Colossenses 1

dnv (DNV) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုနဲ့ ငါ့ညီ တိမောသေဆေမှ —
1 Paulo, apóstolo de Cristo Jesus pela vontade de Deus, e o irmão Timóteo,
2 ကောလောသဲမြို့ဆိ ဘုရားသခင်ရဲ့ လူများဖြစ်သော ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်လျက် သစ္စာဆိသူ ညီအကို မောင်နှမလို့ဆေမှ စာရေးလိုက်အယ်၊
2 aos santos e fiéis irmãos em Cristo que estão em Colossos: Graças a vós, e paz da parte de Deus nosso Pai.
3 ငါလို့ဟ နင်လို့အတွက် အစဉ်အမြဲ ဆုတောင်းလျက် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ခမည်းတော်တည်းဟူသော ဘုရားသခင်ဟို ကျေးဇူးတင်ကြအယ်။
3 Graças damos a Deus, Pai de nosso Senhor Jesus Cristo, orando sempre por vós,
4 အကျောန်းမှာ ခရစ်တော် ယေရှုအပေါ်နှိုက် ဆိသော နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့ လူအားလုံးလို့အပေါ် နင်လို့ထားဆိလဲ့ ချစ်ခြင်းမေတ္တာကျောန်းဟို ငါလို့ ကြားရသောကျောန့် ဖြစ်အယ်။
4 desde que ouvimos falar da vossa fé em Cristo Jesus, e do amor que tendes a todos os santos,
5 သမ္မာတရားဟူသော သတင်းကောင်းဟို နင်လို့ ပထမအကြိမ် ကြားရသောအခါ မျော်လင့်ရာအကျောန်းဟို နင်လို့ ကြားရကြအယ်။ အဲလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာဟ ခေါန်းခင်ဘုံနှိုက် နင်လို့အဖို့ လုံခြုံစွာထားလဲ့ မျော်လင့်ရာအပေါ်မှာ မူတည်လျက်နေအယ်။
5 por causa da esperança que vos está reservada nos céus, da qual antes ouvistes pela palavra da verdade do evangelho,
6 နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို အမန်သိမျော် ခံစားရတာနဲ့မျှ သတင်းကောင်းဟ နင်လို့ဆေဟို ပျံ့နှံ့ယွေ့ လာအယ်။ အဲတိုင်းတိုင်း သတင်းကောင်းဟ ကမ္ဘာတဝန်းလုံးသို့ ပျံ့နှံ့ယွေ့ ကောင်းချီးမင်္ဂလာများ ခံစားလျက် ဆိအယ်။
6 que já chegou a vós, como também está em todo o mundo, frutificando e crescendo, assim como entre vós desde o dia em que ouvistes e conhecestes a graça de Deus em verdade,
7 ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို နင်လို့အား သင်ကြားပေးသူမှာ ငါလို့နဲ့အတူ ခရစ်တော်ရဲ့ အမှုဟိုဆောင်ရွက်နေသူ ငါလို့ချစ်သော ဧပဖြ ဖြစ်အယ်။ သူဟ ငါလို့ရဲ့ ကိုယ်စား သစ္စာဆိသော ခရစ်တော်ရဲ့ အမှုတော်ဟို ဆောင်သောသူဖြစ်အယ်။
7 segundo aprendestes de Epafras, nosso amado conservo, que por nós é fiel ministro de Cristo.
8 ဝိညာဉ်တော်အားဖြင့် ရဆိသော နင်လို့ရဲ့ မေတ္တာအကျောန်းဟို ငါလို့အား သူပြောပြအယ်။
8 O qual também nos declarou o vosso amor no Espírito.
9 အဲအကျောန်းကျောန့် နင်လို့ရဲ့ သတင်းဟို ကြားရလဲ့နေ့မှစယွေ့ ငါလို့ဟ နင်လို့အတွက် အစဉ်မပြတ် ဆုတောင်းလျက် နေအယ်။ နင်လို့ဟ ဝိညာဉ်တော် ချပေးသော ဉာဏ်ပညာ၊ သိနားလည်မှု အလုံးစုံလို့နဲ့ ပြေ့စုံသဖြင့် ဘုရားသခင်ရဲ့ အလိုတော်ဟို ကောင်းစွာ သိဆိကြစေရန် ဘုရားသခင်အား ငါလို့ ဆုတောင်းကြအယ်။
9 Por esta razão, nós também, desde o dia em que ouvimos, não cessamos de orar por vós, e de pedir que sejais cheios do pleno conhecimento da sua vontade, em toda a sabedoria e entendimento espiritual;
10 အဲမှသာ အစဉ်အမြဲ သခင်ဘုရား နှစ်သက်စေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဘုန်းအသရေ ထွန်းတောက်စေရန် လည်းကောင်း နင်လို့ ပြုမူ ကျင့်ကြံနိန်ကြလိမ့်မယ်။ ဟေသို့ အသက်ဆှင်ခြင်းအားဖြင့် ကောင်းမြတ်လဲ့ အကျင့်အမျိုးမျိုးဟူသော အသီးအပွင့်များဟို ဖြစ်ထွန်းကြလိမ့်မယ်။ ဘုရားသခင်ဟိုလည်း တိုးယွေ့ သိကျွမ်းကြလိမ့်မယ်။
10 para que possais andar de maneira digna do Senhor, agradando-lhe em tudo, frutificando em toda boa obra, e crescendo no conhecimento de Deus,
11 — ausente —
11 corroborados com toda a fortaleza, segundo o poder da sua glória, para toda a perseverança e longanimidade com gozo;
12 — ausente —
12 dando graças ao Pai que vos fez idôneos para participar da herança dos santos na luz,
13 ကိုယ်တော်ဟ ငါလို့အား မိုက်ရဲ့ တန်ခိုးမှ ကယ်တင်ယွေ့ မိမိချစ်သော သားတော်ရဲ့ နိုင်ငံတော်ထဲသို့ ခေါ်သွင်းအယ်၊
13 e que nos tirou do poder das trevas, e nos transportou para o reino do seu Filho amado;
14 ဘုရားသခင်ဟ အဲသားတော်အားဖြင့် ငါလို့ဟို ရွေးနုတ်ပီ။ အဲနည်းအားဖြင့် ငါလို့ရဲ့ အပစ်များဟို ဖြေလွှတ်ပီ။
14 em quem temos a redenção, a saber, a remissão dos pecados;
15 ခရစ်တော်ဟ မျက်စေ့ဖြင့် မမျော်နိန်သော ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော် ဖြစ်အယ်။ ကိုယ်တော်ဟ ဖန်ဆင်းသော အရာအားလုံးလို့တွင် သားဦး ဖြစ်အယ်။
15 o qual é imagem do Deus invisível, o primogênito de toda a criação;
16 အကျောန်းမှာ ခေါန်းခင်ဘုံနှိုက် လည်းကောင်း၊ မြေကြီးပေါ်နှိုက် လည်းကောင်း ဆိသမျှသော မျော်ရလဲ့အရာနဲ့ မမျော်ရလဲ့အရာများ၊ ရာဇပလ္လင်များ ဖြစ်စေ၊ အစိုးရခြင်း ဖြစ်စေ၊ အုပ်ချုပ်မှု ဖြစ်စေ၊ အာဏာစက် ဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်း ခံရအယ်။ ခပ်သိမ်းသောအရာလို့ဟ သားတော်အားဖြင့် လည်းကောင်း၊ သားတော်အတွက် လည်းကောင်း ဖန်ဆင်းခြင်း ခံရအယ်။
16 porque nele foram criadas todas as coisas nos céus e na terra, as visíveis e as invisíveis, sejam tronos, sejam dominações, sejam principados, sejam potestades; tudo foi criado por ele e para ele.
17 ခရစ်တော်ဟ ခပ်သိမ်းသောအရာလို့ မတည်မဆိခင် ဖြစ်ယွေ့၊ ခပ်သိမ်းသောအရာလို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအားဖြင့် စနစ်တကျတည်လျက် ဆိအယ်။
17 Ele é antes de todas as coisas, e nele subsistem todas as coisas;
18 ကိုယ်တော်ဟ အသင်းတော် တည်းဟူသော ကိုယ်ခန္ဓာရဲ့ ဦးခေါင်း ဖြစ်ယွေ့ ကိုယ်တော်ဟ သူ့ကိုယ်ခန္ဓာ အသက်ရဲ့ အရင်းအမြစ် ဖြစ်အယ်။ အဲသူဟ အရာခပ်သိမ်းလို့နှိုက် ပထမနေရာဟို ရနိန်စေရန်အတွက် သေခြင်းမှ ထမြောက်စေသော သားဦး ဖြစ်အယ်။
18 também ele é a cabeça do corpo, da igreja; é o princípio, o primogênito dentre os mortos, para que em tudo tenha a preeminência,
19 အကျောန်းမှာ ဘုရားသခင်ရဲ့ အလိုတော်အရ သားတော်ဟ ဘုရားဇာတိဟို အပြေ့ဝ ခံယူအယ်။
19 porque aprouve a Deus que nele habitasse toda a plenitude,
20 ဘုရားသခင်ဟ သားတော်အားဖြင့် စကြာဝဠာတခုလုံးဟို မိမိဆေ ပြန်လာစေရန် ဆုံးဖြတ်ထားအယ်။ လက်ဝါးကပ်တိုင်ပေါ်နှိုက် သွန်းသော သားတော်ရဲ့ အသွေးအားဖြင့် ရန်ဟို ငြိမ်းစေယွေ့ အဲတိုင်းတိုင်းဖြင့် မြေကြီးနဲ့ ခေါန်းခင်တွင် ဆိသမျှသောအရာလို့အား မိမိနဲ့ ပြန်လည်သင့်မြတ်စေရန် အလိုဆိအယ်။
20 e que, havendo por ele feito a paz pelo sangue da sua cruz, por meio dele reconciliasse consigo mesmo todas as coisas, tanto as que estão na terra como as que estão nos céus.
21 မခင်ဟ နင်လို့ရဲ့ ဆိုးညစ်သောအပြုအမူနဲ့ အတွေးခေါ်များဟို ပြုခြင်းအားဖြင့် ဘုရားသခင်နဲ့ ကင်းကွာလျက် ရန်သူ ဖြစ်ကြအယ်။
21 A vós também, que outrora éreis estranhos, e inimigos no entendimento pelas vossas obras más,
22 အဲလိုလဲ အခု ဘုရားသခင်ဟ လူ့ဇာတိဟို ခံယူသော သားတော်အား အသေခံစေသောအားဖြင့် နင်လို့အား မိမိနဲ့ ပြန်လည်သင့်မြတ်ခွင့်ဟို ပေးလေပီ၊ ဟေသို့ ပြုခြင်းမှာ နင်လို့ဟ သန့်ဆှင်း၊ ဖြူစင်၊ မြင့်မြတ်လျက် အပစ်ဆိုဖွယ် မဆိဘဲ ဆေ့မှောက်သို့ ဝင်ရောက်နိန်ကြရန် ဖြစ်အယ်။
22 agora contudo vos reconciliou no corpo da sua carne, pela morte, a fim de perante ele vos apresentar santos, sem defeito e irrepreensíveis,
23 အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။
23 se é que permaneceis na fé, fundados e firmes, não vos deixando apartar da esperança do evangelho que ouvistes, e que foi pregado a toda criatura que há debaixo do céu, e do qual eu, Paulo, fui constituído ministro.
24 ငါဟ နင်လို့အတွက် ခံရသော ဆင်းရဲဒုက္ခနှိုက် အခု ဝမ်းမြောက်ယွေ့ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခတွင် လိုအပ်သေးလဲ့အပိုင်းဟို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော်အတွက် ငါရဲ့ ကိုယ်ခန္ဓာနှိုက် ဖြည့်ဆည်းလျက် ဆိအယ်။
24 Agora me regozijo no meio dos meus sofrimentos por vós, e cumpro na minha carne o que resta das aflições de Cristo, por amor do seu corpo, que é a igreja;
25 နင်လို့ရဲ့ အကျိုးအတွက် ဘုရားသခင်ဟ ငါ့အား အသင်းတော်ရဲ့ အမှုတော်ဆောင်အဖြစ် ခန့်ထားအယ်၊ ငါ့အား ပေးသောတာဝန်မှာ နှုတ်ကပတ်တရားဟို အကုန်စင် ဟောပြောရန် ဖြစ်အယ်၊
25 da qual eu fui constituído ministro segundo a dispensação de Deus, que me foi concedida para convosco, a fim de cumprir a palavra de Deus,
26 ကိုယ်တော်ဟ နက်နဲရာဟို ကမ္ဘာမြေပေါ်ဆိ လူသားအပေါင်းလို့အား ဆေ့ကာလများမှ စယွေ့ ခေတ်ကာလများတွင် သိခွင့် မပေးခဲ့သော်လည်း အခုအခါ မိမိရဲ့ လူလို့အား ဖော်ပြလေပီ။
26 o mistério que esteve oculto dos séculos, e das gerações; mas agora foi manifesto aos seus santos,
27 ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။
27 a quem Deus quis fazer conhecer quais são as riquezas da glória deste mistério entre os gentios, que é Cristo em vós, a esperança da glória;
28 အဲလိုမို့ ငါလို့ဟ လူအပေါင်းလို့အား ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်။ လူတိုင်းအား ရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်ရဲ့ ဆေ့မှောက်သို့ ရောက်ဆိရန် ပို့ဆောင်နိန်ခြင်းငှာ ငါလို့ဟ ဉာဏ်ပညာဆိသမျှဖြင့် လူတိုင်းဟို သတိပေး သွန်သင်ကြအယ်။
28 o qual nós anunciamos, admoestando a todo homem, e ensinando a todo homem em toda a sabedoria, para que apresentemos todo homem perfeito em Cristo;
29 ဟေအရာပီးမြောက်ရန် ငါဟ ခရစ်တော်ပေးသော တန်ခိုးနဲ့ ငါ့ရဲ့ အတွင်းနှိုက်ဆိသော အလုပ်ဖြစ်လဲ့ အားကြီးသော ခွန်အားဟို အသုံးပြုယွေ့ ကြိုးကြိုးစားစား ရုန်းကန်နေအယ်။
29 para isso também trabalho, lutando segundo a sua eficácia, que opera em mim poderosamente.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Colossenses 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.