Filipenses 4
dnv (DNV) vs NVT
1 အဲကျောန့် ညီအကို မောင်နှမလို့၊ ငါရဲ့ ဝမ်းမြောက်ခြင်းအကျောန်းနဲ့ ငါရဲ့ သရဖူဖြစ်လဲ့ နင်လို့ဟို အကျောန်းပြုယွေ့ ရမ်းဆာ့ ဝမ်းမြောက်ယွေ့ ဂုဏ်ယူဝါကြွားအယ်။ ချစ်သော ညီအကို မောင်နှမလို့ ငါလို့ဆိုခဲ့လဲ့အတိုင်း သခင်ဘုရားနှိုက် ခိုင်မြဲစွာ ရပ်တည်ကြလော့။
1 Portanto, meus amados irmãos, permaneçam firmes no Senhor. Amo vocês e anseio vê-los, pois são minha alegria e minha coroa de recompensa.
2 ငါဟ ဧဝေါဒိနဲ့ သုန္တုတ်လို့အား သခင်ဘုရားနှိုက် တစိတ်တသဘောတည်း ဆိကြရန် တိုက်တွန်းနှိုးဆော်အယ်။
2 Agora, suplico a Evódia e a Síntique: tendo em vista que estão no Senhor, resolvam seu desentendimento.
3 ငါရဲ့ ရဲဘော်စစ်ဖြစ်သူ နင့်ဟိုလည်း အဲအမျိုးသမီးလို့ဟို ကူညီမစရန် ငါ တောင်းပန်အယ်။ သူလို့ဟ ဧဝံဂေလိတရား ဟောပြောရာတွင် ငါနဲ့အတူ အထူး ကြိုးစားအားထုတ် လုပ်ဆောင်သူများ ဖြစ်ကြအယ်။ အဲသို့ လုပ်ဆောင်ခဲ့သူများတွင် ကလေမင်နဲ့တကွ ဘုရားသခင်ရဲ့ အသက်စာစောင် စာရင်းတွင် ပါဆိသူ အခြား ငါရဲ့ လုပ်ဖော်ဆောင်ဖက်များလည်း ပါဝင်အယ်။
3 E peço a você, meu fiel colaborador, que ajude essas duas mulheres, pois elas trabalharam arduamente comigo na propagação das boas-novas, e também com Clemente e com meus outros colaboradores, cujos nomes estão escritos no livro da vida.
4 သခင်ဘုရားနှိုက် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုတာဟ ဝမ်းမြောက်ကြလော့။
4 Alegrem-se sempre no Senhor. Repito: alegrem-se!
5 နင်လို့ရဲ့ နူးညံ့သိမ်မွေ့သော စိတ်သဘောဟို လူအပေါင်းလို့အား မျော်စေကြလော့။ သခင်ဘုရား ကြွလာရန် အချိန်နီးပီ။
5 Que todos vejam que vocês são amáveis em tudo que fazem. Lembrem-se de que o Senhor virá em breve.
6 ပစာအမှုဟိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသောအမှုလို့တွင် ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ဆုတောင်းလျက် နင်လို့ လိုသောအရာများဟို ဘုရားသခင်အား ကြားဆှောက်ကြလော့။
6 Não vivam preocupados com coisa alguma; em vez disso, orem a Deus pedindo aquilo de que precisam e agradecendo-lhe por tudo que ele já fez.
7 အဲအခါ လူလို့ နားမလည်နိန်သော ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းဟ ခရစ်တော် ယေရှုအားဖြင့် နင်လို့ရဲ့ စိတ်နေလုံးနဲ့ နင်လို့ရဲ့ တွေးတောကြံစည်မှုများဟို စောင့်မလိမ့်မယ်။
7 Então vocês experimentarão a paz de Deus, que excede todo entendimento e que guardará seu coração e sua mente em Cristo Jesus.
8 နောက်ဆုံးအနေဖြင့် ညီအကို မောင်နှမလို့၊ မန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာနဲ့ အသရေဆိသောအရာ တည်းဟူသော ကောင်းမြတ်သောအရာနဲ့ ချီးမွန်းဖွယ်သောအရာလို့ဖြင့် စိတ်နေလုံးဟို ပြေ့စေကြလော့။
8 Por fim, irmãos, quero lhes dizer só mais uma coisa. Concentrem-se em tudo que é verdadeiro, tudo que é nobre, tudo que é correto, tudo que é puro, tudo que é amável e tudo que é admirável. Pensem no que é excelente e digno de louvor.
9 ငါ့ဆေမှ နင်လို့ သင်ကြားခံယူလျက် သိမျော်ခဲ့သောအရာလို့ဟို ပြုကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်သက်ခြင်းရဲ့ သခင် ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။
9 Continuem a praticar tudo que aprenderam e receberam de mim, tudo que ouviram de mim e me viram fazer. Então o Deus da paz estará com vocês.
10 ဟေမျှအချိန်ကာလ ကြာပင်းမှ နင်လို့ဟ ငါ့အား မိမိလို့ရဲ့ စေတနာစိတ်ဟို တဖန်ပြန်ယွေ့ ပြသကြလဲ့အတွက် ငါဟ သခင်ဘုရားနဲ့ တလုံးတဝတည်းဖြစ်သူ တဦးအနေဖြင့် ရမ်းဆာ့ ဝမ်းမြောက်ပါအယ်။ မခင်ဟ နင်လို့ဟ ငါရဲ့ အပေါ်တွင် စေတနာမထားဘဲ နေခဲ့ကြတာဟု ငါမဆိုလို၊ အဲစေတနာဟို ပြသနိန်ခွင့် မရခဲ့ကျောန်းဟိုသာ ဆိုလိုအယ်။
10 Como eu me alegro no Senhor por vocês terem voltado a se preocupar comigo! Sei que sempre se preocuparam comigo, mas não tinham oportunidade de me ajudar.
11 ငါဟ ဆင်းရဲချို့တဲ့သောကျောန့် ဟေသို့ဆိုတာ မဟုတ်။ အကျောန်းမှာ စလို အခြေအနေနှိုက် မဆို ကျေနပ်ရောင့်ရဲတတ်ရန် ငါဟ သင်ယူခဲ့ပီ။
11 Não digo isso por estar necessitado, pois aprendi a ficar satisfeito com o que tenho.
12 နှိမ့်ချခြင်းဟို ငါ သိယွေ့ ကြွယ်ဝခြင်းဟိုလည်း ငါ သိအယ်။ ငါဟ မွတ်တာ ဖြစ်စေ၊ ဝစွာ စားရတာ ဖြစ်စေ၊ ချို့တဲ့တာ ဖြစ်စေ၊ ကြွယ်ဝတာ ဖြစ်စေ၊ စလို အခြေအနေ၊ စလို အရပ်နှိုက်နေရတာ မဆို ကျေနပ်ရောင့်ရဲတတ်ရန် သင်ယူထားပင်း ဖြစ်အယ်။
12 Sei viver na necessidade e também na fartura. Aprendi o segredo de viver em qualquer situação, de estômago cheio ou vazio, com pouco ou muito.
13 ငါ့ဟို ခွန်အားနဲ့ ပြေ့စုံစေသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုလို့ဟို ငါတတ်စွမ်းနိန်အယ်။
13 Posso todas as coisas por meio de Cristo, que me dá forças.
14 အဲလိုလဲ ငါ ဆင်းရဲဒုက္ခဟို တွေ့ကြုံရချိန်နှိုက် နင်လို့ ငါ့ဟို ကူညီကြသောအားဖြင့် ကောင်းမွန်စွာ ပြုကြပီ။
14 Mesmo assim, vocês fizeram bem em me ajudar na dificuldade pela qual estou passando.
15 အချင်း ဖိလိပ္ပိမြို့သားလို့၊ ငါဟ မာကေဒေါနိပြေမှ ထွက်ခွာယွေ့ ဧဝံဂေလိတရားဟို စတင် ဝေငှချိန်နှိုက် နင်လို့ အသင်းတော် တပါးတည်းသာ ငါ့အား ကူညီခဲ့ကျောန်း၊ အမှုတော်ဆောင်လုပ်ငန်းတွင် နင်လို့ဟသာ ငါနဲ့အတူ ပေးလှူခြင်းနဲ့ လက်ခံခြင်း အမှုလို့နှိုက် ပါဝင်ကြကျောန်းဟို နင်လို့တတ်တိုင်း ကောင်းစွာ သိကြအယ်။
15 Como sabem, filipenses, vocês foram os únicos que me ajudaram financeiramente quando lhes anunciei as boas-novas pela primeira vez e depois segui viagem saindo da Macedônia. Nenhuma outra igreja o fez.
16 သက်သာလောနိတ်မြို့နှိုက် ဆိစဉ်ခါဟ ငါလိုသော အကူညီဟို နင်လို့ဟ တကြိမ်မက နေကြိမ်တိုင်အောန် ပေးပို့ခဲ့ကြအယ်။
16 Até quando eu estava em Tessalônica, vocês enviaram ajuda em mais de uma ocasião.
17 ဟေသို့ဆိုသော် ငါဟ အလှူဟို ခံယူလိုယွေ့ မဟုတ်၊ နင်လို့ရဲ့ ငွေစာရင်းတွင် အမြတ်တိုးလာစေရန် ငါ အလိုဆိအယ်။
17 Não digo isso porque quero receber uma oferta de vocês. Pelo contrário, desejo que sejam recompensados por sua bondade.
18 ငါဟ အရာအားလုံးဟို ရဆိယွေ့ ကြွယ်ဝလျက် ဆိအယ်။ နင်လို့ ပေးပို့လဲ့အရာများဟို ဧပဖြောဒိတ်ဆေမှ ငါ လက်ခံရဆိယွေ့ ပြေ့စုံလျက် ဆိပီ။ အဲအရာလို့ဟ မွှေးကြိုင်လဲ့ရနံ့၊ ဘုရားသခင် နှစ်သက်သော လက်ခံဖွယ်ရာယဇ် ဖြစ်ကြအယ်။
18 No momento, tenho tudo de que preciso, e mais. Minhas necessidades foram plenamente supridas pelas contribuições que vocês enviaram por Epafrodito. Elas são um sacrifício de aroma suave, uma oferta aceitável e agradável a Deus.
19 ငါရဲ့ ဘုရားသခင်ဟလည်း ဘုန်းအသရေတော်နှိုက် ဆိသော မိမိရဲ့ ကြွယ်ဝမှုနဲ့အညီ နင်လို့ရဲ့ လိုအပ်ချက် ဆိသမျှဟို ခရစ်တော် ယေရှုအားဖြင့် ပြေ့စုံစေလိမ့်မယ်။
19 E esse mesmo Deus que cuida de mim lhes suprirá todas as necessidades por meio das riquezas gloriosas que nos foram dadas em Cristo Jesus.
20 ငါလို့အဖ ဖြစ်သော ဘုရားသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေတော် ဆိပါစေသော၊ အာမင်။
20 Agora, toda a glória seja a Deus, nosso Pai, para todo o sempre! Amém.
21 ခရစ်တော် ယေရှုနှိုက်ဆိသော ဘုရားသခင်ရဲ့ လူမျိုးနွယ်အပေါင်းလို့ဟို နှုတ်ဆက်ပေးကြလော့။ ငါနဲ့အတူဆိသော ညီအကို မောင်နှမလို့ဟ နင်လို့ဟို နှုတ်ဆက်လိုက်ပါအယ်။
21 Transmitam minhas saudações a cada um do povo santo em Cristo Jesus. Os irmãos que estão comigo também mandam lembranças.
22 ဘုရားသခင်ရဲ့ လူမျိုးနွယ်အပေါင်းလို့ဟ နှုတ်ဆက်လိုက်ပါအယ်။ အထူးသဖြင့် ကဲသာဘုရင်ရဲ့ နန်းတော်ဆိ ညီအကိုများဟ နှုတ်ဆက်လိုက်ပါအယ်။
22 Todo o povo santo daqui lhes envia saudações, especialmente os que pertencem à casa de César.
23 သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟ နင်လို့ရဲ့ စိတ်ဝိညာဉ်နဲ့အတူ ဆိပါစေသော။
23 Que a graça do Senhor Jesus Cristo seja com o espírito de vocês.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Filipenses 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.