Atos 3

dnv (DNV) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 တနေ့သောအခါ ဆုတောင်းချိန် မွန်းလွဲသုံးနာရီတွင် ပေတရုနဲ့ ယောဟန်လို့ဟ ဗိမာန်တော်ဟို သွားကြအယ်။
1 Pedro e João subiam ao templo à hora da oração, a nona.
2 မွေးရာပါ ခြေမသန်စွမ်းသူ လူတဦးဟို တင့်တယ်ဟုခေါ်လဲ့ ထင်ခါးနားဟို ထမ်းလာကြအယ်၊ အဲဗိမာန်တော်ထဲဟို လာကြသော သူများဆေမှ ပိတ်ဆန် တောင်းနိန်ရန်အတွက် သူ့ဟို ဗိမာန်တော် ထင်ခါးအနီးတွင် နေ့တိုင်းချထားလေ့ ဆိကြအယ်။
2 E, era carregado um homem, coxo de nascença, o qual todos os dias punham à porta do templo, chamada Formosa, para pedir esmolas aos que entravam.
3 သူဟ ပေတရုနဲ့ ယောဟန်လို့ ဗိမာန်တော်ထဲသို့ ဝင်မယ်လုပ်တာဟို မျော်သောအခါ တစုံတရာပေးရန် သူလို့ဟို တောင်းလေအယ်။
3 Ora, vendo ele a Pedro e João, que iam entrando no templo, pediu que lhe dessem uma esmola.
4 ပေတရုနဲ့ ယောဟန်လို့ဟ သူ့ဟို တန်းတန်းကျေ့ကြပင်း ပေတရုဟ “ငါလို့ဟို ကျေ့လော့” ဟု ပြောအယ်။
4 E Pedro, com João, fitando os olhos nele, disse: Olha para nós.
5 အဲအခါ သူဟ သူလို့ဆေမှ တစုံတခု ရဆိမယ်အထင်နဲ့ သူလို့ဟို အာရုံစိုက်ယွေ့ ကျေ့လေအယ်။
5 E ele os olhava atentamente, esperando receber deles alguma coisa.
6 အဲလိုလဲ ပေတရုဟ သူ့အား “ငါ့မှာ ဆွေ အဲဟာမဟုတ်ရင် ပိတ်ဆန် မဆိ၊ အဲလိုလဲ ဆိလဲ့အရာဟို နင်အား ငါ ပေးမယ်၊ နာဇရက်မြို့သား ယေရှု ခရစ်တော်ရဲ့ နာမတော်အားဖြင့် ထယွေ့ လှမ်းသွားလော့” ဟု ဆိုအယ်။
6 Disse-lhe Pedro: Não tenho prata nem ouro; mas o que tenho, isso te dou; em nome de Jesus Cristo, o nazareno, anda.
7 အဲပင်းရင် သူထဖို့ သူရဲ့ ညာဖက်လက်ဟို ဆွဲပင်း မလိုက်အယ်။ ခုတုံးပင် သူရဲ့ ခြေထောက်နဲ့ ခြေကျင်းဝတ်များဟ သန်မာလာသဖြင့်၊
7 Nisso, tomando-o pela mão direita, o levantou; imediatamente os seus pés e artelhos se firmaram
8 သူဟ ထခုန်ပေါက်ပင်း မတ်တတ်ရပ်ကာ၊ စတင်ပင်း လမ်းဆှောက်လေအယ်။ အဲပင်းရင် လမ်းဆှောက်လျက်၊ ခုန်ပေါက်လျက်၊ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းလျက် သူလို့နဲ့အတူ ဗိမာန်တော်ထဲဟို လိုက်သွားအယ်။
8 e, dando ele um salto, pôs-se em pé. Começou a andar e entrou com eles no templo, andando, saltando e louvando a Deus.
9 အဲသူဟ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းလျက် လမ်းဆှောက်တာဟို လူအပေါင်းလို့ဟ မျော်ယွေ့၊
9 Todo o povo, ao vê-lo andar e louvar a Deus,
10 အဲသူဟ ဗိမာန်တော် တင့်တယ် ထင်ခါးနားတွင် ထိန်နေလေ့ဆိလဲ့ ကျောန်နန် ဖြစ်ကျောန်းဟို မှတ်မိကြသောအခါ သူလို့ဟ အဲသူတွင် ဖြစ်ပျက်လဲ့ အမှုအရာဟို ရမ်းဆာ့ အံ့ဩယွေ့ မိန်းမောတွေဝေကြအယ်။
10 reconhecia-o como o mesmo que estivera sentado a pedir esmola à Porta Formosa do templo; e todos ficaram cheios de pasmo e assombro, pelo que lhe acontecera.
11 အဲသူဟ ပေတရုနဲ့ ယောဟန်လို့ဟို တွယ်ကပ်လျက်နေစဉ် လူအပေါင်းလို့ဟ ရမ်းဆာ့အံ့ဩလျက် သူလို့ဆိရာ ရှောလမုန်ဟု ခေါ်သော မုခ်ဦးဟို ပြေးယွေ့ လာကြအယ်။
11 Apegando-se o homem a Pedro e João, todo o povo correu atônito para junto deles, ao pórtico chamado de Salomão.
12 ပေတရုဟ လူများဟို မျော်သောအခါ သူဟ အဲသူလို့အား “ဣသရေလ အမျိုးသားလို့၊ ပစာကို့ အေးအရာဟို နင်လို့ အံ့ဩကြလုန်း၊ ပစာကျောန့် ငါလို့ဟို ကျေ့လုန်း၊ ငါလို့ရဲ့ တန်ခိုး အဲဟာမဟုတ်ရင် ငါလို့ရဲ့ ကိုယ်ကျင့်သီလအားဖြင့် ဟေသူဟို လမ်းဆှောက်စေနိန်တာလို့ ထင်မှတ်ကြသလော။
12 Pedro, vendo isto, disse ao povo: Varões israelitas, por que vos admirais deste homem? Ou, por que fitais os olhos em nós, como se por nosso próprio poder ou piedade o tivéssemos feito andar?
13 အာဗြဟံရဲ့ ဘုရား၊ ဣဇက်နဲ့ ယာကုပ်လို့ရဲ့ ဘုရား၊ ငါလို့ ဖိုးဖေးများရဲ့ ဘုရားဟ မိမိရဲ့ အစေခံ ယေရှုဟို ဘုန်းတော် ထင်ဆှားစေပီ။ အဲလိုလဲ နင်လို့ဟ အဲအဆှင်ဟို ရန်သူလက်ဟို အပ်လိုက်ယွေ့ အဲအဆှင်ဟို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် ဆုံးဖြတ်ထားသော ပိလတ်မင်း ဆေ့တွင် ငြင်းပယ်ခဲ့ကြအယ်။
13 O Deus de Abraão, de Isaque e de Jacó, o Deus de nossos pais, glorificou a seu Servo Jesus, a quem vós entregastes e perante a face de Pilatos negastes, quando este havia resolvido soltá-lo.
14 နင်လို့ဟ သန့်ဆှင်းယွေ့ ဖြောင့်မတ်သော အဆှင်ဟို ငြင်းပယ်ခဲ့ကြပင်း၊ နင်လို့ဟ လူသတ်သမားအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် တောင်းခံကြကာ၊
14 Mas vós negastes o Santo e Justo, e pedistes que se vos desse um homicida;
15 အသက်ဆှင်ခြင်းဟို ပို့ဆောင်သော အဆှင်ဟိုမူ သတ်ဖြတ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ အဲအဆှင်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေကျောန်းဟို အဲအရာဟ ငါလို့ရဲ့ သက်သေခံ ဖြစ်ကြအယ်။
15 e matastes o Autor da vida, a quem Deus ressuscitou dentre os mortos, do que nós somos testemunhas.
16 အဲအဆှင်ရဲ့ နာမတော် တန်ခိုးအားဖြင့် ဟေခြေမသန်စွမ်းသူဟ သန်စွမ်းယွေ့ လာအယ်။ အဲအဆှင်ရဲ့ နာမတော်ဟို ယုံကြည်ခြင်းအားဖြင့် အခု နင်လို့မျော်ယွေ့ သိရကြလဲ့အမှုအရာဟ ဖြစ်ပွားခဲ့အယ်၊ နင်လို့အားလုံး မျော်လဲ့အတိုင်း ယေရှုဟို ယုံကြည်ခြင်းကသာ အဲသူအား ကျန်းမာလာစေခြင်း ဖြစ်အယ်။
16 E pela fé em seu nome fez o seu nome fortalecer a este homem que vedes e conheceis; sim, a fé, que vem por ele, deu a este, na presença de todos vós, esta perfeita saúde.
17 “အဲလိုမို့ အခု ငါ့ မိတ်ဆွေလို့၊ နင်လို့ဟ မိမိလို့ ခေါင်းဆောင်များလိုမျိုး မိမိလို့ပြုသော အမှုဟို မသိသက်ဘဲ အေးလို့ ပြုကြကျောန်းဟို ငါ သိအယ်။
17 Agora, irmãos, eu sei que o fizestes por ignorância, como também as vossas autoridades.
18 အဲလိုလဲ မေဆှိယဟ ဆင်းရဲဒုက္ခခံရမယ်ဖြစ်ကျောန်း ပရောဖက်အပေါင်းအားဖြင့် မခင်ကတည်းဟ ဘုရားသခင် ကြိုပြောထားသော အေးအရာဟ သူ့အားဖြင့် ပြေ့စုံလာခြင်း ဖြစ်အယ်။
18 Mas Deus assim cumpriu o que já dantes pela boca de todos os seus profetas havia anunciado que o seu Cristo havia de padecer.
19 အေးလိုမို့ ဘုရားသခင်ဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်စေရန် နောင်တရယွေ့ ပြောင်းလဲကြလော့။ အဲလိုဖြစ်ခါမှသာ၊
19 Arrependei-vos, pois, e convertei-vos, para que sejam apagados os vossos pecados, de sorte que venham os tempos de refrigério, da presença do Senhor,
20 ထာဝရဘုရား ဆေမှ ဝိညာဉ်ခွန်အား သက်ရောက်ရာ အချိန်ကာလ ရောက်လာလျက် နင်လို့အဖို့ ရွေးချယ်ခန့်ထားသော မေဆှိယ အဆှင်တည်းဟူသော ယေရှုဟို စေလွှတ်လိမ့်မယ်။
20 e envie ele o Cristo, que já dantes vos foi indicado, Jesus,
21 မခင်ဟ မိမိရဲ့ သန့်ဆှင်းသော ပရောဖက်များရဲ့ စလောင်အားဖြင့် ဘုရားသခင် မိန့်ခဲ့လဲ့အရာတည်းဟူသော အလုံးစုံလို့ဟို မူလအတိုင်း ပြန်ဖြစ်စေမဲ့ ကာလများတိုင်အောန် ခေါန်းခင်ဟ အေးအဆှင်ဟို လက်ခံထားရမယ်။
21 ao qual convém que o céu receba até os tempos da restauração de todas as coisas, das quais Deus falou pela boca dos seus santos profetas, desde o princípio.
22 အကျောန်းမှာ မောရှေဟ ‘နင်လို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟ ငါ့ဟို စေလွှတ်လဲ့တိုင်းတိုင်း ပရောဖက်တပါးဟိုလည်း နင်လို့ဆေဟို စေလွှတ်ပင်း အဲသူဟ နင်လို့ အမျိုးသားထဲမှ ဖြစ်လိမ့်မယ်။ သူ ဟောပြောသမျှသောလို့ဟို နင်လို့ဟ နားထောင်ကြရမယ်။
22 Pois Moisés disse: Suscitar-vos-á o Senhor vosso Deus, dentre vossos irmãos, um profeta semelhante a mim; a ele ouvireis em tudo quanto vos disser.
23 အဲပရောဖက်ရဲ့ စကားဟို နားမထောင်ဘဲနေသော သူတိုင်းဟ ဘုရားသခင်ရဲ့ လူမျိုးထဲမှ ဖယ်ဆှားပင်း ဖျက်ဆီးခြင်းဟို ခံရမယ်’ ဟု ပြောအယ်။
23 E acontecerá que toda alma que não ouvir a esse profeta, será exterminada dentre o povo.
24 ရှမွေလ အပါအဝင် သူ့နောက်မှ ပေါ်ထွန်းလာသော သတင်းစကားဟို ဟောပြောသော ပရောဖက်အပေါင်းလို့ဟ အခု နေ့ရက်ကာလအကျောန်းဟို ဟောပြော ကြေငြာခဲ့ကြအယ်။
24 E todos os profetas, desde Samuel e os que sucederam, quantos falaram, também anunciaram estes dias.
25 နင်လို့ဟ ပရောဖက်လို့ရဲ့ သားမြေးများဖြစ်ကြတာ သာမက ဘုရားသခင်ဟ အာဗြဟံအား ‘ကမ္ဘာပေါ်ဆိ လူမျိုးစုအပေါင်းလို့ဟ နင်ရဲ့ အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မယ်’ ဟု မိန့်လျက် နင်လို့ရဲ့ ဖိုးဖေးများနဲ့ ပြုခဲ့သော ပဋိညာဉ်ရဲ့ သားမြေးများလည်း ဖြစ်ကြအယ်။
25 Vós sois os filhos dos profetas e do pacto que Deus fez com vossos pais, dizendo a Abraão: Na tua descendência serão abençoadas todas as famílias da terra.
26 နင်လို့ တဦးစီရဲ့ ဆိုးညစ်သောအမှုလို့ဟို စွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရစေရန် ဘုရားသခင်ဟ မိမိရဲ့ အစေခံဟို နင်လို့ဆေဟို ဦးစွာ စေလွှတ်အယ်” ဟု ပေတရုဟ ဟောပြောလေအယ်။
26 Deus suscitou a seu Servo, e a vós primeiramente vo-lo enviou para que vos abençoasse, desviando-vos, a cada um, das vossas maldades.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.