1 Tessalonicenses 2
dnv (DNV) vs NAA
1 ငါ့ညီအကိုလို့၊ ငါလို့ဟ နင်လို့ဆေဟို ရောက်လာခြင်းဟ အလကားကား မဖြစ်ကျောန်းဟို နင်လို့တတ်တိုင်း သိကြအယ်။
1 Irmãos, vocês sabem muito bem que a nossa chegada no meio de vocês não foi em vão.
2 နင်လို့ဆိရာ သက်သာလောနိတ်မြို့ဟို မလာရောက်မီ ငါလို့ဟ ဖိလိပ္ပိမြို့တွင် နှိပ်စက်ညှဉ်းပန်း ခံရပင်းဖြစ်ကျောန်း နင်လို့ သိအယ်။ အားပင်း အတိုက်အခံတွေ အများကြီးဆိပေမယ့်လည်း၊ ငါလို့ရဲ့ ဘုရားသခင်ဟ သူ့ဆေမှလာသော ဧဝံဂေလိတရားကို ဟောပြောခြင်းငှါ ရဲရင့်စေအယ်။
2 Pelo contrário, apesar de maltratados e insultados em Filipos, como vocês sabem, tivemos ousada confiança em nosso Deus para anunciar a vocês o evangelho de Deus, em meio a muita luta.
3 နင့်ဆေ ငါလို့ရဲ့ တိုက်တွန်းသွေးဆောင်ချက်ဟ အမားအယွင်း၊ စုတ်ပဲ့သော စေ့ဆော်မှုအပေါ် အခြေခံထားခြင်း မဟုတ်၊ စသူ့ဟိုမျှ လှည့်စားရန် ကြိုးစားခြင်း မဟုတ်ပါ။
3 Pois a nossa exortação não procede de erro ou de intenções impuras, nem se baseia no engano.
4 အဲအစား ငါလို့ဟ ဘုရားသခင် အလိုတော်အတိုင်း အမြဲပြောနေသောကျောန့် ဧဝံဂေလိတရားဟို အပ်နှင်းထိုက်အယ်ဟု ငါလို့အား စီရင်ပီ။ ငါလို့ဟ လူလို့ဟို နှစ်သက်စေရန် မကြိုးစားဘဲ၊ ငါလို့ရဲ့ စိတ်ဆန္ဒဟို စမ်းသပ်သော ဘုရားသခင် နှစ်သက်စေရန်သာ ဖြစ်အယ်။
4 Pelo contrário, visto que fomos aprovados por Deus, a ponto de ele nos confiar o evangelho, assim falamos, não para agradar as pessoas, e sim para agradar a Deus, que prova o nosso coração.
5 မြှောက်ထိုးပင့်ခေါ်သော စကားဖြင့် ငါလို့ဟ နင်လို့ဆေဟို မလာကျောန်း ကောင်းစွာသိအယ်၊ ငါလို့ဟ လောဘကို ဖုံးကွယ်ရန် စကားလုံးများဟို မသုံးခဲ့ကျောန်း ဘုရားသခင်ဟ ငါလို့ရဲ့ သက်သေ ဖြစ်အယ်။
5 A verdade, como vocês sabem, é que nunca usamos de linguagem de bajulação, nem de pretextos gananciosos. Deus é testemunha disso.
6 နင့်ဆေမှဖြစ်စေ၊ အခြားသူများဆေမှ ချီးမွန်းရန် ငါလို့ မကြိုးစားခဲ့ပါ၊
6 Também jamais andamos buscando elogios das pessoas, nem de vocês, nem de outros.
7 ခရစ်တော်ရဲ့ တမန်တော်များလိုမျိုးပင် ငါလို့ဟ နင့်အား တောင်းဆိုမှုများ ပြုလုပ်နိန်အယ်။ အဲလိုလဲ ငါလို့ဟ နင်နဲ့အတူဆိတုန်းဟ လူပဲ့သငယ်တွေဟို ပြုစုစောင့်ဆှောက်တဲ့ အမေ့တယောက်လို နူးညံ့သိမ်မွေ့သောသူများ ဖြစ်ကြအယ်။
7 Embora, como apóstolos de Cristo, pudéssemos ter feito exigências, preferimos ser carinhosos quando estivemos aí com vocês, assim como uma mãe que acaricia os próprios filhos.
8 ငါလို့ဟ နင်လို့ဟို ချစ်သောကျောန့်၊ ဘုရားသခင်ဆေမှ သတင်းကောင်း သာမက ငါလို့ရဲ့ ကိုယ်ပိုင်အသက်ကိုပင် နင်လို့အား ပေးချင်သော စေတနာစိတ် ဆိကြအယ်။ နင်ဟ ငါလို့ဟို ရမ်းဆာ့ချစ်ခဲ့အယ်။
8 Assim, com muito afeto, estávamos prontos a lhes oferecer não somente o evangelho de Deus, mas até mesmo a própria vida, porque vocês se tornaram muito amados por nós.
9 ငါ့ညီအကိုလို့၊ ငါလို့ အလုပ်တွေ ပင်ပန်းခဲ့တာကို နင်သေချာမှတ်မိကြအယ်၊ ငါလို့ဟ နင်လို့အား ဘုရားသခင်ဆေမှ ဧဝံဂေလိတရားကို ဟောပြောလဲ့အတိုင်း ငါလို့ဟ နင်လို့နှိုက် အနှောက်အယှက်မဖြစ်စေရန် နေ့ရောညပါ လုပ်ဆောင်ခဲ့ကြအယ်။
9 Pois vocês com certeza se lembram, irmãos, do nosso esforço e fadiga, e de como, trabalhando de noite e de dia para não vivermos à custa de nenhum de vocês, proclamamos a vocês o evangelho de Deus.
10 ငါလို့ဟ ယုံကြည်သူဖြစ်သော နင်လို့တွင် စလိုသန့်ဆှင်းဖြူစင် မန်ကန်စွာပြုမူလျက် အပစ်တင်စရာ မဆိရလေအောန် နေထိန်ခဲ့တာဟို နင်လို့နဲ့ ဘုရားသခင်ဟ ငါလို့ရဲ့ သက်သေများဖြစ်ကြအယ်။
10 Vocês e Deus são testemunhas de como nos portamos de maneira piedosa, justa e irrepreensível em relação a vocês, os que creem.
11 အဖဟ ကိုယ့်လူပဲ့သငယ်တွေကို ဆက်ဆံသလို နင်လို့ တယောက်စီတိုင်းကို ငါလို့ဆက်ဆံခဲ့တာ နင်လို့သိအယ်။
11 E vocês sabem muito bem que tratamos cada um de vocês como um pai trata os seus filhos,
12 ငါလို့ဟ နင်လို့အား အားပေးနှစ်သိမ့်ပေးကာ ကိုယ်တော်ရဲ့ နိုင်ငံတော်နဲ့ ဘုန်းအသရေတော်တွင် ပါဝင်ရန် ခေါ်လဲ့ ဘုရားသခင် နှစ်သက်သော အသက်တာမျိုးဖြင့် နေထိန်ရန် ငါလို့ ဆက်လက် တိုက်တွန်းထားအယ်။
12 exortando, consolando e admoestando vocês a viverem de uma maneira digna de Deus, que os chama para o seu Reino e a sua glória.
13 ဘုရားသခင်ကို ငါလို့ အမြဲကျေးဇူးတင်ရလဲ့ အခြားအကျောန်းရင်း တခုလည်း ဆိသေးအယ်။ ငါလို့ဟ ဘုရားသခင်ရဲ့ သတင်းစကားကို ယူဆောင်လာသောအခါ လူသားများဆေမှ သတင်းစကားအဖြစ် မဟုတ်ဘဲ၊ အမန်ပင်ဖြစ်လဲ့ ဘုရားသခင်ရဲ့ သတင်းစကားအဖြစ် နင်လို့ဟ ကြားပင်း လက်ခံကြအယ်။ အကျောန်းမှာ ယုံကြည်သော နင်လို့အထဲနှိုက် ဘုရားသခင်ဟ အမှုတော်ကို ဆောင်ရွက်အယ်။
13 Temos mais uma razão para, incessantemente, dar graças a Deus: é que, ao receberem a palavra que de nós ouviram, que é de Deus, vocês a acolheram não como palavra humana, e sim como, em verdade é, a palavra de Deus, a qual está atuando eficazmente em vocês, os que creem.
14 ငါ့ညီအကို မောင်နှမလို့၊ နင်လို့နှိုက် ဖြစ်ပျက်လဲ့အရာနည်းတူ ခရစ်တော် ယေရှုနဲ့ စပ်ဆိုင်တဲ့ လူများဖြစ်သော ယုဒပြေဆိ ဘုရားသခင်ရဲ့ အသင်းတော်နှိုက်လည်း ဖြစ်ပျက်အယ်။ သူလို့ဟ ယုဒလူမျိုးလို့ လက်တွင် ဒုက္ခဆင်းရဲခံရသလိုမျိုး နင်လို့ဟလည်း မိမိလို့ရဲ့ အမျိုးသားချင်းများ လက်တွင် အဲတိုင်းတိုင်း ခံစားကြရအယ်၊
14 Tanto é assim, irmãos, que vocês se tornaram imitadores das igrejas de Deus que se encontram na Judeia e que estão em Cristo Jesus; porque também vocês sofreram, da parte de seus patrícios, as mesmas coisas que eles, por sua vez, sofreram dos judeus,
15 သခင် ယေရှုနဲ့ ပရောဖက်လို့ကို သတ်ယွေ့ ငါလို့ဟိုလည်း ညှဉ်းဆဲကြအယ်။ သူလို့ဟ ဘုရားသခင်ဟို စလောက် စိတ်ပျက်စေသလဲ၊ လူတိုင်းအပေါ် စလောက် ရန်လိုနေကြသလဲ၊
15 os quais não somente mataram o Senhor Jesus e os profetas, como também nos perseguiram, não agradam a Deus e são adversários de todos,
16 သူလို့ဟ ကယ်တင်ခြင်းသို့ ရောက်စေမဲ့ တပါးအမျိုးသားလို့အား ဟောပြောခြင်းမှ ငါလို့အား တားဆီးရန်ပင် ကြိုးစားခဲ့ကြအယ်။ ဟေနည်းဖြင့် သူလို့ဟ အမြဲကျူးလွန်ခဲ့သော အပစ်များဟို ထပ်ထပ်ပင်း လုပ်ကြအယ်။ နောက်ဆုံးနှိုက် သူလို့အပေါ်ဟို ဘုရားသခင်ရဲ့ အမျက်တော်ဟ အကုန်အစင် သက်ရောက်လေပီ။
16 a ponto de nos impedirem de falar aos gentios para que estes sejam salvos, a fim de encherem sempre a medida de seus pecados. A ira, porém, caiu sobre eles, definitivamente.
17 ငါ့ညီအကိုလို့၊ ငါလို့ဟ အတွေးထဲမှာ မဟုတ်ဘဲ ကိုယ်ခန္ဓာနဲ့သာ ခဏလေးကွဲကွာသွားတဲ့အခါ နင်လို့ဟို သတိရပင်း ပြန်တွေ့ဖို့ ရမ်းဆာ့ ကြိုးစားခဲ့ရအယ်။
17 E nós, irmãos, estando separados de vocês por breve tempo, ficando longe dos olhos, mas perto do coração, com muito mais empenho e com grande desejo procuramos ir vê-los pessoalmente.
18 ငါလို့ဟ နင်လို့ဆေဟို ပြန်လာချင်အယ်။ ငါပေါလုဟလည်း အခါခါ ပြန်သွားဖို့ ကြိုးစားခဲ့ပေမယ့် စာတန်ဟ ငါလို့ဟို ခွင့်မပြုဝူး။
18 Por isso, quisemos ir até vocês — pelo menos eu, Paulo, por mais de uma vez —, porém Satanás nos barrou o caminho.
19 ငါလို့ သခင် ယေရှု ခရစ် ကြွလာသောအခါ ကိုယ်တော်ရဲ့ဆေ့နှိုက် ငါလို့ရဲ့ မျှော်လင့်စရာအကျောန်း၊ ဝမ်းမြောက်စရာအကျောန်းနဲ့ ဝါကြွားစရာ သရဖူဖြစ်မဲ့သူမှာ စသူလုန်း၊ နင်လို့ပင် မဟုတ်လော။
19 Pois quem é a nossa esperança, ou alegria, ou a coroa em que nos gloriamos na presença de nosso Senhor Jesus em sua vinda? Não é verdade que são vocês?
20 အကယ်စင်စစ် နင်လို့ဟ ငါလို့ရဲ့ ဘုန်းအသေရေနဲ့ ဝမ်းမြောက်ခြင်း ဖြစ်ကြအယ်။
20 Sim, vocês são realmente a nossa glória e a nossa alegria!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Tessalonicenses 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.