Apocalipse 21

dnv (DNV) vs BKJ

Sair da comparação
1 အဲပင်းရင် ခေါန်းခင်သစ်နဲ့ မြေကြီးသစ်ဟို ငါ မျော်ရအယ်။ အကျောန်းမှာ ပထမ ခေါန်းခင်နဲ့ ပထမ မြေကြီးဟ ပျောက်ကွယ်သွားယွေ့ ပင်လယ်ဟလည်း မဆိ။
1 E eu vi um novo céu, e uma nova terra; porque o primeiro céu e a primeira terra haviam passado, e não havia mais mar.
2 တဖန် သန့်ဆှင်းသော ယေရုရှလင်မြို့သစ်ဟ သတို့သားအတွက် ဆင်မြန်းထားလဲ့ သတို့သမီးလို ပြင်ဆင်လျက် ဘုရားသခင်ဆေ ခေါန်းခင်မှ ဆင်းသက်လာတာဟို ငါ မျော်ရအယ်။
2 E eu, João, vi a santa cidade, a nova Jerusalém, descendo do céu, da parte de Deus, preparada como uma noiva adornada para o seu marido.
3 အဲပင်းရင် ပလ္လင်တော်မှ အသံအကျယ်ရီးဖြင့် “ကျေ့လော့၊ ဘုရားသခင်ရဲ့ တဲတော်ဟ လူလို့တွင် ဆိယွေ့ ကိုယ်တော်ဟ သူလို့နဲ့အတူ ကျိန်းဝပ်လိမ့်မယ်။ သူလို့ဟလည်း ကိုယ်တော်ရဲ့ လူမျိုးတော် ဖြစ်ကြပင်း ဘုရားသခင်တတ်တိုင်း သူလို့နဲ့အတူ ဆိယွေ့ သူလို့ရဲ့ ဘုရားသခင် ဖြစ်ကြလိမ့်မယ်။
3 E eu ouvi uma grande voz do céu, dizendo: Eis que o tabernáculo de Deus está com os homens, e ele habitará com eles, e eles serão o seu povo, e o próprio Deus estará com eles, e será o seu Deus.
4 ကိုယ်တော်ဟ သူလို့ရဲ့ မျက်စေ့မှ မျက်ရည်ဆိသမျှလို့ဟို သုတ်ပေးလိမ့်မယ်။ သေခြင်းဟ ဆိတော့မှာ မဟုတ်၊ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ် ငိုကခြင်းနဲ့ နာကျင်ခြင်း ဝေဒနာလို့ဟလည်း ဆိတော့မှာ မဟုတ်၊ အကျောန်းမှာ မခင် ဖြစ်ခဲ့လဲ့အရာလို့ဟ ပျောက်ကွယ်သွားကြပီ” ဟု ဆိုတာဟို ငါ ကြားရအယ်။
4 E Deus enxugará todas as lágrimas de seus olhos; e não haverá mais morte, nem tristeza, nem choro, nem haverá mais dor; porque as coisas antigas são passadas.
5 ပလ္လင်ပေါ်တွင် ထိန်နေသောသူဟလည်း “ကျေ့လော့၊ ငါဟ အရာခပ်သိမ်းလို့ဟို အသစ် ဖြစ်စေအယ်” ဟု မိန့်ပင်း “ရေးထားလော့။ ဟေစကားလို့ဟ သစ္စာစကား၊ မန်ကန်သောစကား ဖြစ်ကြအယ်” ဟု မိန့်အယ်။
5 E aquele que está assentado sobre o trono disse: Eis que eu faço novas todas as coisas. E ele disse-me: Escreve; porque estas palavras são verdadeiras e fiéis.
6 တဖန် ကိုယ်တော်ဟ “အမှုပီးပီ။ ငါဟ အာလာဖနဲ့ ဩမေဃ ဖြစ်အယ်။ အစနဲ့ အဆုံး ဖြစ်အယ်။ ယေငတ်သောသူအား အသက်စမ်းယေဟို အလကားကား ငါပေးမယ်။
6 E ele disse-me: Está feito. Eu sou o Alfa e o Ômega, o princípio e o fim. Àquele que estiver sedento eu darei gratuitamente da fonte da água da vida.
7 အောန်မြင်သောသူဟ ဟေအရာလို့ဟို အမွေဆက်ခံရလိမ့်မယ်။ ငါဟ သူရဲ့ ဘုရားသခင် ဖြစ်မယ်၊ သူဟလည်း ငါရဲ့ လူပဲ့သငယ် ဖြစ်လိမ့်မယ်။
7 Aquele que vencer, herdará todas as coisas; e eu serei seu Deus, e ele será meu filho.
8 အဲလိုလဲ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဆှာဖွယ်သောသူ၊ လူ့အသက်ဟို သတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲနှိုက် မိမိလို့ အဖို့ဟို ရကြလိမ့်မယ်။ ဟေဟာဟ ဒုတိယ သေခြင်း ဖြစ်အယ်” ဟု မိန့်အယ်။
8 Mas os medrosos, e incrédulos, e os abomináveis, e assassinos, e devassos, e feiticeiros, e idólatras e todos os mentirosos, terão sua parte no lago que arde com fogo e enxofre; que é a segunda morte.
9 အဲပင်းရင် နောက်ဆုံးသော ဘေးဒဏ် ခုနေပါးနဲ့ ပြေ့နေသော ဖလား ခုနေလုံးဟို ကိုင်ဆောင်လဲ့ ခေါန်းခင်တမန် ခုနေပါးထဲမှ တပါးဟ လာယွေ့ ငါနဲ့ စကားပြောလျက် “လာမန့်၊ သိုးသငယ်ရဲ့ ပေါင်အိုမဖြစ်သော သတို့သမီးဟို နင့်အား ငါ ပြမယ်” ဟု ဆိုအယ်။
9 E veio a mim um dos sete anjos que tinham as sete taças cheias das sete últimas pragas, e falou comigo, dizendo: Vem aqui, mostrar-te-ei a noiva, a esposa do Cordeiro.
10 ခေါန်းခင်တမန်ဟ ကြီးမားယွေ့ မြင့်လသော တောင်ပေါ်ဟို ဝိညာဉ်တော်အားဖြင့် ငါ့ဟို ခေါ်ဆောင်သွားကာ ဘုရားသခင်ဆေ ခေါန်းခင်ထက်မှ ဆင်းသက်လာလဲ့ သန့်ဆှင်းသော ယေရုရှလင်မြို့ဟို ငါ့အား ပြလေအယ်။
10 E levou-me em espírito a uma grande e alta montanha, e mostrou-me aquela grande cidade, a santa Jerusalém, descendo do céu, da parte de Deus,
11 အဲမြို့ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ ပြေ့စုံယွေ့ အေးအရောင်ဟ ကျောက်မျက်ရတနာနဲ့ တူပင်း ကျောက်သလင်းသဖွယ် ကြည်လင်သော နဂါးသွဲ့ကျောက်လိုမျိုး ဖြစ်အယ်။
11 tendo a glória de Deus; e a sua luz era semelhante à mais preciosa pedra, semelhante à pedra de jaspe, clara como o cristal;
12 အဲမြို့တွင် ကြီးမားယွေ့ မြင့်လသော မြို့ရိုး ဆိလျက် ထင်ခါး တဆယ့်နေပေါက် ဆိအယ်။ ထင်ခါးများတွင် ခေါန်းခင်တမန် တဆယ့်နေပါး ဆိယွေ့ အဲထင်ခါးများပေါ်နှိုက် ဣသရေလအမျိုး တဆယ့်နေမျိုးလို့ရဲ့ အမယ်နာမများဟို ရေးထိုးထားအယ်။
12 e tinha um muro grande e alto, e tinha doze portões, e nos portões doze anjos, e nomes inscritos sobre eles, que são os nomes das doze tribos dos filhos de Israel;
13 အဆေ့ဘက်တွင် ထင်ခါး သုံးပေါက်၊ မြောက်ဘက်တွင် ထင်ခါး သုံးပေါက်၊ တောင်ဘက်တွင် ထင်ခါး သုံးပေါက်၊ အနောက်ဘက်တွင် ထင်ခါး သုံးပေါက် ဆိအယ်။
13 ao leste, três portões; ao norte, três portões; ao sul, três portões; ao oeste, três portões.
14 မြို့ရိုးတွင် အုတ်မြစ် တဆယ့်နေခု ဆိယွေ့ အေးအပေါ်နှိုက် သိုးသငယ်ရဲ့ တမန်တော် တဆယ့်နေပါးလို့ရဲ့ နာမယ် တဆယ့်နေခုဟို ရေးထားအယ်။
14 E o muro da cidade tinha doze fundamentos, e neles os nomes dos doze apóstolos do Cordeiro.
15 ငါနဲ့ စကားပြောသော ခေါန်းခင်တမန်နှိုက် အဲမြို့ဟို လည်းကောင်း၊ မြို့ထင်ခါးနဲ့ မြို့ရိုးလို့ဟို လည်းကောင်း တိုင်းရန် တိုင်းစရာ ဆွေကျူရိုး ဆိအယ်။
15 E aquele que falava comigo tinha uma cana de ouro para medir a cidade, e os seus portões, e o seu muro.
16 အဲမြို့ဟ စတုရန်းပုံ ဆိယွေ့ အေးရဲ့ အလျားနဲ့ အနံ့ဟ တူညီအယ်။ ခေါန်းခင်တမန်ဟ ဆွေကျူရိုးဖြင့် မြို့ဟို တိုင်းလေရာ မိုင်ပေါင်း ၁,၃၈၀ ခန့် ဆိယွေ့ အေးရဲ့ အလျား၊ အနံ့၊ အမြင့်လို့ဟ တူညီကြအယ်။
16 E a cidade está em um quadrado; e o seu comprimento é tão grande quanto a largura. E ele mediu a cidade com a cana até doze mil estádios. Seu comprimento, largura e altura são iguais.
17 အဲပင်းရင် မြို့ရိုးဟို တိုင်းလေရာ ခေါန်းခင်တမန် အသုံးပြုလဲ့ လူလို့ရဲ့ အတိုင်းအတာအရ အမြင့် ၂၁၆ ပေ ဆိအယ်။
17 E ele mediu o seu muro, de cento e quarenta e quatro côvados, de acordo com a medida de um homem, isto é, de um anjo.
18 အဲမြို့ရိုးဟို နဂါးသွဲ့ကျောက်ဖြင့် တည်ဆောက်ထားယွေ့ မြို့ဟ ကြည်လင်သော ဖန်သားနဲ့တူလဲ့ ဆွေစင် ဖြစ်အယ်။
18 E a construção do seu muro era de jaspe, e a cidade era ouro puro, semelhante ao vidro límpido.
19 မြို့ရိုးရဲ့ အုတ်မြစ်လို့ဟို ကျောက်မျက်ရတနာ အမျိုးမျိုးဖြင့် တန်ဆာဆင်ထားအယ်။ ပထမ အုတ်မြစ်မှာ နဂါးသွဲ့၊ ဒုတိယမှာ နီလာ၊ တတိယမှာ မဟူရာ၊ စတုတ္ထမှာ မြ၊
19 E os fundamentos do muro da cidade estavam decorados de todo tipo de pedras preciosas. O primeiro fundamento era jaspe; o segundo, safira; o terceiro, calcedônia; o quarto, esmeralda;
20 ပဉ္စမမှာ ကြောင်၊ ဆဋ္ဌမမှာ ပတ္တမြား၊ သတ္တမမှာ ခရုသုလိတ်၊ အဋ္ဌမမှာ မျက်ရွဲ၊ နဝမမှာ ဥဿဖရား၊ ဒသမမှာ မဟူရာစိမ်း၊ ဧကဒသမမှာ နီလာသွေး၊ ဒွါဒသမမှာ နီလာခရမ်း ဖြစ်အယ်။
20 o quinto, sardônica; o sexto, sárdio; o sétimo, crisólito; o oitavo, berilo; o nono, topázio; o décimo, crisópraso; o undécimo, jacinto; o duodécimo, ametista.
21 မြို့ထင်ခါး တဆယ့်နေပေါက်လို့ဟ ပုလဲတဆယ့်နေလုံး ဖြစ်ကြပင်း ထင်ခါးပေါက် တလုံးစီဖြင့် ပြုလုပ်ထားအယ်။ မြို့ရဲ့ လမ်းမဟလည်း ကြည်လင်သော ဖန်လို ဆွေစင် ဖြစ်အယ်။
21 E os doze portões eram doze pérolas; cada respectivo portão era de uma pérola; e a rua da cidade era de ouro puro, como se fosse vidro transparente.
22 အဲမြို့နှိုက် ဗိမာန်တော်ဟို ငါ မမျော်ရ။ အကျောန်းမှာ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ထာဝရအဆှင် ဘုရားသခင်နဲ့ သိုးသငယ်ဟ အဲမြို့ရဲ့ ဗိမာန်တော် ဖြစ်အယ်။
22 E eu não vi nela templo, porque o Senhor Deus Todo-Poderoso e o Cordeiro são o templo dela.
23 ဘုရားသခင်ရဲ့ ဘုန်းအသရေတော်ဟ အဲမြို့ဟို ထွန်းလင်းစေရန် သိုးသငယ်ဟ အဲမြို့ရဲ့ မီးဖူး ဖြစ်သောကျောန့် အဲမြို့ဟို ထွန်းလင်းစေရန် နေနဲ့ လလို့ဟို မလိုအပ်။
23 E a cidade não tem necessidade de sol, nem de lua, para que nela brilhem, porque a glória de Deus a iluminou, e o Cordeiro é a sua luz.
24 လူမျိုးတကာလို့ဟ အဲမြို့ရဲ့ အလင်းဟို အမှီပြုယွေ့ သွားလာကြလိမ့်မယ်။ မြေကြီးရဲ့ ဆှင်ဘုရင်လို့ဟလည်း မိမိလို့ရဲ့ ဘုန်းအသရေအား အဲမြို့ဟို ယူဆောင် လာကြလိမ့်မယ်။
24 E as nações daqueles que são salvos andarão em sua luz; e os reis da terra trazem-lhe sua glória e honra.
25 အဲနေရာနှိုက် ညမဆိသောကျောန့် မြို့ထင်ခါးများဟို စလို နေ့ရက်တွင်မျှ ပိတ်ထားခြင်း မဆိ။
25 E os seus portões nunca serão fechados de dia, porque ali não haverá noite.
26 လူလို့ဟ လူမျိုးတကာလို့ရဲ့ ဘုန်းအသရေနဲ့ ဂုဏ်အသရေလို့ဟို အဲမြို့ဟို ယူဆောင် လာကြလိမ့်မယ်။
26 E a ela trarão a glória e honra das nações.
27 မစင်ကြယ်သောအရာ တစုံတခုမျှ အဲမြို့ထဲဟို ဝင်ရလိမ့်မယ် မဟုတ်။ ရွံရှာဖွယ်သောအမှုနဲ့ ဝါပြောသောသူဟလည်း ဝင်ရလိမ့်မယ် မဟုတ်။ သိုးသငယ်တော်ရဲ့ အသက်စာစောင်တွင် စာရင်းဝင်သော သူလို့သာ ဝင်ရကြလိမ့်မယ်။
27 E não entrará nela coisa alguma que contamine, nem o que quer que pratique abominação, ou crie mentira; mas só os que estão inscritos no livro da vida do Cordeiro.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.