Atos 14
dnv (DNV) vs ARIB
1 ဣကောနိမြို့တွင် ပေါလုနဲ့ ဗာနဗဟ ယုဒအမျိုးသားလို့ရဲ့ တရားဇရပ်သို့ ဝင်ယွေ့ အဲနည်းအတိုင်း ဟောပြောကြရာ ယုဒအမျိုးသားများနဲ့ လူမျိုးခြား အမြောက်အမြားဟ ယုံကြည်ကြအယ်။
1 Em Icônio entraram juntos na sinagoga dos judeus e falaram de tal modo que creu uma grande multidão tanto de judeus como de gregos.
2 အဲလိုလဲ မယုံကြည်ကြလဲ့ ယုဒအမျိုးသားလို့ဟ လူမျိုးခြားလို့ဟို သွေးထိုးလှုံ့ဆော်ယွေ့ ညီအကိုလို့အပေါ် မနာလိုစိတ် ဆိကြအယ်။
2 Mas os judeus incrédulos excitaram e irritaram os ânimos dos gentios contra os irmãos.
3 တမန်တော်လို့ဟ အဲအရပ်တွင် ကြာမြင့်စွာ နေထိန်လျက် ဘုရားသခင်ရဲ့ အကျောန်းဟို ရဲရင့်စွာ ဟောပြောကြအယ်။ ကိုယ်တော်ဟ အေးသူလို့ ဟောပြောလဲ့ ကျေးဇူးတော်ဆိုင်ရာ တရားမန်ကန်ကျောန်း သက်သေပြရန် သူလို့အား အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများ ပြနိန်သောတန်ခိုးဟို ပေးအယ်။
3 Eles, entretanto, se demoraram ali por muito tempo, falando ousadamente acerca do Senhor, o qual dava testemunho à palavra da sua graça, concedendo que por suas mãos se fizessem sinais e prodígios.
4 မြို့သူမြို့သားလို့ဟ နေစု ကွဲပြားကြအယ်၊ တချို့ဟ ယုဒအမျိုးသားလို့ဖက်ဟို ပါသွားယွေ့ အခြားတစုဟ တမန်တော်လို့ဖက်ဟို ပါသွားကြအယ်။
4 E se dividiu o povo da cidade; uns eram pelos judeus, e outros pelos apóstolos.
5 ယုဒအမျိုးသားနဲ့ လူမျိုးခြားအချို့လို့ဟ တမန်တော်လို့ဟို ညှဉ်းဆဲရန်နဲ့ ခဲဖြင့် ပေါက်ရန် မိမိလို့ ခေါင်းဆောင်များနဲ့အတူ ကြံစည် အားထုတ်ကြအယ်။
5 E, havendo um motim tanto dos gentios como dos judeus, juntamente com as suas autoridades, para os ultrajarem e apedrejarem,
6 အဲအကျောန်းဟို တမန်တော်လို့ဟ ကြားသိကြသောအခါ လုကောနိပြေဆိ လုတ္တရမြို့၊ ဒေရဗေမြို့ အနီးဆိဒေသဟို ထွက်ပြေးယွေ့၊
6 eles, sabendo-o, fugiram para Listra e Derbe, cidades da Licaônia, e a região circunvizinha;
7 အဲအရပ်နှိုက် သတင်းကောင်းဟို ဟောပြောကြအယ်။
7 e ali pregavam o evangelho.
8 လုတ္တရမြို့တွင် မွေးစကပင် ခြေမသန်စွမ်းဖြစ်ခဲ့သူ၊ ဖယ်ခါကမှ လမ်းမဆှောက်နိန်ခဲ့သူ လူတယောက် ဆိအယ်။
8 Em Listra estava sentado um homem aleijado dos pés, coxo de nascença e que nunca tinha andado.
9 သူဟ ပေါလု ဟောပြောတာဟို ထိန်ယွေ့ နားထောင်လျက် နေအယ်။ ပေါလုဟ သူ့အား စေ့စေ့ကျေ့ယွေ့ ရောဂါပျောက်ကင်း စေနိန်လောက်အောန် သူ့မှာ ယုံကြည်ခြင်း ဆိကျောန်း မျော်ရင်၊
9 Este ouvia falar Paulo, que, fitando nele os olhos e vendo que tinha fé para ser curado,
10 “ထယွေ့ နင့်ခြေထောက်ဖြင့် မတ်တတ်ရပ်လော့” ဟု အေးသူအား အသံကျယ်ရီးနဲ့ ပြောအယ်။ အဲပင်းရင် သူဟ ထခုန်ပင်း စတင် လမ်းဆှောက်အယ်။
10 disse em alta voz: Levanta-te direito sobre os teus pés. E ele saltou, e andava.
11 လူအုပ်လို့ဟ ပေါလု ပြုသောအမှုအရာဟို မျော်သောအခါ၊ သူလို့ဟ စတင်ပင်း “နတ်ဘုရားလို့ဟ လူ့အသွင်ဟို ဆောင်ယွေ့ ငါလို့ဆေဟို သက်ဆင်းလာလေပီ” ဟု မိမိလို့ လုကောနိ ဘာသာစကားဖြင့် ကြွေးကြော်ကြအယ်။
11 As multidões, vendo o que Paulo fizera, levantaram a voz, dizendo em língua licaônica: Fizeram-se os deuses semelhantes aos homens e desceram até nós.
12 သူလို့ဟ ဗာနဗအား ဇုသဟု ခေါ်ယွေ့၊ ပေါလုဟ ခေါင်းဆောင် ဟောပြောသူဖြစ်သောကျောန့် သူ့ဟို ဟေရမေဟု ခေါ်ကြအယ်။
12 A Barnabé chamavam Júpiter e a Paulo, Mercúrio, porque era ele o que dirigia a palavra.
13 ဇုသနတ်ဘုရားရဲ့ ဗိမာန်ဟ မြို့ပြင်တွင် ဆိရာ အဲနတ်ဘုရားရဲ့ ယဇ်ပုရောဟိတ်ဟ နွားထီးများနဲ့ ပန်းကုံးများဟို မြို့ထင်ခါးဝသို့ ယူဆောင်လာပင်း၊ သူနဲ့တကွ လူပရိသတ်လို့ဟ တမန်တော်လို့အား ယဇ်ပူဇော်ပသချင်ကြအယ်။
13 O sacerdote de Júpiter, cujo templo estava em frente da cidade, trouxe para as portas touros e grinaldas e, juntamente com as multidões, queria oferecer-lhes sacrifícios.
14 အဲလိုလဲ ပူဇော်ကြမဲ့အကျောန်းဟို တမန်တော် ဗာနဗနဲ့ ပေါလုလို့ ကြားကြသောအခါ မိမိလို့ရဲ့ အဝတ်များဟို ဆုတ်ဖြဲယွေ့ လူပရိတ်သတ်လို့ အလယ်ဟို ပြေးသွားပင်း၊
14 Quando, porém, os apóstolos Barnabé e Paulo ouviram isto, rasgaram as suas vestes e saltaram para o meio da multidão, clamando
15 “မိတ်ဆွေလို့၊ နင်လို့ဟ ပစာကျောန့် ဟေလိုလုပ်ကြလုန်း။ ငါလို့ဟလည်း နင်လို့လိုမျိုးပင် သာမန်လူများသာ ဖြစ်ကြပင်း၊ နင်လို့ဟ ဟေလို အကျိုးမဆိလဲ့ အမှုအရာများဟို စွန့်ပစ်ယွေ့ မိုးခေါန်းခင်၊ မြေကြီးဟို လည်းကောင်း ပင်လယ်နဲ့ အရာခပ်သိမ်းတွင် ဆိလေသမျှသောအရာလို့ဟို လည်းကောင်း ဖန်ဆင်းသော အသက်ဆှင်သော ဘုရားသခင်ဆေ ပြောင်းလဲကြရန် နင်လို့အား သတင်းကောင်းဟို ဟောပြောနေသူများ ဖြစ်ကြအယ်။
15 e dizendo: Senhores, por que fazeis estas coisas? Nós também somos homens, de natureza semelhante à vossa, e vos anunciamos o evangelho para que destas práticas vãs vos convertais ao Deus vivo, que fez o céu, a terra, o mar, e tudo quanto há neles;
16 လွန်ခဲ့သောခေတ်ကာလများဟ ကိုယ်တော်ဟ လူမျိုးတကာလို့အား မိမိလို့ လမ်းစဉ်အတိုင်း ဆှောက်လှမ်းကြရန် အခွင့်ဟို ပေးခဲ့အယ်။
16 o qual nos tempos passados permitiu que todas as nações andassem nos seus próprios caminhos.
17 အဲလိုလဲ သူပြုသော ကောင်းသောအမှုအားဖြင့် ကိုယ်တော် တည်ဆိကျောန်း သက်သေဟို အမြဲ ပြခဲ့အယ်။ ကိုယ်တော်ဟ ခေါန်းခင်မှ မိုးဟို ရွာစေပင်း အချိန်တန်ရင် သီးနှံများဟို ဖြစ်ထွန်းစေကာ၊ အစားအစာ ပေးယွေ့ ရွှင်လန်းဝမ်းမြောက်ခြင်းလို့ဖြင့် နင်လို့ စိတ်နေလုံးဟို ပြေ့စေအယ်” ဟု ကြွေးကြော်အယ်။
17 Contudo não deixou de dar testemunho de si mesmo, fazendo o bem, dando-vos chuvas do céu e estações frutíferas, enchendo-vos de mantimento, e de alegria os vossos corações.
18 သူလို့ဟ အေးလို့ပြောဆိုလျက် မိမိလို့အား ပူဇော်ခြင်း မပြုကြရန် လူအုပ်များဟို ခဲယဉ်းစွာ တားရအယ်။
18 E dizendo isto, com dificuldade impediram as multidões de lhes oferecerem sacrifícios.
19 အဲအခါ အန္တိအုတ်မြို့နဲ့ ဣကောနိမြို့လို့မှ ယုဒအမျိုးသား အချို့လို့ဟ ရောက်လာကြပင်း လူအုပ်လို့ဟို မိမိလို့ဖက်သို့ပါအောန် စည်းရုံးကာ ပေါလုဟို ကျောက်ခဲနဲ့ နှက်ယွေ့ သေပီဟု ထင်သဖြင့် မြို့ပြင်ဟို ဆွဲထုတ်သွားကြအယ်။
19 Sobrevieram, porém, judeus de Antioquia e de Icônio e, havendo persuadido as multidões, apedrejaram a Paulo, e arrastaram-no para fora da cidade, cuidando que estava morto.
20 အဲလိုလဲ မိမိရဲ့ပတ်လည်တွင် တဘဲ့တော်လို့ ဝိုင်းလျက် နေကြသောအခါ၊ ပေါလုဟ ထယွေ့ မြို့ထဲဟို ဝင်လေအယ်။ နောက်တနေ့မှာ သူနဲ့ ဗာနဗဟ ဒေရဗေမြို့ဟို သွားကြအယ်။
20 Mas quando os discípulos o rodearam, ele se levantou e entrou na cidade. No dia seguinte partiu com Barnabé para Derbe.
21 ပေါလုနဲ့ ဗာနဗလို့ဟ ဒေရဗေမြို့တွင် သတင်းကောင်းဟို ဟောပြောသဖြင့် ရမ်းဆာ့သော လူလို့ဟို တဘဲ့တော် ဖြစ်လာကြအယ်။ အဲပင်းရင် လုတ္တရမြို့၊ ဣကောနိမြို့နဲ့ ပိသိဒိပြေ အန္တိအုတ်မြို့ဟို ပြန်သွားကြအယ်။
21 E, tendo anunciado o evangelho naquela cidade e feito muitos discípulos, voltaram para Listra, Icônio e Antioquia,
22 တဘဲ့တော်လို့ရဲ့ စိတ်နေလုံးဟို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်းနှိုက် ဆက်ယွေ့ တည်နေကြရန် ခွန်အားပေးကြအယ်။ သူလို့ဟ “ငါလို့သည် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ရမ်းဆာ့ ဆင်းရဲဒုက္ခများ ဖြတ်သန်းရမယ်” ဟု ဆိုအယ်။
22 confirmando as almas dos discípulos, exortando-os a perseverarem na fé, dizendo que por muitas tribulações nos é necessário entrar no reino de Deus.
23 သူလို့ဟ အသင်းတော်တိုင်းတွင် အကြီးအကဲလို့ဟို ခန့်ထားယွေ့၊ အစာဆှောင်လျက် ဆုတောင်းပင်း သူလို့ ယုံကြည်သော သခင်ဘုရားဆေ သူလို့ဟို အပ်နှံကြအယ်။
23 E, havendo-lhes feito eleger anciãos em cada igreja e orado com jejuns, os encomendaram ao Senhor em quem haviam crido.
24 အဲပင်းရင် ပိသိဒိပြေ တပြေလုံးဟို ဆှောက်သွားယွေ့ ပမ်ဖုလိပြေဟို ရောက်ကြအယ်။
24 Atravessando então a Pisídia, chegaram à Panfília.
25 သူလို့ဟ ပေရဂေမြို့တွင် တရားတော်ဟို ဟောပြောကြပင်းနောက် အတ္တလိမြို့သို့ သွားပင်း၊
25 E, tendo anunciado a palavra em Perge, desceram a Atália.
26 အဲမြို့မှတဆင့် ရွက်လွင့်ကာ အခု မိမိလို့ ဆောင်ရွက်ပီးစီးသွားလဲ့ အမှုတော်အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်နှိုက် အပ်နှံခြင်း ခံခဲ့ရာ အန္တိအုတ်မြို့ဟို ပြန်သွားကြအယ်။
26 E dali navegaram para Antioquia, donde tinham sido encomendados à graça de Deus para a obra que acabavam de cumprir.
27 အန္တိအုတ်မြို့ဟို ရောက်သောအခါ သူလို့ဟ အသင်းတော်ဝင်လို့ဟို စုရုံးစေလျက် မိမိလို့အားဖြင့် ဘုရားသခင် ပြုခဲ့သမျှသော အမှုအရာလို့ဟို လည်းကောင်း၊ ယုံကြည်ခြင်း ထင်ခါးဟို တပါးအမျိုးသားလို့အတွက် ဖွင့်ကျောန်းဟို လည်းကောင်း ပြောကြားကြအယ်။
27 Quando chegaram e reuniram a igreja, relataram tudo quanto Deus fizera por meio deles, e como abrira aos gentios a porta da fé.
28 အဲပင်းရင် သူလို့ဟ တဘဲ့တော်လို့နဲ့အတူ ကြာမြင့်စွာ နေကြအယ်။
28 E ficaram ali não pouco tempo, com os discípulos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.