Filemom 1

dnv (DNV) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ယေရှု ခရစ်နဲ့ဆိုင်သော အကျဉ်းသား ငါပေါလုနဲ့ ငါလို့ညီ တိမောသေလို့ဟ —
1 Paulo, prisioneiro de Cristo Jesus, e o irmão Timóteo, ao amado Filemom, nosso companheiro de trabalho,
2 ငါလို့ရဲ့ နှမ အပ္ပိ၊ ငါလို့ရဲ့ ရဲဘော်ရဲဖက် အာခိပ္ပုနဲ့ နင်ရဲ့ အိုင်နှိုက် စုဝေးသော အသင်းတော်ဆေဟို စာရေးလိုက်ပါအယ်။
2 e à nossa irmã Áfia, e a Arquipo, nosso companheiro de lutas, e à igreja que está em tua casa:
3 ငါလို့ရဲ့ အဖဘုရားသခင်နဲ့ သခင် ယေရှုခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေမန့်။
3 Graças a vós, e paz da parte de Deus nosso Pai, e do Senhor Jesus Cristo.
4 ငါဟ ငါရဲ့ ဆုတောင်းချက်များထဲတွင် နင့်ဟိုအမြဲတမ်း သတိရလျက် ငါရဲ့ ဘုရားသခင်ဟို ကျေးဇူးတင်အယ်။
4 Sempre dou graças ao meu Deus, lembrando-me de ti nas minhas orações,
5 ပစာကို့ သခင်ယေရှုနဲ့ သန့်ဆှင်းသူအပေါင်းလို့ အပေါ်နှိုက် နင်ထားဆိလဲ့ နင့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ခြင်းအကျောန်းဟို ငါလို့ကြားရသောကျောန့် ဖြစ်အယ်။
5 ao ouvir falar do amor e da fé que tens para com o Senhor Jesus e para com todos os santos;
6 ခရစ်တော်အတွက် ငါလို့နှိုက်ဆိလဲ့ ကောင်းသော အရာအားလုံးလို့ဟို သိခြင်းအားဖြင့် နင့်ရဲ့ ယုံကြည်ခြင်းနဲ့ဆိုင်သော မိတ်သဟာယ ဖွဲ့ခြင်းဟ ထိရောက်မှုဆိသောအရာ ဖြစ်လာစေရန် ငါဆုတောင်းအယ်။
6 para que a comunicação da tua fé se torne eficaz, no pleno conhecimento de todo o bem que em nós há para com Cristo.
7 ငါ့ညီ၊ သန့်ဆှင်းသူလို့ရဲ့ စိတ်နေလုံးဟ နင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုဟို ခံစားရပီဖြစ်ယွေ့ နင့်ရဲ့ ချစ်ခြင်းမေတ္တာကျောန့် ကြီးသော ဝမ်းမြောက်ခြင်းနဲ့ တိုက်တွန်းအားပေးခြင်းလို့ဟို ငါခံစားရအယ်။
7 Pois tive grande gozo e consolação no teu amor, porque por ti, irmão, os corações dos santos têm sido reanimados.
8 အဲလိုမို့ ငါဟ နင်လုပ်သင့်လဲ့ အရာဟိုလုပ်ရန် ခရစ်တော်အားဖြင့် အမိန့်ပေးနိန်တာဟု ယုံကြည်စိတ်ချမှု အပြေ့အဝဆိသော်လည်း၊
8 Pelo que, embora tenha em Cristo plena liberdade para te mandar o que convém,
9 ချစ်ခြင်းမေတ္တာအားဖြင့် နင့်အား တောင်းပန်ခြင်းအမှုဟိုသာ လုပ်အယ်။ အေးလို့ လူအိုဖြစ်ပင်း အခုဟ ခရစ်တော် ယေရှုနဲ့ ဆိုင်သော အကျဉ်းသားလည်းဖြစ်လဲ့ ငါပေါလုဟ၊
9 todavia prefiro rogar-te por esse teu amor, sendo eu como sou, Paulo o velho, e agora até prisioneiro de Cristo Jesus,
10 အကျဉ်းကျခံနေခါ ငါ့သားဖြစ်သော ဩနေသိမ်အတွက် နင့်ဟို တောင်းပန်အယ်။
10 sim, rogo-te por meu filho Onésimo, que gerei nas minhas prisões;
11 သူသည် မခင်ဟ နင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့ပေမဲ့လည်း အခုမှာ နင့်အတွက်ရော ငါ့အတွက်ပါ အသုံးဝင်သူဖြစ်လာအယ်။
11 o qual outrora te foi inútil, mas agora a ti e a mim é muito útil;
12 သူ့ဟို နင်ဆေ ငါပြန်ပို့လိုက်အယ်။ သူဟ ငါ့ရဲ့အသည်းနေလုံး ဖြစ်အယ်။
12 eu to torno a enviar, a ele que é o meu próprio coração.
13 ငါဟ သတင်းကောင်းအတွက် တုတ်ချေခံရခါ နင့်ကိုယ်စား ငါ့ဟို ကူညီဆောင်ရွက်ပေးနိန်ရန် သူ့ဟို ငါဆေနှိုက် ခေါ်ထားလိုအယ်။
13 Eu bem quisera retê-lo comigo, para que em teu lugar me servisse nas prisões do evangelho;
14 အဲလိုလဲ နင်လုပ်လဲ့ ကောင်းမှုဟ မလွဲဆှောင်သာယွေ့ လုပ်ရခြင်းမျိုး မဟုတ်ဘဲ မိမိဆန္ဒအလျောက် ဖြစ်စေရန် နင့်ရဲ့ သဘောတူညီချက် မပါရင် စလိုအရာဟိုမှ ငါမလုပ်လိုပါ။
14 mas sem o teu consentimento nada quis fazer, para que o teu benefício não fosse como por força, mas, sim, espontâneo.
15 သူဟ နင်နဲ့ခဏ ကွဲကွာခဲ့ခြင်းမှာ သူဟ နင့်ဆေ အမြဲနေထိန်နိန်ရန်အတွက် ဖြစ်လိမ့်မယ်။
15 Porque bem pode ser que ele se tenha separado de ti por algum tempo, para que o recobrasses para sempre,
16 အဲလို့ပြောရာနှိုက် ကျွန်တဦးလိုမျိုး မဟုတ်တော့ဘဲ ကျွန်ထက် ပိုပင်း မြတ်လဲ့ချစ်သော ညီအကိုအဖြစ် ရဆိခြင်းဟို ဆိုလိုအယ်။ အထူးသဖြင့် ငါ့အတွက် အေးလိုပင် ဖြစ်လေပီ။ နင့်အတွက်ဟ သွေးသားနှိုက် လည်းကောင်း၊ သခင်ဘုရားနှိုက် လည်းကောင်း စလောက်ပိုယွေ့ အေးလိုမျိုးဖြစ်လိမ့်မလုန်း။
16 não já como escravo, antes mais do que escravo, como irmão amado, particularmente de mim, e quanto mais de ti, tanto na carne como também no Senhor.
17 အဲလို့မို့ နင်ဟ ငါ့ဟို လုပ်ဖော်ကိုင်ဖက်အဖြစ် မှတ်ယူရင် ငါ့ဟိုလက်ခံသလိုမျိုး သူ့ဟို လက်ခံလော့။
17 Assim pois, se me tens por companheiro, recebe-o como a mim mesmo.
18 တကယ်လို့ သူဟ နင့်အပေါ်နှိုက် ပစ်မားခြင်း၊ အငန်းတင်ခြင်း တစုံတခုဆိရင် အေးအရာဟို ငါ့တာဝန် ထားလော့။
18 E, se te fez algum dano, ou te deve alguma coisa, lança-o minha conta.
19 ငါ ပေါလုဟ ပြန်ဆပ်ပေးမယ်ဟု ငါလက်ဖြင့် ရေးလိုက်ပါအယ်။ နင်တတ်တိုင်းလည်း ငါ့အား ငန်းတင်နေကျောန်းဟို ငါမပြောလိုပါ။
19 Eu, Paulo, de meu próprio punho o escrevo, eu o pagarei, para não te dizer que ainda a ti mesmo a mim te deves.
20 အဲလိုမို့ ငါ့ညီ၊ ငါဟ သခင်ဘုရားနှိုက် နင့်ဆေမှ အကျိုးကျေးဇူးဟို ရဆိလိုအယ်။ ခရစ်တော်အားဖြင့် ငါ့ရဲ့စိတ်နေလုံးဟို ငြိမ်သက်ချမ်းသာစေပါလော့။
20 Sim, irmão, eu quisera regozijar-me de ti no Senhor; reanima o meu coração em Cristo.
21 နင်ရဲ့ နားထောင်ခြင်းဟို ယုံကြည်စိတ်ချယွေ့ ငါပြောသောအရာထက်ပင် နင်ပိုယွေ့ လုပ်မယ်ဟို သိလျက် နင့်ဆေဟို ငါစာရေးလိုက်အယ်။
21 Escrevo-te confiado na tua obediência, sabendo que farás ainda mais do que peço.
22 တချိန်တည်းမှာ ငါ့အတွက် တည်းခိုလဲ့နေရာဟိုလည်း ပြင်ဆင်ထားလော့။ အကျောန်းမှာ နင်လို့ရဲ့ ဆုတောင်းခြင်းအားဖြင့် နင်လို့ဆေဟို ရောက်ဆိရသော အခွင့်ဟို ပေးလိမ့်မယ်ဟု ငါမျော်လင့်နေအယ်။
22 E ao mesmo tempo, prepara-me também pousada, pois espero que pelas vossas orações hei de ser concedido.
23 ခရစ်တော် ယေရှုနှိုက် ငါနဲ့အတူ အကျဉ်းခံရသူ ဧပဖြမှစယွေ့၊
23 Saúda-te Epafras, meu companheiro de prisão em Cristo Jesus,
24 ငါ့ရဲ့ လုပ်ဖော်ဆောင်ဖက်များဖြစ်လဲ့ မာကု၊ အာရိတ္တာခု၊ ဒေမနဲ့ လုကာလို့ဟို နှုတ်ဆက်ကြအယ်။
24 assim como Marcos, Aristarco, Demas e Lucas, meus cooperadores.
25 သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟ နင်လို့ရဲ့ စိတ်ဝိညာဉ်နဲ့အတူ ဆိစေမန့်။
25 A graça do Senhor Jesus Cristo seja com o vosso espírito.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Filemom 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.