Hebreus 10

dnv (DNV) vs BKJ

Sair da comparação
1 ပညတ်တရားဟ နောင်လာမဲ့ ကောင်းသောအရာများရဲ့ အရိပ်မျှသာ ဖြစ်ပင်း ၎င်းလို့ရဲ့ ပုံသဏ္ဌာန် အစစ်အမန် မဟုတ်သောကျောန့် နှစ်စဉ် အမြဲမပြတ် ပူဇော်နေလဲ့ တူညီသောယဇ်များအားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူလို့ဟို မစုံလင်စေနိန်၊
1 Porque a lei, tendo a sombra das coisas boas que virão, e não a imagem exata das coisas, não pode nunca, com os mesmos sacrifícios que eram continuamente oferecidos de ano em ano, aperfeiçoar os que se achegam.
2 အကယ်ယွေ့ စုံလင်စေနိန်ခဲ့ရင် ကိုးကွယ်သောသူလို့ဟ တခါတည်းနဲ့ သန့်ဆှင်းခြင်းဟို ရောက်လျက် အပစ်ဆိတာဟု အသိစိတ် မဆိတော့သဖြင့် ယဇ်ပူဇော်ခြင်းဟို ရပ်တန့်ကြလိမ့်မယ် မဟုတ်လော။
2 Se ainda o fosse, não teriam deixado de ser oferecidos? Pois os adoradores, tendo sido uma vez purificados, nunca mais teriam consciência de pecado.
3 အားပေမဲ့ ဟေလို ပူဇော်ခြင်းအားဖြင့် အပစ်များဟို နှစ်စဉ် ပြန်လည်အောက်မေ့ကြအယ်။
3 Mas, nesses sacrifícios, a cada ano se recordam os pecados.
4 အကျောန်းမှာ နွားနဲ့ ဆိတ်လို့ရဲ့ အသွေးဟ အပစ်များဟို မဖယ်ဆှားနိန်။
4 Porque não é possível que o sangue de touros e de bodes tire pecados.
5 အဲကျောန့် ခရစ်တော်ဟ ဟေလောကဟို ကြွလာသောအခါ ဘုရားသခင်အား၊
5 Pelo que, quando ele veio ao mundo, diz: Sacrifício e oferta não quiseste, mas um corpo me preparaste.
6 မီးရှို့ရာယဇ်နဲ့ အပစ်ဖြေရာ ပူဇော်သကာလို့ဟို
6 Em ofertas queimadas e sacrifícios pelo pecado não tens prazer algum.
7 အဲကျောန့် ပညတ်ကျမ်းစာတွင် ငါ့အကျောန်းဟို ရေးသားထားလဲ့အတိုင်း
7 Então, eu disse: Eis-me aqui (na cabeça do rolo está escrito sobre mim) para fazer a tua vontade, ó Deus.
8 ကိုယ်တော်ဟ “မီးရှို့ရာယဇ်နဲ့ အပစ်ဖြေရာယဇ် အစဆိသော ယဇ်များနဲ့ ပူဇော်သကာများ ပညတ်တရားအရ ပြုအပ်လဲ့ဝတ်များပင် ဖြစ်သော်လည်း အဲအရာများဟို ဘုရားသခင် အလိုမဆိကျောန်း အားရနှစ်သက်ခြင်းလည်း မဆိ” ဟု ဦးရင် ဖော်ပြအယ်။
8 Acima, quando disse: Sacrifício e ofertas, e ofertas queimadas e ofertas pelo pecado não quiseste, nem neles tiveste prazer, os quais são oferecidos pela lei.
9 အဲပင်းရင် “ကိုယ်တော်ရဲ့ အလိုတော်ဟို ဆောင်ရွက်ရန် ငါလာအယ်” ဟု ဆိုအယ်။ အေးလိုဖြင့် ကိုယ်တော်ဟ ဒုတိယ ပူဇော်ခြင်းဟို တည်စေရန် ပထမ ပူဇော်ခြင်းဟို ပယ်ဖျက်အယ်။
9 Então, ele disse: Eis-me aqui para fazer a tua vontade, ó Deus. Ele tira o primeiro, para que possa estabelecer o segundo.
10 အေးအလိုတော်နဲ့အညီ ယေရှု ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တကြိမ်တည်းနဲ့အပီး ပူဇော်ခြင်းအားဖြင့် ငါလို့ဟ သန့်ဆှင်းစေခြင်း ခံရကြအယ်။
10 Por cuja vontade somos santificados pela oferta do corpo de Jesus Cristo, feita de uma vez por todas.
11 ယဇ်ပုရောဟိတ် အားလုံးဟ နေ့စဉ်နေ့တိုင်း ရပ်ယွေ့ ဝတ်ပြုကာ အပစ်များဟို မဖယ်ဆှားနိန်လဲ့ တူညီသောယဇ်ဟို အကြိမ်ကြိမ် ပူဇော်နေကြအယ်။
11 E cada sacerdote se apresenta diariamente, ministrando e oferecendo muitas vezes os mesmos sacrifícios, que nunca podem tirar os pecados.
12 အားပေမဲ့ ခရစ်တော်ဟ တခုတည်းသောယဇ်ဟို အပစ်များအတွက် ထာဝစဉ် ပူဇော်ပင်းရင် အဲအချိန်မှစယွေ့ ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်လျက်
12 Mas este homem, havendo oferecido um único sacrifício pelos pecados para sempre, assentou-se à direita de Deus.
13 မိမိရဲ့ ရန်သူလို့ဟ မိမိခြေတင်ရာအဖြစ် ချထားခြင်း ခံရလဲ့တိုင်အောန် စောင့်ဆိုင်းနေအယ်။
13 Deste momento em diante encontra-se à espera, até que os seus inimigos sejam postos por escabelo de seus pés.
14 အကျောန်းမှာ ကိုယ်တော်ဟ တခါတည်းသော ပူဇော်သကာအားဖြင့် သန့်ဆှင်းစေခြင်း ခံရသောသူလို့အား ထာဝစဉ် စုံလင်စေအယ်။
14 Porque com uma só oferta ele aperfeiçoou para sempre os que estão santificados;
15 သန့်ဆှင်းသော ဝိညာဉ်တော်ဟလည်း ငါလို့အား သက်သေခံယွေ့
15 e disto o Espírito Santo também nos é por testemunha, porque depois de haver dito:
16 “ထာဝရဘုရားဟ အဲနေ့ရက်များနောက်တွင်
16 Este é o pacto que farei com eles depois daqueles dias, diz o Senhor: Colocarei as minhas leis em seus corações, e em suas mentes as escreverei;
17 အဲပင်းရင် သန့်ဆှင်းသော ဝိညာဉ်တော်ဟ “သူလို့ရဲ့ အပစ်များနဲ့ ဆိုးသွမ်းမှုများဟို ငါ သတိရတော့မှာ မဟုတ်” ဟု မိန့်အယ်။
17 e de seus pecados e iniquidades não mais me lembrarei.
18 ဟေအပစ် ဖြေလွှတ်ခွင့် ရဆိကြသောအခါ ကျေးဇူးဆိလဲ့နေရာတွင် အပစ်အတွက် ပူဇော်သကာများဟို ဆက်သရန် လိုတော့မယ် မဟုတ်။
18 Ora, onde há remissão destes, não há mais oferta pelo pecado.
19 အဲလိုမို့ ညီအကို မောင်နှမလို့၊ ယေရှုရဲ့ အသွေးတော်အားဖြင့် ရမ်းဆာ့ အသန့်ဆှင်းဆုံး ဌာနထဲဟို ယုံကြည်စိတ်ချစွာဖြင့် ဝင်ခွင့်ဆိအယ်။
19 Tendo, pois, irmãos, ousadia para entrarmos no santíssimo lugar, pelo sangue de Jesus,
20 အဲအသွေးတော်အားဖြင့် ကိုယ်တော်ဟ မိမိကိုယ်ခန္ဓာ တည်းဟူသော ကန့်လန့်ကာမှ တဆင့် ငါလို့အတွက် အသက်ဆှင်လဲ့ လမ်းသစ်ဟို ပြင်ဆင်ပေးအယ်။
20 por um caminho novo e vivo, que ele consagrou para nós, através do véu, isto é, da sua carne,
21 ငါလို့နှိုက် ဘုရားသခင်ရဲ့ အိုင်တော်ဟို အုပ်စိုးလဲ့ ကြီးမြတ်သော ယဇ်ပုရောဟိတ် ဆိတာဖြစ်ယွေ့
21 e tendo um sumo sacerdote sobre a casa de Deus;
22 ငါလို့ရဲ့ စိတ်နေလုံးဟို ဆိုးညစ်သော အသိစိတ်နဲ့ ကင်းစင်စေရန် ပက်ဖျန်းခြင်း ခံယူလျက် ကိုယ်ခန္ဓာဟိုလည်း စင်ကြယ်သော ယေဖြင့် ဆေးကြောကာ ယုံကြည်ခြင်းနဲ့ ဆိုင်သော စိတ်ချမှု အပြေ့အဝနဲ့ ဖြောင့်မတ်သော စိတ်နေလုံးလို့ဖြင့် အထံတော်ဟို တိုးဝင် ချဉ်းကပ်ကြစို့။
22 cheguemo-nos com coração verdadeiro, em inteira certeza de fé; tendo o coração purificado da má consciência, e o corpo lavado com água pura.
23 ငါလို့ဟ ဘုရားသခင်ရဲ့ ကတိတော်ဟို စိတ်ချယုံကြည်နိန်တာ ဖြစ်ယွေ့ မိမိလို့ ဝန်ခံသော မျော်လင့်ခြင်းဟို စွဲကိုင်ထားကြစို့။
23 Fiquemos, pois, firmes em nossa profissão de fé, sem nos abalar; (porque fiel é aquele que prometeu);
24 အေးအပြင် မေတ္တာစိတ် ဆိစေရန် လည်းကောင်း၊ ကောင်းသောအကျင့်ဟို ကျင့်စေရန် လည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ဟို ဆှာယွေ့ အချင်းချင်း တယောက်ဟို တယောက် ကျေ့ရှုကြစို့။
24 e consideremo-nos uns aos outros, para nos estimularmos ao amor e às boas obras.
25 အချို့သောသူလို့ ပြုလေ့ဆိသလို အတူတကွ စည်းဝေးခြင်းအမှုဟို မပစ်ပယ်ဘဲ အချင်းချင်း တိုက်တွန်းနှိုးဆော်ယွေ့ နေ့ရက် နီးကပ်လာတာဟို တွေ့မျော်သလို သာယွေ့ အားပေးကြစို့။
25 Não abandonando a nossa assembleia, como é costume de alguns, antes exortando-nos uns aos outros; e tanto mais, à medida que vedes que aquele dia se aproxima.
26 အကျောန်းမှာ ငါလို့ဟ သမ္မာတရားနဲ့ဆိုင်လဲ့ စစ်မန်သော အသိပညာဟို ရဆိပင်း တမင်တကာ ဆက်ယွေ့ အပစ်ပြုရင် အပစ်ဖြေရာယဇ် မဆိတော့ဘဲ
26 Porque se pecamos voluntariamente, depois de termos recebido o conhecimento da verdade, já não resta mais sacrifício pelos pecados.
27 တရားစီရင်ခြင်းဟို လည်းကောင်း၊ ဘုရားသခင်ဟို အတိုက်အခံပြုသူလို့အား ကျွမ်းလောင်စေမဲ့ အမျက်တော် မီးဟို လည်းကောင်း၊ ကြောက်ရွံ့လျက် စောင့်မျော်နေကြရန် ဆိတော့အယ်။
27 Porém uma expectação terrível de juízo, e uma indignação ardente que há de devorar os adversários.
28 မောရှေရဲ့ ပညတ်တရားဟို ငြင်းပယ်သောသူဟ သက်သေနေဦး အဲဟာမဟုတ်ရင် သုံးဦးရဲ့ သက်သေခံချက်အားဖြင့် သနားခြင်း မဆိဘဲ သေဒဏ်ပေးခြင်းဟို ခံရကြအယ်။
28 Aquele que desprezou a lei de Moisés, morreu sem misericórdia, sob duas ou três testemunhas.
29 ဘုရားသခင်ရဲ့ သားတော်ဟို ခြေဖြင့် ကျော်နင်းယွေ့ မိမိအား အပစ်မှ သန့်ဆှင်းစေလဲ့ ပဋိညာဉ်တရားဆိုင်ရာ အသွေးတော်ဟို မထီမဲ့မြင်ပြုလျက် ကျေးဇူးတော်ဟို ပေးလဲ့ ဝိညာဉ်တော်ဟို စော်ကားသောသူဟ စလောက်ကြီးလေးသော အပစ်ဒဏ်ခံရမယ်ဟို စဉ်းစားယွေ့ ကျေ့ကြလော့။
29 Com quão maior castigo pensais vós que será julgado merecedor aquele que pisar o Filho de Deus, e tiver por profano o sangue do pacto com que foi santificado, e ultrajar ao Espírito da graça?
30 အကျောန်းမှာ “ငါဟ လက်စားချေပိုင်သူ ဖြစ်ယွေ့ ငါဟ ဆပ်ပေးမယ်” ဟု လည်းကောင်း၊ “ထာဝရဘုရားဟ မိမိရဲ့ လူမျိုးလို့အား တရားစီရင်လိမ့်မယ်” ဟု လည်းကောင်း၊ မိန့်သောသူဟ စသူဖြစ်တာဟို ငါလို့ သိကြအယ်။
30 Porque conhecemos aquele que disse: A vingança pertence a mim, eu retribuirei, diz o Senhor. E outra vez: O Senhor julgará o seu povo.
31 အသက်ဆှင်သော ဘုရားသခင်ရဲ့ လက်တော်ဟို ကျရောက်ခြင်းဟ ကြောက်လန့်ဖွယ် ကောင်းအယ်။
31 Coisa terrível é cair nas mãos do Deus vivo.
32 မခင် နေ့ရက်များဟို သတိရကြလော့။ အဲအခါ နင်လို့ဟ ဘုရားသခင်ရဲ့ အလင်းဟို ခံယူရဆိပင်းနောက် ဆင်းရဲဒုက္ခဟို ပြင်းထန်စွာ ခံစားကြရသော်လည်း ခံနိန်ရည် ဆိခဲ့ကြအယ်။
32 Lembrai-vos, porém, dos dias passados, nos quais, depois de serdes iluminados, suportastes grande combate de aflições.
33 နင်လို့ဟ တခါတရံ လူလို့ဆေ့နှိုက် ကဲ့ရဲ့ညှဉ်းဆဲခြင်းဟို ခံကြရအယ်၊ တခါတရံ အခြားသူလို့ ကဲ့ရဲ့ညှဉ်းဆဲခြင်း ခံရသောအခါနှိုက် နင်လို့ဟလည်း ပါဝင် ကဲ့ရဲ့ညှဉ်းဆဲခြင်း ခံရန် အသင့်ဆိကြအယ်။
33 Em parte, sendo feitos alvos tanto de desonra como de aflições, e também por vos tornardes companheiros dos que assim foram tratados.
34 နင်လို့ဟ အကျဉ်းခံ နေရသူလို့အတွက်ကျောန့် ကြင်နာသော စိတ်ဆိကြအယ်၊ မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို မတရားသိမ်းယူတာဟိုလည်း ဝမ်းမြောက်စွာ ခံကြအယ်၊ ပစာကို့ မိမိလို့နှိုက် အေးအရာများထက် ပိုယွေ့ ကောင်းမြတ်တည်မြဲသောအရာ ဆိကျောန်းဟို သိကြသောကျောန့် ဖြစ်အယ်။
34 Pois vos compadecestes de mim em minhas prisões, mas também com alegria aceitastes a espoliação dos vossos bens, sabendo que vós tendes no céu uma possessão melhor e duradoura.
35 အဲကျောန့် ကြီးမြတ်သော အကျိုးကျေးဇူးဆိလဲ့ နင်လို့ရဲ့ ယုံကြည်စိတ်ချမှုဟို မပယ်လောကြနဲ့။
35 Não lanceis fora a vossa confiança, a qual tem uma grande recompensa.
36 ဘုရားသခင်ရဲ့ အလိုတော်ဟို ဆောင်ရွက်ပင်း ကတိတော်ဟို ခံစားရဆိနိန်ရန် နင်လို့နှိုက် လိုအပ်သောအရာမှာ သည်းခံခြင်း ဖြစ်အယ်။
36 Porque necessitais de paciência, para que, depois de haverdes feito a vontade de Deus, alcanceis a promessa.
37 အကျောန်းမှာ
37 Porque por mais um pouco de tempo, aquele que há de vir virá, e não tardará.
38 အားပေမဲ့ ငါရဲ့ ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်မယ်။
38 Ora, o justo viverá pela fé; mas se algum homem recuar, a minha alma não terá prazer nele.
39 အားပေမဲ့ ငါလို့ဟ တွန့်ဆုတ်ရင် ပျက်စီးခြင်းဟို ရောက်သောသူများ မဟုတ်ဘဲ ယုံကြည်လျက် အသက်ဟို ပိုင်ဆိုင်သောသူများ ဖြစ်ကြအယ်။
39 Nós, porém, não somos daqueles que recuam para a perdição, mas daqueles que creem para a salvação da alma.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Hebreus 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.