João 16

dnv (DNV) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 “နင်လို့ရဲ့ ယုံကြည်ခြင်း မပျက်ပြားစေရန် ဟေအရာများဟို ငါ ပြောထားခဲ့ပီ။
1 “Eu lhes digo estas coisas para que não desanimem da fé.
2 နင်လို့ဟ တရားဇရပ်များမှ မောင်းထုတ်ခံရလိမ့်မယ်၊ ဟေလောက်မက နင်လို့ဟို သတ်သောသူတိုင်းဟ မိမိလို့ဟ ဘုရားဝတ်ဟို ပြုနေတာဟု ထင်မှတ်သောအချိန်ကာလ ရောက်လာလိမ့်မယ်။
2 Pois vocês serão expulsos das sinagogas, e virá o tempo em que aqueles que os matarem pensarão que estão prestando um serviço sagrado a Deus.
3 သူလို့ဟ ခမည်းတော် အဲဟာမဟုတ်ရင် ငါ့ဟို မသိကြသောကျောန့် ဟေသို့ နင်လို့အား ပြုကြလိမ့်မယ်။
3 Farão isso porque nunca conheceram nem o Pai nem a mim.
4 သူလို့ရဲ့အချိန်ရောက်သောအခါ ငါဟ ဟေသို့ပြောပီးတာဟို နင်လို့ သတိရစေရန် ဟေအကျောန်းအရာများဟို ငါ ပြောထားအယ်။
4 Sim, eu lhes digo estas coisas agora para que, quando elas acontecerem, vocês se lembrem de que os avisei. Eu não lhes disse antes porque ainda estaria com vocês mais um pouco.”
5 အဲလိုလဲ ငါ့ဟို စေလွှတ်သောသူဆေဟို အခု ငါ သွားရမယ်၊ နင်လို့ထဲဟ စသူမှ နင် ဖယ်နားသွားမို့လို့ ငါ့ဟို မမေးကြဝူး။
5 “Agora, porém, vou para aquele que me enviou, e nenhum de vocês me pergunta para onde vou.
6 ဟေအကျောန်းအရာဟို ငါပြောသောကျောန့် နင်လို့ နေလုံးသားဟ ဝမ်းနည်းခြင်းနဲ့ ပြေ့လျက် ဆိကြအယ်။
6 Em vez disso, entristecem-se por causa do que eu lhes disse.
7 အဲလိုလဲ နင်လို့အား ငါ အမန်ဆိုအယ်၊ ငါသွားရင် နင်လို့အတွက် ပိုကောင်းအယ်၊ ပစာကို့ ငါမသွားရင် မစသောသူဟ ကြွလာမှာ မဟုတ်။ အဲလိုလဲ ငါသွားရင် အေးသူဟို နင်လို့ဆေဟို ငါ စေလွှတ်မယ်။
7 Mas, na verdade, é melhor para vocês que eu vá, pois, se eu não for, o Encorajador não virá. Se eu for, eu o enviarei a vocês.
8 အဲသူကြွလာသောအခါ လောကသားလို့အား အပစ်အကျောန်း၊ အမန်တရားအကျောန်းနဲ့ တရားစီရင်ခြင်းအကျောန်းဟို ဖော်ပြလိမ့်မယ်။
8 Quando ele vier, convencerá o mundo do pecado, da justiça e do juízo.
9 အေးသူလို့ဟ ငါ့ဟို မယုံကြည်ကြသောကျောန့် အပစ်အကျောန်းဟို ဖော်ပြမယ်။
9 Do pecado, porque o mundo se recusou a crer em mim;
10 ငါဟ ခမည်းတော်ဆေဟို သွားမယ် ဖြစ်ယွေ့ နင်လို့ဟ ငါ့ဟို တွေ့မျော်ရတော့မှာ မဟုတ်သောကျောန့် သူလို့ရဲ့ မားယွင်းနေသောအရာဟို အမန်တရားအားဖြင့် ဖော်ပြမယ်။
10 da justiça, porque eu voltarei para o Pai e não me verão mais;
11 ဟေလောကဟို အစိုးရသောသူဟ တရားစီရင်ခြင်းဟို ခံရပီဖြစ်သောကျောန့် တရားစီရင်အကျောန်းဟို ဖော်ပြမယ်။
11 do juízo, porque o governante deste mundo já foi condenado.
12 “နင်လို့အား ငါပြောစရာ စကားအများဆိသော်လည်း၊ နင်လို့ဟ အခု မခံနိန်ကြ။
12 “Há tanta coisa que ainda quero lhes dizer, mas vocês não podem suportar agora.
13 အဲလိုလဲ သမ္မာတရားရဲ့ ဝိညာဉ်တော် ရောက်လာသောအခါ သမ္မာတရား အလုံးစုံထဲဟို နင်လို့ဟို ရိုးသွားလိမ့်မယ်။ အဲဝိညာဉ်တော်ဟ ကိုယ်အလိုအလျောက် ဟောပြောတာ မဟုတ်၊ မိမိကြားသိရလဲ့အရာလို့ဟို နင်လို့အား ပြောလိမ့်မယ်၊ နောက်ဖြစ်လာမဲ့အရာလို့ဟိုလည်း နင်လို့အား ဖော်ပြလိမ့်မယ်။
13 Quando vier o Espírito da verdade, ele os conduzirá a toda a verdade. Não falará por si mesmo, mas lhes dirá o que ouviu e lhes anunciará o que ainda está para acontecer.
14 အဲသူဟ ငါ့ဆေမှ ရဆိသောစကားဟို နင်လို့အား ပြောကြားမယ် ဖြစ်သောကျောန့် ငါရဲ့ဘုန်းဟို ထင်ဆှားစေလိမ့်မယ်။
14 Ele me glorificará porque lhes contará tudo que receber de mim.
15 ခမည်းတော်နဲ့ စပ်ဆိုင်သောအရာလို့ဟ ငါနဲ့ စပ်ဆိုင်သောအရာ ဖြစ်အယ်၊ အဲကျောန်းကျောန့် ဝိညာဉ်တော်ဟ ငါ့ဆေမှ ရသောအရာလို့ဟို ယူယွေ့ နင်လို့အား ပြောကြားမယ်ဟု ငါဆိုအယ်။
15 Tudo que pertence ao Pai é meu; por isso eu disse: ‘O Espírito lhes contará tudo que receber de mim’.”
16 “အချိန်ကတစ်ကြာရင် နင်လို့ဟ ငါ့ဟို မမျော်ရကြတော့မှာ မဟုတ်၊ အဲပင်းရင် ခဏကြာပင်းမှ ငါ့ဟို မျော်ပြန်ကြလိမ့်မယ်” ဟု မိန့်အယ်။
16 “Mais um pouco e vocês não me verão mais; algum tempo depois, me verão novamente.”
17 ကိုယ်တော်ရဲ့ တဘဲ့တော်အချို့လို့ဟလည်း “အချိန်ကတစ်ကြာရင် နင်လို့ဟ ငါ့ဟို မျော်ရကြတော့မှာ မဟုတ်၊ အဲပင်းရင် အချိန်ကတစ်ကြာပင်းမှ ငါ့ဟို မျော်ကြလိမ့်မယ်ဟူယွေ့ လည်းကောင်း ‘ငါဟ ခမည်းတော်ဆေဟို သွားမယ်’ ဟု ဆိုအယ်။
17 Alguns dos discípulos perguntaram entre si: “O que ele quer dizer com ‘Mais um pouco e vocês não me verão’ e ‘algum tempo depois, me verão novamente’ e ‘vou para o Pai’?
18 သူလို့ဟ ‘အချိန်ကတစ်ကြာရင်’ ဟူယွေ့ ဆိုသော စကားမှာ ပစာလိုတုန်း၊ ကိုယ်တော်မိန့်သောအရာဟို ငါလို့ နားမလည်ကြ” ဟု ပြောဆိုကြအယ်။
18 E o que ele quer dizer com ‘mais um pouco’? Não entendemos”.
19 ယေရှုဟ မိမိအား အဲသူလို့ဆှောက်ထား မေးမြန်းလိုကျောန်း သိသဖြင့် “အချိန်ကတစ်ကြာရင် နင်လို့ဟ ငါ့ဟို မျော်ရကြမှာ မဟုတ်၊ အဲပင်းရင် အချိန်ကတစ်ကြာပင်းမှ ငါ့ဟို မျော်ရကြလိမ့်မယ်” ဟု ငါ ပြောသောစကားများနဲ့ ပတ်သက်ယွေ့ အချင်းချင်း မေးမြန်း ပြောဆိုကြသလော။
19 Jesus, percebendo que desejavam lhe perguntar sobre essas coisas, disse: “Vocês perguntam entre si o que eu quis dizer quando falei: ‘Mais um pouco e vocês não me verão; algum tempo depois, me verão novamente’?
20 နင်လို့အား ငါ အမန်ဆိုအယ်၊ နင်လို့ဟ ငိုကလျက် မြည်တမ်းကြလိမ့်မယ်၊ လောကသားလို့ဟ ဝမ်းမြောက်ကြလိမ့်မယ်၊ အဲလိုလဲ နင်လို့ဟ ဝမ်းနည်းခြင်းဆိသော်လည်း နင်လို့ရဲ့ဝမ်းနည်းခြင်းဟ ဝမ်းမြောက်ခြင်းအဖြစ်ဟို ပြောင်းလဲသွားလိမ့်မယ်။
20 Eu lhes digo a verdade: vocês chorarão e se lamentarão pelo que acontecerá comigo, mas o mundo se alegrará. Ficarão tristes, mas sua tristeza se transformará em alegria.
21 မိန်းမဟ သားဖွားသောအခါ မွေးဖွားချိန်ရောက်သောကျောန့် ဒုက္ခဝေဒနာဟို ခံစားရအယ်၊ အဲလိုလဲ လပဲ့မွေးဖွားပင်းသောအခါ ဟေလောကတွင် လူတယောက်ဟို မွေးဖွားလဲ့အတွက် ဝမ်းမြောက်ခြင်းဆိသဖြင့် ခံစားရသော ဒုက္ခဝေဒနာဟို သတိမရတော့ပေ။
21 No trabalho de parto, a mulher sente dores, mas, quando o bebê nasce, sua angústia dá lugar à alegria, pois ela trouxe ao mundo uma criança.
22 အေးတိုင်းတိုင်း နင်လို့ဟ အခု ဝမ်းနည်းခြင်း ဆိကြသော်လည်း ငါဟ နင်လို့နဲ့ တဖန် ပြန်တွေ့မယ် ဖြစ်သောကျောန့် နင်လို့ရဲ့ စိတ်နေလုံး ဝမ်းမြောက်ခြင်းဖြင့် ပြေ့စုံကြလိမ့်မယ်၊ အေးဝမ်းမြောက်ခြင်းဟို စသူမျှ နင်လို့ဆေမှ မနုတ်ယူနိန်။
22 Da mesma forma, agora vocês estão tristes, mas eu os verei novamente; então se alegrarão e ninguém lhes poderá tirar essa alegria.
23 “အဲနေ့နှိုက် နင်လို့ဟ ငါ့အား ပစာအရာဟိုမျှ တောင်းဆှောက်ကြလိမ့်မယ် မဟုတ်။ နင်လို့အား ငါ အမန် ဆိုအယ်၊ နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုယွေ့ တောင်းဆှောက်သမျှသော အရာလို့ဟို ခမည်းတော်ဟ နင်လို့အား ပေးလိမ့်မယ်။
23 Naquele dia, não terão necessidade de me perguntar coisa alguma. Eu lhes digo a verdade: vocês pedirão diretamente ao Pai e ele atenderá, porque pediram em meu nome.
24 အခုတိုင်အောန် ငါရဲ့ နာမဟို အမှီပြုယွေ့ နင်လို့ဟ ပစာဆုဟိုမျှ မတောင်းကြသေး၊ နင်လို့ဟ ဝမ်းမြောက်စရာအကျောန်း စုံလင်စေခြင်းငှာ တောင်းကြလော့၊ အဲလိုတောင်းရင် ရကြလိမ့်မယ်။
24 Vocês nunca pediram desse modo. Peçam em meu nome e receberão, e terão alegria completa.
25 “ဟေအရာလို့ဟို ပုံဥပမာအားဖြင့် ငါပြောအယ်။ ပုံဥပမာအားဖြင့် မဟောပြောဘဲ ခမည်းတော်နဲ့ စပ်ဆိုင်သောအရာလို့ဟို နင်လို့အား ပွင့်လင်းစွာ ဖော်ပြသော အချိန်ကာလ ရောက်ဆိလာလိမ့်မယ်။
25 “Eu lhes falei destas coisas de maneira figurativa, mas em breve deixarei de usar esse tipo de linguagem e lhes falarei claramente a respeito do Pai.
26 အဲကာလနှိုက် နင်လို့ဟ ငါရဲ့နာမဟို အမှီပြုယွေ့ ဆုတောင်းကြလိမ့်မယ်၊ နင်လို့အဖို့အလိုငှာ ငါဟ ခမည်းတော်ဟို တောင်းမယ်ဟု မဆို။
26 Então vocês pedirão em meu nome. Não digo que pedirei ao Pai em seu favor,
27 အကျောန်းမှာ နင်လို့ဟ ငါ့ဟို ချစ်ယွေ့ ငါဟ ဘုရားသခင်ဆေမှ လာကျောန်းဟို ယုံကြည်သောကျောန့် ခမည်းတော်တတ်တိုင်း နင်လို့ဟို ချစ်အယ်။
27 pois o próprio Pai os ama, porque vocês me amam e creem que eu vim de Deus.
28 ငါဟ ခမည်းတော်ဆေမှ ကြွလာယွေ့ ဟေလောကသို့ ကြွလာခဲ့အယ်။ အခု ဟေလောကမှ ထွက်ခွာယွေ့ ခမည်းတော်ဆေဟို ငါသွားတော့မယ်” ဟု မိန့်အယ်။
28 Sim, eu vim do Pai e entrei no mundo, e agora deixo o mundo e volto para o Pai”.
29 အဲပင်းရင် သူ့ရဲ့ တဘဲ့တော်လို့ဟလည်း “အခု ကိုယ်တော်ဟ ပုံဥပမာမဆောင်ဘဲ ပွင့်လင်းစွာ ပြောလေအယ်။
29 Então os discípulos disseram: “Enfim o senhor fala claramente, e não de maneira figurativa.
30 ကိုယ်တော်ဟ အလုံးစုံလို့ဟို သိကျောန်း အခု ငါလို့ သိကြပီ၊ ကိုယ်တော်အား စသူမျှ မေးဆှောက်ရန် မလိုတော့ပါ။ အဲကျောန်းကျောန့် ကိုယ်တော်ဟ ဘုရားသခင်ဆေမှ ကြွလာတာဟို ငါလို့ ယုံကြည်အယ်” ဟု ဆှောက်ထားကြအယ်။
30 Agora entendemos que o senhor sabe todas as coisas e não há necessidade de lhe fazer perguntas. Por isso cremos que o senhor veio de Deus”.
31 ယေရှုဟ “နင်လို့ အခု ယုံကြပီလော။
31 Jesus disse: “Enfim vocês creem?
32 နင်လို့ဟ ကွဲပြားယွေ့ ငါ့ဟို တကိုယ်တည်း နေစေခြင်းငှာ စွန့်ပစ်လျက်၊ အသီးသီး မိမိလို့နေရာသို့ ပြေးသွားမဲ့အချိန်ကာလဟ လာယွေ့ အခုပင် ရောက်အယ်။ အဲလို့မို့ ငါဟ တကိုယ်တည်းနေတာ မဟုတ်၊ ခမည်းတော်ဟ ငါနဲ့အတူ ဆိအယ်။
32 Mas se aproxima o tempo, e de fato já chegou, em que vocês serão espalhados; cada um seguirá seu caminho e me deixará sozinho. Mas não ficarei sozinho, porque o Pai está comigo.
33 နင်လို့ဟ ငါ့ဟို အမှီပြုယွေ့ ငြိမ်သက်ခြင်း ဆိစေကြရန် ဟေစကားဟို ငါပြောပီ။ နင်လို့ဟ လောကနှိုက် ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အဲလိုလဲ မစိုးရိမ်ကြနဲ့၊ ငါဟ လောကဟို အောန်ပီ” ဟု မိန့်အယ်။
33 Eu lhes falei tudo isso para que tenham paz em mim. Aqui no mundo vocês terão aflições, mas animem-se, pois eu venci o mundo”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.