Apocalipse 6

dnv (DNV) vs NVI

Sair da comparação
NVI Nova Versão Internacional
1 အဲပင်းရင် သိုးသငယ်ဟ တံဆိပ် ခုနေခုထဲမှ တခုဟို ဖွင့်သောအခါ ငါကျေ့ရင် သတ္တဝါလေးပါးလို့ထဲမှ တပါးဟ မိုးချုန်းသံလို အသံဖြင့် “လာလော့” ဟု ဆိုတာဟို ငါ ကြားရအယ်။
1 Observei quando o Cordeiro abriu o primeiro dos sete selos. Então ouvi um dos seres viventes dizer com voz de trovão: "Venha! "
2 အဲအခါ ငါကျေ့လိုက်ရာ မြင်းဖြူတကောင် ဆိယွေ့ အဲမြင်းပေါ်တွင် စီးသောသူနှိုက် လေးတလက် ပါအယ်။ သူဟ သရဖူတခုဟို ရဆိပင်း အောန်မြင်ခြင်း အပေါ်နှိုက် ဆက်ယွေ့ အောန်မြင်ရန် ထွက်ခွာသွားအယ်။
2 Olhei, e diante de mim estava um cavalo branco! Seu cavaleiro empunhava um arco, e foi-lhe dada uma coroa; ele cavalgava como vencedor determinado a vencer.
3 အဲပင်းရင် သိုးသငယ်ဟ ဒုတိယ တံဆိပ်ဟို ဖွင့်သောအခါ ဒုတိယ သတ္တဝါဟ “လာလော့” ဟု ဆိုတာဟို ငါကြားရအယ်။
3 Quando o Cordeiro abriu o segundo selo, ouvi o segundo ser vivente dizer: "Venha! "
4 အဲအခါ နီရဲသော အခြား မြင်းတကောင် ထွက်လာအယ်။ အဲမြင်းပေါ်တွင် စီးသောသူဟ လူလို့အား အချင်းချင်း သတ်ဖြတ်ကြစေရန် မြေကြီးပေါ်မှ ငြိမ်းချမ်းမှုဟို ရုပ်သိမ်းရသော အခွင့်ဟို ရဆိအယ်။ ထားကြီးတလက်ဟိုလည်း သူ့အား ပေးလေအယ်။
4 Então saiu outro cavalo; e este era vermelho. Seu cavaleiro recebeu poder para tirar a paz da terra e fazer que os homens se matassem uns aos outros. E lhe foi dada uma grande espada.
5 သိုးသငယ်ဟ တတိယ တံဆိပ်ဟို ဖွင့်သောအခါ တတိယသတ္တဝါဟ “လာလော့” ဟု ဆိုတာဟို ငါကြားရအယ်။ အဲအခါ ငါကျေ့လိုက်ရာ မြင်းနက်တကောင် ဆိယွေ့ အဲမြင်းပေါ်တွင် စီးသောသူဟ မိမိလက်နှိုက် ချိန်ခွင်ဟို ကိုင်ထားအယ်။
5 Quando o Cordeiro abriu o terceiro selo, ouvi o terceiro ser vivente dizer: "Venha! " Olhei, e diante de mim estava um cavalo preto. Seu cavaleiro tinha na mão uma balança.
6 အဲပင်းရင် သတ္တဝါလေးပါးလို့ အလယ်မှ ထွက်ပေါ်လာသော စကားသံနဲ့တူလဲ့ အသံဟ “ဂျုံဆန်တမုတ်ဟို ဒေနာရိတပြား၊ မုယောဆန် သုံးမုတ်ဟိုလည်း ဒေနာရိတပြား ဖြစ်အယ်။ အဲလိုလဲ ဆီနဲ့ စပျစ်ဝိုင်ဟို မပျက်စေနဲ့” ဟု ဆိုတာဟို ငါ ကြားရအယ်။
6 Então ouvi o que parecia uma voz entre os quatro seres viventes, dizendo: "Um quilo de trigo por um denário, e três quilos de cevada por um denário, e não danifique o azeite e o vinho! "
7 သိုးသငယ်ဟ စတုတ္ထ တံဆိပ်ဟ ဖွင့်သောအခါ စတုတ္ထ သတ္တဝါဟ “လာလော့” ဟု ဆိုတာဟို ငါ ကြားရအယ်။
7 Quando o Cordeiro abriu o quarto selo, ouvi a voz do quarto ser vivente dizer: "Venha! "
8 အဲအခါ ငါကျေ့လိုက်ရာ မြင်းမွဲတကောင် ဆိယွေ့ အဲမြင်းပေါ်တွင် စီးသောသူဟ သေခြင်းဟု နာမယ်တွင်အယ်။ သူရဲ့ နောက်မှ မရဏာနိုင်ငံဟ လိုက်လာအယ်။ သူလို့ဟ ထားဘေး၊ ငတ်မွတ်ခြင်းဘေး၊ သေဘေး၊ မြေကြီးပေါ်ဆိ သားရဲ တိရစ္ဆာန်ဘေး၊ လူလို့ဟို သတ်ဖြတ်ရန် မြေကြီးရဲ့ လေးပုံတပုံအပေါ် အခွင့်အာဏာဟို ရကြအယ်။
8 Olhei, e diante de mim estava um cavalo amarelo. Seu cavaleiro chamava-se Morte, e o Hades o seguia de perto. Foi-lhes dado poder sobre um quarto da terra para matar pela espada, pela fome, por pragas e por meio dos animais selvagens da terra.
9 သိုးသငယ်ဟ ပဉ္စမ တံဆိပ်ဟို ဖွင့်သောအခါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျောန့် လည်းကောင်း၊ သစ္စာဆိလဲ့ သက်သေခံချက်ကျောန့် လည်းကောင်း၊ အသေသတ်ခြင်း ခံရသော သူလို့ရဲ့ ဝိညာဉ်များဟို ယဇ်ပလ္လင်အောက်တွင် ငါမျော်ရအယ်။
9 Quando ele abriu o quinto selo, vi debaixo do altar as almas daqueles que haviam sido mortos por causa da palavra de Deus e do testemunho que deram.
10 အဲသူလို့ဟ “သန့်ဆှင်းယွေ့ ဖြောင့်မန်သော အနန္တတန်ခိုးဆှင်၊ ငါလို့ရဲ့ အသွေးအတွက် မြေကြီးပေါ်မှာ နေထိန်လဲ့သူလို့ဟို တရားမစီရင်၊ လက်တုံ့လည်း မပြန်ဘဲ စလောက်ကြာအောန် နေတာလုန်း” ဟု အသံကျယ်ရီးနဲ့ ကြွေးကြော်အယ်။
10 Eles clamavam em alta voz: "Até quando, ó Soberano santo e verdadeiro, esperarás para julgar os habitantes da terra e vingar o nosso sangue? "
11 အဲအခါ သူလို့တဦးစီအား ဖြူသောဝတ်လုံဟို ပေးပင်းရင် သူလို့တိုင်းတိုင်း အသေသတ်ခြင်း ခံရရန် ဆိလဲ့ သူလို့ရဲ့ လုပ်ဖော်ဆောင်ဖက် ညီအကိုလို့ရဲ့ အရေတွက် ပြေ့စုံလဲ့တိုင်အောန် နောက်ထပ် ခဏ အနားယူကြရန် သူလို့အား မိန့်အယ်။
11 Então cada um deles recebeu uma veste branca, e foi-lhes dito que esperassem um pouco mais, até que se completasse o número dos seus conservos e irmãos, que deveriam ser mortos como eles.
12 သိုးသငယ်ဟ ဆဋ္ဌမ တံဆိပ်ဟို ဖွင့်သောအခါ ငါကျေ့လိုက်ရာ ငလျင်ပြင်းထန်စွာ လှုပ်သဖြင့် နေဟ ဆိတ်မွေးနဲ့ လုပ်သော အဝတ်ကြမ်းလို မည်းအယ်။ လတခုလုံးဟ အသွေးလို ဖြစ်အယ်။
12 Observei quando ele abriu o sexto selo. Houve um grande terremoto. O sol ficou escuro como tecido de crina negra, toda a lua tornou-se vermelha como sangue,
13 ခေါန်းခင်မှ ကြယ်များဟ လေပြင်းတိုက်ခိုက်သောအခါ သင်္ဘောသဖန်းပင်မှ အသီးကြွေသလို ခေါန်းခင်ကြယ်လို့ဟ မြေပေါ်ဟို ကျကြအယ်။
13 e as estrelas do céu caíram sobre a terra como figos verdes caem da figueira quando sacudidos por um vento forte.
14 ခေါန်းခင်ဟလည်း စာလိပ်ဟို လိပ်သလို လွင့်သွားယွေ့ တောင်နဲ့ ကျွန်းဆိသမျှလို့ဟ မိမိလို့ နေရာမှ တောသွားကြအယ်။
14 O céu foi se recolhendo como se enrola um pergaminho, e todas as montanhas e ilhas foram removidas de seus lugares.
15 လောကီဘုရင်များ၊ မှူးမတ်များ၊ စစ်သူကြီးများ၊ ချမ်းသာသောသူများ၊ ခွန်အားကြီးသောသူများမှ စယွေ့ ကျွန်နဲ့ လွတ်လပ်သူဆိသမျှလို့ဟ လိုဏ်ဂူလို့နှိုက် လည်းကောင်း၊ တောင်ပေါ်ဆိ ကျောက်ဆောင်လို့ကြားနှိုက် လည်းကောင်း ပုန်းအောင်း နေကြအယ်။
15 Então os reis da terra, os príncipes, os generais, os ricos, os poderosos — todos os homens, quer escravos, quer livres, esconderam-se em cavernas e entre as rochas das montanhas.
16 အဲသူလို့ဟ တောင်များနဲ့ ကျောက်ဆောင်များအား “ငါလို့အပေါ်ဟို ပြိုကျလျက် ပလ္လင်ပေါ်တွင် ထိန်သောသူရဲ့ မျက်နှာတော်နဲ့ သိုးသငယ်တော်ရဲ့ အမျက်တော်မှ ငါလို့ဟို ဖုံးကွယ်ကြမန့်။
16 Eles gritavam às montanhas e às rochas: "Caiam sobre nós e escondam-nos da face daquele que está assentado no trono e da ira do Cordeiro!
17 အဲသူလို့ရဲ့ အမျက်တော်သင့်မဲ့ နေ့ရက်ကာလ ကျရောက်လေပီ။ အဲအမျက်တော်ဟို စသူဟ ခံနိန်လုန်း” ဟု ဆိုကြအယ်။
17 Pois chegou o grande dia da ira deles; e quem poderá suportar? "

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.