Apocalipse 19

dnv (DNV) vs BKJ

Sair da comparação
1 အဲပင်းရင် ခေါန်းခင်ဆိ ရမ်းဆာ့သော လူအုပ်လို့ရဲ့ ကျယ်လောင်လဲ့ အသံလိုမျိုး အသံဟို ငါ ကြားရအယ်။ သူလို့ဟ “ဟာလေလုယာ၊ ကယ်တင်ခြင်း၊ ဘုန်းအသရေတော်နဲ့ တန်ခိုးတော်လို့ဟ ငါလို့ ဘုရားသခင်နဲ့ ဆိုင်အယ်။
1 E depois destas coisas, eu ouvi uma grande voz de uma numerosa multidão no céu, dizendo: Aleluia! Salvação, e glória, e honra, e poder ao Senhor nosso Deus.
2 အကျောန်းမှာ ကိုယ်တော်ရဲ့ တရားစီရင်ချက်လို့ဟ မန်ကန်ယွေ့ ဖြောင့်မတ်အယ်။ မတရားသော မေထုန်ပြုခြင်းအားဖြင့် မြေကြီးအား ပျက်စီးစေလဲ့ ပြေ့တန်ဆာမကြီးဟို ကိုယ်တော်ဟ စီရင်လျက် သူရဲ့ လက်နှိုက် စွန်းထင်းသော ကိုယ်တော်ရဲ့ အစေခံလို့ရဲ့ အသွေးအတွက် လက်တုံ့ပြန်ပီ” ဟု ဆိုကြအယ်။
2 Porque verdadeiros e justos são os seus juízos; porque ele julgou a grande prostituta, que corrompeu a terra com a sua fornicação, e vingou o sangue dos seus servos que estava na mão dela.
3 အဲပင်းရင် တဖန် သူလို့ဟ “ဟာလေလုယာ၊ သူရဲ့ မီးခိုးဟ ကမ္ဘာအဆက်ဆက် တက်သွားလျက် ဆိအယ်” ဟု ဆိုကြအယ်။
3 E novamente eles disseram: Aleluia! E a sua fumaça subiu para sempre e sempre.
4 အသက်ကြီးသူ ၂၄ ပါးနဲ့ သတ္တဝါလေးပါးလို့ဟ ပျပ်ဝပ်ယွေ့ ပလ္လင်တော်ပေါ်မှာ ထိန်သော ဘုရားသခင်ဟို ကိုးကွယ်လျက် “အာမင်၊ ဟာလေလုယာ” ဟု ဆိုကြအယ်။
4 E os vinte e quatro anciãos, e os quatro animais, prostraram-se e adoraram a Deus, assentado sobre o trono, dizendo: Amém! Aleluia!
5 ပလ္လင်တော်မှ ထွက်လာသော အသံဟလည်း “ဘုရားသခင်ရဲ့ အစေခံအပေါင်းလို့နဲ့ ဘုရားသခင်ဟို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းလို့၊ ငါလို့ရဲ့ ဘုရားသခင်ဟို ချီးမွန်းကြလော့” ဟု ဆိုအယ်။
5 E uma voz saiu do trono, dizendo: Louvai o nosso Deus, todos vós, seus servos, e vós que o temeis, tanto pequenos quanto grandes.
6 အဲပင်းရင် ရမ်းဆာ့သော လူအစုဝေးရဲ့ အသံနဲ့ လည်းကောင်း၊ ရမ်းဆာ့သော ယေဟုန်ရဲ့ အသံ လည်းကောင်း၊ ပြင်းထန်သော မိုးကြိုးသံနဲ့ လည်းကောင်း တူလဲ့အသံဟ “ဟာလေလုယာ၊ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ငါလို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟ စိုးစံတာ ဖြစ်ယွေ့
6 E eu ouvi como se fosse a voz de uma grande multidão, e como a voz de muitas águas, e como a voz de poderosos trovões, dizendo: Aleluia; porque o Senhor Deus onipotente reina.
7 ငါလို့ဟ ဝမ်းမြောက်ရွှင်မြူးလျက် ကိုယ်တော်ရဲ့ ဘုန်းတော်ဟို ချီးမွန်းကြစို့။ အကျောန်းမှာ သိုးသငယ်ရဲ့ မင်္ဂလာဆောင်ပွဲ အချိန်ကျရောက် လာယွေ့ သူရဲ့ သတို့သမီးဟ မိမိတတ်တိုင်း ပြင်ဆင်လေပီ။
7 Alegremo-nos e regozijemo-nos, e demos honra a ele; porque as bodas do Cordeiro chegou, e sua esposa já se preparou.
8 အဲသတို့သမီးဟ စင်ကြယ်တောက်ပသော ပိတ်ချောထည်ဟို ဝတ်ဆင်ခွင့် ရဆိအယ်” ဟု ဆိုတာဟို ငါ ကြားရအယ်။ အဲပိတ်ချောထည်ဟ သန့်ဆှင်းသူလို့ရဲ့ ဖြောင့်မတ်သော အကျင့် ဖြစ်အယ်။
8 E foi-lhe concedido que se vestisse de linho fino, puro e resplandecente porque o linho fino é a justiça dos santos.
9 အဲပင်းရင် ခေါန်းခင်တမန်ဟ “သိုးသငယ်ရဲ့ မင်္ဂလာ ညစာစားပွဲဟို ဖိတ်ခေါ်ခြင်း ခံရသောသူလို့ဟ မင်္ဂလာ ဆိကြအယ်ဟု ရေးထားလော့” ဟူယွေ့ ငါ့အား မြွတ်ဆိုပင်းရင် “ဟေအရာလို့ဟ ဘုရားသခင်ရဲ့ ဖြောင့်မန်သော နှုတ်ကပတ်တော်များ ဖြစ်ကြအယ်” ဟု မြွတ်ဆိုလေအယ်။
9 E ele disse-me, escreve: Abençoados são aqueles que são chamados à ceia das bodas do Cordeiro. E disse-me: Estas são as verdadeiras palavras de Deus.
10 အဲအခါ ငါဟ အဲခေါန်းခင်တမန်ဟို ကိုးကွယ်ရန် သူရဲ့ ခြေရင်းနှိုက် ပျပ်ဝပ်လျက် သူဟ “အဲလိုမပြုနဲ့။ ငါဟ နင်မှစယွေ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော နင့်ညီအကိုလို့ရဲ့ လုပ်ဖော်ဆောင်ဖက် အစေခံလည်း ဖြစ်အယ်။ ဘုရားသခင်ဟို ကိုးကွယ်လော့” ဟု ဆိုအယ်။
10 E caí a seus pés para o adorar; e ele me disse: Atenta para que tu não faças isso; eu sou o teu conservo, e de teus irmãos, que têm o testemunho de Jesus. Adora a Deus; porque o testemunho de Jesus é o espírito de profecia.
11 အဲပင်းရင် ငါကျေ့လိုက်ရာ ခေါန်းခင်ဟ ပွင့်လျက် နေယွေ့ မြင်းဖြူတကောင် ဆိအယ်။ အေးအပေါ်တွင် ထိန်နေသောသူဟ သစ္စာဆိသောသူ၊ မန်ကန်သောသူဟု ခေါ်ခြင်းဟို ခံရအယ်။ သူဟ ဖြောင့်မန်စွာ တရားစီရင်ယွေ့ စစ်တိုက်လေအယ်။
11 E eu vi o céu aberto, e eis um cavalo branco; e o que estava assentado sobre ele era chamado de Fiel e Verdadeiro; e com justiça julga e guerreia.
12 သူရဲ့ မျက်စေ့လို့ဟ မီးလျှံလို ဖြစ်ပင်း သူရဲ့ ဦးခေါင်းပေါ်နှိုက် သရဖူများဟို ဆောင်းထားအယ်။ သူနှိုက် ရေးထားသော နာမတခု ဆိယွေ့ အေးဟာဟို သူတတ်တိုင်းမှ တပါး စသူမျှ မသိ။
12 Seus olhos eram como chamas de fogo; e sobre a sua cabeça havia muitas coroas; e ele tem um nome escrito, que nenhum homem conhecia, senão ele mesmo.
13 သူဟ အသွေးနှိုက် နှစ်ထားသော ဝတ်လုံဟို ဝတ်ထားလျက် သူရဲ့ နာမယ်ဟို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟု ခေါ်အယ်။
13 E ele estava vestido com veste banhada em sangue; e o seu nome é chamado de: A Palavra de Deus.
14 ခေါန်းခင်ဗိုလ်ခြေလို့ဟ စင်ကြယ်သော ပိတ်ချောဖြူဟို ဝတ်လျက် မြင်းဖြူဟို စီးကာ သူရဲ့ နောက်ဟို လိုက်ကြအယ်။
14 E os exércitos que estavam no céu seguiam-no sobre cavalos brancos, vestidos de linho fino, branco e limpo.
15 လူမျိုးတကာလို့ဟို နှိမ်နှင်းရန် ထက်သော သန်လျက်ဟ သူရဲ့ စလောင်တွင်းမှ ထွက်နေအယ်။ သူဟ သူလို့ဟို သံလှံတံဖြင့် အုပ်စိုးလိမ့်မယ်။ သူဟ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ အမျက်တော်ဆိုင်ရာ ပြင်းစွာသော ဒေါသစပျစ်ယေရဲ့ စပျစ်သီးနယ်ရာကျင်းဟို နင်းနယ်လိမ့်မယ်။
15 E de sua boca sai uma espada afiada, para que com ela castigue as nações; e ele as governará com cetro de ferro; e ele pisa o lagar do vinho da fúria e da ira do Deus Todo-Poderoso.
16 ကိုယ်တော်ရဲ့ ဝတ်လုံနဲ့ ပေါင်လို့တွင် “ဘုရင်တကာလို့ရဲ့ ဘုရင်၊ အဆှင်တကာလို့ရဲ့ အဆှင်” ဟူသော အမယ်နာမဟို ရေးထားလျက် ဆိအယ်။
16 E ele tem sobre a sua veste e sobre a sua coxa um nome escrito: REI DOS REIS, E ­SENHOR DOS ­SENHORES.
17 အဲပင်းရင် နေထဲတွင် ခေါန်းခင်တမန် တပါး ရပ်လျက် နေတာဟို ငါ မျော်ရအယ်။ သူဟ ခေါန်းခင်အလယ်နှိုက် ပျံသန်းနေသော ငက်အပေါင်းလို့အား “လာကြ၊ ဘုရားသခင်ရဲ့ စားပွဲတော်ကြီးဟို စုဝေးကြလော့။
17 E eu vi um anjo que estava de pé no sol, e ele gritou com alta voz, dizendo a todas as aves que voam pelo meio do céu: Vinde, e ajuntai-vos à ceia do grande Deus;
18 နင်လို့ဟ ဆှင်ဘုရင်လို့ရဲ့ အသား၊ တပ်မှူးကြီးလို့ရဲ့ အသား၊ လွတ်လပ်သောသူနဲ့ ကျွန်များမှ စယွေ့ လူကြီးလူငယ် ဆိသမျှလို့ရဲ့ အသားဟို လာယွေ့ စားကြလော့” ဟု အသံအကျယ်ရီးဖြင့် ကြွေးကြော်လေအယ်။
18 para que possais comer a carne de reis, e a carne de capitães, e a carne de homens poderosos, e a carne de cavalos e dos que neles se assentam; e a carne de todos os homens, tanto livres quanto escravos, tanto pequenos quanto grandes.
19 အဲအခါ သားရဲမှ စယွေ့ မြေကြီးရဲ့ ဆှင်ဘုရင်များနဲ့ ၎င်းလို့ရဲ့ ဗိုလ်ခြေများဟ မြင်းစီးသောသူနဲ့ သူရဲ့ ဗိုလ်ခြေဟို စစ်တိုက်ရန် စုဝေးကြတာဟို ငါ မျော်ရအယ်။
19 E eu vi a besta, e os reis da terra, e os seus exércitos reunidos, para guerrearem contra aquele que está assentado sobre o cavalo, e contra o seu exército.
20 အဲလိုလဲ သားရဲဟ မိစ္ဆာပရောဖက်နဲ့ အတူ အဖမ်းခံရအယ်။ အဲမိစ္ဆာပရောဖက်ဟ သားရဲရဲ့ ဆေ့မှောက်နှိုက် နိမိတ်လက္ခဏာများဟို ပြုလျက် အဲနိမိတ်လက္ခဏာများအားဖြင့် သားရဲရဲ့ တံဆိပ်ဟို ခံယူယွေ့ သူရဲ့ ရုပ်တုဟို ကိုးကွယ်သောသူလို့အား လှည့်စားသောသူ ဖြစ်အယ်။ အဲသူနေဦးစလုံးလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲဟို အဆှင်လတ်လတ် လောချခြင်း ခံရကြအယ်။
20 E a besta foi tomada e com ele o falso profeta que operava milagres diante dele com os quais enganava os que receberam a marca da besta, e os que adoraram a sua imagem. Estes dois foram lançados vivos no lago de fogo, queimando com enxofre.
21 ကြွင်းသောသူလို့ဟ မြင်းစီးသောသူရဲ့ စလောင်တွင်းထဲဟ ထွက်သော သန်လျက်နဲ့ ကွပ်မျက်ခြင်းဟို ခံရကြအယ်။ သူလို့ရဲ့ အသားဟို ငက်အပေါင်းလို့ဟ ဝစွာ စားရကြအယ်။
21 E os remanescentes foram mortos com a espada daquele que está assentado sobre o cavalo, espada que saía da sua boca; e todas as aves se fartaram com a carne deles.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.