Efésios 3
dnv (DNV) vs NVI
1 အေးအကျောန်းကျောန့်၊ ငါဟ လူမျိုးခြားလို့အဖို့ ခရစ်တော် ယေရှုရဲ့ အကျဉ်းခံဖြစ်သော ပေါလုဟ ဘုရားသခင်ဆေနှိုက် ဆုတောင်းအယ်။
1 Por essa razão, eu, Paulo, prisioneiro de Cristo Jesus por amor de vocês, gentios —
2 ဘုရားသခင်ဟ ကျေးဇူးတော်အားဖြင့် နင်လို့ရဲ့အကျိုးအတွက် ဟေအလုပ်ကို လုပ်ရန် ငါ့အား ပေးကျောန်းဟို ဧကန်မုချ ကြားသိရအယ်။
2 Certamente vocês ouviram falar da responsabilidade imposta a mim em favor de vocês pela graça de Deus,
3 ဘုရားသခင်ဟ သူရဲ့လျှို့ဝှက်အကြံအစည်ကို ဖော်ပြပင်း ငါ့အား သိစေခဲ့အယ်။ ငါ ဟေအကျောန်းဟို အတိုချုံး ရေးပီးပါပီ။
3 isto é, o mistério que me foi dado a conhecer por revelação, como já lhes escrevi brevemente.
4 အားပင်း ငါရေးထားသော စာဟို ဖတ်မယ်ဆိုပါဟ ခရစ်တော်ရဲ့ လျှို့ဝှက်ချက်ဟို ငါစလိုနားလည်ထားတာဟို နင်လို့ သိနိန်ကြအယ်။
4 Ao lerem isso vocês poderão entender a minha compreensão do mistério de Cristo.
5 ဆေ့မခင်ဟ လူသားများဟို ဟေလျှို့ဝှက်ချက်များ မပြောခဲ့ကြပေမဲ့ အခုအခါတွင် ဘုရားသခင်ဟ ဝိညာဉ်တော်အားဖြင့် မိမိရဲ့သန့်ဆှင်းသော တမန်တော်များနဲ့ ပရောဖက်များဆေ ထုတ်ဖော်ပြသခဲ့အယ်။
5 Esse mistério não foi dado a conhecer aos homens doutras gerações, mas agora foi revelado pelo Espírito aos santos apóstolos e profetas de Deus,
6 လျှို့ဝှက်ချက်မှာ ဧဝံဂေလိတရားအားဖြင့် လူမျိုးခြားများဟ ယုဒလူမျိုးများနဲ့အတူ ဘုရားသခင်ရဲ့ ကောင်းချီးများဟို ခံစားခွင့်ဆိအယ်။ သူလို့ဟ ကိုယ်ခန္ဓာတခုတည်းနှိုက် ပါဝင်သူများဖြစ်ကြပင်း ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးခဲ့သော ကတိတော်နှိုက် ပါဝင်ကြအယ်။
6 a saber, que mediante o evangelho os gentios são co-herdeiros com Israel, membros do mesmo corpo, e co-participantes da promessa em Cristo Jesus.
7 တန်ခိုးတော်အားဖြင့် ငါ့ဟိုပေးသော ဘုရားသခင်ရဲ့ကျေးဇူးတော် အထူးလက်ဆောင်အားဖြင့် ငါဟ ဧဝံဂေလိတရားရဲ့ အစေခံဖြစ်ခဲ့အယ်။
7 Deste me tornei ministro pelo dom da graça de Deus, a mim concedida pela operação de seu poder.
8 ငါဟ ဘုရားသခင်ရဲ့ လူအားလုံးလို့တွင် အငယ်ဆုံးထက်ငယ်ပေမဲ့လည်း ဘုရားသခင်ဟ ငါ့အား ခရစ်တော်ရဲ့ တွေးဆယွေ့ မရနိန်သော စည်းစိမ်များအကျောန်း သတင်းကောင်းကို လူမျိုးခြားများဆေ ပေးဆောင်ရန် ဟေအခွင့်ထူးကို ငါ့အား ပေးပင်း
8 Embora eu seja o menor dos menores dentre todos os santos, foi-me concedida esta graça de anunciar aos gentios as insondáveis riquezas de Cristo
9 ဘုရားသခင်ရဲ့ လျှို့ဝှက်အကြံအစည်ကို စလိုအကောင်အထည် ဖော်မယ်ဆိုတာကို လူအားလုံးဟို သိမျော်လာစေရန် အခွင့်အထူးဟို ငါ့အား ပေးအယ်။ အရာခပ်သိမ်းကို ဖန်ဆင်းသော ဘုရားသခင်ဟ မခင်အခါ တဆှောက်လုံးတွင် သူရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခဲ့အယ်။
9 e esclarecer a todos a administração deste mistério que, durante as épocas passadas, foi mantido oculto em Deus, que criou todas as coisas.
10 အဲလို့မို့ အထက်ခေါန်းခင်အရပ်နှိုက်ဆိသော ခေါန်းခင်တမန် အုပ်စိုးဆှင်များနဲ့ တန်ခိုးအာဏာများဟို အခုအချိန်နှိုက် အသင်းတော်အားဖြင့် ဘုရားသခင်ရဲ့ အထူးထူးအပြားပြားသော ဉာဏ်ပညာကို သိလာကြစေရန် ဖြစ်အယ်။
10 A intenção dessa graça era que agora, mediante a igreja, a multiforme sabedoria de Deus se tornasse conhecida dos poderes e autoridades nas regiões celestiais,
11 ဘုရားသခင်ဟ သူရဲ့ထာရ ရည်ရွယ်ချက်အရ ဟေအရာဟို ပြုခဲ့အယ်။ ငါလို့ အဆှင် ခရစ်တော် ယေရှုအားဖြင့် အောင်မြင်အယ်။
11 de acordo com o seu eterno plano que ele realizou em Cristo Jesus, nosso Senhor,
12 ခရစ်တော်နဲ့ တလုံးတဝတည်းဆိယွေ့ ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းဟိုလည်းကောင်း၊ ငါလို့ဟ ယုံကြည်စိတ်ချမှု အကြွင်းမဲ့ဖြင့် ဘုရားသခင်ဆေဟို တိုးဝင်ခွင့်ဟိုလည်းကောင်း ရဆိအယ်။
12 por intermédio de quem temos livre acesso a Deus em confiança, pela fé nele.
13 အဲလို့မို့ ငါဟ နင်လို့အတွက် ဆင်းရဲသောကျောန့် စိတ်ဓာတ်မကျစေနဲ့ ဟု ငါတောင်းပန်အယ်။ အဲအရာတွေဟ နင်လို့ရဲ့ အကျိုးအတွက်ပါ။
13 Portanto, peço-lhes que não se desanimem por causa das minhas tribulações em seu favor, pois elas são uma glória para vocês.
14 အေးအကျောန်းကျောန့် ခေါန်းခင်နဲ့ မြေကြီးပေါ်ဆိ မိသားစုတိုင်းရဲ့ အမယ်နာမ ခံယူရဆိရာဖြစ်သော
14 Por essa razão, ajoelho-me diante do Pai,
15 အဖ ခမည်းတော်ဆေမှာ ဒူးထောက်လျက် ဆုတောင်းအယ်။
15 do qual recebe o nome toda a família nos céus e na terra.
16 ဘုရားသခင်ဟ မိမိရဲ့ ဘုန်းအသရေကြွယ်ဝမှုနဲ့အညီ နင်ရဲ့အတွင်းစိတ်နှိုက် ခိုင်ခံ့စေခြင်းငှာ၊ ဝိညာဉ်တော်အားဖြင့် နင့်အား တန်ခိုးတော်ပေးသနားရန် ဘုရားသခင်ကို ငါ တောင်းဆှောက်အယ်။
16 Oro para que, com as suas gloriosas riquezas, ele os fortaleça no íntimo do seu ser com poder, por meio do seu Espírito,
17 အားပင်း ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ဟ နင့်စိတ်နေလုံးတွင် ကျိန်းဝပ်စေရန် ငါ ဆုတောင်းပါအယ်။ နင်လို့ဟ ချစ်ခြင်းမေတ္တာနှိုက် အမြစ်တွယ်ယွေ့ အုတ်မြစ်ချကာ၊
17 para que Cristo habite em seus corações mediante a fé; e oro para que vocês, arraigados e alicerçados em amor,
18 နင်ဟ ဘုရားသခင်ရဲ့ လူအပေါင်းလို့နဲ့အတူ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာဟ စလောက်ကျယ်ယွေ့ ရှည်လျားအယ်၊ စလောက်မြင့်အယ်၊ နက်နဲတာဟိုလည်း နားလည်နိန်စေမဲ့အကျောန်း
18 possam, juntamente com todos os santos, compreender a largura, o comprimento, a altura e a profundidade,
19 အသိပညာထက် ထူးကဲသော ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာတော်ဟို သိဆိယွေ့ ဘုရားသခင်ရဲ့ ပြေ့စုံခြင်းအားလုံးလို့ဖြင့် ပြေ့စုံခြင်းဟို ရောက်ကြမဲ့အကျောန်း ငါ ဆုတောင်းအယ်။
19 e conhecer o amor de Cristo que excede todo conhecimento, para que vocês sejam cheios de toda a plenitude de Deus.
20 ငါလို့နှိုက် လုပ်ဆောင်နေသော သူရဲ့ တန်ခိုးတော်အားဖြင့် ငါ တောင်းဆိုနိန်တာထက် ရမ်းဆာ့ပိုယွေ့ စွမ်းဆောင်နိန်သော အဲဟာမဟုတ်ရင် တွေးတောနိန်သော၊
20 Àquele que é capaz de fazer infinitamente mais do que tudo o que pedimos ou pensamos, de acordo com o seu poder que atua em nós,
21 ဘုရားသခင်ဟ အသင်းတော်နှိုက် လည်းကောင်း၊ ခရစ်တော် ယေရှုနှိုက် လည်းကောင်း အမြဲတမ်း ဘုန်းကြီးစေသတည်း၊ အာမင်။
21 a ele seja a glória na igreja e em Cristo Jesus, por todas as gerações, para todo o sempre! Amém!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Efésios 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.