2 Coríntios 10

dnv (DNV) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ခရစ်တော်ရဲ့ စိတ်နှိမ့်ချမှု၊ သနားကြင်နာမှုကျောန့် ငါဟ နင်လို့နဲ့ မျက်နှာချင်းဆိုင်ရသောအခါ ကြောက်ရွံ့သော်လည်း၊ နင်လို့နဲ့ ဝေးသောအခါ ရဲရင့်ခြင်းဆိသော ငါ ပေါလုဟ နင်လို့အား တောင်းပန်အယ်။
1 Além disso, eu, Paulo, vos rogo, pela mansidão e benignidade de Cristo, eu que, na verdade, quando presente entre vós, sou humilde, mas ausente, ousado para convosco;
2 ငါလို့ဟို သွေးသားဇာတိအလိုသို့ လိုက်ယွေ့ အသက်ဆှင် ဆှောက်လှမ်းနေကြသူလို သတ်မှတ်သောသူအချို့လို့ပေါ် ရဲဝံ့စွာ ပြုမူရမယ်ဟု ယုံကြည်ခံယူထားလဲ့အတိုင်း ငါရောက်လာသောအခါ အဲသို့ ရဲဝံ့ပြတ်သားစွာ မပြုမူစေရန် ငါတောင်းပန်အယ်။
2 rogo- vos, pois, que, quando estiver presente, não me veja obrigado a usar com confiança da ousadia que espero ter com alguns que nos julgam como se andássemos segundo a carne.
3 ငါလို့ဟ ဟေလောကနှိုက် အသက်ဆှင်နေထိန်လျက် ဆိတာ မန်သော်လည်း လောကီအကျိုးဟို မျော်ကိုးယွေ့ တိုက်ပွဲဝင်ကြတာ မဟုတ်။
3 Porque, andando na carne, não militamos segundo a carne.
4 ငါလို့ စွဲကိုင်လဲ့ လက်နက်များဟ လူသားလို့ စွဲကိုင်လဲ့ လက်နက်များ မဟုတ် အားပေမဲ့ ခံတပ်များဟို ဖြိုဖျက်နိန်လဲ့ ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ပြေ့စုံသော လက်နက်များ ဖြစ်အယ်။ ငါလို့ဟ မမန်ကန်လဲ့ ဆွေးနွေးငြင်းခုံချက်များ၊
4 Porque as armas da nossa milícia não são carnais, mas, sim, poderosas em Deus, para destruição das fortalezas;
5 ဘုရားသခင်ဟို သိသောဉာဏ်ဟို ဆန့်ကျင်တားဆီးလဲ့ စဉ်းစားဆင်ခြင်မှုနဲ့ မာန်မာနဆိသမျှလို့ဟို ဖြိုဖျက်ချေမှုန်းကြအယ်၊ ငါလို့ဟ လူလို့ရဲ့ အကြံစည်ဆိသမျှလို့ဟို ဖမ်းချုပ်ပင်း ခရစ်တော်အား နာခံစေကြအယ်။
5 destruindo os conselhos e toda altivez que se levanta contra o conhecimento de Deus, e levando cativo todo entendimento à obediência de Cristo,
6 နင်လို့ဟ နာခံမှုနဲ့ ပြေ့စုံသောအခါနှိုက် မနာခံမှုလို့ဟို အပစ်ဒဏ်စီရင်ရန် ငါလို့ အသင့်ဆိမယ်။
6 e estando prontos para vingar toda desobediência, quando for cumprida a vossa obediência.
7 နင်လို့ဟ အပြင်ပန်းသဏ္ဌာန်ဟိုသာ ကျေ့ကြအယ်။ စသူမဆို မိမိတတ်တိုင်း ခရစ်တော်နဲ့ ဆိုင်သောသူဖြစ်အယ်ဟု ယုံမှတ်ရင်၊ သူဟ ခရစ်တော်နဲ့ ဆိုင်သောသူဖြစ်သလို ငါလို့ဟလည်း ခရစ်တော်နဲ့ ဆိုင်သောသူဖြစ်ကျောန်းဟို သူ့တတ်တိုင်း ပြန်လည်ဆင်ခြင်သိမှတ်စေ။
7 Olhais para as coisas segundo a aparência? Se alguém confia de si mesmo que é de Cristo, pense outra vez isto consigo: assim como ele é de Cristo, também nós de Cristo somos.
8 အကျောန်းမှာ နင်လို့ဟို ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရား ပေးသော ငါလို့ရဲ့ အခွင့်အာဏာနဲ့ ပတ်သက်ယွေ့ ငါဟ ကတစ်ပိုယွေ့ ဝါကြွားမိရင်ပင် ဆှက်ကြောက်မယ် မဟုတ်။
8 Porque, ainda que eu me glorie mais alguma coisa do nosso poder, o qual o Senhor nos deu para edificação e não para vossa destruição, não me envergonharei,
9 ငါဟ နင်လို့ဟို စာများဖြင့် ခြောက်လှန့်နေအယ်ဟု မထင်စေလို။
9 para que não pareça como se quisera intimidar-vos por cartas.
10 လူအချို့ဟ “ပေါလုရဲ့ စာများဟ ပြင်းထန်ယွေ့ အာဏာပါလဲ့ စာများဖြစ်အယ်၊ အားပေမဲ့ သူဟ ငါလို့နဲ့ ကိုယ်ခန္ဓာအားဖြင့် တွေ့ရသောအခါ သူဟ အားနည်းပင်း၊ သူရဲ့ အဟောအပြောဟာလည်း အချည်းနှီးသောစကား ဖြစ်အယ်” ဟု ပြောလိမ့်မယ်။
10 Porque as suas cartas, dizem, são graves e fortes, mas a presença do corpo é fraca, e a palavra, desprezível.
11 ငါလို့ဟ အဝေးနှိုက် ဆိနေစဉ် စာနှိုက် ရေးလိုက်လဲ့စကားအတိုင်း တတ်တိုင်း ရောက်လာသောအခါနှိုက်လည်း ပြုမယ်ဖြစ်ကျောန်း အဲသူ သိမှတ်စေ။
11 Pense o tal isto: quais somos na palavra por cartas, estando ausentes, tais seremos também por obra, estando presentes.
12 ငါလို့ဟ မိမိတတ်တိုင်း အဆင့်အတန်း ခွဲခြားခြင်း အဲဟာမဟုတ်ရင် မိမိတတ်တိုင်း ရမ်းဆာ့ အကဲဖြတ်သူများနဲ့ နှိုင်းယှဉ်ဝံ့မယ် မဟုတ်။ စလောက် မိုက်မဲကြသလဲ၊ ကိုယ့်စံနှုန်းတွေနဲ့ တိုင်းတာပင်း ကိုယ့်စံနှုန်းနဲ့ကိုယ် စီရင်ဆုံးဖြတ်ကြအယ်။
12 Porque não ousamos classificar-nos ou comparar-nos com alguns que se louvam a si mesmos; mas esses que se medem a si mesmos e se comparam consigo mesmos estão sem entendimento.
13 အားပေမဲ့ ငါလို့ဟ မိမိလို့ အတိုင်းအတာဟို ကျော်လွန်ယွေ့ ဝါကြွားကြမယ် မဟုတ်၊ ငါလို့အား ဘုရားသခင် သတ်မှတ်ပေးသော နယ်ပယ်ရဲ့ အတိုင်းအတာ တည်းဟူသော နင်လို့ဆေသို့တိုင်အောန် ရောက်ဆိလာလဲ့ အတိုင်းအတာနဲ့အညီ ဝါကြွားမယ်။
13 Porém não nos gloriaremos fora de medida, mas conforme a reta medida que Deus nos deu, para chegarmos até vós;
14 ငါလို့ဟ နင်လို့ဆေဟို မရောက်နိန်သလို မိမိတတ်တိုင်းဟို အတင်းဆန့်တန်းနေတာ မဟုတ်၊ အကျောန်းမှာ ငါလို့ဟ ခရစ်တော်ရဲ့ သတင်းကောင်းဟို ယူဆောင်ရာနှိုက် နင်လို့ဆေဟို ရောက်လာခဲ့ကြအယ်။
14 porque não nos estendemos além do que convém, como se não houvéssemos de chegar até vós, pois já chegamos também até vós no evangelho de Cristo;
15 အဲလိုမို့ ငါလို့ဟ ဘုရားသခင် သတ်မှတ်ပေးလဲ့ လုပ်ငန်းအတွက်မှ လွဲယွေ့ သူတပါးလို့ရဲ့ လုပ်ဆောင်ချက်များအတွက် ဝါကြွားခြင်းမပြု၊ နင်လို့ရဲ့ ယုံကြည်ခြင်း တိုးပွားလာတာနဲ့အမျှ နင်လို့အတွက် ဘုရားသခင် သတ်မှတ်ပေးလဲ့ နယ်ပယ်အတွင်း နင်လို့ထံတွင် အမှုတော်လို့ဟို ပိုမိုကျယ်ပြန့်နိန်ရန် မျော်လင့်အယ်။
15 não nos gloriando fora de medida nos trabalhos alheios; antes, tendo esperança de que, crescendo a vossa fé, seremos abundantemente engrandecidos entre vós, conforme a nossa regra,
16 အဲပင်းရင် ငါလို့ဟ နင်လို့ရဲ့ ဒေသဟို ကျော်လွန်ယွေ့ အခြားဒေသသစ်များတွင် သတင်းကောင်းဟို ဟောပြောနိန်သဖြင့် သူတပါးလို့ရဲ့ နယ်ပယ်အတွင်းနှိုက် ပီးစီးခဲ့လဲ့ ဆောင်ရွက်ချက်များအတွက် ငါလို့ ဝါကြွားခြင်း မပြုပေ။
16 para anunciar o evangelho nos lugares que estão além de vós e não em campo de outrem, para nos não gloriarmos no que estava já preparado.
17 အားပေမဲ့ ကျမ်းစာတွင် “ဝါကြွားလိုသောသူဟ သခင်ဘုရား ပြုသောအမှုအတွက်သာ ဝါကြွားစေ” ဟု ပြောအယ်။
17 Aquele, porém, que se gloria, glorie-se no Senhor.
18 အကျောန်းမှာ သခင်ဘုရား နှစ်သက်သောသူဟ မိမိတတ်တိုင်း ချီးမြှောက်သောသူ မဟုတ်၊ ကိုယ်တော်ဟ ချီးမြှောက်သောသူဖြစ်ကျောန့် ဖြစ်အယ်။
18 Porque não é aprovado quem a si mesmo se louva, mas, sim, aquele a quem o Senhor louva.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.