2 Pedro 1
dnv (DNV) vs NAA
1 ယေရှု ခရစ်တော်ရဲ့ အစေခံနဲ့ တမန်တော်ဖြစ်သော ငါ ရှိမုန် ပေတရုဟ —
1 Simão Pedro, servo e apóstolo de Jesus Cristo, aos que conosco obtiveram fé igualmente preciosa na justiça do nosso Deus e Salvador Jesus Cristo.
2 ဘုရားသခင်နဲ့ ငါလို့ သခင် ယေရှုဟို သိခြင်းအားဖြင့် ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့ အပေါ်နှိုက် တိုးပွားပါစေ။
2 Que a graça e a paz lhes sejam multiplicadas, no pleno conhecimento de Deus e de Jesus, nosso Senhor.
3 ငါလို့ဟို ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးနဲ့ ကောင်းမြတ်ခြင်းထဲဟို ခေါ်ယူသော အဆှင်ဟို ငါလို့ သိခြင်းအားဖြင့် ကိုယ်တော်နှိုက် ဆိသော ဘုရားတန်ခိုးတော်ဟ အသက်ဆှင်ခြင်းနဲ့တကွ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းလို့နဲ့ ဆိုင်သော အရာခပ်သိမ်းလို့ဟို ငါလို့အား ပေးသနားပီ။
3 Pelo poder de Deus nos foram concedidas todas as coisas que conduzem à vida e à piedade, pelo pleno conhecimento daquele que nos chamou para a sua própria glória e virtude.
4 အေးနည်းအားဖြင့် ကတိထားသော ရမ်းဆာ့ကြီးယွေ့ အဖိုးထိုက်လဲ့ ဆုကျေးဇူးများဟို ကိုယ်တော်ဟ ငါလို့အား ပေးအယ်။ အေးလို့ ဆုကျေးဇူးအားဖြင့် ဟေလောကတွင် ဖောက်ပြန်ပျက်စီးတတ်သော လောကီတပ်မက်ခြင်း အညစ်အကြေးမှ လွတ်မြောက်နိန်ကြလျက် ဘုရားဇာတိတွင် ပါဝင်စေရန် ဖြစ်အယ်။
4 Por meio delas, ele nos concedeu as suas preciosas e mui grandes promessas, para que por elas vocês se tornem coparticipantes da natureza divina, tendo escapado da corrupção das paixões que há no mundo.
5 အေးအကျောန်းကျောန့် နင်လို့ရဲ့ ယုံကြည်ခြင်းနှိုက် ကောင်းမြတ်ခြင်းဟို လည်းကောင်း၊ ကောင်းမြတ်ခြင်းနှိုက် အသိပညာဟို လည်းကောင်း၊
5 Por causa disso, concentrando todos os seus esforços, acrescentem à fé que vocês têm a virtude; à virtude, o conhecimento;
6 အသိပညာနှိုက် မိမိကိုယ်ဟို ချုပ်တည်းခြင်းဟို လည်းကောင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းနှိုက် သည်းခံခြင်း ဟို လည်းကောင်း၊ သည်းခံခြင်းနှိုက် ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းဟို လည်းကောင်း၊
6 ao conhecimento, o domínio próprio; ao domínio próprio, a perseverança; à perseverança, a piedade;
7 ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းနှိုက် ညီအကိုချင်း ချစ်သောမေတ္တာဟို လည်းကောင်း၊ ညီအကိုချင်း ချစ်သောမေတ္တာနှိုက် ချစ်ခြင်းမေတ္တာဟို လည်းကောင်း လုံ့လဝီရိယ ဆိသမျှဖြင့် ထပ်ဆင့် ဖြည့်စွက်ကြလော့။
7 à piedade, a fraternidade; à fraternidade, o amor.
8 အကျောန်းမှာ ဟေပါရမီများဟ နင်လို့နှိုက် ဆိယွေ့ တိုးပွားနေတာဆိုရင် နင်လို့ဟ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို သိခြင်းအရာနှိုက် အကျိုး မဆိသောသူ၊ အသီးအသီးသောသူ ဖြစ်ကြလိမ့်မယ် မဟုတ်။
8 Porque essas qualidades, estando presentes e aumentando cada vez mais, farão com que vocês não sejam nem inativos, nem infrutíferos no pleno conhecimento do nosso Senhor Jesus Cristo.
9 အဲလိုလဲ ပါရမီ မဆိသောသူဟ မျက်စေ့ မမျော်သောသူ၊ အဝေးမှုန်သောသူ ဖြစ်ပင်း မခင်လုပ်ခဲ့သော မိမိအပစ်များ စင်ကြယ်စေခြင်း ခံရတာဟို မေ့လျော့နေအယ်။
9 Pois aquele que não tem estas coisas é cego, vendo só o que está perto, e se esqueceu da purificação dos seus antigos pecados.
10 အေးကျောန့် ညီအကို မောင်နှမလို့၊ နင်လို့ခံရသော ခေါ်ယူခြင်းနဲ့ ရွေးချယ်ခြင်းဟို တည်မြဲစေရန် ပိုပင်း ကြိုးစားကြလော့။ အကျောန်းမှာ အေးလို့ လုပ်နေသရွေ့ နင်လို့ဟ ပစာအခါမှ မားယွင်းကြမယ် မဟုတ်။
10 Por isso, irmãos, procurem, com empenho cada vez maior, confirmar a vocação e a eleição de vocês; porque, fazendo assim, vocês jamais tropeçarão.
11 အေးနည်းတူ ငါလို့ သခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ထာဝရ နိုင်ငံတော်ထဲဟို ဝင်နိန်ရန် အခွင့်အရေး အပြေ့အဝဟို နင်လို့ ရဆိကြလိမ့်မယ်။
11 Pois desta maneira é que lhes será amplamente suprida a entrada no Reino eterno do nosso Senhor e Salvador Jesus Cristo.
12 အေးကျောန့် နင်လို့ဟ ဟေအကျောန်းအရာများဟို သိဆိကြယွေ့ နင်လို့တွင် ဆိသော သမ္မာတရားနှိုက် ခိုင်ခံ့မြဲမြံကြပီ ဖြစ်သော်လည်း ၎င်းလို့နဲ့ ပတ်သက်ယွေ့ နင်လို့ဟို အစဉ် သတိပေးနှိုးဆော်ရန် ငါကြံရွယ်ထားအယ်။
12 Por esta razão, sempre estarei pronto para fazer com que vocês se lembrem destas coisas, embora já as conheçam e tenham sido confirmados na verdade que receberam.
13 ဟေခန္ဓာတဲနှိုက် ငါအသက်ဆှင်နေသမျှ ကာလပတ်လုံး အေးလို့ သတိပေးနှိုးဆော်ခြင်း အားဖြင့် နင်လို့ဟို နိုးကြားတက်ကြွ စေသင့်အယ်ဟု ငါ မှတ်ယူထားအယ်။
13 Também considero justo, enquanto estou neste tabernáculo, despertar essas lembranças em vocês,
14 ပစာကို့ ငါလို့ သခင် ယေရှု ခရစ်တော်ဟလည်း ငါ့အား ဖော်ပြလဲ့အတိုင်း ငါရဲ့ ခန္ဓာတဲဟို မကြာခင် ချွတ်ပယ်ရမယ် ဖြစ်ကျောန်း ငါသိအယ်။
14 certo de que estou prestes a deixar o meu tabernáculo, como efetivamente nosso Senhor Jesus Cristo me revelou.
15 ဟေလောကမှ ငါထွက်ခွာသွားပင်း နောက်တွင်လည်း ဟေအကျောန်းအရာများဟို နင်လို့ အစဉ်အမြဲ သတိရစေရန် ငါကြိုးစားမယ်။
15 Mas, de minha parte, me esforçarei ao máximo para que sempre, mesmo depois da minha partida, vocês se lembrem dessas coisas.
16 အကျောန်းမှာ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ တန်ခိုးတော်နဲ့ ကြွလာခြင်းလို့ဟို နင်လို့အား ပြောပြသောအခါ ပါးနပ်စွာ ဖန်တီးထားသော ဒဏ္ဍာရီများဟို အသုံးပြုတာ မဟုတ်။ ငါလို့ဟ အေးအဆှင်ရဲ့ ကြီးမြတ်သော တန်ခိုးဟို တတ်တိုင်း မျော်တွေ့ရသူများ ဖြစ်ကြအယ်။
16 Porque não lhes demos a conhecer o poder e a vinda do nosso Senhor Jesus Cristo seguindo fábulas engenhosamente inventadas, mas nós mesmos fomos testemunhas oculares da sua majestade.
17 အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဆေမှ ဂုဏ်တော်နဲ့ ဘုန်းတော်ဟို ကိုယ်တော်ခံယူစဉ် ကြီးမြတ်သော ဘုန်းအသရေထဲမှ “ဟေသူဟ ငါချစ်သော ငါ့သား ဖြစ်အယ်။ သူ့ဟို ငါ နှစ်သက်အယ်” ဟူသော အသံတော်ဟ ကိုယ်တော်ဆေဟို ရောက်ဆိလာအယ်။
17 Porque ele recebeu honra e glória da parte de Deus Pai, quando, pela Suprema Glória, lhe foi enviada a seguinte voz: “Este é o meu Filho amado, em quem me agrado.”
18 ငါလို့ဟ သန့်ဆှင်းသော တောင်ပေါ်တွင် ကိုယ်တော်နဲ့ အတူဆိစဉ် ခေါန်းခင်မှ ထွက်လာသော အေးအသံတော်ဟို ကြားရကြအယ်။
18 Ora, nós ouvimos esta voz vinda do céu quando estávamos com ele no monte santo.
19 အေးအပြင် ငါလို့နှိုက် ပိုပင်း ခိုင်လုံသော ပရောဖက်လို့ရဲ့ စကားလည်း ဆိအယ်။ နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် အရုဏ်တက်ယွေ့ မိုးသောက်ကြယ် ပေါ်ထွက်လာလဲ့တိုင်အောန် နင်လို့ဟ အေးစကားဟို မိုက်သော အရပ်နှိုက် ထွန်းလင်းနေလဲ့ ဆီမီးသဖွယ် ကောင်းစွာ အာရုံစိုက်သင့်အယ်။
19 Assim, temos ainda mais segura a palavra profética, e vocês fazem bem em dar atenção a ela, como a uma luz que brilha em lugar escuro, até que o dia clareie e a estrela da alva nasça no coração de vocês.
20 ကျမ်းစာနှိုက်ပါသော ပရောဖက်လို့ရဲ့ ဟောပြောချက် အားလုံးဟ လူတဦးတယောက်ရဲ့ ကိုယ်ပိုင် အနက်ဖွင့်ဆိုချက် မဟုတ်ကျောန်း ဦးစွာသိမှတ်ရမယ်။
20 Primeiramente, porém, saibam que nenhuma profecia da Escritura provém de interpretação pessoal;
21 အကျောန်းမှာ ပရောက်ဖက်လို့ရဲ့ ဟောပြောချက်ဟ ပစာအခါမှ လူရဲ့ အလိုဆန္ဒအရ ဖြစ်ပေါ်လာတာ မဟုတ်။ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နှိုးဆော်ခြင်းဟို ခံရသောသူလို့ဟ ဘုရားသခင်ဆေမှ လာသော စကားဟို ဟောပြောကြခြင်း ဖြစ်အယ်။
21 porque nunca jamais qualquer profecia foi dada por vontade humana; entretanto, homens falaram da parte de Deus, movidos pelo Espírito Santo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Pedro 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.