Atos 26
dnv (DNV) vs VC
1 အဂြိပ္ပဘုရင်ဟ ပေါလုအား “နင့်အကျောန်း နင်တတ်တိုင်း ဆှောက်ထားနိန်အယ်” ဟု ဆိုသော် ပေါလုဟ လက်ဟို ဆန့်ယွေ့ သူ့တတ်တိုင်း ခုခံကာကွယ်သော စကားဟို ဟေလို့ ပြောအယ်။
1 Agripa disse a Paulo: Tens permissão de fazer a tua defesa. Paulo então fez um gesto com a mão e começou a sua justificação:
2 “အဂြိပ္ပဘုရင်၊ ငါအား ယုဒလူများလို့ စွပ်စွဲချက်များနဲ့ ပတ်သက်ပင်း အဆှင်ရဲ့ ဆေ့တွင် ခုနေ့ ချေပရတာဟ ငါအဖို့ ထူးမြတ်လဲ့ အခွင့်အရေးပင် ဖြစ်တာဟု ယူဆပါအယ်။
2 Julgo-me feliz de poder hoje fazer a minha defesa, na tua presença, ó rei Agripa, de tudo quanto me acusam os judeus,
3 အထူးသဖြင့် ယုဒအမျိုးသားလို့ရဲ့ စလေ့များနဲ့ အငြင်းပွားတတ်လဲ့ ပြဿနာများဟို သိကျွမ်းသူဖြစ်သောကျောန့် ဖြစ်ပါအယ်။ အေးလို့ ဖြစ်ယွေ့ ငါ့ဆှောက်ထားချက်ဟို စိတ်ဆှည်လျက် နားထောင်ပါရန် ငါ တောင်းပန်ပါအယ်။
3 porque tu conheces perfeitamente os seus costumes e controvérsias. Peço-te, pois, que me ouças com paciência.
4 “ငါဟ မိမိရဲ့ လူမျိုးထဲနှိုက် လည်းကောင်း၊ ယေရုရှလင်မြို့နှိုက် အစပြုခဲ့လဲ့ ငယ်ခါမှစပင်း ဖဝါ့တဆှောက်လုံး စလို နေထိန်ခဲ့တယ်ဆိုတာဟို ယုဒလူမျိုးအားလုံး သိကြပါအယ်။
4 Minha vida, desde a minha primeira juventude, tem decorrido no meio de minha pátria e em Jerusalém, e é conhecida dos judeus.
5 သူလို့ဟ ငါ့ဟို မခင်ကတည်းဟ သိထားကြအယ် ဖြစ်ယွေ့ ငါဟ ငါ့ဘာသာတွင် စည်းမျဉ်း အတင်းကျပ်ဆုံးသော ဂိုဏ်းဖြစ်သည့် ဖာရိရှဲဂိုဏ်းဝင်တဦးအဖြစ် အသက်ဆှင်ခဲ့ကျောန်း သူလို့ သက်သေခံလိုရင် သက်သေခံနိန်ပါအယ်။
5 Sabem eles, desde longa data, e se quiserem poderão testemunhá-lo, que vivi segundo a seita mais rigorosa da nossa religião, isto é, como fariseu.
6 ဘုရားသခင်ဟ ငါလို့ရဲ့ ဖိုးဖေးများအားထားလဲ့ ကတိတော်ဟို ငါမျော်လင့်လဲ့အတွက် အခုအခါ ငါဟ စစ်ဆေးခံနေရပါအယ် —
6 Mas agora sou acusado em juízo, por esperar a promessa que foi feita por Deus a nossos pais,
7 ငါလို့ရဲ့ မျိုးနွယ်စု တဆယ့်နေပါးလို့ဟ နေ့ညမပြတ် ဘုရားသခင်ဟို ကိုးကွယ်လျက် အေးကတိတော်ဟို ခံစားရရန် မျော်လင့်နေကြအယ်။ အဆှင်မင်းကြီး ဟေလို့ မျော်လင့်ခြင်းကျောန့် ငါအား ယုဒအမျိုးသားလို့ စွပ်စွဲပြောဆိုကြခြင်း ဖြစ်ပါအယ်။
7 e a qual as nossas doze tribos esperam alcançar, servindo a Deus noite e dia. Por essa esperança, ó rei, é que sou acusado pelos judeus.
8 သေသောသူလို့ဟို ဘုရားသခင် ထမြောက်စေတာဟို မယုံနိန်စရာ” ဟု နင်လို့တွင် ပစာကျောန့် ထင်ကြလုန်း။
8 Que pensais vós? É coisa incrível que Deus ressuscite os mortos?
9 “ငါတတ်တိုင်းဟလည်း နာဇရက်မြို့သား ယေရှုရဲ့ နာမနဲ့ ဆန့်ကျင်လဲ့အရာများဟို ပြုသင့်တာဟု တွေးခဲ့ပင်း၊
9 Também eu acreditei que devia fazer a maior oposição ao nome de Jesus de Nazaré.
10 ယေရုရှလင်မြို့မှာ အေးလို့ လုပ်ခဲ့ပါအယ်။ ယဇ်ပုရောဟိတ်ကြီးများဆေမှ အခွင့်အာဏာရဆိဖြင့် ဘုရားသခင်ရဲ့ လူများဟို ထောင်ထဲမှာ အကျဉ်းချထားလျက် သူလို့အား သေဒဏ်စီရင်ချိန်နှိုက်လည်း ငါသဘောတူ ထောက်ခံခဲ့ပါအယ်။
10 Assim procedi de fato em Jerusalém e tenho encerrado muitos irmãos em cárceres, havendo recebido para isso poder dos sumos sacerdotes; quando os sentenciavam à morte, eu dava a minha plena aprovação.
11 တရားဇရပ်တိုင်းတွင်လည်း သူလို့ဟို မကြာခဏ ပစ်ဒဏ်ပေးလျက် ဘုရားသခင်ဟို စော်ကားပြောဆိုကြရန် အတင်းအကျပ် စေခိုင်းခဲ့ပါအယ်။ အေးလောက်မက သူလို့အပေါ် ရမ်းဆာ့ အူထော့ယွေ့ တိုင်းတပါးမြို့များထိတိုင်အောန် သူလို့ဟို လိုက်ပင်း ညှဉ်းဆဲခဲ့ပါအယ်။
11 Muitas vezes, perseguindo-os por todas as sinagogas, eu os maltratava para obrigá-los a blasfemar. Enfurecendo-me mais e mais contra eles, eu os perseguia até no estrangeiro.
12 “အေးရည်ရွယ်ချက်ဖြင့် ငါဟ ယဇ်ပုရောဟိတ်ကြီးများဆေမှ အခွင့်အာဏာ ရယူယွေ့ ဒမာသက်မြို့ဟို သွားနေစဉ်၊
12 Nesse intuito, fui a Damasco, com poder e comissão dos sumos sacerdotes.
13 မွန်းတည့်ချိန်တွင် လမ်းမှာ နေရောင်ထက်မက ထွန်းလင်းတောက်ပလဲ့ အလင်းရောင်ဟို ငါမှစပင်း ငါနဲ့အတူ ခရီးသွားသောသူများ ပတ်လည်နှိုက် ခေါန်းခင်မှ တောက်ပတာဟို ငါမျော်ရပါအယ် အဆှင်မင်းကြီး။
13 Era meio-dia, ó rei. Eu estava a caminho quando uma luz do céu, mais fulgurante que o sol, brilhou em torno de mim e dos meus companheiros.
14 ငါလို့အားလုံးဟ မြေပေါ်ဟို လဲကျကြပင်း ဟေဗြဲစကားနဲ့ ‘ရှောလု၊ ရှောလု၊ နင်ဟ ပစာကျောန့် ငါ့ဟို နှိပ်စက်လုန်း၊ တုတ်ချွန်ဟို ကန်ရန် နင့်အတွက် ခက်ခဲအယ်’ လို့ ငါ့ဟိုပြောသော အသံဟို ငါ ကြားရအယ်။
14 Caímos todos nós por terra, e ouvi uma voz que me dizia em língua hebraica: Saulo, Saulo, por que me persegues? Dura coisa te é recalcitrar contra o aguilhão.
15 ငါဟ ‘အဆှင်၊ အဆှင်ဟ စသူလုန်း’ လို့မေးပင်း အဆှင်ဟ ‘ငါဟ နင်ညှဉ်းဆဲလဲ့ ယေရှု ဖြစ်အယ်လို့ ပြန်ဖြေအယ်။
15 Então eu disse: Quem és, Senhor? O Senhor respondeu: Eu sou Jesus, a quem persegues.
16 အဲလိုလဲ ထယွေ့ မတ်တတ်ရပ်လော့။ နင့်အား ငါ့ရဲ့ အစေခံအဖြစ် ခန့်ထားရန် နင့်ဆေဟို ငါပေါ်လာခြင်း ဖြစ်အယ်။ ခုနေ့ နင်မျော်ရလဲ့ ငါ့ရဲ့အကျောန်းနဲ့ နောက်ခါ ငါဖော်ပြမဲ့ အကျောန်းအရာလို့ဟို နင်ဟ သူတပါးလို့အား သက်သေခံရလိမ့်မယ်။
16 Mas levanta-te e põe-te em pé, pois eu te apareci para te fazer ministro e testemunha das coisas que viste e de outras para as quais hei de manifestar-me a ti.
17 ငါဟ နင့်ဟို ဣသရေလူများလို့ရဲ့ လက်မှလည်းကောင်း၊ ငါစေလွှတ်သော တပါးအမျိုးသားများ လက်မှလည်းကောင်း နင့်ဟို ငါ ကယ်နုတ်မယ်။
17 Escolhi-te do meio do povo e dos pagãos, aos quais agora te envio
18 နင်ဟ သူလို့ရဲ့ မျက်စေ့ဟို ဖွင့်ပေးယွေ့ သူလို့အား မိုက်မှ အလင်းသို့လည်းကောင်း၊ စာတန်ရဲ့ အာဏာထဲမှ ဘုရားသခင်ဆေဟို ပြောင်းလဲစေသဖြင့်၊ သူလို့ဟ ငါ့ဟို ယုံကြည်ခြင်းအားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရကာ ဘုရားသခင် ရွေးကောက်သော လူစုတွင် ပါဝင်ရလိမ့်မယ်’ ဟု မိန့်အယ်။
18 para abrir-lhes os olhos, a fim de que se convertam das trevas à luz e do poder de Satanás a Deus, para que, pela fé em mim, recebam perdão dos pecados e herança entre os que foram santificados.
19 “အေးကျောန့် အဂြိပ္ပဘုရင်ဟ၊ ငါ ခေါန်းခင်မှ ရဆိလဲ့ ရူပါရုံဟို မနာခံခဲ့ပါ။
19 Desde então, ó rei, não fui desobediente à visão celestial.
20 ပထဦးဆုံး ဒမာသက်မြို့နှိုက်ဆိသော သူလို့ဟို လည်းကောင်း၊ အဲပင်းရင် ယေရုရှလင်မြို့မှစပင်း ယုဒပြေတပြေလုံးဆိ လူလို့အား လည်းကောင်း၊ လူမျိုးခြားလို့အား လည်းကောင်း အပစ်များမှ နောင်တရပင်း ဘုရားသခင်ဆေဟို ပြောင်းလဲကာ သူလို့ဟို နောင်တနဲ့ ထိုက်တန်သောအမှုများဟို ပြုကြရန် ငါ ဟောပြောခဲ့အယ်။
20 Preguei primeiramente aos de Damasco e depois em Jerusalém e por toda a terra da Judéia, e aos pagãos, para que se arrependessem e se convertessem a Deus, fazendo dignas obras correspondentes.
21 အေးကျောန့် ယုဒလူလို့ဟ ဗိမာန်တော်ထဲမှာ ငါဆိနေချိန်နှိုက် ငါ့ဟို ဖမ်းဆီးယွေ့ သတ်ရန် သူလို့ ကြိုးစားကြအယ်။
21 Por isso, os judeus me prenderam no templo e tentaram matar-me.
22 အဲလိုလဲ ငါဟ ဘုရားသခင်ရဲ့ ကူညီမစခြင်းဟို ခံစားရယွေ့ ခုနေ့တိုင်အောန် ရပ်လျက် လူကြီး လူငယ်လို့အား သက်သေခံနေအယ်။ အေးလို့ သက်သေခံရာနှိုက် နောင်တွင် ဖြစ်ပျက်မယ်ဟု မောရှေနဲ့ ပရောဖက်လို့ ဟောပြောခဲ့လဲ့အရာများမှတပါး အခြားစလိုအရာဟိုမှ မပြောဆိုခဲ့ပါ။
22 Mas, assistido do socorro de Deus, permaneço vivo até o dia de hoje. Dou testemunho a pequenos e a grandes, nada dizendo senão o que os profetas e Moisés disseram que havia de acontecer,
23 သူလို့ ဟောပြောခဲ့လဲ့အရာမှာ မေဆှိယဟ ဝေဒနာဟို ခံရလျက် သေသောသူလို့ထဲမှ ပထမဦးဆုံး ထမြောက်ပင်း ဣသရေလူများနဲ့ လူမျိုးခြားလို့အား ကယ်တင်ခြင်း အလင်းရောင်ဟို ကြေညာလိမ့်မယ် ဖြစ်အယ်” ဟု ချေပပြောဆိုအယ်။
23 a saber: que Cristo havia de padecer e seria o primeiro que, pela ressurreição dos mortos, havia de anunciar a luz ao povo judeu e aos pagãos.
24 ပေါလုဟ မိမိတတ်တိုင်း အေးနည်းလမ်းနဲ့ ချေပပြောနေစဉ် ဖေတ္တုမင်းဟ “ပေါလု၊ နင်ဟ ရူးလေပီ၊ အတတ်ကျုးယွေ့ အရူးဖြစ်ခဲ့ပီ” ဟု အော်ယွေ့ ပြောအယ်။
24 Dizendo ele essas coisas em sua defesa, Festo exclamou em alta voz: Estás louco, Paulo! O teu muito saber tira-te o juízo.
25 ပေါလုဟ “မြတ်သော ဖေတ္တုမင်း၊ ငါဟ အရူး မဟုတ်ဝူး။ ငါဟ မန်ကန်ယွေ့ လေးနက်သောစကားလို့ဟို ပြောခြင်းသာ ဖြစ်ပါအယ်။
25 Paulo, então, respondeu: Não estou louco, excelentíssimo Festo, mas digo palavras de verdade e de prudência.
26 ဘုရင်အဂြိပ္ပ၊ အေးအရာများ အကျောန်းဟို နင်သိသောကျောန့် ငါဟ နင့်ဆေ့မှာ ရဲဝံ့စွာပြောဆိုခြင်း ဖြစ်အယ်။ အေးအမှုအရာများဟ ချောင်ကြိုချောင်ကြားတွင် ဖြစ်ပျက်ခဲ့တာ မဟုတ်ပါ။ အကျောန်းမှာ ၎င်းလို့အထဲမှ မင်းကြီး မသိသောအရာ တစုံတခုမှဆိမယ် မဟုတ်ဟု ငါ ထင်မြင်အယ်။
26 Pois dessas coisas tem conhecimento o rei, em cuja presença falo com franqueza. Sei que nada disso lhe é oculto, porque nenhuma dessas coisas se fez ali ocultamente.
27 အဂြိပ္ပမင်းကြီး၊ အဆှင်ဟ ပရောဖက်များဟို ယုံကြည်သလော။ ယုံကြည်တာဟို ငါ သိပါအယ်” ဟု ဆှောက်အယ်။
27 Crês, ó rei, nos profetas? Bem sei que crês!
28 အဂြိပ္ပမင်းကြီးဟ ပေါလုအား “နင်ဟ အေးအချိန်တိုအတွင်း ငါ့ဟို ခရစ်ယာန်ဖြစ်အောန် ဖြားယောင်းနိန်မယ်လို့ ထင်သလော” ဆိုအယ်။
28 Disse então Agripa a Paulo: Por pouco não me persuades a fazer-me cristão!
29 ပေါလုဟ “အချိန်တိုတာ ဖြစ်စေ၊ ကြာတာ ဖြစ်စေ နင်နဲ့တကွ ခုနေ့ ငါပြောဆိုတာဟို နားထောင်လျက်ဆိကြသော လူအားလုံးလို့ဟ အေးအနှောင်အဖွဲ့ ခံရမှုမှ လွဲယွေ့ ငါလိုမျိုးဖြစ်လာကြစေရန် ဘုရားသခင်ဆေ ငါ ဆုတောင်းပါအယ်” လို့ ပြန်ဖြေအယ်။
29 Respondeu Paulo: Prouvera a Deus que, por pouco e por muito, não somente tu, senão também quantos me ouvem, se fizessem hoje tal qual eu sou... menos estas algemas!
30 အေးနောက် ဘုရင်နဲ့ ဘုရင်ခံလို့ဟ ထပင်း ဗေရနိတ်မှစယွေ့ သူနဲ့အတူ ထိန်နေသော သူလို့ဟလည်း နေရာမှ ထကြအယ်။
30 Então o rei, o governador, Berenice e os que estavam sentados com eles se levantaram.
31 သူလို့ဟ အေးနေရာမှ ထွက်သွားပင်းနောက် “အေးသူဟ သေဒဏ် အဲဟာမဟုတ်ရင် အကျဉ်းချထားခြင်း ခံထိုက်လဲ့ ပစ်မှုတစုံတခုဟိုမျှ မကျူးလွန်” ဟု အချင်းချင်း ပြောဆိုကြအယ်။
31 Retirando-se, comentavam uns com os outros: Esse homem não fez coisa que mereça a morte ou prisão.
32 အဂြိပ္ပမင်းကြီးဟ ဖေတ္တုမင်းအား “အေးသူဟ ဧကရာဇ်မင်းဆေဟို အယူခံဝင်ရန် မဆှောက်ထားခဲ့ရင် သူဟို လွှတ်ပေးနိန်အယ်” လို့ ပြောအယ်။
32 Agripa ainda disse a Festo: Ele poderia ser solto, se não tivesse apelado para César.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.