Filipenses 3

dnv (DNV) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 နောက်ဆုံးအနေဖြင့် ဆိုရရင်၊ ငါ့ညီအကို မောင်နှမလို့၊ သခင်ဘုရားနှိုက် ဝမ်းမြောက်ကြလော့။ နင်လို့ဆေဟို တူညီသောအကျောန်းများဟို ထပ်ယွေ့ ရေးသားခြင်းဟ ငါ့အတွက် ပင်ပန်းစရာ မဟုတ်ဘဲ နင်လို့အတွက် လုံခြုံစေရန် ဖြစ်အယ်။
1 Quanto ao mais, meus irmãos, alegrem-se no Senhor. Escrever de novo as mesmas coisas não é um problema para mim e é segurança para vocês.
2 ခွေးလို့ဟို ဆှောင်ကြလော့။ မကောင်းသော အကျင့်ဟို ကျင့်သောသူလို့ဟို ဆှောင်ကြလော့။ အရေဖျားလှီးခြင်း ခံယောင်ဆောင်သော သူလို့ဟို ဆှောင်ကြလော့။
2 Cuidado com os cães! Cuidado com os maus obreiros! Cuidado com a falsa circuncisão!
3 ငါလို့ဟ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဟို ကိုးကွယ်ယွေ့ ဇာတိပကတိနှိုက် ကိုးစားခြင်း မဆိဘဲ ယေရှု ခရစ်နှိုက်သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်ယွေ့ မန်သော အရေဖျားလှီးခြင်းဟို ခံသောသူ ဖြစ်ကြအယ်။
3 Porque nós é que somos a circuncisão, nós, que adoramos a Deus no Espírito e nos gloriamos em Cristo Jesus, em vez de confiarmos na carne.
4 အဲလိုလဲ ဇာတိပကတိနှိုက် ကိုးစားစရာလည်း ငါနှိုက် ဆိအယ်။ အခြားသောသူ တစုံတဦးဟ အသွေးအသားနှိုက် ကိုးစားစရာဆိတာဟု ထင်မှတ်လျှင် ငါနှိုက် ပိုယွေ့ ဆိအယ်။
4 É verdade que eu também poderia confiar na carne. Se alguém pensa que pode confiar na carne, eu ainda mais:
5 ငါဟ ဆစ်ရက်မြောက်သောနေ့နှိုက် အရေဖျားလှီးခြင်းဟို ခံရသူ၊ ဣသရေလလူမျိုး၊ ဗင်္ယာမိန်အနွယ်ဝင် ဖြစ်အယ်။ ဟေဗြဲလူမျိုးမှ ဆင်းသက်သော ဟေဗြဲလူမျိုးစစ်စစ် ဖြစ်အယ်။ ပညတ်တရားအရဆိုရင် ဖာရိရှဲ ဖြစ်အယ်။
5 fui circuncidado no oitavo dia, sou da linhagem de Israel, da tribo de Benjamim, hebreu de hebreus; quanto à lei, eu era fariseu;
6 စိတ်အားထက်သန်မှုအရဆိုရင် အသင်းတော်ဟို ညှဉ်းဆဲသောသူ၊ ပညတ်တရား နာခံခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရမယ်ဆိုရင် အပစ်ကင်းသောသူ ဖြစ်အယ်။
6 quanto ao zelo, perseguidor da igreja; quanto à justiça que há na lei, irrepreensível.
7 အဲလိုလဲ ငါ့အတွက် အကျိုးကျေးဇူးဖြစ်ခဲ့သော ဟေအရာလို့ဟ ခရစ်တော်ဟို ထောက်လျက် အရှုံးဟူယွေ့ ငါမှတ်ယူအယ်။
7 Mas o que para mim era lucro, isto considerei perda por causa de Cristo.
8 အဲမျှမက ငါရဲ့ သခင် ခရစ်တော် ယေရှုဟို သိသောဉာဏ်ရဲ့ ထူးမြတ်သော အကျိုးကျေးဇူးကျောန့် အရာခပ်သိမ်းဟို အရှုံးဟူယွေ့ ငါမှတ်ယူအယ်။ ငါဟ ကိုယ်တော်အတွက် အရာခပ်သိမ်းလို့ဟို စွန့်ပယ်ခဲ့အယ်။ ခရစ်တော်ဟို အမြတ်ရနိန်ရန် လည်းကောင်း၊ ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်နိန်ရန် လည်းကောင်း၊ အဲအရာများဟို အမှိုက်လို ငါမှတ်ယူအယ်။
8 Na verdade, considero tudo como perda, por causa da sublimidade do conhecimento de Cristo Jesus, meu Senhor. Por causa dele perdi todas as coisas e as considero como lixo, para ganhar a Cristo
9 ဟေအရာဟ ငါသည် ပညတ်တရားဟို စောင့်ထိန်းခြင်းအားဖြင့် ဖြောင့်မတ်ခြင်း မရဆိနိန်ပေ။ အခု ငါဟ ခရစ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ငါရအယ်၊ ယုံကြည်ခြင်း အပေါ်နှိုက် အခြေခံသော ဘုရားသခင်ဆေမှ လာသော ဖြောင့်မတ်ခြင်း ဖြစ်အယ်။
9 e ser achado nele, não tendo justiça própria, que procede de lei, mas aquela que é mediante a fé em Cristo, a justiça que procede de Deus, baseada na fé.
10 ငါဟ ခရစ်တော်ဟို သိကျွမ်းခြင်း၊ ဆှင်ပြန် ထမြောက်ခြင်းရဲ့ တန်ခိုးဟို ခံစားခြင်း၊ ခရစ်တော်နဲ့အတူ ဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံခြင်းနှိုက် ပါဝင်ခြင်းလို့ဟိုသာ လိုချင်တောင့်တအယ်။
10 O que eu quero é conhecer Cristo e o poder da sua ressurreição, tomar parte nos seus sofrimentos e me tornar como ele na sua morte,
11 အဲမှသာ ငါတတ်တိုင်း သေခြင်းမှ ဆှင်ပြန်ထမြောက်ခွင့်ဟို ရမယ်ဟု မျော်လင့်အယ်။
11 para, de algum modo, alcançar a ressurreição dentre os mortos.
12 ငါဟ အဲဆုဟို ရဆိပီ အဲဟာမဟုတ်ရင် စုံလင်ခြင်းသို့ ရောက်ပီဟု ဆိုလိုတာမဟုတ်ဘဲ ခရစ်တော် ယေရှုဟ အဲဆုအတွက် ငါ့ဟို ဖမ်းကိုင်ထားတာဖြစ်ယွေ့ ငါဟလည်း အဲဆုဟို ဖမ်းကိုင်နိန်ရန် ကြိုးစားလျက် ဆိအယ်။
12 Não que eu já tenha recebido isso ou já tenha obtido a perfeição, mas prossigo para conquistar aquilo para o que também fui conquistado por Cristo Jesus.
13 ငါ့ညီအကို မောင်နှမလို့၊ ငါ ဖမ်းကိုင်ထားပီဟု ငါတတ်တိုင်း မှတ်ယူမှာ ဟုတ်ဝူး၊ အဲလိုလဲ ငါပြုသောအရာတခုမှာ နောက်နှိုက် ဆိသောအရာများဟို မေ့ထားယွေ့ ဆေ့နှိုက် ဆိသောအရာများဟို ရောက်ခြင်းငှာ အစွမ်းကုန် ကြိုးစားအယ်။
13 Irmãos, quanto a mim, não julgo havê-lo alcançado, mas uma coisa faço: esquecendo-me das coisas que ficam para trás e avançando para as que estão diante de mim,
14 အဲလိုမို့ ခရစ်တော် ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင် ခေါ်ယူယွေ့ ပေးမဲ့ဆုဟို ရဆိရန် ပန်းတိုင်သို့ ကြိုးစားယွေ့ ငါပြေးအယ်။
14 prossigo para o alvo, para o prêmio da soberana vocação de Deus em Cristo Jesus.
15 ငါလို့တွင် ဝိညာဉ်ရေး ရင့်ကျက်သောသူလို့ဟ ဟေသို့သော စိတ်သဘော ဆိသင့်အယ်။ အဲလိုလဲ နင်လို့တွင် အချို့ဟ ခြားနားသောစိတ်သဘော တစုံတခုဆိလျှင်လည်း ဘုရားသခင်ဟ အဲအရာဟိုပင် နင်လို့အား ဖော်ပြလိမ့်မယ်။
15 Todos, pois, que somos maduros, tenhamos este modo de pensar; e, se em alguma coisa vocês pensam de modo diferente, também isto Deus revelará para vocês.
16 စလိုပင်ဖြစ်စေ ငါလို့ဟ မိမိလို့ရောက်ဆိလဲ့ အနေအထားနဲ့အညီ လိုက်ဆှောက်ကြစို့။
16 Seja como for, andemos de acordo com o que já alcançamos.
17 ညီအကို မောင်နှမလို့၊ နင်လို့ဟ ငါဆေမှ အတုယူကြလော့။ ငါလို့ဆေမှ ရဆိသော စံနမူနာအတိုင်း အသက်ဆှင် ဆှောက်လှမ်းနေကြသော သူလို့ဟိုလည်း ကျေ့ရှုမှတ်သားကြလော့။
17 Irmãos, sejam meus imitadores e observem os que vivem segundo o exemplo que temos dado a vocês.
18 အကျောန်းမှာ နင်လို့အား မကြာခဏ ငါပြောခဲ့ပင်း အခု တဖန် မျက်ရည်ကျလျက် ပြောတာဟ ရမ်းဆာ့သောသူလို့ဟ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်ဟို ရန်ဘက်ပြုလျက် အသက်ဆှင် ဆှောက်လှမ်းနေကြအယ်။
18 Pois muitos andam entre nós, dos quais repetidas vezes eu lhes dizia e agora digo, até chorando, que são inimigos da cruz de Cristo.
19 အဲသူလို့ရဲ့ အဆုံးဟ ပျက်စီးခြင်း ဖြစ်အယ်၊ သူလို့ရဲ့ ဘုရားဟ သူလို့ရဲ့ ဖိုက်ဖြစ်ယွေ့ သူလို့ဟ ဆှက်ဖွယ်ရာနှိုက် ဂုဏ်ယူဝါကြွားကြအယ်။ သူလို့ စွဲလမ်းသောအရာဟ လောကနဲ့ဆိုင်သောအရာများပင် ဖြစ်ကြအယ်။
19 O destino deles é a perdição, o deus deles é o ventre, e a glória deles está naquilo de que deviam se envergonhar, visto que só pensam nas coisas terrenas.
20 အဲလိုလဲ ငါလို့ဟ ခေါန်းခင်နိုင်ငံသား ဖြစ်ကြအယ်၊ အဲအရပ်မှ ကြွလာမဲ့ ကယ်တင်ဆှင် သခင် ယေရှု ခရစ်တော်ဟို ငါလို့ စောင့်မျော်နေကြအယ်။
20 Pois a nossa pátria está nos céus, de onde também aguardamos o Salvador, o Senhor Jesus Cristo,
21 ကိုယ်တော်ဟ အရာခပ်သိမ်းဟို မိမိရဲ့ အာဏာစက်အောက်တွင် ရောက်စေသော တန်ခိုးတော်အားဖြင့် ငါလို့ရဲ့ သေကြေပျက်စီးတတ်သော ကိုယ်ခန္ဓာဟို မိမိရဲ့ ဘုန်းအသရေနဲ့ ပြေ့စုံသော ကိုယ်ခန္ဓာနဲ့တူအောန် ပြောင်းလဲစေလိမ့်မယ်။
21 o qual transformará o nosso corpo de humilhação, para ser igual ao corpo da sua glória, segundo a eficácia do poder que ele tem de até subordinar a si todas as coisas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Filipenses 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.