Atos 20

dnv (DNV) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ဆူပူလှုပ်ဆှားမှု ရပ်သွားပင်းနောက်၊ ပေါလုဟ တဘဲ့တော်များဟို ခေါ်ယွေ့ ခွန်အားပေးစကား ပြောပင်းနောက် သူလို့ဟို နှုတ်ဆက်ကြအယ်။ အေးနောက် သူဟ မာကေဒေါနိပြေဟို ထွက်သွားလေအယ်။
1 Passado o tumulto, Paulo mandou chamar os discípulos e os encorajou. Então se despediu e partiu para a Macedônia.
2 သူဟ အေးဒေသများဟို ဖြတ်သန်းပင်း ယုံကြည်သူလို့ဟို ခွန်အားပေးစကားများနဲ့ တရားစကားများစွာဟို ပြောကြားအယ်။ အဲပင်းရင် သူဟ အခါယပြေဟို လာခဲ့ယွေ့၊
2 Enquanto estava lá, encorajou os discípulos em todas as cidades por onde passou. Em seguida, desceu à Grécia,
3 သူဟ အေးမှာ သုံးလလောက် နေအယ်။ သူဟ ရှုရိပြေဟို သွားဖို့ အဆင်သင့် ဖြစ်နေပင်း ယုဒလူလို့ဟ သူ့ဟို မကောင်းကြံနေသောကျောန့် သူဟ မာကေဒေါနိပြေဟို ဖြတ်ပင်း ပြန်သွားဖို့ ဆုံးဖြတ်ချက်ချအယ်။
3 onde ficou por três meses. Quando se preparava para navegar de volta à Síria, descobriu que alguns judeus conspiravam contra sua vida e decidiu voltar pela Macedônia.
4 ဗေရိမြို့သား ပုရုရဲ့ သားဖြစ်သူ သောပတရု၊ သက်သာလောနိတ်မြို့သားများ ဖြစ်ကြသော အာရိတ္တာခုနဲ့ သေကန္နု၊ ဒေရဗေမြို့သားဖြစ်သူ ဂါယု၊ အာရှနယ်သားများ ဖြစ်ကြသော တုခိတ်နဲ့ တရောဖိမ်၊ တိမောသေဟလည်း ပေါလုနဲ့အတူ လိုက်သွားကြအယ်။
4 Alguns homens viajavam com ele: Sópatro, filho de Pirro, de Bereia; Aristarco e Secundo, de Tessalônica; Gaio, de Derbe; Timóteo; e Tíquico e Trófimo, da província da Ásia.
5 အေးသူလို့ဟ အရင်သွားနဲ့ကြပင်း တရောမြို့နှိုက် ငါလို့အား စောင့်နေကြအယ်။
5 Eles foram adiante e esperaram por nós em Trôade.
6 ငါလို့ဟ တဆေးမဲ့မုန့်ပွဲ ပီးသောအခါ ဖိလိပ္ပိမြို့မှ ရွက်လွင့်ယွေ့ လာရာ ငါးရက်ကြာပင်းနောက် သူလို့ဆိရာ တရောမြို့ဟို ရောက်ယွေ့ အေးမြို့တွင် ခုနေရက်လောက် နေကြအယ်။
6 Terminada a Festa dos Pães sem Fermento, embarcamos num navio em Filipos e, cinco dias depois, nos reencontramos em Trôade, onde ficamos uma semana.
7 တပတ်ရဲ့ ပထမ စနေနေ့ညနေမှာ မိတ်သဟာယ စားပွဲအတွက် ငါလို့အတူတကွ စုရုံးခဲ့အယ်။ ပေါလုဟ နောက်တနေ့ မထွက်သွားခင် အချိန်ထိ သူဟ လူများနဲ့ ညသခေါင်အချိန်တိုင်အောန် စကားပြောလျက် နေလေအယ်။
7 No primeiro dia da semana, nos reunimos com os irmãos de lá para o partir do pão. Paulo começou a falar ao povo e, como pretendia embarcar no dia seguinte, continuou até a meia-noite.
8 ငါလို့ တွေ့ဆုံလဲ့ အပေါ်ထပ် အခန်းမှာ မီးဖူးများစွာ ထွန်းလျက်ဆိအယ်။
8 A sala no andar superior onde estávamos reunidos era iluminada por muitas lamparinas.
9 ဥတု နာမယ်ဆိသော လူပဲ့ငယ်တယောက်ဟ ပြတင်းပေါက်နားမှာ ထိန်နေအယ်။ ပေါလုဟ ဆက်ယွေ့ စကားပြောနေချိန်၊ ဥတုဟ ငိန်းကျာ့လာပင်း အိပ်မွေသွားခဲ့အယ်။ နောက်ဆုံးနှိုက် အိပ်မွေသွားပင်း နေအိုင်ရဲ့ တတိယအထပ်မှ မြေပေါ်ဟို လှိမ့်ကျလေအယ်။ သူလို့ဟ သူ့ဟို မချီလိုက်သောအခါ သူဟ သေပင်း ဖြစ်အယ်။
9 O discurso de Paulo se estendeu por horas, e um jovem chamado Êutico, que estava sentado no parapeito da janela, ficou muito sonolento. Por fim, adormeceu profundamente, caiu de uma altura de três andares e morreu.
10 အဲလိုလဲ ပေါလုဟလည်း အောက်ဟို ဆင်းလာခဲ့ပင်း အေးသူရဲ့ အပေါ်ဟို ကိုယ်ကိုလှဲလျက် ဖက်ထားပင်းမှ “မစိုးရိမ်ကြနဲ့၊ သူဟ အသက်ဆှင်လျက် ဆိသေးအယ်” ဟု သူဟ ပြောအယ်။
10 Paulo desceu, inclinou-se sobre o jovem e o abraçou. “Não se desesperem”, disse ele. “O rapaz está vivo!”
11 အေးနောက် သူဟ အပေါ်ထပ်ဟို ပြန်တက်သွားကာ မုန့်ဟို ဖဲ့ပင်း စားကြအယ်။ သူလို့နဲ့ အရုဏ်တက်ချိန်တိုင်အောန် အချိန်အကြာကြီး စကားပြောပင်းနောက် ပေါလု ထွက်သွားလေအယ်။
11 Então todos subiram novamente, partiram o pão e comeram juntos. Paulo continuou a lhes falar até o amanhecer e depois partiu.
12 သူလို့ဟ အသက်ဆှင်သော လူပဲ့သငယ်ဟို နေအိုင်သို့ ခေါ်သွားပင်းမှ ရမ်းဆာ့ စိတ်သက်သာခြင်း ဆိကြအယ်။
12 Enquanto isso, o jovem foi levado para casa vivo, e todos sentiram grande alívio.
13 ငါလို့ဟ သင်္ဘောဆေဟို အမြန်သွားယွေ့ အဿုမြို့ဟို အရင်သွားကြအယ်။ အေးဟို ငါလို့သွားရခြင်းမှာ ပေါလုဟို သင်္ဘောစီးစေရန် ဖြစ်အယ်။ အေးလိုမျိုး စီစဉ်ခြင်းမှာ သူဟ အေးမြို့ဟို ကုန်းကျောန်း ဖြစ်သွားရန် စီစဉ်ထားယွေ့ အေးလို့မှာကြားခဲ့အယ်။
13 Paulo foi por terra até Assôs, onde havia definido que devíamos esperar por ele, enquanto nós fomos de navio.
14 သူဟ အဿုမြို့မှာ ငါလို့နဲ့ တွေ့ဆုံသောအခါ၊ ငါလို့ဟ သူ့ဟို သင်္ဘောပေါ်ဟို ခေါ်တင်ပင်း မိတုလင်မြို့ဟို သွားကြအယ်။
14 Encontrou-se conosco em Assôs e navegamos juntos até Mitilene.
15 အေးမှ ငါလို့ ရွက်လွင့်ယွေ့ နောက်တနေ့မှာ ခိအုကျွန်းဟို ရောက်ကြအယ်။ တရက်ကြာပင်းနောက် ငါလို့ သာမုကျွန်းဟို ဝင်ယွေ့ နောက်တနေ့တွင် မိလက်မြို့ဟို ရောက်ကြအယ်။
15 No dia seguinte, passamos em frente à ilha de Quios. No outro dia, atravessamos para a ilha de Samos e, um dia depois, chegamos a Mileto.
16 ပေါလုဟ အာရှမှာ အချိန်မကုန်စေလိုသဖြင့် ဧဖက်မြို့ အနီးမှ ဖြတ်ပင်း ရွက်လွင့်ရန် ဆုံးဖြတ်ထားအယ်။ သူဟ ဖြစ်နိန်ရင် ပင်တေကုတ္တေပွဲတော်အမှီ ယေရုရှလင်မြို့ဟို ရောက်ဖို့ အမြန် ခရီးသွားလျက် ဆိအယ်။
16 Paulo havia decidido não aportar em Éfeso, pois não queria passar mais tempo na província da Ásia. Tinha pressa de chegar a Jerusalém, se possível, para a Festa de Pentecostes.
17 ပေါလုဟ ဧဖက်မြို့ အသင်းတော်လူကြီးများဟ သူနဲ့လာရောက်တွေ့ဆုံဖို့ မိလက်မြို့မှ သတင်းစကားပါး လိုက်အယ်။
17 Por isso, em Mileto, mandou chamar os presbíteros da igreja de Éfeso.
18 သူလို့ ရောက်သောအခါ ပေါလုဟ သူလို့အား “ငါဟ အာရှနယ်ဟို ရောက်လဲ့နေ့မှစပင်း နင်လို့နဲ့အတူ ဆိနေခဲ့လဲ့ အချိန်ကာလ တဆှောက်လုံးတွင် စလို အသက်ဆှင်ခဲ့တာဟို နင်လို့ သိအယ်” ဟု ပြောအယ်။
18 Quando chegaram, ele lhes disse: “Vocês sabem que, desde o dia em que pisei na província da Ásia até agora,
19 ယုဒလူအချို့လို့ရဲ့ မကောင်းကြံစည်များကျောန့် အခက်ခဲ ရောက်ဆိနေချိန်တွင် မျက်ရည်များစွာ ကျလျက် နှိမ့်ချကာ ဘုရားသခင်ရဲ့ အစေခံအဖြစ် အမှုတော်ဟို ငါ ဆောင်ရွက်ခဲ့အယ်။
19 fiz o trabalho do Senhor humildemente e com muitas lágrimas. Suportei as provações decorrentes das intrigas dos judeus
20 နင်လို့သိလဲ့အတိုင်း လူအများဆေ့တွင် လည်းကောင်း၊ နင်လို့ နေအိုင်များတွင် လည်းကောင်း၊ ငါဟောပြော သွန်သင်သောအခါ နင်လို့အား အကျိုးဆိစေမဲ့ စကားများဟို ပစာအခါမှ မချန်ထားခဲ့။
20 e jamais deixei de dizer a vocês o que precisavam ouvir, seja publicamente, seja em seus lares.
21 နောင်တရယွေ့ ဘုရားသခင်ဆေဟို ချဉ်းကပ်ကြစေရန်နဲ့ ငါလို့ သခင် ယေရှုဟို ယုံကြည်ကြစေရန် ငါဟ ယုဒလူများနဲ့ လူမျိုးခြားများအား လေးနက်စွာ သတိပေးခဲ့အယ်။
21 Anunciei uma única mensagem tanto para judeus como para gregos: é necessário que se arrependam, se voltem para Deus e tenham fé em nosso Senhor Jesus.
22 အခုမှာ ငါဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ အမိန့်ဟို နားထောင်ပင်း ယေရုရှလင်မြို့ဟို သွားရမယ်။ အေးမှာ ပစာဖြစ်လိမ့်မယ်ဆိုတာဟို ငါ မသိ။
22 “Agora, impelido pelo Espírito, vou a Jerusalém. Não sei o que me espera ali,
23 သန့်ဆှင်းသော ဝိညာဉ်တော်ဟ တုတ်ချေခြင်းနဲ့ ဆင်းရဲဒုက္ခများဟ မြို့တိုင်းတွင် ငါဟို စောင့်နေကျောန်း သတိပေးတာဟို ငါ သိအယ်။
23 senão que o Espírito Santo me diz, em todas as cidades, que tenho pela frente prisão e sofrimento.
24 အဲလိုလဲ ဘုရားသခင်ရဲ့ကျေးဇူးတော်အကျောန်း သတင်းကောင်းဟို သက်သေခံစေယွေ့၊ သခင် ယေရှုဟ ငါ့ဟို ပေးအပ်ထားသော အမှုတော်လုပ်ငန်း ပီးမြောက်စေနိန်ရန်အတွက်ဆိုရင် ငါဟ မိမိအသက်ဟိုပင် နှမြောခြင်း မဆိ။
24 Mas minha vida não vale coisa alguma para mim, a menos que eu a use para completar minha carreira e a missão que me foi confiada pelo Senhor Jesus: dar testemunho das boas-novas da graça de Deus.
25 “အခုဟ နိုင်ငံတော်အကျောန်းဟို နင်လို့အားလုံး အလယ်နှိုက် လှည့်လည်ဟောပြောခဲ့သော ငါ့ရဲ့မျက်နှာဟို နင်လို့ မျော်ရတော့မှာ မဟုတ်ကျောန်း ငါ သိအယ်။
25 “Agora sei que nenhum de vocês, a quem anunciei o reino, me verá outra vez.
26 အေးကျောန့် နင်လို့အားလုံးရဲ့ ဆုံးရှုံးမှုဟ ငါ့မှာ တာဝန်မဆိဝူးဟု ခုနေ့နှိုက် နင်လို့အား ငါ သက်သေခံအယ်။
26 Por isso, declaro hoje que, se alguém se perder, não será por minha culpa,
27 အကျောန်းမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟို နင်လို့အား အကုန်အစင် ပြောပြခြင်းအမှုဟို ငါဟ မဆှောင်မလွဲဘဲ ပြုခဲ့အယ်။
27 pois não deixei de anunciar tudo que Deus quer que vocês saibam.
28 နင်လို့ဟ မိမိကိုယ်ကိုလည်းကောင်း၊ သိုးများအားလုံးဟို လည်းကောင်း ဂရုစိုက်ကြလော၊ ကိုယ်တော်ရဲ့ အသွေးတော်အားဖြင့် ဝယ်ယူထားသော ဘုရားသခင်ရဲ့ အသင်းတော်ဟို နင်လို့ အုပ်ထိန်းစေရန် အေးသိုးစုဟို ကြီးကြပ်သူအဖြစ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်လို့ဟို ခန့်ထားအယ်။
28 “Portanto, cuidem de si mesmos e do rebanho sobre o qual o Espírito Santo os colocou como bispos, a fim de pastorearem sua igreja, comprada com seu próprio sangue.
29 ငါ ထွက်ခွာသွားလဲ့နောက် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများဟ နင်လို့အထဲဟို ရောက်လာယွေ့ သိုးများဟို မညာဘဲ ပြုမူကြမယ်ဖြစ်ကျောန်းဟို ငါ သိအယ်။
29 Sei que depois de minha partida surgirão em seu meio falsos mestres, lobos ferozes que não pouparão o rebanho.
30 တဘဲ့တော်များဟို သွေးဆောင်ဖို့ ဝါပြောတတ်သော လူလို့ဟ နင်လို့အထဲနှိုက်လည်း ပေါ်လာမယ်။
30 Até mesmo entre vocês se levantarão homens que distorcerão a verdade a fim de conquistar seguidores.
31 သတိနဲ့ နေကြလော၊ အဲပင်းရင် ငါဟ နင်လို့အပေါင်းအား သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ကျလျက် ဆုံးမသွန်သင်ခဲ့တာဟို သတိရကြလော့။
31 Portanto, vigiem! Lembrem-se dos três anos que estive com vocês, de como dia e noite nunca deixei de aconselhar com lágrimas cada um de vocês.
32 “အခု နင်လို့အား ဘုရားသခင်နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ကျေးဇူးတော်နဲ့ဆိုင်သော နှုတ်ကပတ်တော်နှိုက် လည်းကောင်း ငါ အပ်နှံအယ်။ နှုတ်ကပတ်တော်ဟ နင်လို့ဟို တည်ဆောက်မြှင့်တင်လျက် သန့်ဆှင်းစေခြင်း ခံရသောသူ အပေါင်းလို့နဲ့အတူ အမွေဟို ရဆိစေနိန်စွမ်း ဆိအယ်။
32 “E, agora, eu os entrego a Deus e à mensagem de sua graça que pode edificá-los e dar-lhes uma herança junto com todos que ele separou para si.
33 ငါဟ သူတပါးရဲ့ ဆွေ၊ ငွေ၊ အဝတ်အစားများဟို လိုချင်တပ်မက်ခြင်း မဆိ။
33 “Jamais cobicei a prata, o ouro ou as roupas de alguém.
34 ငါဟ ဟေလက်များဖြင့် အလုပ်လုပ်ယွေ့ ငါနဲ့ ငါ့အပေါင်းဖော်များရဲ့ လိုအပ်တာများဟို ဖြည့်ဆည်းခဲ့ကျောန်း နင်လို့တတ်တိုင်း သိကြအယ်။
34 Vocês sabem que estas minhas mãos trabalharam para prover as minhas necessidades e as dos que estavam comigo.
35 အေးလို့ ကြိုးစား လုပ်ဆောင်ယွေ့ အားနည်းသော သူလို့ဟို ကူညီမစသင့်ကျောန်းနဲ့ ‘ပေးကမ်းခြင်းဟ ရယူခြင်းထက် သာယွေ့ မင်္ဂလာဆိအယ်’ ဟု သခင် ယေရှုတတ်တိုင်း မိန့်လဲ့စကားဟို သတိရသင့်ကျောန်း အရာရာနှိုက် နင်လို့အား ငါ ပြသအယ်” ဟု ဆိုအယ်။
35 Fui exemplo constante de como podemos, com trabalho árduo, ajudar os necessitados, lembrando as palavras do Senhor Jesus: ‘Há bênção maior em dar que em receber’”.
36 ပေါလုဟ အဲလို့ဆိုပင်းသောအခါ သူဟ ဒူးထောက်ယွေ့ သူလို့နဲ့အတူ ဆုတောင်းကြအယ်။
36 Quando Paulo terminou de falar, ajoelhou-se e orou com eles.
37 သူလို့ဟ ပေါလုဟို ဖက်ပင်း ငိုကာ သူ့ဟို နမ်းယွေ့ နှုတ်ဆက်ကြအယ်။
37 Todos choraram muito enquanto se despediam dele com abraços e beijos.
38 ပေါလုဟ သူ့ဟို နောက်ဖယ်တော့မှ ပြန်တွေ့တော့မှာ ဟုတ်ဝူးလို့ ပြောခဲ့သောကျောန့် သူလို့ဟ အထူးသဖြင့် ဝမ်းနည်းကြအယ်၊ အေးပင်းနောက် သင်္ဘောဆေဟို သူနဲ့အတူ လိုက်ကြအယ်။
38 O que mais os entristeceu foi ele ter dito que nunca mais o veriam. Então eles o acompanharam até o navio.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.