်တော်ဟို ဆေး မဖြစ်စေနဲ့” မိန့်အယ်။
16 e disse aos que vendiam as pombas:
17 သူ့ရဲ့ တဘဲ့တော်လို့ဟ “ကိုယ်တော်ရဲ့ အိုင်တော်အတွက် စိတ်အားထက်သန်ခြင်းဟ ငါ့ဟို လွှမ်းမိုးလျက် ဆိအယ်” ဟူသော ရေးထားတာဟို သတိရကြအယ်။
17 Os seus discípulos se lembraram que está escrito: “O zelo da tua casa me consumirá.”
18 ယုဒအာဏာပိုင်လို့ဟ မေးခွန်းများနဲ့ ကိုယ်တော်ဆေဟို ပြန်လာပင်း “နင်ဟ ဟေအမှုအရာများဟို ပြုလုပ်ပိုင်ကျောန်း သိသာစေရန် ငါလို့အား ပစာ နိမိတ်လက္ခဏာဟို ပြမှာတုန်း။”
18 Então os judeus lhe perguntaram: — Que sinal você nos mostra para fazer essas coisas?
19 ယေရှုဟ “ဟေဗိမာန်တော်ဟို ဖြိုဖျက်ကြလော့၊ သုံးရက်အတွင်း ငါ ပြန်လည် တည်ဆောက်မယ်” ဟု မိန့်အယ်။
19 Jesus lhes respondeu:
20 ယုဒအမျိုးသားလို့ဟ “ဟေဗိမာန်တော်ဟို တည်ဆောက်ရန် လေးဆယ့်ခြောက်နှစ် ကြာအယ်၊ နင်ဟ သုံးရက်နဲ့ ပြန်ဆောက်မို့လော” ဟု ပြောပြန်ကြအယ်။
20 Os judeus responderam: — Este santuário foi edificado em quarenta e seis anos, e você quer levantá-lo em três dias?
21 အဲလိုလဲ ယေရှုဟ မိမိ ကိုယ်ခန္ဓာဖြစ်သော ဗိမာန်တော်ဟို ရည်ညွှန်းယွေ့ ပြောခြင်းဖြစ်အယ်။
21 Ele, porém, se referia ao santuário do seu corpo.
22 ကိုယ်တော် သေခြင်းမှ ဆှင်ပြန်ထမြောက်ပင်းနောက် တဘဲ့တော်လို့ဟ ကိုယ်တော်မိန့်ခဲ့သော စကားဟို အမှတ်ရကြအယ်။ အဲပင်းရင် ကျမ်းစာနဲ့ ယေရှု မိန့်ခဲ့သော စကားဟို ယုံကြည်ကြအယ်။
22 Quando, pois, Jesus ressuscitou dentre os mortos, os discípulos dele se lembraram que ele tinha dito isso e creram na Escritura e na palavra de Jesus.
23 ပသခါပွဲအတွင်း ယေရုရှလင်မြို့နှိုက် ယေရှုဆိစဉ် ရမ်းဆာ့သောလူလို့ဟ ကိုယ်တော်ပြုသော နိမိတ်လက္ခဏာများဟို မျော်ရကြသဖြင့် ကိုယ်တော်ဟို ယုံကြည်လာကြအယ်။
23 Estando Jesus em Jerusalém, durante a Festa da Páscoa, muitos creram no seu nome quando viram os sinais que ele fazia.
24 အဲလိုလဲ ယေရှုဟ အဲသူလို့ဟို မယုံကြည်ဝူး၊ အကျောန်းမှာ ကိုယ်တော်ဟ ခပ်သိမ်းသောသူလို့အား သိအယ်။
24 Mas o próprio Jesus não confiava neles, porque conhecia a todos.
25 ကိုယ်တော်ဟ သူလို့ရဲ့ စိတ်နေလုံးဟို သိသောကျောန့် ကိုယ်တော်အား လူ့အကျောန်းဟို စသူမှ ပြောရန် မလို။
25 E não precisava que alguém lhe desse testemunho a respeito das pessoas, porque ele mesmo sabia o que era a natureza humana.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.