Colossenses 3
dnv (DNV) vs NVI
1 နင်လို့ဟ ခရစ်တော်နဲ့အတူ သေခြင်းမှ ဆှင်ပြန်ထမြောက်ကြပီ ဖြစ်ယွေ့ ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ခရစ်တော် ထိန်လျက်နေရာ ခေါန်းခင်ဘုံနှိုက် ဆိသောအရာလို့ဟို နင်လို့ စိတ်နေလုံးနှိုက် တောင့်တကြလော့။
1 Portanto, já que vocês ressuscitaram com Cristo, procurem as coisas que são do alto, onde Cristo está assentado à direita de Deus.
2 မြေကြီးပေါ်နှိုက် ဆိသောအရာများဟို စိတ်မစွဲလမ်းဘဲ အထက်အရပ်နှိုက် ဆိသောအရာလို့ဟို စိတ်စွဲလမ်းကြလော့။
2 Mantenham o pensamento nas coisas do alto, e não nas coisas terrenas.
3 အကျောန်းမှာ နင်လို့ဟ သေဆုံးခဲ့ပီ ဖြစ်ယွေ့ နင်လို့ရဲ့ အသက်ဟ ခရစ်တော်နဲ့အတူ ဘုရားသခင်နှိုက် အောင်းထားလျက် ဆိအယ်။
3 Pois vocês morreram, e agora a sua vida está escondida com Cristo em Deus.
4 နင်လို့ရဲ့ အသက် အစစ်မန်ဖြစ်သော ခရစ်တော် ထင်ဆှားသောအခါ နင်လို့ဟလည်း ကိုယ်တော်နဲ့အတူ ဘုန်းအသရေ ထင်ဆှားကြလိမ့်မယ်။
4 Quando Cristo, que é a sua vida, for manifestado, então vocês também serão manifestados com ele em glória.
5 အဲကျောန့် မတရားသော မေထုန်နှိုက် မှီဝဲခြင်း၊ ညစ်ညမ်းခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်းဟူသော မြေကြီးပေါ်မှာဆိသော နင်လို့ရဲ့ ကိုယ်အင်္ဂါလို့ဟို သေစေကြလော့။
5 Assim, façam morrer tudo o que pertence à natureza terrena de vocês: imoralidade sexual, impureza, paixão, desejos maus e a ganância, que é idolatria.
6 အဲအမှုများကျောန့် ဘုရားသခင်ရဲ့ အမျက်တော်ဟ နာခံမှု မဆိသော သူလို့အပေါ်သို့ သက်ရောက်လာလိမ့်မယ်။
6 É por causa dessas coisas que vem a ira de Deus sobre os que vivem na desobediência,
7 နင်လို့လည်း မခင်ဟ အဲအရာလို့နှိုက် အသက်ဆှင်ကြစဉ်၊ အဲအရာလို့ထဲတွင် ကျင်လည်ခဲ့ကြအယ်။
7 as quais vocês praticaram no passado, quando costumavam viver nelas.
8 အဲလိုလဲ အခုနှိုက် နင်လို့ဟ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေဟိုဖျက်ခြင်း၊ နင်လို့ရဲ့ စလောင်မှ ထွက်လဲ့ စုတ်ပဲ့သောစကား စလဲ့ အမှုအလုံးစုံလို့ဟို ဖယ်ဆှားကြလော့။
8 Mas agora, abandonem todas estas coisas: ira, indignação, maldade, maledicência e linguagem indecente no falar.
9 တယောက်နဲ့တယောက် ဝါယွေ့ မပြောဆိုကြနဲ့၊ အကျောန်းမှာ နင်လို့ဟ အကျင့်ဆိုးများနဲ့တကွ လူဟောင်းဟို လောပစ်ကာ၊
9 Não mintam uns aos outros, visto que vocês já se despiram do velho homem com suas práticas
10 လူသစ်ဟို ဝတ်ဆင်ကြလေပီ။ ဖန်ဆင်းသောသူရဲ့ ပုံသဏ္ဌာန်နဲ့အညီ မန်သော အသိပညာအားဖြင့် အသစ်ပြုပြင်လျက် နေအယ်၊ ဟေသို့ပြုခြင်းမှာ နင်လို့ဟ ကိုယ်တော်ဟို ပြေ့ဝစုံလင်စွာ သိကျွမ်းလာကြစေရန် ဖြစ်အယ်။
10 e se revestiram do novo, o qual está sendo renovado em conhecimento, à imagem do seu Criador.
11 အဲလိုမို့ ယုဒအမျိုးနဲ့ လူမျိုးခြား၊ အရေဖျားလှီးခြင်း ခံရသူနဲ့ အရေဖျားလှီးခြင်း မခံရသူ၊ ယဉ်ကျေးသူ၊ လူရိုင်းများ၊ ကျွန်နဲ့ ကျွန်မဟုတ်သောသူ ဟူယွေ့ ကွဲပြားခြားနားမှု မဆိတော့ချေ။ ခရစ်တော်ဟ အလုံးစုံလို့နှိုက် ဆိယွေ့ အလုံးစုံ ဖြစ်အယ်။
11 Nessa nova vida já não há diferença entre grego e judeu, circunciso e incircunciso, bárbaro e cita, escravo e livre, mas Cristo é tudo e está em todos.
12 အဲကျောန့် နင်လို့ဟ ဘုရားသခင် ရွေးချယ်ထားသောသူ၊ သန့်ဆှင်းသောသူ၊ ချစ်ခင်သောသူလို၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကြင်နာခြင်း၊ စိတ်ဆှည်ခြင်းလို့ဟို ယူတင်ဝတ်ဆောင်ကြလော့။
12 Portanto, como povo escolhido de Deus, santo e amado, revistam-se de profunda compaixão, bondade, humildade, mansidão e paciência.
13 တယောက်နှိုက်တယောက် အပစ်တင်စရာ အခွင့်ဆိရင် အချင်းချင်း သည်းခံယွေ့ အပစ်ဟို ခွင့်လွှတ်ကြလော့။ သခင်ဘုရားဟ နင်လို့ရဲ့ အပစ်ဟို လွှတ်သလို အဲတိုင်းတိုင်း ပြုကြလော့။
13 Suportem-se uns aos outros e perdoem as queixas que tiverem uns contra os outros. Perdoem como o Senhor lhes perdoou.
14 ဟေအရည်သွေးများဟို မေတ္တာဖြင့် ဖြည့်စွက်ကြလော့၊ မေတ္တာဟ အရာအားလုံးဟို စုစည်းယွေ့ စည်းလုံးညီညွတ်စေကြလော့။
14 Acima de tudo, porém, revistam-se do amor, que é o elo perfeito.
15 နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း အုပ်စိုးစေကြလော့၊ အကျောန်းမှာ နင်လို့ဟ ဟေငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာ တခုတည်းထဲသို့ ခေါ်ယူခြင်း ခံရကြပီ။ ကျေးဇူးသိတတ်သောစိတ် ဆိကြလော့။
15 Que a paz de Cristo seja o juiz em seus corações, visto que vocês foram chamados a viver em paz, como membros de um só corpo. E sejam agradecidos.
16 ခရစ်တော်ရဲ့ နှုတ်ကပတ်တရားဟ ပညာအမျိုးမျိုးနဲ့ နင်လို့အထဲနှိုက် ကြွယ်ဝစွာ တည်နေယွေ့ နင်လို့ဟ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်း အမျိုးမျိုးအားဖြင့်၊ အချင်းချင်းလို့ဟို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းဟို ပြုယွေ့ နူးညွတ်သော စိတ်နေလုံးနဲ့ ဘုရားသခင်ဆေ့နှိုက် တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။
16 Habite ricamente em vocês a palavra de Cristo; ensinem e aconselhem-se uns aos outros com toda a sabedoria, e cantem salmos, hinos e cânticos espirituais com gratidão a Deus em seus corações.
17 နင်လို့ ပြုသမျှသောအရာလို့ဟိုလည်း စကားပြောဆိုမှု ဖြစ်စေ၊ လုပ်ဆောင်မှု ဖြစ်စေ အရာခပ်သိမ်းလို့ဟို သခင် ယေရှုရဲ့ နာမဟို ထောက်ယွေ့ ကိုယ်တော်အားဖြင့် ခမည်းတော် ဘုရားသခင်ဟို ကျေးဇူးတင်ကြလော့။
17 Tudo o que fizerem, seja em palavra ou em ação, façam-no em nome do Senhor Jesus, dando por meio dele graças a Deus Pai.
18 ပေါင်အိုမလို့၊ ခင်ပွန်းရဲ့ အုပ်စိုးခြင်းဟို ခံယူကြလော့၊ နင်လို့ဟ ခရစ်ယာန်များအနေဖြင့် ဟေသို့ ခံယူသင့်အယ်။
18 Mulheres, sujeitem-se a seus maridos, como convém a quem está no Senhor.
19 ခင်ပွန်းဖြစ်သူလို့၊ ပေါင်အိုမဟို ချစ်ကြလော့၊ သူလို့အား ကြမ်းတမ်းစွာ မပြုကြနဲ့။
19 Maridos, amem suas mulheres e não as tratem com amargura.
20 လူပဲ့သူငယ်လို့၊ အရာရာနှိုက် မိဘစကားဟို နားထောင်ကြလော့၊ အကျောန်းမှာ ဟေအရာဟ ဘုရားသခင် နှစ်သက်သောအရာ ဖြစ်အယ်။
20 Filhos, obedeçam a seus pais em tudo, pois isso agrada ao Senhor.
21 မိဘလို့၊ နင်လို့ရဲ့ လူပဲ့သူငယ်ဟို စိတ်ဆိုးစေခြင်းငှာ မပြုကြနဲ့၊ အဲဟာမဟုတ်ရင် သူလို့ဟ အားလျော့စိတ်ပျက်ခြင်းဟို ရောက်ကြလိမ့်မယ်။
21 Pais, não irritem seus filhos, para que eles não se desanimem.
22 ကျွန်ဖြစ်သူလို့၊ နင်လို့ဟို ပိုင်သော သခင်များရဲ့ စကားဟို အရာရာနှိုက် နားထောင်ကြလော့၊ နင်လို့ဟ မျက်နှာရရန် ဆေ့နှိုက်သာ သူလို့ရဲ့ စကားဟို နားထောင်တာ မဟုတ်၊ သခင်ဘုရားဟို ကြောက်ရွံ့သောအားဖြင့် သူလို့ရဲ့ စကားဟို ရိုးသားသော စိတ်နဲ့ နားထောင်ကြလော့။
22 Escravos, obedeçam em tudo a seus senhores terrenos, não somente para agradar os homens quando eles estão observando, mas com sinceridade de coração, pelo fato de vocês temerem ao Senhor.
23 နင်လို့ လုပ်ဆောင်သမျှသောအရာဟို လူလို့အတွက် လုပ်ဆောင်သလို မဟုတ်ဘဲ သခင်ဘုရားအတွက် လုပ်ဆောင်သလို စိတ်နေလုံးပါလျက် လုပ်ဆောင်ကြလော့။
23 Tudo o que fizerem, façam de todo o coração, como para o Senhor, e não para os homens,
24 နင်လို့ဟ သခင် ခရစ်တော်ဟို အစေခံကြတာ ဖြစ်ယွေ့ ဆုလာဘ်ဟို သခင်ဘုရားဆေမှ ရမယ်ဖြစ်ကျောန်း သိမှတ်ကြလော့။ ခရစ်တော်သာ နင်လို့ရဲ့ သခင် အစစ်မန် ဖြစ်အယ်။
24 sabendo que receberão do Senhor a recompensa da herança. É a Cristo, o Senhor, que vocês estão servindo.
25 ဘုရားသခင်ဟ လူတိုင်းဟို စံနှုန်းတခုတည်းဖြင့် စီရင်သောကျောန့်၊ ပစ်မားသောသူအပေါင်းလို့ဟ မိမိလို့ပြုသော အမားအတွက် အပစ်စီရင်ခြင်းဟို ပေးလိမ့်မယ်။
25 Quem cometer injustiça receberá de volta injustiça, e não haverá exceção para ninguém.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Colossenses 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.